ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ကၽြန္ေတာ္တို႔ပတ္ဝန္းက်င္မွာ မိန္းကေလးေတြက ဘယ္လိုေယာက္်ားေလးကိုသေဘာက်တာ၊ ဘယ္လိုေန တဲ့ေယာက္်ားေလးေတြဆိုရင္မိန္းကေလးေတြေၾကြတာ အဲဒီလိုစကားေတြပဲၾကားေနရတယ္။ အံမာ ဒီမွာအမိတို႔ က်ဳပ္တို႔အမ်ိဳးသားေတြလည္း ဘယ္လိုအမ်ိဳးသမီးေလးေတြဆိုသေဘာက်တာ၊ ဘယ္လိုမိန္းကေလးေတြဆို ဘဝလက္တြဲေဖာ္အျဖစ္အနားမွာ တစ္ဖဝါးမခြာေခၚထားခ်င္တာဆိုတာလည္း ေျပာပါရေစဦး။ က်ဳပ္တို႔အမ်ိဳး သားေတြရဲ႕အခ်စ္ကို လိုခ်င္ရင္၊ အလိုလိုက္တာ၊ ဂရုစိုက္တာခံခ်င္ရင္ ဒီလိုပံုစံမ်ိဳးေတြနဲ႔ကိုက္ညီဖို႔ေတာ့လိုတယ္ေနာ္။

နားေထာင္တတ္တဲ့မိန္းကေလး

ေယာက္်ားေလးေတြက ဘယ္ကိစၥမဆို ေရွ႕ကေနဦးေဆာင္ရတဲ့အတြက္ တခါတေလသူတို႔ရဲ႕ခံစားခ်က္၊ အခက္ အခဲေတြကို ေဘးဖယ္ထားရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တျခားသူရဲ႕ကိစၥကိုနားေထာင္ေပးေနရလို႔ပါ။ ဒါေပမဲ့ သူတို႔လည္း တခါတေလ သူတို႔ရဲ႕ခံစားခ်က္ေတြ၊ ျပႆနာေတြကိုရင္ဖြင့္ခ်င္ၾကတယ္။ သူတို႔ရဲ႕ခံစားခ်က္ကို ေရွ႕တန္းတင္ၿပီး တစ္ဖက္လူက ဂရုတစိုက္နားေထာင္ေပးတာကိုလိုခ်င္ၾကတယ္။ အဲဒီအတြက္ သူတို႔စကားကို အာရံုစိုက္ၿပီးနားေထာင္ေပးမယ့္လူမ်ိဳးကိုရွာပါတယ္။ သူတို႔ေျပာတဲ့ စကားကို အာရံုစိုက္နားေထာင္ၿပီး ေျပာတဲ့ အေၾကာင္းအရာအေပၚမွာ ဆိုးသည္၊ ေကာင္းသည္မဆံုးျဖတ္ေပးႏိုင္ေပမယ့္ ထင္ျမင္ယူဆခ်က္တို႔၊ အႀကံဉာဏ္ တို႔ေပးႏိုင္တဲ့မိန္းကေလးမ်ိဳးကို ဘဝလက္တြဲေဖာ္အျဖစ္ေရြးခ်ယ္ေလ့ရွိၾကပါတယ္။

အဲဒါေၾကာင့္ တခ်ိဳ႕ေယာက္်ားေလးေတြ သူတို႔ေရြးလိုက္တဲ့မိန္းကေလးက သိပ္ေခ်ာလွေနတာမဟုတ္ေပမယ့္ အရမ္းခ်စ္ၾကၿပီး လက္မလႊတ္ႏိုင္ျဖစ္ေနတာ သူတို႔ခံစားခ်က္နဲ႔ပတ္သက္ရင္ လြတ္လြတ္လပ္လပ္ပြင့္ပြင့္ လင္းလင္းေဆြးေႏြးေပးႏိုင္တဲ့မိန္းကေလးျဖစ္လို႔ပါပဲ။

ပုဂၢလိကလြတ္လပ္ခြင့္ကိုေလးစားတဲ့မိန္းကေလး

ေယာက္်ားေလးေတြက တျခားလူကိုသာခ်ဳပ္ခ်ယ္ခ်င္ခ်ဳပ္ခ်ယ္မယ္၊ သူတို႔ကိုခ်ဳပ္ခ်ယ္တာမ်ိဳးေတာ့သေဘာမက်ပါဘူး။ သူတို႔မွာအေပါင္း အသင္းက႑ရွိတယ္၊ လူမႈေရးဆိုတာရွိတယ္၊ လုပ္ငန္းသေဘာအရေတြ႕ ဆံုရတာရွိတယ္ စသျဖင့္သူတို႔မွာ ကိစၥေတြမ်ားပါတယ္။ ဒီလိုအေျခအေန ေတြကို နားလည္ေပးႏိုင္တဲ့မိန္းကေလးမ်ိဳး၊ ေနာက္တစ္ခုက တစ္ေယာက္ နဲ႔တစ္ေယာက္ ကိုယ္ပိုင္လြတ္လပ္ခြင့္ေတြကို အျပန္အလွန္ေလးစားမႈရွိတဲ့ မိန္းကေလးမ်ိဳးကိုသေဘာ က်ေလ့ရွိပါတယ္။

ကိုယ္ပိုင္ဟန္၊ကိုယ္ပိုင္ပံုစံရွိတဲ့မိန္းကေလး

စကားေျပာရင္ ဟန္ေဆာင္မႈကင္းၿပီးပြင့္ပြင့္လင္းလင္းေျပာတဲ့မိန္းကေလးေတြရွိသလို၊ ဖက္ရွင္နဲ႔ပတ္သက္ရင္ ဝင့္ဝင့္ၾကြားၾကြားရွိေနတတ္တဲ့မိန္းကေလးေတြလည္းရွိပါတယ္။ အလုပ္နဲ႔ ပတ္သက္ရင္ စည္းကမ္းႀကီးတာ ဒါမွမဟုတ္ ေပးထားၿပီးသား ကတိကိုတည္ေအာင္ႀကိဳးစားတာ စသျဖင့္ Personalityနဲ႔ပတ္သက္ၿပီး တစ္ခုခုေပါ့၊ ကိုယ္ပိုင္ပံုစံရွိ တဲ့မိန္းကေလးေတြကိုသေဘာက်ေလ့ရွိၾကတယ္။ ေယာက္်ားေလးေတြအေနနဲ႔ အဲ့ဒီလိုပံုစံမ်ိဳးထဲက မိန္းကေလးနဲ႔ခ်စ္သူေတာ္ထားရတယ္ဆိုရင္လည္း သူငယ္ခ်င္းအေပါင္းအသင္းေတြၾကား၊ မိသားစုဝင္ေတြၾကားမွာ ကၽြန္ေတာ့္ေကာင္မေလးက စကားေျပာရင္ျပတ္ရင္ ဒါမွမဟုတ္ သူကအၿမဲတမ္းကတိတည္တယ္ စသျဖင့္ ဂုဏ္ယူၿပီး ထုတ္ေျပာတတ္ၾကပါတယ္။

ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိတဲ့မိန္းကေလးမ်ိဳး

အခုေခတ္က မိန္းကေလးေတြလည္း အရင္လိုမသြားရဲမလာရဲ၊ မေျပာရဲမဆိုရဲနဲ႔ အိမ္တြင္းမပုန္းၾကေတာ့ပါဘူး။ ဒါေပမဲ့ ဘယ္ေနရာမဆို ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိရွိနဲ႔ရပ္တည္တာ၊ ဆံုးျဖတ္ခ်က္ခ်တာမ်ိဳးလုပ္ႏိုင္တဲ့မိန္းကေလး မ်ိဳးကိုေတာ့ေယာက္်ားေလးေတြသေဘာက်ေလ့ရွိပါတယ္။ကိုယ့္ကိုယ္ကိုယ္ဘဝျမင့္ၿပီးစိတ္ႀကီးဝင္ေနတာမ်ိဳးေတာ့မဟုတ္ဘူးေပါ့။ ဒါ့အျပင္ အခုေခတ္က က်ားေရာ၊ မ ေရာ လူ႔အဖြဲ႕အစည္းမွာ ရင္ေဘာင္းတန္းၿပီးရပ္တည္ၾက ရ တာျဖစ္တဲ့အတြက္ သိပ္ၿပီးတံုးလြန္း၊ အ လြန္းတဲ့မိန္းကေလးျဖစ္ေနျပန္ရင္လည္း အဆင္မေျပပါဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ေအာင္ျမင္ေနတဲ့ေယာက္်ားေတြရဲ႕ေနာက္ကြယ္မွာ၊ အစစအရာရာကူညီပံ့ပိုးေပးႏိုင္တဲ့မိန္းမေတြ ရွိေန ၾကတာကိုး။

ေယာက္်ားေလးေတြဆိုတာကလည္း အဲဒီလို သူတို႔အတြက္ ကူေဖာ္ေလာင္ဖက္ရတဲ့မိန္းကေလး မ်ိဳးကိုပဲလို ခ်င္ၾကတာခင္ဗ်။

အခုေဖာ္ျပခဲ့တဲ့အခ်က္ေတြကေတာ့ သိပ္ၿပီး ဇီဇာမေၾကာင္တဲ့အမ်ိဳးသားေတြအတြက္ နည္းနည္းေလးေလာ ဘႀကီးမိ တဲ့အခ်က္ေတြပါပဲ။ အင္မတန္မွ ေခ်းမ်ားၿပီး ဇီဇာေၾကာင္ လြန္းတဲ့ ပုရိသအမ်ိဳးသားေတြဆိုရင္ေတာ့ ဒီထက္မကတဲ့ အရည္အခ်င္းေတြလုိခ်င္ေကာင္းလိုခ်င္ၾကမွာပါ။ ဒါေပမဲ့ အခုေဖာ္ျပခဲ့သေလာက္အခ်က္ေတြကေတာ့ ေယာက္်ားေလးေတြ လိုခ်င္တဲ့ မိန္းကေလး တစ္ေယာက္ရဲ႕အရည္အခ်င္းက လံုေလာက္ပါတယ္ခင္ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မိန်းကလေးတွေက ဘယ်လိုယောက်ျားလေးကိုသဘောကျတာ၊ ဘယ်လိုနေ တဲ့ယောက်ျားလေးတွေဆိုရင်မိန်းကလေးတွေကြွေတာ အဲဒီလိုစကားတွေပဲကြားနေရတယ်။ အံမာ ဒီမှာအမိတို့ ကျုပ်တို့အမျိုးသားတွေလည်း ဘယ်လိုအမျိုးသမီးလေးတွေဆိုသဘောကျတာ၊ ဘယ်လိုမိန်းကလေးတွေဆို ဘဝလက်တွဲဖော်အဖြစ်အနားမှာ တစ်ဖဝါးမခွာခေါ်ထားချင်တာဆိုတာလည်း ပြောပါရစေဦး။ ကျုပ်တို့အမျိုး သားတွေရဲ့အချစ်ကို လိုချင်ရင်၊ အလိုလိုက်တာ၊ ဂရုစိုက်တာခံချင်ရင် ဒီလိုပုံစံမျိုးတွေနဲ့ကိုက်ညီဖို့တော့လိုတယ်နော်။

နားထောင်တတ်တဲ့မိန်းကလေး

ယောက်ျားလေးတွေက ဘယ်ကိစ္စမဆို ရှေ့ကနေဦးဆောင်ရတဲ့အတွက် တခါတလေသူတို့ရဲ့ခံစားချက်၊ အခက် အခဲတွေကို ဘေးဖယ်ထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားသူရဲ့ကိစ္စကိုနားထောင်ပေးနေရလို့ပါ။ ဒါပေမဲ့ သူတို့လည်း တခါတလေ သူတို့ရဲ့ခံစားချက်တွေ၊ ပြဿနာတွေကိုရင်ဖွင့်ချင်ကြတယ်။ သူတို့ရဲ့ခံစားချက်ကို ရှေ့တန်းတင်ပြီး တစ်ဖက်လူက ဂရုတစိုက်နားထောင်ပေးတာကိုလိုချင်ကြတယ်။ အဲဒီအတွက် သူတို့စကားကို အာရုံစိုက်ပြီးနားထောင်ပေးမယ့်လူမျိုးကိုရှာပါတယ်။ သူတို့ပြောတဲ့ စကားကို အာရုံစိုက်နားထောင်ပြီး ပြောတဲ့ အကြောင်းအရာအပေါ်မှာ ဆိုးသည်၊ ကောင်းသည်မဆုံးဖြတ်ပေးနိုင်ပေမယ့် ထင်မြင်ယူဆချက်တို့၊ အကြံဉာဏ် တို့ပေးနိုင်တဲ့မိန်းကလေးမျိုးကို ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်လေ့ရှိကြပါတယ်။

အဲဒါကြောင့် တချို့ယောက်ျားလေးတွေ သူတို့ရွေးလိုက်တဲ့မိန်းကလေးက သိပ်ချောလှနေတာမဟုတ်ပေမယ့် အရမ်းချစ်ကြပြီး လက်မလွှတ်နိုင်ဖြစ်နေတာ သူတို့ခံစားချက်နဲ့ပတ်သက်ရင် လွတ်လွတ်လပ်လပ်ပွင့်ပွင့် လင်းလင်းဆွေးနွေးပေးနိုင်တဲ့မိန်းကလေးဖြစ်လို့ပါပဲ။

ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုလေးစားတဲ့မိန်းကလေး

ယောက်ျားလေးတွေက တခြားလူကိုသာချုပ်ချယ်ချင်ချုပ်ချယ်မယ်၊ သူတို့ကိုချုပ်ချယ်တာမျိုးတော့သဘောမကျပါဘူး။ သူတို့မှာအပေါင်း အသင်းကဏ္ဍရှိတယ်၊ လူမှုရေးဆိုတာရှိတယ်၊ လုပ်ငန်းသဘောအရတွေ့ ဆုံရတာရှိတယ် စသဖြင့်သူတို့မှာ ကိစ္စတွေများပါတယ်။ ဒီလိုအခြေအနေ တွေကို နားလည်ပေးနိုင်တဲ့မိန်းကလေးမျိုး၊ နောက်တစ်ခုက တစ်ယောက် နဲ့တစ်ယောက် ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို အပြန်အလှန်လေးစားမှုရှိတဲ့ မိန်းကလေးမျိုးကိုသဘော ကျလေ့ရှိပါတယ်။

ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်ပုံစံရှိတဲ့မိန်းကလေး

စကားပြောရင် ဟန်ဆောင်မှုကင်းပြီးပွင့်ပွင့်လင်းလင်းပြောတဲ့မိန်းကလေးတွေရှိသလို၊ ဖက်ရှင်နဲ့ပတ်သက်ရင် ဝင့်ဝင့်ကြွားကြွားရှိနေတတ်တဲ့မိန်းကလေးတွေလည်းရှိပါတယ်။ အလုပ်နဲ့ ပတ်သက်ရင် စည်းကမ်းကြီးတာ ဒါမှမဟုတ် ပေးထားပြီးသား ကတိကိုတည်အောင်ကြိုးစားတာ စသဖြင့် Personalityနဲ့ပတ်သက်ပြီး တစ်ခုခုပေါ့၊ ကိုယ်ပိုင်ပုံစံရှိ တဲ့မိန်းကလေးတွေကိုသဘောကျလေ့ရှိကြတယ်။ ယောက်ျားလေးတွေအနေနဲ့ အဲ့ဒီလိုပုံစံမျိုးထဲက မိန်းကလေးနဲ့ချစ်သူတော်ထားရတယ်ဆိုရင်လည်း သူငယ်ချင်းအပေါင်းအသင်းတွေကြား၊ မိသားစုဝင်တွေကြားမှာ ကျွန်တော့်ကောင်မလေးက စကားပြောရင်ပြတ်ရင် ဒါမှမဟုတ် သူကအမြဲတမ်းကတိတည်တယ် စသဖြင့် ဂုဏ်ယူပြီး ထုတ်ပြောတတ်ကြပါတယ်။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့မိန်းကလေးမျိုး

အခုခေတ်က မိန်းကလေးတွေလည်း အရင်လိုမသွားရဲမလာရဲ၊ မပြောရဲမဆိုရဲနဲ့ အိမ်တွင်းမပုန်းကြတော့ပါဘူး။ ဒါပေမဲ့ ဘယ်နေရာမဆို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ရပ်တည်တာ၊ ဆုံးဖြတ်ချက်ချတာမျိုးလုပ်နိုင်တဲ့မိန်းကလေး မျိုးကိုတော့ယောက်ျားလေးတွေသဘောကျလေ့ရှိပါတယ်။ကိုယ့်ကိုယ်ကိုယ်ဘဝမြင့်ပြီးစိတ်ကြီးဝင်နေတာမျိုးတော့မဟုတ်ဘူးပေါ့။ ဒါ့အပြင် အခုခေတ်က ကျားရော၊ မ ရော လူ့အဖွဲ့အစည်းမှာ ရင်ဘောင်းတန်းပြီးရပ်တည်ကြ ရ တာဖြစ်တဲ့အတွက် သိပ်ပြီးတုံးလွန်း၊ အ လွန်းတဲ့မိန်းကလေးဖြစ်နေပြန်ရင်လည်း အဆင်မပြေပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အောင်မြင်နေတဲ့ယောက်ျားတွေရဲ့နောက်ကွယ်မှာ၊ အစစအရာရာကူညီပံ့ပိုးပေးနိုင်တဲ့မိန်းမတွေ ရှိနေ ကြတာကိုး။

ယောက်ျားလေးတွေဆိုတာကလည်း အဲဒီလို သူတို့အတွက် ကူဖော်လောင်ဖက်ရတဲ့မိန်းကလေး မျိုးကိုပဲလို ချင်ကြတာခင်ဗျ။

အခုဖော်ပြခဲ့တဲ့အချက်တွေကတော့ သိပ်ပြီး ဇီဇာမကြောင်တဲ့အမျိုးသားတွေအတွက် နည်းနည်းလေးလော ဘကြီးမိ တဲ့အချက်တွေပါပဲ။ အင်မတန်မှ ချေးများပြီး ဇီဇာကြောင် လွန်းတဲ့ ပုရိသအမျိုးသားတွေဆိုရင်တော့ ဒီထက်မကတဲ့ အရည်အချင်းတွေလိုချင်ကောင်းလိုချင်ကြမှာပါ။ ဒါပေမဲ့ အခုဖော်ပြခဲ့သလောက်အချက်တွေကတော့ ယောက်ျားလေးတွေ လိုချင်တဲ့ မိန်းကလေး တစ်ယောက်ရဲ့အရည်အချင်းက လုံလောက်ပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top