ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ဖတ္၇န္ #

ေတာင္ကိုရီးယားမင္းသမီး ကင္ဆိုဟြန္း(Kim So Hyun) ဟာ မၾကာေသးမီကမွ ျပသၿပီးစီးခဲ့တဲ့ Radio Romance ဇာတ္လမ္းတြဲမွာ Hightlight အဖြဲ႕ဝင္ ယြန္ဒိုဂၽြန္ (Yoon Doojoon) နဲ႔ အတြဲညီညီသ႐ုပ္ေဆာင္ႏုိင္ခဲ့ၿပီး သူတုိ႔ႏွစ္ဦးရဲ႕ ငယ္ရြယ္ႏုပ်ဳိတဲ့အခ်စ္က အသက္ဝင္လြန္းလွတဲ့ အတြက္ ပရိသတ္ ႏွစ္ၿခိဳက္ခဲ့ရပါတယ္။ ဒါေပမဲ့ အျပင္မွာေတာ့ သူမမွာ အဲဒီလို အေတြ႕အၾကံဳမ်ဳိး မရွိဘူးလို႔ ကင္ဆုိဟြန္းက ဖြင့္ဟလာပါတယ္။

“တစ္ခါမွ ဒိတ္မလုပ္ခဲ့ဖူးဘူး။ ကၽြန္မ ဒီလိုေျပာရင္ ဘယ္သူမွ မယံုၾကဘူး။ ဒါေပမဲ့ တကယ္ပဲ ကၽြန္မ ရည္းစားတစ္ခါမွ မထားဖူးတာ။ အ႐ိုးသားဆံုး ဝန္ခံရရင္ ကၽြန္မ ရည္းစားထားဖူးတယ္လို႔ ေျပာခ်င္ေနမိတယ္။ ကင္မရာဒါ႐ိုက္တာကေတာင္ ေနာက္သလို ေျပာင္သလိုနဲ႔ ကၽြန္မကို ေျပာဖူးတယ္။ ကၽြန္မဆီမွာ ဒိတ္လုပ္ေနတဲ့ ခံစားခ်က္ကို မခံစားရဘူးတဲ့။ အဲဒီအခ်ိန္မွာ ကၽြန္မ ဒိတ္လုပ္ဖို႔ လုိေနၿပီလားလို႔ ေတြးမိတယ္” လို႔ ကင္ဆုိဟြန္းက ဆုိပါတယ္။

အဲဒါေၾကာင့္ ရင္ထဲက လႈိက္လႈိက္လွဲလွဲ ခ်စ္ျပရတာဟာ သူမအတြက္ ခက္ခဲပါတယ္လို႔ ကင္ဆိုဟြန္းက ရင္ဖြင့္ပါတယ္။

“တစ္ေန႔မွာေတာ့ ေကာင္းမြန္သာယာတဲ့ အခ်စ္ဘဝေလးကို ေတြ႕ၾကံဳခ်င္ပါတယ္” လို႔လည္း သူမက ေျပာခဲ့ပါတယ္။

ယြန္ဒိုဂၽြန္နဲ႔ ကင္ဆုိဟြန္းတုိ႔ အဓိကသ႐ုပ္ေဆာင္ထားတဲ့ Radio Romance ဇာတ္လမ္းတြဲကို KBS2 ႐ုပ္သံလုိင္းမွာ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္ေန႔မွာ ျပသခဲ့ၿပီး မတ္လ ၂၁ ရက္ေန႔မွာ ၿပီးဆံုးသြားပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ မင္းသမီးေလး ကင္ဆုိဟြန္းဟာ ကေလးအရြယ္ကတည္းက သ႐ုပ္ေဆာင္ျဖစ္လာသူျဖစ္ၿပီး Moon Embracing the Sun (2012) မွာ စိတ္ထားမေကာင္းတဲ့ မိဘုရားေလာင္းလ်ာေလးအျဖစ္လည္းေကာင္း၊ Missing You (2013) မွာ သနားစရာေကာင္းတဲ့ မိန္းမငယ္ေလးအျဖစ္လည္းေကာင္း ပါဝင္ရင္း ပရိသတ္သတိထားမိလာခဲ့ကာ Who Are You: School 2015 (2015) မွာေတာ့ သူမဟာ ေခါင္းေဆာင္မင္းသမီးအျဖစ္ စတင္ပါဝင္လာကာ Hey Ghost, Let’s Fight (2016) နဲ႔ The Emperor: Owner of the Mask (2017) ဇာတ္လမ္းတြဲတုိ႔နဲ႔ လူသိမ်ားလာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
# Unicode Version ဖြင့်ဖတ်ရန် #
တောင်ကိုရီးယားမင်းသမီး ကင်ဆိုဟွန်း(Kim So Hyun) ဟာ မကြာသေးမီကမှ ပြသပြီးစီးခဲ့တဲ့ Radio Romance ဇာတ်လမ်းတွဲမှာ Hightlight အဖွဲ့ဝင် ယွန်ဒိုဂျွန် (Yoon Doojoon) နဲ့ အတွဲညီညီသရုပ်ဆောင်နိုင်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ ငယ်ရွယ်နုပျိုတဲ့အချစ်က အသက်ဝင်လွန်းလှတဲ့ အတွက် ပရိသတ် နှစ်ခြိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ အပြင်မှာတော့ သူမမှာ အဲဒီလို အတွေ့အကြုံမျိုး မရှိဘူးလို့ ကင်ဆိုဟွန်းက ဖွင့်ဟလာပါတယ်။

“တစ်ခါမှ ဒိတ်မလုပ်ခဲ့ဖူးဘူး။ ကျွန်မ ဒီလိုပြောရင် ဘယ်သူမှ မယုံကြဘူး။ ဒါပေမဲ့ တကယ်ပဲ ကျွန်မ ရည်းစားတစ်ခါမှ မထားဖူးတာ။ အရိုးသားဆုံး ဝန်ခံရရင် ကျွန်မ ရည်းစားထားဖူးတယ်လို့ ပြောချင်နေမိတယ်။ ကင်မရာဒါရိုက်တာကတောင် နောက်သလို ပြောင်သလိုနဲ့ ကျွန်မကို ပြောဖူးတယ်။ ကျွန်မဆီမှာ ဒိတ်လုပ်နေတဲ့ ခံစားချက်ကို မခံစားရဘူးတဲ့။ အဲဒီအချိန်မှာ ကျွန်မ ဒိတ်လုပ်ဖို့ လိုနေပြီလားလို့ တွေးမိတယ်” လို့ ကင်ဆိုဟွန်းက ဆိုပါတယ်။

အဲဒါကြောင့် ရင်ထဲက လှိုက်လှိုက်လှဲလှဲ ချစ်ပြရတာဟာ သူမအတွက် ခက်ခဲပါတယ်လို့ ကင်ဆိုဟွန်းက ရင်ဖွင့်ပါတယ်။

“တစ်နေ့မှာတော့ ကောင်းမွန်သာယာတဲ့ အချစ်ဘဝလေးကို တွေ့ကြုံချင်ပါတယ်” လို့လည်း သူမက ပြောခဲ့ပါတယ်။

ယွန်ဒိုဂျွန်နဲ့ ကင်ဆိုဟွန်းတို့ အဓိကသရုပ်ဆောင်ထားတဲ့ Radio Romance ဇာတ်လမ်းတွဲကို KBS2 ရုပ်သံလိုင်းမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြသခဲ့ပြီး မတ်လ ၂၁ ရက်နေ့မှာ ပြီးဆုံးသွားပါတယ်။

အသက် ၁၈ နှစ်အရွယ် မင်းသမီးလေး ကင်ဆိုဟွန်းဟာ ကလေးအရွယ်ကတည်းက သရုပ်ဆောင်ဖြစ်လာသူဖြစ်ပြီး Moon Embracing the Sun (2012) မှာ စိတ်ထားမကောင်းတဲ့ မိဘုရားလောင်းလျာလေးအဖြစ်လည်းကောင်း၊ Missing You (2013) မှာ သနားစရာကောင်းတဲ့ မိန်းမငယ်လေးအဖြစ်လည်းကောင်း ပါဝင်ရင်း ပရိသတ်သတိထားမိလာခဲ့ကာ Who Are You: School 2015 (2015) မှာတော့ သူမဟာ ခေါင်းဆောင်မင်းသမီးအဖြစ် စတင်ပါဝင်လာကာ Hey Ghost, Let’s Fight (2016) နဲ့ The Emperor: Owner of the Mask (2017) ဇာတ်လမ်းတွဲတို့နဲ့ လူသိများလာခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top