ေႏြရာသီမွာ အပူဒဏ္ကာကြယ္ဖုိ႔အတြက္ ရာသီစာသီးႏွံေလးေတြကိုလည္း စားသံုးဖို႔ မေမ့ပါနဲ႔ေနာ္။ ေႏြရာသီလို ပူျပင္းတဲ့ ရာသီဥတုနဲ႔ ကိုက္ညီမႈရွိၿပီး က်န္းမာေရးအတြက္လည္း မ်ားစြာ အေထာက္အကူ ျပဳတဲ့ အသီးအႏွံမ်ားကို ေရြးခ်ယ္စားသံုးသင့္ပါတယ္။ ဒါ့ေၾကာင့္ အခုလို ပူျပင္းတဲ့ရာသီဥတုမွာ ဘယ္လိုအသီးအႏွံမ်ားကို သင့္တင့္မွ်တစြာ စားသံုးသင့္လဲ ဆိုတာကို ေဖာျ္ပေပးလိုက္ပါတယ္။

(၁) ဖရဲသီး

ဖရဲသီးက သစ္သီးမ်ားစြာထဲမွာ ေရဓာတ္အျပည့္ဝဆံုုးေသာ အသီးတစ္မ်ိဳးပါပဲ။ Watermelon ဆိုတဲ့ နာမည္ အတိုင္းပဲ ဖရဲသီးမွာ ပါဝင္တဲ့ ေရဓာတ္က ခႏၶာကိုယ္ အတြက္ ေရဓာတ္ျဖည့္တင္း ေပးႏုိင္တဲ့ အရာအျဖစ္ သတ္မွတ္ႏုိင္ပါတယ္။ ဖရဲသီးက ရင္ကိုေအးေစၿပီး အပူဒဏ္ေၾကာင့္ ကုန္ခမ္းသြားတဲ့ ေရဓာတ္နဲ႔ အားအင္မ်ားကို ျပန္လည္ျဖည့္တင္း ေပးႏိုင္တဲ့အတြက္ေၾကာင့္ ေႏြရာသီနဲ႔ အသင့္ေတာ္ဆံုး သစ္သီးတစ္မ်ိဳးပါပဲ။

(၂) ခရမ္းခ်ဥ္သီး

Antioxidants နဲ႔ ဗီတာမင္စီ ပါဝင္တဲ့ ခရမ္းခ်ဥ္သီးကလည္း ေႏြရာသီနဲ႔ သင့္ေတာ္တဲ့ ရာသီစာ အသီး  အႏွံလို႔ ဆိုရပါမယ္။ ေႏြရာသီမွ စားသင့္တာမဟုတ္ပါဘူး။ ကင္ဆာေရာဂါကိုလည္း ကာကြယ္ ေပးႏုိင္ၿပီး က်န္းမာေရး လွပေစတဲ့အတြက္ ေန႔စဥ္ေန႔တုိင္း စားသံုးသင့္ပါတယ္။ ဒါ့ေၾကာင့္ ခရမ္းခ်ဥ္ သီးကို ေဖ်ာ္ေသာက္တာပဲျဖစ္ျဖစ္၊ သုပ္စားတာမ်ိဳးပဲ ျဖစ္ျဖစ္၊ ေႏြဥတုရဲ႕ ဓာတ္စာအျဖစ္ စားသံုးႏုိင္ ပါတယ္။

(၃) ေရွာက္သီး၊ လိေမၼာ္သီး

ပိုတက္စီယမ္ အျပည့္အဝပါဝင္တဲ့ ေရွာက္သီး၊ လိေမၼာ္သီးကလည္း ခုလိုရာသီမ်ိဳးနဲ႔ င့္ေတာ္ပါတယ္။ ေႏြရာသီမွာ အပူဒဏ္ေၾကာင့္ ေခၽြးထြက္လြန္ၿပီး ပိုတက္ဆီယမ္ဓာတ္ ဆံုးရႈံးၿပီဆိုတာနဲ႔ လူက ပင္ပန္း ႏြမ္းနယ္ပါေတာ့တယ္။ ဒါကို ကာကြယ္ဖို႔ အတြက္ ဆိုရင္ေတာ့ ေရွာက္သီး၊ လိေမၼာ္သီးနဲ႔ အားျဖည့္ႏုိင္ ပါတယ္။ ဒါ့အျပင္ ေရဓာတ္ျပည့္ဝစြာ ပါဝင္တဲ့အတြက္ေၾကာင့္လည္း စားသံုးေပးသင့္တဲ့ အသီးတစ္မ်ိဳး  ပါပဲ။

(၄) ပန္းသီး

အမွ်င္ဓာတ္ ၾကြယ္ဝစြာ ပါဝင္တဲ့ အသီးေတြထဲမွာ ပန္းသီးလည္း ပါဝင္ေနပါတယ္။ အမွ်င္ဓာတ္ ၾကြယ္ဝစြာ ပါဝင္တဲ့ အတြက္ေၾကာင့္ ခႏၶာကိုယ္ကို သြယ္လ်လွပေစတဲ့ အျပင္ ေႏြရာသီအတြက္လည္း သင့္ေတာ္တဲ့ သစ္သီးတစ္မ်ိဳးပါပဲ။ ပန္းသီးမွာပါဝင္တဲ့ ဗီတာမင္ဓာတ္မ်ားက ေနပူဒဏ္ေၾကာင့္ ကုန္ခမ္း သြားတဲ့ အားအင္မ်ားကို ျပန္လည္ျဖည့္တင္းေပးႏုိင္စြမ္း ရွိပါတယ္။

(၅) စေတာ္ဘယ္ရီသီး

လူႀကီးလူငယ္မေရြး ႀကိဳက္ႏွစ္သက္ၾကၿပီး မႀကိဳက္တဲ့သူ ခပ္ရွားရွားဆိုတဲ့ အသီးထဲမွာ စေတာ္ ဘယ္ရီသီးလည္း ပါဝင္ေနပါတယ္။ ဒါ့ေၾကာင့္လည္း ေစ်းကြက္ထဲမွာ စေတာ္ဘယ္ရီးသီးကို ပံုစံမ်ိဳးစံုနဲ႔ ေတြ႔ျမင္ေနရတာပါ။ စေတာ္ဘယ္ရီသီးမွာ ပါဝင္တဲ့ ဗီတာမင္ဓာတ္မ်ားနဲ႔ အျခားအာဟာရ ဓာတ္မ်ားက ေရာဂါဝင္ေရာက္မႈကို ခုခံႏုိင္စြမ္းအား ရွိပါတယ္။ ေသြးလည္ပတ္မႈကိုလည္း ေကာင္းမြန္ေစၿပီး ေႏြရာသီမွာ သင့္ရဲ႕အသားအေရကို စိုေျပလွပေနေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
နွေရာသီမှာ အပူဒဏ်ကာကွယ်ဖို့အတွက် ရာသီစာသီးနှံလေးတွေကိုလည်း စားသုံးဖို့ မမေ့ပါနဲ့နော်။ နွေရာသီလို ပူပြင်းတဲ့ ရာသီဥတုနဲ့ ကိုက်ညီမှုရှိပြီး ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူ ပြုတဲ့ အသီးအနှံများကို ရွေးချယ်စားသုံးသင့်ပါတယ်။ ဒါ့ကြောင့် အခုလို ပူပြင်းတဲ့ရာသီဥတုမှာ ဘယ်လိုအသီးအနှံများကို သင့်တင့်မျှတစွာ စားသုံးသင့်လဲ ဆိုတာကို ဖောြ်ပပေးလိုက်ပါတယ်။

(၁) ဖရဲသီး

ဖရဲသီးက သစ်သီးများစွာထဲမှာ ရေဓာတ်အပြည့်ဝဆုံုးသော အသီးတစ်မျိုးပါပဲ။ Watermelon ဆိုတဲ့ နာမည် အတိုင်းပဲ ဖရဲသီးမှာ ပါဝင်တဲ့ ရေဓာတ်က ခန္ဓာကိုယ် အတွက် ရေဓာတ်ဖြည့်တင်း ပေးနိုင်တဲ့ အရာအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဖရဲသီးက ရင်ကိုအေးစေပြီး အပူဒဏ်ကြောင့် ကုန်ခမ်းသွားတဲ့ ရေဓာတ်နဲ့ အားအင်များကို ပြန်လည်ဖြည့်တင်း ပေးနိုင်တဲ့အတွက်ကြောင့် နွေရာသီနဲ့ အသင့်တော်ဆုံး သစ်သီးတစ်မျိုးပါပဲ။

(၂) ခရမ်းချဉ်သီး

Antioxidants နဲ့ ဗီတာမင်စီ ပါဝင်တဲ့ ခရမ်းချဉ်သီးကလည်း နွေရာသီနဲ့ သင့်တော်တဲ့ ရာသီစာ အသီး  အနှံလို့ ဆိုရပါမယ်။ နွေရာသီမှ စားသင့်တာမဟုတ်ပါဘူး။ ကင်ဆာရောဂါကိုလည်း ကာကွယ် ပေးနိုင်ပြီး ကျန်းမာရေး လှပစေတဲ့အတွက် နေ့စဉ်နေ့တိုင်း စားသုံးသင့်ပါတယ်။ ဒါ့ကြောင့် ခရမ်းချဉ် သီးကို ဖျော်သောက်တာပဲဖြစ်ဖြစ်၊ သုပ်စားတာမျိုးပဲ ဖြစ်ဖြစ်၊ နွေဥတုရဲ့ ဓာတ်စာအဖြစ် စားသုံးနိုင် ပါတယ်။

(၃) ရှောက်သီး၊ လိမ္မော်သီး

ပိုတက်စီယမ် အပြည့်အဝပါဝင်တဲ့ ရှောက်သီး၊ လိမ္မော်သီးကလည်း ခုလိုရာသီမျိုးနဲ့ င့်တော်ပါတယ်။ နွေရာသီမှာ အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ပိုတက်ဆီယမ်ဓာတ် ဆုံးရှုံးပြီဆိုတာနဲ့ လူက ပင်ပန်း နွမ်းနယ်ပါတော့တယ်။ ဒါကို ကာကွယ်ဖို့ အတွက် ဆိုရင်တော့ ရှောက်သီး၊ လိမ္မော်သီးနဲ့ အားဖြည့်နိုင် ပါတယ်။ ဒါ့အပြင် ရေဓာတ်ပြည့်ဝစွာ ပါဝင်တဲ့အတွက်ကြောင့်လည်း စားသုံးပေးသင့်တဲ့ အသီးတစ်မျိုး  ပါပဲ။

(၄) ပန်းသီး

အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အသီးတွေထဲမှာ ပန်းသီးလည်း ပါဝင်နေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ကို သွယ်လျလှပစေတဲ့ အပြင် နွေရာသီအတွက်လည်း သင့်တော်တဲ့ သစ်သီးတစ်မျိုးပါပဲ။ ပန်းသီးမှာပါဝင်တဲ့ ဗီတာမင်ဓာတ်များက နေပူဒဏ်ကြောင့် ကုန်ခမ်း သွားတဲ့ အားအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်း ရှိပါတယ်။

(၅) စတော်ဘယ်ရီသီး

လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြပြီး မကြိုက်တဲ့သူ ခပ်ရှားရှားဆိုတဲ့ အသီးထဲမှာ စတော် ဘယ်ရီသီးလည်း ပါဝင်နေပါတယ်။ ဒါ့ကြောင့်လည်း ဈေးကွက်ထဲမှာ စတော်ဘယ်ရီးသီးကို ပုံစံမျိုးစုံနဲ့ တွေ့မြင်နေရတာပါ။ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်များနဲ့ အခြားအာဟာရ ဓာတ်များက ရောဂါဝင်ရောက်မှုကို ခုခံနိုင်စွမ်းအား ရှိပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပြီး နွေရာသီမှာ သင့်ရဲ့အသားအရေကို စိုပြေလှပနေစေမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top