ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အလွဴအတန္းနဲ႕ ပတ္သက္လာရင္ လက္မေႏွးတတ္သူ တစ္ေယာက္ျဖစ္တဲ့ ပိုပိုက ဒီေန႕(ဧၿပီ၂၃ရက္)ေစာေစာေလးမွာ သံဃာေတာ္ေတြအတြက္ စတီးသပိတ္ေတြ လွဴဒါန္းျဖစ္တယ္လို႕ သိရပါတယ္။

အိမ္ေရွ႕ကို ဆြမ္းခံၾကြတဲ့ ကိုယ္ေတာ္ေတြရဲ႕ သပိတ္ေတြက ေဟာင္းေနတာျမင္ေတာ့ စိတ္မေကာင္းတာနဲ႕ တတ္ႏိုင္သေလာက္ေလး အလွဴျပဳခဲ့တာလို႕ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာထားပါတယ္။

"ကၽြန္မဟာေလ  ႀကီးႀကီးက်ယ္က်ယ္ ႏိုင္တယ္လို႔ ေျပာလဲ အေျပာခံရမွာပါပဲ ထမင္းစားရင္ အေကာင္းဆံုး အလွဆံုး ပန္းကန္န႔ဲစားတယ္ အဲလိုပဲ ဘုရား ဆြမ္းလႈရင္လဲ ပန္းကန္ကို လွမွေကာင္းမွ

အစားစားရင္လဲ ေကာင္းမွ ခ်က္ရင္လဲ သန္႔မွ အ့ဲလိုပဲ သူမ်ားကို လႉရင္ သန္႔သန္႔ရွင္းရွင္း အေကာင္းဆံုး ခ်က္ျပဳတ္လႉတာပဲ အိပ္ရင္လဲ အိပ္ရာခင္းေကာင္းေကာင္းန႔ဲအိပ္တယ္ အိမ္လာလည္တ့ဲသူေတြကို အိပ္ရာခင္းေကာင္းေကာင္း န႔ဲသိပ္တယ္။ ကိုယ္ႀကိဳက္တ့ဲ ပစၥည္းေတြကို သူမ်ားေတြကို လက္ေဆာင္ေပးတယ္။ ဒါေၾကာင့္ ဆြမ္းလာခံတ့ဲ ကိုရင္ေလးေတြ သပိတ္ႀကိဳးေတြျပဳတ္ ေဟာင္းႏြမ္းေနတာ ေန႔တိုင္း ျမင္ရေတာ့ စိတ္မေကာင္းတာန႔ဲ သံေခ်းတတ္ေနတ့ဲ သပိတ္ ထဲ ဆြမ္းထည့္ဘုန္းေပးရတာေလ အ့ဲေတာ့ ကိုယ္စားသလို ေကာင္းေကာင္းမြန္မြန္ ဘုန္းေပးေစလိုတဲ့စိတ္န႔ဲ စတီးသပိတ္ေတြ လႉျဖစ္တယ္ " ဆိုၿပီး ေရးသားထားပါတယ္။

သူမအေနနဲက ဒီေန႕ျပဳလုိုုက္တဲ့အလွဴေလးအတြက္ကိုလည္း စိတ္ခ်မ္းသာလို႕ေနပါတယ္။သူမရဲ႕ အလွဴကိုလည္း ပရိသတ္ေတြ အတြက္ အမွ်ေပးေယထားတာေတြ႕ရပါတယ္။

အဆုိေတာ္ပုိပုိကေတာ့ ပထမဆုံးတစ္ကုိယ္ေတာ္ေတးစီးရီးျဖစ္တဲ့ ခ်စ္ဖူးခဲ့သမွ် တစ္ကိုယ္ေတာ္ အယ္လ္ဘမ္၊ အလြမ္း သီခ်င္းႀကိဳက္တဲ့ ေရဒီယုိ အယ္လ္ဘမ္ တုိ႔ကုိ ထြက္ရွိခဲ့ၿပီးေတာ့ Master Piece  မီနီအယ္လ္ဘမ္လည္း ထြက္ရွိထားသူျဖစ္ပါတယ္။

သူမဟာ  "ေၾကာက္ေၾကာက္ေၾကာက္" ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။

Photo : ပိုပို

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်သူ တစ်ယောက်ဖြစ်တဲ့ ပိုပိုက ဒီနေ့(ဧပြီ၂၃ရက်)စောစောလေးမှာ သံဃာတော်တွေအတွက် စတီးသပိတ်တွေ လှူဒါန်းဖြစ်တယ်လို့ သိရပါတယ်။

အိမ်ရှေ့ကို ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေရဲ့ သပိတ်တွေက ဟောင်းနေတာမြင်တော့ စိတ်မကောင်းတာနဲ့ တတ်နိုင်သလောက်လေး အလှူပြုခဲ့တာလို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

"ကျွန်မဟာလေ  ကြီးကြီးကျယ်ကျယ် နိုင်တယ်လို့ ပြောလဲ အပြောခံရမှာပါပဲ ထမင်းစားရင် အကောင်းဆုံး အလှဆုံး ပန်းကန်နဲ့စားတယ် အဲလိုပဲ ဘုရား ဆွမ်းလှုရင်လဲ ပန်းကန်ကို လှမှကောင်းမှ

အစားစားရင်လဲ ကောင်းမှ ချက်ရင်လဲ သန့်မှ အဲ့လိုပဲ သူများကို လှူရင် သန့်သန့်ရှင်းရှင်း အကောင်းဆုံး ချက်ပြုတ်လှူတာပဲ အိပ်ရင်လဲ အိပ်ရာခင်းကောင်းကောင်းနဲ့အိပ်တယ် အိမ်လာလည်တဲ့သူတွေကို အိပ်ရာခင်းကောင်းကောင်း နဲ့သိပ်တယ်။ ကိုယ်ကြိုက်တဲ့ ပစ္စည်းတွေကို သူများတွေကို လက်ဆောင်ပေးတယ်။ ဒါကြောင့် ဆွမ်းလာခံတဲ့ ကိုရင်လေးတွေ သပိတ်ကြိုးတွေပြုတ် ဟောင်းနွမ်းနေတာ နေ့တိုင်း မြင်ရတော့ စိတ်မကောင်းတာနဲ့ သံချေးတတ်နေတဲ့ သပိတ် ထဲ ဆွမ်းထည့်ဘုန်းပေးရတာလေ အဲ့တော့ ကိုယ်စားသလို ကောင်းကောင်းမွန်မွန် ဘုန်းပေးစေလိုတဲ့စိတ်နဲ့ စတီးသပိတ်တွေ လှူဖြစ်တယ် " ဆိုပြီး ရေးသားထားပါတယ်။

သူမအနေနဲက ဒီနေ့ပြုလိုုက်တဲ့အလှူလေးအတွက်ကိုလည်း စိတ်ချမ်းသာလို့နေပါတယ်။သူမရဲ့ အလှူကိုလည်း ပရိသတ်တွေ အတွက် အမျှပေးယေထားတာတွေ့ရပါတယ်။

အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။

သူမဟာ  "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Photo : ပိုပို

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top