ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ပဲခူးတိုင္းေဒသႀကီး၊ လက္ပံတန္းၿမိဳ႕နယ္၊ လက္ပံတန္းၿမိဳ႕မရဲစခန္းအပိုင္တြင္ ရန္ကုန္ဘက္မွ ျပည္ဘက္သို႔ ထြက္ခြာလာေသာ အမွတ္(၆၁)အဆန္ရထားျဖင့္ အမ်ဳိးသားတဦးအား မီးရထားတိုက္၍ ေသဆံုးသြားေၾကာင္း သတင္းရရွိပါသည္။

ျဖစ္စဥ္မွာ ၂၃-၄-၂၀၁၈ ရက္ေန႔ နံနက္ ၇ နာရီခန္႔တြင္ လက္ပံတန္းၿမိဳ႕မရဲစခန္း ဒုရဲအုပ္သက္ေ၀လြင္တာ၀န္ ထမ္းေဆာင္ေနစဥ္ လက္ပံတန္းၿမိဳ႕နယ္ နတ္စင္ကုန္းေက်းရြာအုပ္စု တာဆိပ္ေက်းရြာ မီးရထား

လမ္းမိုင္တိုင္ အမွတ္ ၇၆/၇ ႏွင့္ ၇၆/၈ အၾကားတြင္ အမ်ဳိးသားတဦး ရထားႀကိတ္ခံရ၍ ေသဆံုးေနေၾကာင္း နတ္စင္ကုန္းေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းေအး(သ) ၅၆ ႏွစ္ (ဘ) ဦးအုန္းေမာင္ဆိုသူမွ ဖုန္းဆက္သတင္းပို႔ အေၾကားၾကားသျဖင့္ (စခန္းမွဴး) ဒုရဲမွဴး မ်ဳိးညႊန္႔ႏွင့္ဒုရဲအုပ္ သက္ေ၀လြင္တို႔ ဦးေဆာင္သည့္ ရဲတပ္ဖြဲ႕၀င္တို႔သည္ သက္ေသနတ္စင္ကုန္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းေအး၊ (ဆယ္

အိမ္မွဴး) ဦးၾကည္၀င္းတို႔ႏွင့္အတူ သြားေရာက္ၾကည့္႐ႈစစ္ေဆးခဲ့ၾကသည္။

စစ္ေဆးေတြ႕ရွိခ်က္အရ ေသဆံုးသူမွာ လက္ပံတန္းၿမိဳ႕နယ္ နတ္စင္ကုန္းေက်းရြာအုပ္စု တာဆိပ္ေက်းရြာ ေနထိုင္သူ ကုိမင္းမင္းထြန္း (ခ) ဖိုးေထာင္ (သ) ၃၈ ႏွစ္ဆိုသူျဖစ္ေၾကာင္းႏွင့္ ေသဆံုးသူမွာ အရက္

အလြန္အကၽြံ ေသာက္စားတတ္သူျဖစ္ၿပီး ရထားလမ္းေပၚတြင္ လမ္းေလွ်ာက္သြားေနစဥ္ ရန္ကုန္ဘက္မွ ျပည္ဘက္သို႔ ထြက္ခြာလာေသာ အမွတ္(၆၁) အဆန္ ရန္ကုန္-ပုဂံရထားစက္ေခါင္းအမွတ္ DF-2016

ရထားျဖင့္ ၀င္တိုက္မိၿပီး ၀ဲဘက္အရင္းျပတ္၊ ယာလက္ေကာက္၀တ္ျပတ္၊ ဦးေခါင္းေနာက္ေစ့ေပါက္ၿပဲဒဏ္ရာႏွင့္ ကြဲ၀ဲတင္ပါးစံုေပါင္ၿပဲပြန္းပဲ့ဒဏ္ရာ၊ ၀ဲနဖူးေပါက္ၿပဲဒဏ္ရာတို႔ရရွိကာ ပက္လက္လန္လဲက်ေသဆံုးေ

နေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ေသဆံုးသူ ကုိမင္းမင္းထြန္း(ခ) ဖိုးေထာင္၏ အေလာင္းအား ရဲေဆးစာျပဳလုပ္ၿပီး လက္ပံတန္း ေဆး႐ံုသို႔ နာေရးကူညီမႈအသင္းမွ HSE 1485 ဟိုင္းလတ္ယာဥ္ျဖင့္ ပို႔ေဆာင္၍ ေသဆံုးသူ ကုိမင္းမင္းထြန္း (ခ) ဖိုးေထာင္ေသဆံုးမႈႏွင့္ ပတ္သက္ၿပီး ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္/မဟုတ္ စံုစမ္းစစ္ေဆးေပးပါရန္ ဒုရဲအုပ္ သက္ေ၀လြင္မွ တရားလိုျပဳ

လုပ္တိုင္တန္းသျဖင့္ လက္ပံတန္းၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္ ၄/၂၀၁၈ ျဖင့္ အမႈဖြင့္အေရးယူထားရွိၿပီး ဒုရဲမွဴး မ်ဳိးညြန္႔မွ တရားလိုႏွင့္ အခင္းျဖစ္အရပ္ရွိ သက္ေသတို႔ကို စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

ကိုနႏၵ(လက္ပံတန္း)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: News Watch
# Unicode Version ျဖင့္ ဖတ္ပါ #
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ လက်ပံတန်းမြို့မရဲစခန်းအပိုင်တွင် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ ထွက်ခွာလာသော အမှတ်(၆၁)အဆန်ရထားဖြင့် အမျိုးသားတဦးအား မီးရထားတိုက်၍ သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ၂၃-၄-၂၀၁၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လက်ပံတန်းမြို့မရဲစခန်း ဒုရဲအုပ်သက်ဝေလွင်တာဝန် ထမ်းဆောင်နေစဉ် လက်ပံတန်းမြို့နယ် နတ်စင်ကုန်းကျေးရွာအုပ်စု တာဆိပ်ကျေးရွာ မီးရထား

လမ်းမိုင်တိုင် အမှတ် ၇၆/၇ နှင့် ၇၆/၈ အကြားတွင် အမျိုးသားတဦး ရထားကြိတ်ခံရ၍ သေဆုံးနေကြောင်း နတ်စင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းအေး(သ) ၅၆ နှစ် (ဘ) ဦးအုန်းမောင်ဆိုသူမှ ဖုန်းဆက်သတင်းပို့ အကြေားကြားသဖြင့် (စခန်းမှူး) ဒုရဲမှူး မျိုးညွှန့်နှင့်ဒုရဲအုပ် သက်ဝေလွင်တို့ ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်တို့သည် သက်သေနတ်စင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအေး၊ (ဆယ်

အိမ်မှူး) ဦးကြည်ဝင်းတို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

စစ်ဆေးတွေ့ရှိချက်အရ သေဆုံးသူမှာ လက်ပံတန်းမြို့နယ် နတ်စင်ကုန်းကျေးရွာအုပ်စု တာဆိပ်ကျေးရွာ နေထိုင်သူ ကိုမင်းမင်းထွန်း (ခ) ဖိုးထောင် (သ) ၃၈ နှစ်ဆိုသူဖြစ်ကြောင်းနှင့် သေဆုံးသူမှာ အရက်

အလွန်အကျွံ သောက်စားတတ်သူဖြစ်ပြီး ရထားလမ်းပေါ်တွင် လမ်းလျှောက်သွားနေစဉ် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ ထွက်ခွာလာသော အမှတ်(၆၁) အဆန် ရန်ကုန်-ပုဂံရထားစက်ခေါင်းအမှတ် DF-2016

ရထားဖြင့် ဝင်တိုက်မိပြီး ဝဲဘက်အရင်းပြတ်၊ ယာလက်ကောက်ဝတ်ပြတ်၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာနှင့် ကွဲဝဲတင်ပါးစုံပေါင်ပြဲပွန်းပဲ့ဒဏ်ရာ၊ ဝဲနဖူးပေါက်ပြဲဒဏ်ရာတို့ရရှိကာ ပက်လက်လန်လဲကျသေဆုံးေ

နကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးသူ ကိုမင်းမင်းထွန်း(ခ) ဖိုးထောင်၏ အလောင်းအား ရဲဆေးစာပြုလုပ်ပြီး လက်ပံတန်း ဆေးရုံသို့ နာရေးကူညီမှုအသင်းမှ HSE 1485 ဟိုင်းလတ်ယာဉ်ဖြင့် ပို့ဆောင်၍ သေဆုံးသူ ကိုမင်းမင်းထွန်း (ခ) ဖိုးထောင်သေဆုံးမှုနှင့် ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးပေးပါရန် ဒုရဲအုပ် သက်ဝေလွင်မှ တရားလိုပြု

လုပ်တိုင်တန်းသဖြင့် လက်ပံတန်းမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ် ၄/၂၀၁၈ ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး ဒုရဲမှူး မျိုးညွန့်မှ တရားလိုနှင့် အခင်းဖြစ်အရပ်ရှိ သက်သေတို့ကို စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ကိုနန္ဒ(လက်ပံတန်း)

ဖိုးသူတော် (www.phothutaw.com)
Credit: News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top