မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×
#Unicode Version#
တောင်ကြီးမြို့တွင် ကားမှန်ခွဲပြီး ငွေကြေးနှင့်အဖိုးတန်ပစ္စည်းများကို တစ်ကိုယ်တော် လိုက်လံခိုးယူနေသူတစ်ဦးအား ဧပြီလ ၂၃ ရက်နေ့က ပြစ်မှုကျူးလွန်ပြီးနာရီပိုင်းအတွင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်သည်။
ပြစ်မှုကျူးလွန်သူသည်ကားမှန်များအား ဝက်အူလှည့်ဖြင့်ခွဲပြီး ပစ္စည်း များခိုးယူနေခြင်းဖြစ်သည်ဟုစစ်ဆေးတွေ့ရှိရသည်ဟုရဲတပ်ဖွဲ့ကပြောပါသည်။
၎င်းပြစ်မှုကျူးလွန်ခဲ့ သည့်နေရာများ၌ ပြစ်မှုကျူးလွန်ပုံများကို ဧပြီလ ၂၄ရက်နေ့နံနက် က ပြည်နယ် ခရိုင်မြို့နယ်ရဲ တပ်ဖွဲ့ နှင့် သတင်းမီဒီယာများအား သရုပ်ပြခဲ့သည်။
ပြစ်မှုကျူးလွန်သူမှာ ကျိုင်းတုံမြို့နယ် မိုင်းစံမြို့မှ ဟု သိရပြီး ၎င်းသည် ် လုယက်မှုဖြင့်ပြစ်ဒဏ် တစ်နှစ်ကျခံခဲ့ရသူတစ်ဦးဖြစ် သည်။ ထိုသူသည် လွတ်မြောက်ပြီးနောက် တောင်ကြီးမြို့ရှိတည်းခိုခန်း တစ်ခုတွင် တစ်နှစ်ခန့်တည်းခိုနေထိုင်ရင်း အလားတူပြစ်မှုများ ကျူး လွန်နေခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲအုပ်လင်းလင်းဇော် ကပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: သံလွင်သွေးချင်း
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top