iMyanmarHouse.com - Best Property Website for Myanmar
×

ပဲခူးတိုင္​း​ေဒသႀကီး​၊ ေတာင္​ငူၿမိဳ႕(၁)ရပ္​ကြက္​ အျမန္​လမ္​းမႀကီးနဲ႔ ဆက္​သြယ္​ထားတဲ့ ထီးလိႈင္​ကြန္​ကရစ္​လမ္​းမႀကီး​ေဘး႐ွိ ​ေငြ​ေဆာင္​​ေဟာ္​တယ္​​ေ႐ွွ႕ ေညာင္​ပင္​မွာ ဧၿပီ ၂၂ ရက္​​ေန႔ အ​ေစာပိုင္​းက အမ်ိဳးသားတ​ဦး ​ဓာတ္​လိုက္​​ေသဆုံးသြားခဲ့တယ္​လို႔ သိရပါတယ္​။

ဒီက​ေန႔ မနက္​ ၇ နာရီခြဲ​ေလာက္​က အသက္ ၃၇ အရြယ္ ကို​ေဇာ္​လင္​းဦး(ခ)​ေလပု​ဟာ ​ေငြ​ေဆာင္​​ေဟာ္​တည္​​ေ႐ွ႕႐ွိ ​ေညာင္​ပင္​​ေပၚကို ​ေညာင္​ဖူးတက္​ခူးရာမွာ ​ေညာင္​ပင္​​ေပၚ႐ွိ ႐ုပ္​သံလႊင့္႐ုံသို႔​ေပးထားတဲ့ 11 K.V.A ဓာတ္​အားလိုင္​းႀကိဳးနဲ႔ ဦး​ေခါင္​းထိမိရာက ဓာတ္​လိုက္​​ေသ​ဆုံးသြားခဲ့တာ ျဖစ္​ပါတယ္​။

“ျဖစ္​တာက ဒီ​ေန႔ မနက္​ ၇ နာရီခြဲ​ေလာက္​က။ ​ေသဆုံးသူ ေဇာ္​လင္​းဦး (ခ)​ေလပုနဲ႔ ရန္​ႏုိင္​ထူးတို႔ ႏွစ္​​ေယာက္​​ ေညာင္​ဖူးသြားခူးၾကတာ၊ ရန္​ႏုိင္​ထူးက ​ေအာက္​က​ေန ဝါးလုံးနဲ႔ခူးတယ္​။ ​ေဇာ္​လင္​းဦးက အပင္​​ေပၚတက္​ၿပီး ခူးတယ္​။

ရန္​ႏိုင္​ထူးက ၁၅ မိနစ္​​ေလာက္​ၾကာ​ေတာ့ အ​ေပၚက အသံမၾကားလို႔ လိုက္​ၾကည့္ေတာ့မွ အပင္​​ေပၚမွာ ​ေမွာက္​ခုံႀကီး​ေတြ႔ၿပီး ​ေခၚလို႔မရလို႔ သူ႔ညီဝမ္​းကြဲ ​ေဌးမင္​းႏိုင္​ကို သြား​ေျပာၿပီး ရပ္​ကြက္​အုပ္​ခ်ဳပ္​​ေရးမႉးနဲ႔ ရဲစခန္​းကို လွမ္​းအ​ေၾကာင္​းၾကားတာ” လုိ႔ ​ေတာင္​ငူအမွတ္​(၂)နယ္​​ေျမရဲစခန္​းက တာဝန္​႐ွိသူတ​ဦးက ​ေျပာပါတယ္​။

အခုလို​ ေသဆုံးခဲ့မႈနဲ႔ပတ္​သက္​ၿပီး ဓမၼတာအတိုင္​း ​ေသဆုံးတာ ဟုတ္​မဟုတ္​ကို ​ေတာင္​ငူအမွတ္​ (၂)နယ္​​ေျမရဲစခန္​းက​ ​ေသမႈ​ေသခင္​း အမွတ္​စဥ္​-၅/၂၀၁၈ နဲ႔ ဖြင့္လွစ္​ထားတယ္​လို႔ သိရပါတယ္​။

သားႀကီး(​ေတာင္​ငူ)
ဓာတ္​ပံု – လူမႈကြန္ယက္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့(၁)ရပ်ကွက် အမြန်လမ်းမကြီးနဲ့ ဆက်သွယ်ထားတဲ့ ထီးလှိုင်ကွန်ကရစ်လမ်းမကြီးဘေးရှိ ငွေဆောင်ဟော်တယ်ရှေှ့ ညောင်ပင်မှာ ဧပြီ ၂၂ ရက်နေ့ အစောပိုင်းက အမျိုးသားတဦး ဓာတ်လိုက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက် ၇ နာရီခွဲလောက်က အသက် ၃၇ အရွယ် ကိုဇော်လင်းဦး(ခ)လေပုဟာ ငွေဆောင်ဟော်တည်ရှေ့ရှိ ညောင်ပင်ပေါ်ကို ညောင်ဖူးတက်ခူးရာမှာ ညောင်ပင်ပေါ်ရှိ ရုပ်သံလွှင့်ရုံသို့ပေးထားတဲ့ 11 K.V.A ဓာတ်အားလိုင်းကြိုးနဲ့ ဦးခေါင်းထိမိရာက ဓာတ်လိုက်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

“ဖြစ်တာက ဒီနေ့ မနက် ၇ နာရီခွဲလောက်က။ သေဆုံးသူ ဇော်လင်းဦး (ခ)လေပုနဲ့ ရန်နိုင်ထူးတို့ နှစ်ယောက် ညောင်ဖူးသွားခူးကြတာ၊ ရန်နိုင်ထူးက အောက်ကနေ ဝါးလုံးနဲ့ခူးတယ်။ ဇော်လင်းဦးက အပင်ပေါ်တက်ပြီး ခူးတယ်။

ရန်နိုင်ထူးက ၁၅ မိနစ်လောက်ကြာတော့ အပေါ်က အသံမကြားလို့ လိုက်ကြည့်တော့မှ အပင်ပေါ်မှာ မှောက်ခုံကြီးတွေ့ပြီး ခေါ်လို့မရလို့ သူ့ညီဝမ်းကွဲ ဌေးမင်းနိုင်ကို သွားပြောပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းကို လှမ်းအကြောင်းကြားတာ” လို့ တောင်ငူအမှတ်(၂)နယ်မြေရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုလို သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ်ကို တောင်ငူအမှတ် (၂)နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ်-၅/၂၀၁၈ နဲ့ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

သားကြီး(တောင်ငူ)
ဓာတ်ပုံ – လူမှုကွန်ယက်

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top