ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ လဝက ဦးစီးဌာနက ႏိုင္ငံသား စိစစ္ေရးကတ္ျပား ျပဳလုပ္သူေတြဆီက ေငြေတာင္းခဲ့ေၾကာင္း ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္တခုမွာ တင္လိုက္ၿပီးေနာက္ ေငြျပန္ေပးၿပီး ေတာင္းပန္တယ္လို႔ သိရပါတယ္။

စိစစ္ေရးကတ္လုပ္သူေတြထံက ေငြက်ပ္ ၃၀၀၀၀ ေသာင္းေတာင္းခံခဲ့ေၾကာင္း Chit Putu အေကာင့္အမည္နဲ႔ လူ႔မႈကြန္ရက္ေဖ့စ္ဘြတ္ခ္တင္လိုက္ရာ မင္းျပားလဝက ဦးစီးဌာန တာဝန္ရွိသူေတြက ကာယကံရွင္ထံကို ေတာင္းပန္ၿပီး ေငြျပန္လည္ေပးအပ္ခဲ့ပါတယ္။

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ နားဒင္းရြာေဟာင္းက အမ်ိဳးသမီးႏွစ္ေယာက္အပါအဝင္ ဝါးေတာင္ေက်းရြာက မိန္းကေလးတေယာက္တို႔ ၁၈ ႏွစ္ျပည့္ ႏိုင္ငံသား စိစစ္ေရးကတ္ျပား လဲလွယ္ျပဳလုပ္ရာမွာ ေငြေၾကးေတာင္းတာ ခံခဲ့ရတယ္လို႔ ကာယကံရွင္ျဖစ္သူ နားဒင္းေက်းရြာသူ မခိုင္သန္းဝင္းက ဒီဗီြဘီကို ေျပာပါတယ္။

“ညီမတို႔က ၁၈ ႏွစ္ျပည့္ မွတ္ပုံတင္လဲခ်င္လို႔ လဝကကိုသြားတာ၊ လဝက အရာရွိက မွတ္ပုံတင္လိုခ်င္ရင္ ၃ ေသာင္းေပးရမယ္လို႔ေျပာတယ္။ သမီးက ပိုက္ဆံ ၃ ေသာင္းပါမလာဘူး၊ ကားလက္မွတ္ ဝယ္တာနဲ႔ ကုန္သြားတယ္လို႔ေျပာတယ္။ ဒါဆို ဘယ္ေလာက္ပါလဲေမးတယ္၊ သမီးမွာ ၁၅၀၀၀ ပဲပါတယ္။ အဲ့ဒါကို ေပးခဲ့လိုက္မယ္လို႔ ဆိုၿပီးေပးလိုက္ရပါတယ္။ ေနာက္တေယာက္ မင္းျပားၿမိဳ႕နယ္ ဝါးေတာင္ေက်းရြာက မိန္းကေလးတေယာက္ဆီက ၁၅၀၀၀ ေတာင္းတယ္။ သူတို႔ကုိေတာ့ ဘာမွ မေပးခ်င္ရင္ ရက္ေပါင္း၂၈ ရက္အထိ ေစာင့္ရမယ္လို႔ ေျပာပါတယ္။”

အခုလုိ ေငြေၾကးေတာင္းခံခဲ့တာကို Chit Putu အေကာင့္အမည္နဲ႔ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္တင္လိုက္ရာက လူသိမ်ားခဲ့ၿပီး မင္းျပားလဝကဌာန တာဝန္ရွိသူေတြနဲ႔ နားဒင္ဒေက်းရြာ အုပ္ခ်ဳပ္မႉးေတြ ေရာက္ရွိလာၿပီး ေငြက်ပ္ ၁၅၀၀၀ ကို ဧၿပီ ၂၀ ရက္ေန႔ ညေနပိုင္းက ျပန္လည္ေပးအပ္ခဲ့တယ္လို႔ မခိုင္သန္းဝင္းက ဆိုပါတယ္။

Chit Putu အေကာင့္အမည္နဲ႔ လူမႈကြန္ရက္မွာ ေရးထားတာကို ဖ်က္ေပးဖို႔ လဝကတာဝန္ရွိသူ ႏွစ္ေယာက္က ေျပာဆိုခဲ့တာေၾကာင့္ အဲ့ဒီ Postကို မေန႔ညက ဖ်က္ေပးခဲ့တယ္လို႔လည္း သူက ဆိုပါတယ္။

မင္းျပားၿမိဳ႕နယ္၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဦးစီးဌာန ဦးစီးမႉး ဦးေက်ာ္မင္းထြန္းက ေငြေၾကးတစုံတရာ ေတာင္းတာမရွိဘူးလို႔ ျငင္းဆိုပါတယ္။

“မေတာင္းပါဘူးခင္ဗ်။ အဲ့ဒီေန႔က လက္မွတ္ထိုးခ်င္ဆိုတာနဲ႔ ေစာေစာေလးလိုခ်င္တယ္ဆိုတယ္။ က်ေနာ္လည္း မသိလိုက္ဘူး။ က်ေနာ္လည္း အိမ္ေထာင္စုစာရင္းေတြ ေက္ာပီပို႔လုပ္ေနလို႔၊ သူတို႔ေျပာတဲ့အခ်ိန္မွာ က်ေနာ္ခ်က္ခ်င္းထုတ္ေပးလိုက္ပါတယ္။ ပုံမွန္အားျဖင့္ေတာ့ ၂၈ ရက္ေလာက္ ၾကာတယ္ေလ” လို႔ ေျပာပါတယ္။

အခုလို မွတ္ပုံတင္လာလုပ္တဲ့ ျပည္သူေတြဆီက ေငြေတြ အဆမတန္ေတာင္းတဲ့ ဝန္ထမ္းေတြ ရွိရင္လည္း ခံဝန္ထိုးခိုင္းၿပီး အထက္ကို တင္ျပသြားမယ္လို႔ ဦးစီးမႉး ဦးေက်ာ္မင္းထြန္းက ေျပာပါတယ္။

မင္းျပားၿမိဳ႕နယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က “အရင္ကလည္း ဒီလိုရွိခဲ့တယ္။ မွတ္ပုံတင္တခုလာလုပ္ရင္ ၂ ေသာင္း၊ ၃ ေသာင္း၊ ၄၊ ၅ ေသာင္းအထိ ေပးရတယ္ဆိုတဲ့ စကားေတြ အမ်ားႀကီးထြက္ခဲ့တယ္။ ဒီလိုေပးရတယ္ဆိုတာ အေထာက္အထားေတြနဲ႔ တဦးဦးက တိုင္ဖို႔လိုတယ္။ ဒီလိုမွ က်ေနာ္တို႔ဘက္ကလည္း ထိေရာက္တဲ့ အေရးပိုင္အေနနဲ႔လုပ္ပါမယ္။ ေပးရတဲ့ သူေတြဘက္ကလည္း ထိထိေရာက္ေရာက္ တိုင္ၾကားဖို႔လိုတာေပ့ါ။ ႏို႔မို႔ဆိုရင္ လႊတ္ေတာ္မွာ အေျခအတင္ေျပာရမယ့္ အေနအထား ေတြျဖစ္ေနတယ္” လို႔ ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် လဝက ဦးစီးဌာနက နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်သူတွေဆီက ငွေတောင်းခဲ့ကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တခုမှာ တင်လိုက်ပြီးနောက် ငွေပြန်ပေးပြီး တောင်းပန်တယ်လို့ သိရပါတယ်။

စိစစ်ရေးကတ်လုပ်သူတွေထံက ငွေကျပ် ၃၀၀၀၀ သောင်းတောင်းခံခဲ့ကြောင်း Chit Putu အကောင့်အမည်နဲ့ လူ့မှုကွန်ရက်ဖေ့စ်ဘွတ်ခ်တင်လိုက်ရာ မင်းပြားလဝက ဦးစီးဌာန တာဝန်ရှိသူတွေက ကာယကံရှင်ထံကို တောင်းပန်ပြီး ငွေပြန်လည်ပေးအပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် နားဒင်းရွာဟောင်းက အမျိုးသမီးနှစ်ယောက်အပါအဝင် ဝါးတောင်ကျေးရွာက မိန်းကလေးတယောက်တို့ ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား လဲလှယ်ပြုလုပ်ရာမှာ ငွေကြေးတောင်းတာ ခံခဲ့ရတယ်လို့ ကာယကံရှင်ဖြစ်သူ နားဒင်းကျေးရွာသူ မခိုင်သန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ညီမတို့က ၁၈ နှစ်ပြည့် မှတ်ပုံတင်လဲချင်လို့ လဝကကိုသွားတာ၊ လဝက အရာရှိက မှတ်ပုံတင်လိုချင်ရင် ၃ သောင်းပေးရမယ်လို့ပြောတယ်။ သမီးက ပိုက်ဆံ ၃ သောင်းပါမလာဘူး၊ ကားလက်မှတ် ဝယ်တာနဲ့ ကုန်သွားတယ်လို့ပြောတယ်။ ဒါဆို ဘယ်လောက်ပါလဲမေးတယ်၊ သမီးမှာ ၁၅၀၀၀ ပဲပါတယ်။ အဲ့ဒါကို ပေးခဲ့လိုက်မယ်လို့ ဆိုပြီးပေးလိုက်ရပါတယ်။ နောက်တယောက် မင်းပြားမြို့နယ် ဝါးတောင်ကျေးရွာက မိန်းကလေးတယောက်ဆီက ၁၅၀၀၀ တောင်းတယ်။ သူတို့ကိုတော့ ဘာမှ မပေးချင်ရင် ရက်ပေါင်း၂၈ ရက်အထိ စောင့်ရမယ်လို့ ပြောပါတယ်။”

အခုလို ငွေကြေးတောင်းခံခဲ့တာကို Chit Putu အကောင့်အမည်နဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တင်လိုက်ရာက လူသိများခဲ့ပြီး မင်းပြားလဝကဌာန တာဝန်ရှိသူတွေနဲ့ နားဒင်ဒကျေးရွာ အုပ်ချုပ်မှူးတွေ ရောက်ရှိလာပြီး ငွေကျပ် ၁၅၀၀၀ ကို ဧပြီ ၂၀ ရက်နေ့ ညနေပိုင်းက ပြန်လည်ပေးအပ်ခဲ့တယ်လို့ မခိုင်သန်းဝင်းက ဆိုပါတယ်။

Chit Putu အကောင့်အမည်နဲ့ လူမှုကွန်ရက်မှာ ရေးထားတာကို ဖျက်ပေးဖို့ လဝကတာဝန်ရှိသူ နှစ်ယောက်က ပြောဆိုခဲ့တာကြောင့် အဲ့ဒီ Postကို မနေ့ညက ဖျက်ပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

မင်းပြားမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးကျော်မင်းထွန်းက ငွေကြေးတစုံတရာ တောင်းတာမရှိဘူးလို့ ငြင်းဆိုပါတယ်။

“မတောင်းပါဘူးခင်ဗျ။ အဲ့ဒီနေ့က လက်မှတ်ထိုးချင်ဆိုတာနဲ့ စောစောလေးလိုချင်တယ်ဆိုတယ်။ ကျနော်လည်း မသိလိုက်ဘူး။ ကျနော်လည်း အိမ်ထောင်စုစာရင်းတွေ ကေ်ာပီပို့လုပ်နေလို့၊ သူတို့ပြောတဲ့အချိန်မှာ ကျနော်ချက်ချင်းထုတ်ပေးလိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ ၂၈ ရက်လောက် ကြာတယ်လေ” လို့ ပြောပါတယ်။

အခုလို မှတ်ပုံတင်လာလုပ်တဲ့ ပြည်သူတွေဆီက ငွေတွေ အဆမတန်တောင်းတဲ့ ဝန်ထမ်းတွေ ရှိရင်လည်း ခံဝန်ထိုးခိုင်းပြီး အထက်ကို တင်ပြသွားမယ်လို့ ဦးစီးမှူး ဦးကျော်မင်းထွန်းက ပြောပါတယ်။

မင်းပြားမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “အရင်ကလည်း ဒီလိုရှိခဲ့တယ်။ မှတ်ပုံတင်တခုလာလုပ်ရင် ၂ သောင်း၊ ၃ သောင်း၊ ၄၊ ၅ သောင်းအထိ ပေးရတယ်ဆိုတဲ့ စကားတွေ အများကြီးထွက်ခဲ့တယ်။ ဒီလိုပေးရတယ်ဆိုတာ အထောက်အထားတွေနဲ့ တဦးဦးက တိုင်ဖို့လိုတယ်။ ဒီလိုမှ ကျနော်တို့ဘက်ကလည်း ထိရောက်တဲ့ အရေးပိုင်အနေနဲ့လုပ်ပါမယ်။ ပေးရတဲ့ သူတွေဘက်ကလည်း ထိထိရောက်ရောက် တိုင်ကြားဖို့လိုတာပေ့ါ။ နို့မို့ဆိုရင် လွှတ်တော်မှာ အခြေအတင်ပြောရမယ့် အနေအထား တွေဖြစ်နေတယ်” လို့ ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top