မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×










# Unicode Version ဖြင့် ဖတ်ပါ #
တကယ်ကိုဆိုးရွားလွန်းတဲ့အလုပ်တစ်ခုပါပဲ ။

သင့်အလုပ်တွေကအရမ်းဆိုးရွားလွန်းတယ်လို့ထင်နေရင်တော့ သင်ဒီဆောင်းပါးလေးကိုဖတ်သင့်ပါတယ် ။
သမိုင်းတစ်လျောက်မှာ လူတွေဟာ ကယ်တင်ခြင်းခံရဖို့ကြိုးစားခဲ့ကြတယ် ။
ဒီတော့ သူတို့ရဲ့အပြစ်တွေကို လွဲပြောင်းပေးရမယ့်သူကို ရှာဖွေကြတယ် ။
အပြစ်စားသူရဲ့အလုပ်ကတော့ သေသူတွေအပြစ်ကိုလွဲယူရတာဖြစ်ပြီးတော့ သူတို့ဟာငတ်ပြတ်နေကြတဲ့အတွက် အိတ်ထဲမှာ သုံးစရာငွေနဲ့
စားသောက်စရာရဖို့အတွက် သေတဲ့အခါ လူတွေရဲ့အပြစ်တွေကြောင့် ငရဲမှာ ထာဝရခံရလည်း ဂရုမစိုက်ကြတော့ပါဘူး ။

အပြစ်စားသူတွေဟာ အင်္ဂလန်နိုင်ငံ ၊ စကော့တလန် နဲ့ ဝေလနိုင်ငံတွေမှာတကယ်ရှိခဲ့ပြီးတော့ ၁၉၀၀ ပြည့်နှစ်တစ်ဝိုက်
အလယ်ခေတ်တစ်လျောက်ဒီအလေ့အကျင့်ကို ကျင့်သုံးခဲ့ကြပါတယ် ။
အပြစ်စားသူရဲ့အလုပ်ကတော့ သေတဲ့သူရဲ့ရင်ဘတ်ပေါ်မှာ တင်ထားတဲ့ပေါင်မုန့်ကို စားရတာပဲဖြစ်တယ် ။ ဒီပေါင်မုန့်ဟာ သေသူရဲ့အပြစ်အားလုံးကို စုပ်ယူထားတယ်လို့ယူဆကြတယ် ။ ဒီအပြစ်တွေကို စုပ်ယူထားတဲ့ပေါင်မုန့်ကိုစားတဲ့သူ သေသူဆီကအပြစ်တွေကို လွှဲယူလိုက်တဲ့အတွက်
သေဆုံးသူဟာကောင်းကင်ဘုံရောက်မယ်လို့အယူရှိကြတယ် ။

ယနေ့ခေတ်မှာသာ အပြစ်စားသူအလုပ်ရှိနေသေးရင် တော်တော်ရွံစရာကောင်းတဲ့အလုပ်တစ်ခုပဲဖြစ်လိမ့်မယ် ။
ပြီးတော့ သူစားတဲ့ပေါင်မုန့်က လူသေဆီက ရောဂါပိုးတွေနဲ့ ဘတ်တီးရီးယားတွေကပ်ညိနေတဲ့အတွက် စားလိုက်ရင် ရောဂါတောင်ဖြစ်နိုင်ချေရှိသေးတယ် ။

လူတွေဟာ အပြစ်စားသူတွေကို ရှောင်ကျဉ်လေ့ရှိကြတယ် ။
ဘာကြောင့်လည်းဆိုတော့ သူဟာ သေသူဆီက အပြစ်တွေကိုလွှဲယူတာမဟုတ်ဘူး သေသူတွေကိုပါစုပ်ယူတာဖြစ်တယ်လို့အယူရှိကြလို့ပါပဲ ။
ထို့အပြင် အပြစ်စားသူနဲ့မျက်လုံးချင်းဆိုင်မိတဲ့အခါ ကျိန်စာသင့်တယ်လို့ ယူဆတဲ့အတွက် သူတို့ကိုမြို့ပြင်မှာပဲထားပါတယ် ။
အင်း..သင်တွေးတာမှန်တယ်…နောက်တစ်ကြိမ်သူတို့ကိုမလိုအပ်ခင်အထိပေါ့ ။

အပြစ်စားသူဟာ သေသူရဲ့အပြစ်တွေကိုယူဆောင်ပြီးတော့ သေသူကိုငရဲမရောက်အောင်ကယ်တင်ပေးတာဖြစ်တယ်လို့ယုံကြည်ခဲ့ကြတယ် ။

အပြစ်စားသူတစ်ယောက်ဟာ တာဝန်နှစ်ခုကိုလုပ်ဆောင်ပေးရပါတယ် ။
ပထမတစ်ခုကတော့ သေသူရဲ့ဝိညာဉ်ကိုငရဲမရောက်စေဖို့နဲ့ နောက်တစ်ခုကတော့ သေသူရဲ့ဝိညာဉ်ကမ္ဘာပေါ်မှာ လျောက်မသွားနေစေဖို့ပါပဲ ။


အပြစ်စားသူဟာလည်း ငွေကြေးအနည်းငယ်နဲ့ စားသောက်စရာရဖို့အတွက် သူ့ဝိညာဉ်ငရဲမှာ ဘယ်လောက်လောင်ကျွမ်းကျွမ်း ဂရုမစိုက်တော့ပါဘူး ။
လူတွေကတော့ အပြစ်စားသူရဲ့ဝိညာဉ်ဟာ ငရဲမှာ ထာဝရခံရမှာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top