iMyanmarHouse.com - Best Property Website for Myanmar
×

သူ႔ဘက္က ဘာလုိ႔ေရွ႔ဆက္မတိုးေတာ့တာလဲဆိုရင္…

ဒီလိုိအျဖစ္မ်ိဳးကို ေတာ္ေတာ္မ်ားမ်ားၾကံဳဖူးၾကမယ္ထင္ပါတယ္။သူ႔ဘက္က ကုိယ့္ကုိစိတ္၀င္စားသလိုလို အရိပ္အေယာင္ေတြျပျပီးမွ၊ကိုယ့္ဆီပံုမွန္စာေတြပို႔ေနရင္းက ရုတ္တရက္ရပ္တန္႔သြားတာမ်ိဳးေပါ့။ အဲ့ဒီလိုၾကည္ႏူးသာယာေနတဲ႔အေျခအေနကေန ရုတ္တရက္ေျပာင္းလဲသြားတာမ်ိဳးက ဘာေၾကာင့္မ်ားျဖစ္ႏုိင္မလဲ?


၁)သင့္ကုိတကယ္မခ်စ္လုိ႔…

သူ႔ဘက္က သင့္ကုိ စိတ္၀င္စားေၾကာင္းစကားဦးေတြသမ္း၊ပံုမွန္မက္ေဆ့ခ်္ေတြပုိ႔ေနရင္းက ရုတ္တရက္ရပ္တန္႔သြားတယ္ဆိုရင္ အဲ႔ဒါက သူက သင့္အေပၚမွာတကယ္မခ်စ္ဘူးဆုိတာသူ႔ကုိယ္သူသိျပီး သင့္ကုိလည္းတကယ္မခ်စ္ပဲဇာတ္လမ္း မဆက္ခ်င္တာေၾကာင့္ရပ္တန္႔သြားတာပါ။

တကယ္မခ်စ္တဲ႔ မိန္းကေလးတစ္ေယာက္အေပၚမွာ အခြင့္အေရးမယူတတ္တာျဖစ္ႏုိင္သလို သူတို႔ကုိ မိန္းကေလးဘက္ကႏြယ္လာမွာ စုိးရိမ္တဲ႔အတြက္ဆက္ဆံေရးေတြေျပာင္းလဲ သြားတာပါ။

၂)အရင္ရည္းစားနဲ႔ျပန္အဆင္ေျပသြားလို႔…

ဒီအခ်က္ကလည္းျဖစ္ႏုိင္ပါတယ္။ရည္းစားနဲ႔ျပတ္ျပီး စိတ္သက္သာလိုသက္သာျငား တျခားမိန္းကေလး တစ္ေယာက္ကုိုသြားျပီးဇာတ္လမ္းစ၊ဇာတ္လမ္းစျပီးကာမွ အရင္ရည္းစားနဲ႔ျပန္အဆင္ေျပသြားေတာ့ တျခားမိန္းကေလးကုိအဆက္အသြယ္ျဖတ္တဲ႔သေဘာပါပဲ။

သူတို႔အျမင္မွာေတာ့ သူတို႔ဘက္က အတည္တက်ဇာတ္လမ္းမစရင္ျဖစ္တယ္ဆိုျပီး သူတို႔စိတ္ၾကိဳက္ေျပာင္းလဲလိုက္ၾကတာပါ။တစ္ဖက္မိန္းကေလးက သူ႔ကုိတကယ္ၾကိဳက္မိသြားရင္ခံစားရမွာအမွန္ပါပဲ။


၃)သင့္ဘက္က စာေတြအမ်ားၾကီးပုိ႔ေနလို႔…

တစ္ခါတစ္ေလ ကုိယ္စိတ္၀င္စားေနတဲ႔သူက ကုိယ့္ကုိလာစကားေျပာတဲ႔အခါမွာ အေပ်ာ္လြန္ျပီး စကားေတြအမ်ားၾကီးသြားေျပာေနတာ၊စာေတြအမ်ားၾကီးပုိ႔မိတာေတြျဖစ္တတ္ပါတယ္။အဲ႔ဒီလိုက်ေတာ့လည္း ေယာက်္ားေလးေတြက စိတ္ရႈပ္လာတတ္ျပီး ေတာ္ရံုစကားျပန္မေျပာေတာ့တာေတြျဖစ္တတ္ပါတယ္။သူက ကုိယ့္ကုိစိတ္၀င္စားေနမွန္းသိရင္ေတာင္ စာေတြအမ်ားၾကီးသြားမပို႔မိပါေစနဲ႔။


၄)သင္ကအရမ္းစိတ္ခံစားလြယ္လို႔…

သူ႔ဘက္ကဖြင့္မေျပာရေသးပဲ သင္နဲ႔သူက ဘာမွလည္းမဆုိင္ေသးပဲ စာအျပန္အလွန္ပုိ႔ရံုေလာက္နဲ႔ သူ႔ကုိသြားျပီးခ်ဳပ္ခ်ယ္တာ၊သူတစ္ခုခုေျပာလို႔ကုိယ္ကဘယ္ေလာက္ ထိခံစားရတာစတဲ႔စိတ္ခံစားမႈေတြ ကုိအလိုလိုက္ျပီးသြားမေျပာပါနဲ႔။

ခ်စ္သူမျဖစ္ခင္တည္းက ကုိယ္က သူနဲ႔ပတ္သက္ျပီး သည္းသည္းလႈပ္ျဖစ္ေနတာ မ်ိဳးဆို သင္နဲ႔ေရွ႔ဆက္ဖို႔ကုိ သူစဥ္းစားသြားပါလိမ့္မယ္။သင္နဲ႔စကားေျပာက်ီစယ္တယ္ဆိုတာ တကယ္ေတာ့ေပ်ာ္ရႊင္ခ်င္ရံုနဲ႔စိတ္အနားယူတဲ႔သေဘာပါပဲ။ျပီးေတာ့မွ သူ႔ဘက္က သင့္ကုိခ်စ္မိသြားလို႔ေရွ႔ဆက္တိုးတာေတြလုပ္ပါလိ့မ္မယ္။အဲ႔ဒီလုိမျဖစ္ခင္ သင့္ဘက္က သူ႔ကုိပုိင္ေနသလိုသြားမလုပ္မိဖို႔လိုပါတယ္။


၅)သူက ကစားတတ္လို႔…

ဘာအေၾကာင္းျပခ်က္မွမရွိပဲ ရုတ္တရက္သင့္ကုိစကားမေျပာေတာ့တာ၊မဆက္သြယ္တာမ်ိဳးဆုိ သူက player တစ္ေယာက္ပါပဲ။မိန္းကေလးေတြကိုတကယ္စိတ္ထဲမွာမရွိပဲ သူစိတ္ပါတဲ႔အခါစကားလာေျပာျပီး ေျပာရင္လည္းသင္တစ္ေယာက္တည္းမဟုတ္တာမ်ိဳးျဖစ္ႏုိင္ပါတယ္။

သင့္ကုိစာေတြအမ်ားၾကီး ပုိ႔သလို တျခားမိန္းကေလးေတြကုိလည္းပို႔ပါလိမ့္မယ္။သင့္ထက္ပုိျပီးစိတ္၀င္စားဖို႔ေကာင္းတဲ႔မိန္းကေလးမ်ိဳးေတြ႔ရင္ေတာ့ သင္နဲ႔ကစားတဲ႔ပြဲက ျပီးသြားပါျပီ။


၆)ႏွစ္ေယာက္လံုးမနာက်င္ေစဖို႔…

ေန႔တိုင္းစာေတြအျပန္အလွန္ပုိ႔ေနရင္း ရင္းႏွီးသြားျပီဆုိရင္ သင့္အေၾကာင္းလည္းသူေတာ္ေတာ္မ်ားမ်ားသိ၊ သူ႔အေၾကာင္းလည္းသင္သိျပီးသားျဖစ္ပါလိမ့္မယ္။

အဲ႔ဒီီလိုသိသြားျပီဆုိုရင္ သူ႔ဘက္က သင္လိုခ်င္တာကုိ ေပးႏုိင္မွာမဟုတ္ဘူးဆုိတာေတြးမိျပီး သင္နဲ႔အတူ ေရွ႔ဆက္တိုးျပီး သင့္ကုိနာက်င္ေစတာမ်ိဳး မျဖစ္ေစခ်င္လို႔၊သူကုိယ္တိုင္လည္း မနာက်င္ခ်င္လို႔ ရပ္တန္႔လိုက္တာပါ။ေနာက္ရက္အေတာ္ၾကာမွ သူျပန္ဆက္သြယ္ခ်င္ဆက္သြယ္ပါလိမ့္မယ္။ဒါေပမဲ႔အရင္လိုမ်ိဳး ဆက္ဆံေရးမဟုတ္ေတာ့ဘူးဆုိတာ သတိထားမိပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yawthama
# Unicode Version ျဖင့္ ဖတ္ပါ #


သူ့ဘက်က ဘာလို့ရှေ့ဆက်မတိုးတော့တာလဲဆိုရင်…

ဒီလိုအဖြစ်မျိုးကို တော်တော်များများကြုံဖူးကြမယ်ထင်ပါတယ်။သူ့ဘက်က ကိုယ့်ကိုစိတ်ဝင်စားသလိုလို အရိပ်အယောင်တွေပြပြီးမှ၊ကိုယ့်ဆီပုံမှန်စာတွေပို့နေရင်းက ရုတ်တရက်ရပ်တန့်သွားတာမျိုးပေါ့။ အဲ့ဒီလိုကြည်နူးသာယာနေတဲ့အခြေအနေကနေ ရုတ်တရက်ပြောင်းလဲသွားတာမျိုးက ဘာကြောင့်များဖြစ်နိုင်မလဲ?


၁)သင့်ကိုတကယ်မချစ်လို့…

သူ့ဘက်က သင့်ကို စိတ်ဝင်စားကြောင်းစကားဦးတွေသမ်း၊ပုံမှန်မက်ဆေ့ချ်တွေပို့နေရင်းက ရုတ်တရက်ရပ်တန့်သွားတယ်ဆိုရင် အဲ့ဒါက သူက သင့်အပေါ်မှာတကယ်မချစ်ဘူးဆိုတာသူ့ကိုယ်သူသိပြီး သင့်ကိုလည်းတကယ်မချစ်ပဲဇာတ်လမ်း မဆက်ချင်တာကြောင့်ရပ်တန့်သွားတာပါ။

တကယ်မချစ်တဲ့ မိန်းကလေးတစ်ယောက်အပေါ်မှာ အခွင့်အရေးမယူတတ်တာဖြစ်နိုင်သလို သူတို့ကို မိန်းကလေးဘက်ကနွယ်လာမှာ စိုးရိမ်တဲ့အတွက်ဆက်ဆံရေးတွေပြောင်းလဲ သွားတာပါ။

၂)အရင်ရည်းစားနဲ့ပြန်အဆင်ပြေသွားလို့…

ဒီအချက်ကလည်းဖြစ်နိုင်ပါတယ်။ရည်းစားနဲ့ပြတ်ပြီး စိတ်သက်သာလိုသက်သာငြား တခြားမိန်းကလေး တစ်ယောက်ကိုသွားပြီးဇာတ်လမ်းစ၊ဇာတ်လမ်းစပြီးကာမှ အရင်ရည်းစားနဲ့ပြန်အဆင်ပြေသွားတော့ တခြားမိန်းကလေးကိုအဆက်အသွယ်ဖြတ်တဲ့သဘောပါပဲ။

သူတို့အမြင်မှာတော့ သူတို့ဘက်က အတည်တကျဇာတ်လမ်းမစရင်ဖြစ်တယ်ဆိုပြီး သူတို့စိတ်ကြိုက်ပြောင်းလဲလိုက်ကြတာပါ။တစ်ဖက်မိန်းကလေးက သူ့ကိုတကယ်ကြိုက်မိသွားရင်ခံစားရမှာအမှန်ပါပဲ။


၃)သင့်ဘက်က စာတွေအများကြီးပို့နေလို့…

တစ်ခါတစ်လေ ကိုယ်စိတ်ဝင်စားနေတဲ့သူက ကိုယ့်ကိုလာစကားပြောတဲ့အခါမှာ အပျော်လွန်ပြီး စကားတွေအများကြီးသွားပြောနေတာ၊စာတွေအများကြီးပို့မိတာတွေဖြစ်တတ်ပါတယ်။အဲ့ဒီလိုကျတော့လည်း ယောကျ်ားလေးတွေက စိတ်ရှုပ်လာတတ်ပြီး တော်ရုံစကားပြန်မပြောတော့တာတွေဖြစ်တတ်ပါတယ်။သူက ကိုယ့်ကိုစိတ်ဝင်စားနေမှန်းသိရင်တောင် စာတွေအများကြီးသွားမပို့မိပါစေနဲ့။


၄)သင်ကအရမ်းစိတ်ခံစားလွယ်လို့…

သူ့ဘက်ကဖွင့်မပြောရသေးပဲ သင်နဲ့သူက ဘာမှလည်းမဆိုင်သေးပဲ စာအပြန်အလှန်ပို့ရုံလောက်နဲ့ သူ့ကိုသွားပြီးချုပ်ချယ်တာ၊သူတစ်ခုခုပြောလို့ကိုယ်ကဘယ်လောက် ထိခံစားရတာစတဲ့စိတ်ခံစားမှုတွေ ကိုအလိုလိုက်ပြီးသွားမပြောပါနဲ့။

ချစ်သူမဖြစ်ခင်တည်းက ကိုယ်က သူနဲ့ပတ်သက်ပြီး သည်းသည်းလှုပ်ဖြစ်နေတာ မျိုးဆို သင်နဲ့ရှေ့ဆက်ဖို့ကို သူစဉ်းစားသွားပါလိမ့်မယ်။သင်နဲ့စကားပြောကျီစယ်တယ်ဆိုတာ တကယ်တော့ပျော်ရွှင်ချင်ရုံနဲ့စိတ်အနားယူတဲ့သဘောပါပဲ။ပြီးတော့မှ သူ့ဘက်က သင့်ကိုချစ်မိသွားလို့ရှေ့ဆက်တိုးတာတွေလုပ်ပါလိ့မ်မယ်။အဲ့ဒီလိုမဖြစ်ခင် သင့်ဘက်က သူ့ကိုပိုင်နေသလိုသွားမလုပ်မိဖို့လိုပါတယ်။


၅)သူက ကစားတတ်လို့…

ဘာအကြောင်းပြချက်မှမရှိပဲ ရုတ်တရက်သင့်ကိုစကားမပြောတော့တာ၊မဆက်သွယ်တာမျိုးဆို သူက player တစ်ယောက်ပါပဲ။မိန်းကလေးတွေကိုတကယ်စိတ်ထဲမှာမရှိပဲ သူစိတ်ပါတဲ့အခါစကားလာပြောပြီး ပြောရင်လည်းသင်တစ်ယောက်တည်းမဟုတ်တာမျိုးဖြစ်နိုင်ပါတယ်။

သင့်ကိုစာတွေအများကြီး ပို့သလို တခြားမိန်းကလေးတွေကိုလည်းပို့ပါလိမ့်မယ်။သင့်ထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့မိန်းကလေးမျိုးတွေ့ရင်တော့ သင်နဲ့ကစားတဲ့ပွဲက ပြီးသွားပါပြီ။


၆)နှစ်ယောက်လုံးမနာကျင်စေဖို့…

နေ့တိုင်းစာတွေအပြန်အလှန်ပို့နေရင်း ရင်းနှီးသွားပြီဆိုရင် သင့်အကြောင်းလည်းသူတော်တော်များများသိ၊ သူ့အကြောင်းလည်းသင်သိပြီးသားဖြစ်ပါလိမ့်မယ်။

အဲ့ဒီလိုသိသွားပြီဆိုရင် သူ့ဘက်က သင်လိုချင်တာကို ပေးနိုင်မှာမဟုတ်ဘူးဆိုတာတွေးမိပြီး သင်နဲ့အတူ ရှေ့ဆက်တိုးပြီး သင့်ကိုနာကျင်စေတာမျိုး မဖြစ်စေချင်လို့၊သူကိုယ်တိုင်လည်း မနာကျင်ချင်လို့ ရပ်တန့်လိုက်တာပါ။နောက်ရက်အတော်ကြာမှ သူပြန်ဆက်သွယ်ချင်ဆက်သွယ်ပါလိမ့်မယ်။ဒါပေမဲ့အရင်လိုမျိုး ဆက်ဆံရေးမဟုတ်တော့ဘူးဆိုတာ သတိထားမိပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: yawthama
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top