ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕တြင္ ဘုန္းႀကီးေက်ာင္းသို႔ ဆြမ္းကပ္ရန္ ဆိုင္ကယ္စီးလာသည့္ လင္မယားအား အသက္ ၁၄ ႏွစ္ဝန္းက်င္ခန႔္ လူငယ္ ၃ ဦးမွ ဓားျဖင့္ထိုးၿပီး လုယက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဧၿပီလ ၂၁ ရက္၊ နံနက္ ၈ နာရီခန႔္က စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕ မင္းကြန္း-မိုးမိတ္ ေက်ာင္းသို႔ မႏၲေလးၿမိဳ႕၌ ေနထိုင္သူ ဦး—-ႏွင့္ ၎၏ဇနီးတို႔စီးလာေသာ ဆိုင္ကယ္ေနာက္မွ လူငယ္(၃)ဦး စီးလာသည့္ ဆိုင္ကယ္သည္ ကပ္လိုက္လာခဲ့ၿပီး စစ္ကိုင္းၿမိဳ႕၊ ဝါးခ်က္ေဆး႐ုံေတာင္ဘက္အနီးအေရာက္တြင္ ဓားျဖင့္ထိုးၿပီး ဆိုင္ကယ္လဲခ်ိန္၌ ပိုက္ဆံအိတ္ကို လုယူၿပီး ကိုင္းေတာထဲသို႔ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လုယက္မႈ က်ဴးလြန္ခဲ့သည့္ အမည္မသိလူငယ္(၃)ဦးကို စစ္ကိုင္းၿမိဳ႕ အမွတ္(၂)ရဲစခန္းမွ စခန္းမႉး ေဇာ္ထြန္းႏွင့္တပ္ဖြဲ႕ဝင္မ်ားဦးေဆာင္၍ ေဒသခံျပည္သူမ်ားႏွင့္ပူးေပါင္းကာ ဝိုင္းဝန္းရွာေဖြ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

“ အခုလုယက္မႈက်ဳးလြန္ခဲ့တဲ့ လူငယ္(၃)ဦးဟာ ခန႔္မွန္းေျခ အသက္(၁၄)ႏွစ္ေလာက္ပဲ ရွိအုန္းမွာပါ။ ဒီအ႐ြယ္က ေက်ာင္းေနတဲ့ အ႐ြယ္ေလးေတြ ဘာလို႔မ်ား အခုလိုျပစ္မႈက်ဳးလြန္ရတာလဲဆိုတာ မေတြးတတ္ေတာ့ဘူး။ အခုျပန္ဖမ္းဆီးမိတဲ့ လူငယ္(၃)ဦးကို ေဒသခံေတြက ႐ိုက္ႏွက္ျခင္းမရွိဘဲ သက္ဆိုင္ရာတာဝန္ရွိသူေတြလက္ထဲကိုအပ္လိုက္ပါတယ္” ဟု အခင္းျဖစ္ေနရာသို႔ ေရာက္ရွိခဲ့သည့္ ေဒသခံတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

လက္ရွိတြင္ ဓားျဖင့္ထိုးၿပီး လုယက္မႈက်ဴးလြန္ခဲ့သည့္ လူငယ္ ၃ ဦးအား စစ္ကိုင္းအမွတ္(၂)ရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။သာ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Akon Ti
# Unicode Version ျဖင့္ ဖတ္ပါ #
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ဘုန်းကြီးကျောင်းသို့ ဆွမ်းကပ်ရန် ဆိုင်ကယ်စီးလာသည့် လင်မယားအား အသက် ၁၄ နှစ်ဝန်းကျင်ခန့် လူငယ် ၃ ဦးမှ ဓားဖြင့်ထိုးပြီး လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၁ ရက်၊ နံနက် ၈ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ မင်းကွန်း-မိုးမိတ် ကျောင်းသို့ မန္တလေးမြို့၌ နေထိုင်သူ ဦး—-နှင့် ၎င်း၏ဇနီးတို့စီးလာသော ဆိုင်ကယ်နောက်မှ လူငယ်(၃)ဦး စီးလာသည့် ဆိုင်ကယ်သည် ကပ်လိုက်လာခဲ့ပြီး စစ်ကိုင်းမြို့၊ ဝါးချက်ဆေးရုံတောင်ဘက်အနီးအရောက်တွင် ဓားဖြင့်ထိုးပြီး ဆိုင်ကယ်လဲချိန်၌ ပိုက်ဆံအိတ်ကို လုယူပြီး ကိုင်းတောထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုယက်မှု ကျူးလွန်ခဲ့သည့် အမည်မသိလူငယ်(၃)ဦးကို စစ်ကိုင်းမြို့ အမှတ်(၂)ရဲစခန်းမှ စခန်းမှူး ဇော်ထွန်းနှင့်တပ်ဖွဲ့ဝင်များဦးဆောင်၍ ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ ဝိုင်းဝန်းရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ အခုလုယက်မှုကျုးလွန်ခဲ့တဲ့ လူငယ်(၃)ဦးဟာ ခန့်မှန်းခြေ အသက်(၁၄)နှစ်လောက်ပဲ ရှိအုန်းမှာပါ။ ဒီအရွယ်က ကျောင်းနေတဲ့ အရွယ်လေးတွေ ဘာလို့များ အခုလိုပြစ်မှုကျုးလွန်ရတာလဲဆိုတာ မတွေးတတ်တော့ဘူး။ အခုပြန်ဖမ်းဆီးမိတဲ့ လူငယ်(၃)ဦးကို ဒေသခံတွေက ရိုက်နှက်ခြင်းမရှိဘဲ သက်ဆိုင်ရာတာဝန်ရှိသူတွေလက်ထဲကိုအပ်လိုက်ပါတယ်” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် ဒေသခံတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဓားဖြင့်ထိုးပြီး လုယက်မှုကျူးလွန်ခဲ့သည့် လူငယ် ၃ ဦးအား စစ်ကိုင်းအမှတ်(၂)ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။သာ)

ဖိုးသူတော် (www.phothutaw.com)
Credit: Akon Ti
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top