ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

႐ြာႀကီးတစ္႐ြာမွာ ေတာင္ေက်ာင္းနွင့္ေျမာက္ေက်ာင္း႐ွိပါတယ္။ ေတာင္ေက်ာင္း

ဘုန္းႀကီးကခပ္ေနာက္ေနာက္ ခပ္ေပ်ာ္ေပ်ာ္ေနတတ္တယ္။

လူငယ္ေတြက “ ဘုန္းႀကီး…လူမထြက္ေတာ့ဘူးလား”လုိ႔ေမးရင္“ ေဟ…..ဒီဘဝေတာ့ မထြက္ေတာ့ပါ

ဘူးကြာ၊ေနာက္ဘဝေရာက္မွ နတ္ျပည္မွာ နတ္သမီးေလးေတြ တဖက္သား

ငါးရာနဲ႔ အတုိးခ်ၿပီး ေပ်ာ္ေတာ့မယ္ ”လို႔ ေျပာင္ေျပာ ေျပာတတ္ပါတယ္။

“ ဘုန္းႀကီး…..မိန္းမ မလုိခ်င္ဘူးလား”လုိ႔ေမးလာျပန္ေတာ့လည္း

“ ဟာကြာ လူျပည္ကမိန္းမေတြ ဘာလွတာမွတ္လုိ႔၊ မင္းတို႔ေျပာေျပာေနတဲ့

ဝတ္မွဳံေ႐ႊရည္တို႔ စုိးျမတ္သူဇာတို႔ဆိုတာ အလကားဟာမေတြပါ၊ ငါေတာ့

ဒီဘဝ ဘုန္းႀကီးဝတ္နဲ႔ပဲ ေအာင့္ထားေတာ့မယ္၊နတ္ၿပည္ေရာက္မွ ဒင္းတို႔

ငါ့အေၾကာင္းသိေစရမယ္ ”လုိ႔ ႀကဳံးဝါးသံနဲ႔ ျပန္ေျပာတတ္ပါတယ္။

ေတာင္ေက်ာင္းဘုန္းႀကီးရဲ႕ နတ္ၿပည္ေရာက္မွ အတိုးခ်ၿပီး ဆိုးျပေတာ့မယ္ဆိုတဲ့

သတင္းဟာ တစ္႐ြာလုံး႐ွိ မိန္းမေတြအတြက္ ေၾကာက္စရာ လန္႔စရာ

သတင္းဆိုးၾကီးျဖစ္ေနတယ္။

တစ္ေန႔ေတာ့ ႐ြာထဲက မိေအးက ေျမာက္ေက်ာင္းဆရာေတာ္ထံ ဆြမ္းသြားပုိ႔တယ္။

ဆရာေတာ္က“ ဒီဆြမ္းလွဴရတဲ့အက်ိဳးအားေၾကာင့္ မိေအးတစ္ေယာက္

ေနာက္ဘဝ နတ္ျပည္မွာ နတ္သမီးလွလွေလးျဖစ္ပါေစဗ်ာ”လုိ႔လည္း

ဆုေပးလုိက္ေရာ၊မိေအးတစ္ေယာက္ ကပ်ာကယာနဲ႔ ျပန္ေလွ်ာက္လုိက္တာက

“ ေတာ္ၿပီ.. ေတာ္ၿပီး ေနာက္ဘဝ နတ္ျပည္မေရာက္ခ်င္ဘူး၊ နတ္ျပည္ေရာက္ရင္

ေတာင္ေက်ာင္းဘုန္းႀကီးနဲ႔ တုိးေနလိမ့္မယ္ ”တဲ့။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Uploader
# Unicode Version ျဖင့္ ဖတ္ပါ #
ရွာကြီးတစ်ရွာမှာ တောင်ကျောင်းနှင့်မြောက်ကျောင်းရှိပါတယ်။ တောင်ကျောင်း

ဘုန်းကြီးကခပ်နောက်နောက် ခပ်ပျော်ပျော်နေတတ်တယ်။

လူငယ်တွေက “ ဘုန်းကြီး…လူမထွက်တော့ဘူးလား”လို့မေးရင်“ ဟေ…..ဒီဘဝတော့ မထွက်တော့ပါ

ဘူးကွာ၊နောက်ဘဝရောက်မှ နတ်ပြည်မှာ နတ်သမီးလေးတွေ တဖက်သား

ငါးရာနဲ့ အတိုးချပြီး ပျော်တော့မယ် ”လို့ ပြောင်ပြော ပြောတတ်ပါတယ်။

“ ဘုန်းကြီး…..မိန်းမ မလိုချင်ဘူးလား”လို့မေးလာပြန်တော့လည်း

“ ဟာကွာ လူပြည်ကမိန်းမတွေ ဘာလှတာမှတ်လို့၊ မင်းတို့ပြောပြောနေတဲ့

ဝတ်မှုံရွှေရည်တို့ စိုးမြတ်သူဇာတို့ဆိုတာ အလကားဟာမတွေပါ၊ ငါတော့

ဒီဘဝ ဘုန်းကြီးဝတ်နဲ့ပဲ အောင့်ထားတော့မယ်၊နတ်ပြည်ရောက်မှ ဒင်းတို့

ငါ့အကြောင်းသိစေရမယ် ”လို့ ကြုံးဝါးသံနဲ့ ပြန်ပြောတတ်ပါတယ်။

တောင်ကျောင်းဘုန်းကြီးရဲ့ နတ်ပြည်ရောက်မှ အတိုးချပြီး ဆိုးပြတော့မယ်ဆိုတဲ့

သတင်းဟာ တစ်ရွာလုံးရှိ မိန်းမတွေအတွက် ကြောက်စရာ လန့်စရာ

သတင်းဆိုးကြီးဖြစ်နေတယ်။

တစ်နေ့တော့ ရွာထဲက မိအေးက မြောက်ကျောင်းဆရာတော်ထံ ဆွမ်းသွားပို့တယ်။

ဆရာတော်က“ ဒီဆွမ်းလှူရတဲ့အကျိုးအားကြောင့် မိအေးတစ်ယောက်

နောက်ဘဝ နတ်ပြည်မှာ နတ်သမီးလှလှလေးဖြစ်ပါစေဗျာ”လို့လည်း

ဆုပေးလိုက်ရော၊မိအေးတစ်ယောက် ကပျာကယာနဲ့ ပြန်လျှောက်လိုက်တာက

“ တော်ပြီ.. တော်ပြီး နောက်ဘဝ နတ်ပြည်မရောက်ချင်ဘူး၊ နတ်ပြည်ရောက်ရင်

တောင်ကျောင်းဘုန်းကြီးနဲ့ တိုးနေလိမ့်မယ် ”တဲ့။

 ဖိုးသူတော် (www.phothutaw.com)
Credit: Original Uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top