ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဒါေလးေရးၿဖစ္တာ တစ္ၿခားေတာ့ မဟုတ္ဘူး။ တန္ဖိုးမသိေသးတဲ့ ကိုကိုေမာင္ေမာင္တို ့ကို ကုိယ့္ခ်စ္သူမွာ ဒီအခ်က္ေလးေတြ ရွိေနရင္ တန္ဖိုးထားၿပီး ခ်စ္တတ္ဖို ့ပါပဲ။ ၾကာရွည္တည္တံ့တဲ့ rs ေတာ္ေတာ္မ်ားမ်ားကို ၾကည့္ၾကည့္တဲ့ အခါမွာ ဒီလိုၾကာၾကာခ်စ္ႏိုင္ဖို ့က မိန္းကေလးေတြဘက္ကလည္း အမ်ားၾကီး လိုအပ္တယ္။ ဒါေၾကာင့္ ေမကေတာ့ ဒီအခ်က္ေတြနဲ ့ကိုယ့္ကိုကိုယ္ၿပန္ စမ္းစစ္ဖို ့ လိုအပ္တယ္လို ့ထင္တယ္။ ဒီအခ်က္နဲ ့မၿပည့္စံုေသးတဲ့ မိန္းကေလးေတြလည္း ၿပဳၿပင္သင့္ေအာင္၊ ၿပည့္စံုေနတဲ့ မိန္းကေလးေတြကိုလည္း တန္ဖိုးထားတတ္ေအာင္ ေမရည္ရြယ္ၿပီး ေမ့အၿမင္ေလးတစ္စကို ေရးေပးလိုက္ပါတယ္ေနာ္။

၁။ သင္နဲ ့စိတ္သေဘာထားတူေသာသူ။

တစ္ေယာက္နဲ ့တစ္ေယာက္က ၁၀၀% တူစရာမလိုပါဘူး။ မ်က္လံုးေတာင္ တစ္ဖက္နဲ ့တစ္ဖက္မတူပဲ။ ဒါေပမယ့္ ဒီလိုမတူညီတဲ့ လူေတြၾကားမွာ ကိုယ္နဲ ့အကိုက္ညီဆံုး အတူညီဆံုး မိန္းကေလးတစ္ေယာက္ရထားရင္ေတာ့ ေရႊေပါ့ဗ်ာ။ ေရႊ!! သူ ့့အၾကိဳက္၊ ကိုယ့္အၾကိဳက္ကို ညွိႏႈိုင္းလို ့ရတယ္၊ စိတ္သေဘာထားၿခင္းလည္း တိုက္ဆိုင္တယ္ဆိုတဲ့ ဘ၀လက္တြဲေဖာ္ေလာက္ ဘယ္သူက ပိုသာႏိုင္ဦးမွာလဲ??

၂။ သင့္ဂုဏ္ပကာသနကို မမက္ေမာေသာသူ။

သင္ဘာလုပ္လဲဆိုတာထက္ သင္က ဘယ္လိုလူလဲဆိုတာကို ပိုၿပီး ခ်စ္ၿမတ္ႏိုးတတ္တဲ့ မိန္းကေလးမ်ိဳးပါ။ ဒီလို မိန္းကေလးမ်ိဳးက ကိုယ့္ခ်စ္သူတိုးတက္ဖို ့အတြက္ အၿမဲကူညီေဖးမေပးတတ္တယ္။ သင့္ရဲ ့စိတ္ကို ခ်စ္တာၿဖစ္တဲ့ အတြက္ သင့္ကို အၿမဲေလးစားၿပီး ခ်စ္ေနေပးတတ္ပါတယ္။ ေမသက္အရင္က ေရးဖူးတဲ့ စာလိုမ်ိဳးေပါ့။ လူေတာ္နဲ ့လူေကာင္း ယွဥ္လာရင္ လူေကာင္းကို ေရြးဖို ့ပါပဲ။

၃။ သင့္အလုပ္နဲ ့ပတ္သက္ၿပီး မေ၀ဖန္တတ္သူ။

ေ၀ဖန္တယ္ဆိုတာ အဆိုးဘက္က တစ္ပ်စ္ေတာက္ေတာက္ ေ၀ဖန္တာကို ေၿပာတာပါ။ အေကာင္းဘက္ကို ဦးတည္ၿပီး အၿပဳသေဘာေဆာင္တဲ့ စကားမ်ိဳးမဟုတ္ပဲ ကိုယ့္အလုပ္ကို အၿမဲေ၀ဖန္ေၿပာေနတဲ့ မိန္းကေလးဆိုရင္ေတာ့ ေ၀းေ၀းသာေရွာင္ပါ။ မိန္းမတစ္ေယာက္က ကိုယ့္ေယာက်ာ္းအတြက္ အေကာင္းဆံုး လုပ္ေပးႏိုင္ၿခင္းကေတာ့ ပံ့ပိုးမႈနဲ ့နားလည္မႈပါပဲ။ ကိုယ့္အလုပ္ကိုလည္း ကူညီပံံ့ပိုးေပးတယ္၊ အၿပဳသေဘာေဆာင္တဲ့ အၾကံေပးခ်က္ေတြ၊ အကူအညီေတြ ေပးတတ္တဲ့ မိန္းကေလးမ်ိဳးဆို လက္မလႊတ္လိုက္ပါနဲ ့။

၄။ သင့္ကို ပြင့္ပြင့္လင္းလင္းေၿပာတဲ့သူ။

RS တစ္ခုမွာ communication ကအရမ္းအေရးၾကီးတာေနာ္။ တစ္ေယာက္နဲ ့တစ္ေယာက္ ပြင့္ပြင့္လင္းလင္း ေၿပာဖို ့က main ပဲ။ ခက္တာက မိန္းမနဲ ့ေယာက်ာ္းေတြမွာ ရယ္ရတဲ့ logic တစ္ခုရွိတယ္။ မိန္းကေလးကလည္း စဥ္းစားတယ္ — ငါအဲ့ေလာက္ စိတ္ေကာက္ၿပၿပီး ရြဲ ့ေနတာ ဒီေကာင္ နားမလည္ေသးဘူးလား? ဆိုၿပီး ဘာၿဖစ္ေနလဲ မေၿပာဘူး၊ ေယာက်ာ္းေလးကဘာၿဖစ္ေနလဲ ေမးရင္လည္း ဘာမွ မၿဖစ္ဘူးဆိုၿပီး ဒီအတိုင္း စိတ္ေကာက္ေနတာမ်ိဳး။ ေဟာ္! ေယာက်ာ္းေလးကလည္း — ငါဘာလုပ္မိမွန္းလည္း မသိဘူး၊ ေမးေတာ့လည္း မေၿဖဘူး၊ ဘာကို ဘယ္လို ေခ်ာ့ရမလဲလဲ မသိေတာ့ဘူး။….. အစရွိသၿဖင့္ေပါ့ေနာ္။ ဒါၾကံဳဖူးေတြ ့ဖူးတာေလးေတြပါ။

အမွန္ေတာ့ေလ ပြင့္ပြင့္လင္းလင္းေၿပာတတ္ၿခင္းက အေကာင္းဆံုးပဲ။ ကို္ယ္ဘာၿဖစ္ခ်င္တယ္၊ ဘာလိုခ်င္တယ္၊ ဘာကို မၾကိဳက္ဘူး၊ ဘာကို ဘယ္လိုၿဖစ္တယ္၊ ကိုယ္လိုခ်င္တာကုိ ပြင့္ပြင့္လင္းလင္းေၿပာမွသာလွ်င္ တစ္ဖက္သားကလည္း ကိုယ့္ကို နားလည္မွာေလ။ ဒါမွ သူလည္း ၿပဳၿပင္စရာရွိတာ ၿပဳၿပင္၊ ရွင္းၿပစရာရွိတာ ရွင္းၿပ၊ အစရွိတဲ့ solution ကိုဦးတည္တဲ့ လမ္းကို ေလွ်ာက္မွ အဆင္ေၿပမွာေလေနာ္။ ဒါေၾကာင့္ ငံုၿပီးေနေနတဲ့ မိန္းကေလးထက္ ပြင့္ပြင့္လင္းလင္း ေၿပာတတ္တဲ့ မိန္းကေလးက ပိုေကာင္းတယ္လို ့ေမထင္တယ္။

၅။ သင့္ကို ေပ်ာ္ရႊင္မႈေပးတတ္သူ။

မိန္းကေလးတစ္ေယာက္ကေလ သူ ့ဘာသာသူ ဘယ္ေလာက္ပဲ အေခ်ဆရာမၾကီးၿဖစ္ေနပါေစ ကိုယ့္ခ်စ္သူနဲ ့က်ရင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနၿပီး ရယ္လိုက္ေမာလိုက္ စလိုက္ေနာက္လိုက္နဲ ့ကေလးတစ္ေယာက္လို ကိုယ့္ စိတ္ႏွလံုးကို ေပ်ာ္ရႊင္ေအာင္ ထားႏိုင္တဲ့ မိန္းကေလးမ်ိဳးက ever man’s dream ပါပဲ။ တစ္ေယာက္နဲ ့တစ္ေယာက္ အေပးအယူမွ်မွ်နဲ ့အတူတူရယ္ၾကမယ္၊ ေနာက္ၾကမယ္၊ အတင္းတုတ္ၾကမယ္၊ ေပါစရာရွိရင္ ေပါမယ္ အစရွိသၿဖင့္ေပါ့့။ သူနဲ ့ရွိေနရင္ကို ေပ်ာ္ေနရေရာ။ ဒီလို မိန္းကေလးမ်ိဳး ၿဖစ္ရဲ ့လား??

၆။ သင္ေၿပာတာေတြ ေသခ်ာ နားေထာင္ေပးတတ္သူ။

တစ္ခါတစ္ေလ ေယာက်ာ္းေလးေတြက သူတို ့ၿဖစ္လာ ၾကံဳလာတဲ့ ၿပႆနာေတြကို ကိုယ့္နားလာေၿပာေနတယ္ဆိုတာက သူတို ့စိတ္ေပါ့သြားေအာင္ ရင္လာဖြင့္တာမ်ိဳးက မ်ားပါတယ္။ ဒါကို ကိုယ္က အေၿခအေနၾကည့္ၿပီး သူရင္လာဖြင့္တာလား၊ လာတိုင္ပင္တာလားဆိုတာကို ေသခ်ာနားေထာင္ေပးရတယ္။ သူ ့ဘက္က ဘယ္လိုလုပ္ရမလဲလို ့မေမးလာမခ်င္း သူေၿပာသမွ်ေလးကို အရင္ဆံုး နားေထာင္ေပး၊ သူ စိတ္သက္သာရာရေအာင္ ကူေၿပာေပး၊ ၿပီးရင္ စိတ္ေပ်ာ္သြားေအာင္ ၿပန္လုပ္ေပး။ ဒီလိုမ်ိဳး ေသခ်ာနားေထာင္ေပးတဲ့ မိန္းကေလးမ်ိဳး ၿဖစ္ပါေစေနာ္။

၇။ သင့္ကို အတင္းမေၿပာင္းလဲသူ။

သင္နဲ ့ပတ္သက္တဲ့ မေကာင္းတဲ့ တစ္ခ်ိဳ ့အရာေတြကိုၿပဳၿပင္ ေၿပာင္းလဲေပးတာကိုေတာ့ လက္ခံလို ့ရပင္မယ့္ သူ ့ရဲ ့ပံုစံခြက္ထဲက လူအၿဖစ္ထားတဲ့ မိန္းကေလးမ်ိဳးကေတာ့ မေကာင္းပါဘူး။ Great Girlfriend ဆိုတာမ်ိဳးကေတာ့ သင့္ရဲ ့imperfections ေတြကို နားလည္ေပးတယ္၊ အတင္းၾကီး ေၿပာင္းလဲလို ့မရတဲ့ အေပၚမွာ အခ်ိန္ယူၿပီး သင့္ကို နားလည္ေအာင္ေၿပာတယ္။ ညွိႏိႈင္းတယ္ နားလည္ေပးတယ္။ သင့္ရဲ ့ကိုယ္ပိုင္လြတ္လပ္ခြင့္တစ္ခုကို ႏွစ္ဖက္လံုးအဆင္ေျပေအာင္ညွိူႏူိုင္းျပီး သေဘာတူညီမႈကိုယူတယ္။

၈။ သင့္ရဲ ့ခံယူခ်က္အေပၚ ေလးစားသူ။

တစ္ခ်ိဳ ့ေကာင္မေလးေတြ ရွိတယ္။ ကို္ယ့္ခ်စ္သူကို အရမ္းႏွိမ္တယ္၊ အရမ္းႏိုင္တယ္။ မေလးမစား ဆက္ဆံတာေတြ ရွိတယ္။ သင့္ရဲ ့ခံယူခ်က္ေတြအေပၚမွာ ေလးစားမႈမရွိတဲ့ မိန္းကေလးက နံပါတ္ ၁ ေရွာင္ရန္ ပါပဲ။ တစ္ေယာက္နဲ ့တစ္ေယာက္ရဲ ့ခံယူခ်က္ေတြအေပၚမွာ အၿပန္အလွန္ ေလးစားမႈေတြရွိရမယ္။ သေဘာမတူခ်င္ေနဦး၊ အနည္းဆံုး ေလးေလးစားစားနဲ ့နားလည္ေပးရမယ္။ ဘယ္ေတာ့အခါမွ ကိုယ့္ခ်စ္သူရဲ ့ခံယူခ်က္အေပၚ မေစာ္ကားမိပါေစနဲ ့။

၉။ သင့္မိသားစုနဲ ့သူငယ္ခ်င္းေတြအေပၚမွာလည္း ေကာင္းမြန္စြာ ဆက္ဆံတတ္သူ။

သူငယ္ခ်င္းေတြနဲ ့အတူအၿပင္သြားမလား၊ ဒါမွမဟုတ္ မိသားစုနဲ ့ေတြ ့မလား။ ဒီလို ကိုယ္နဲ ့ပတ္သက္တဲ့ အသိုင္းအ၀ိုင္းထဲမွာ လံုး၀ fit in ၿဖစ္ေနတဲ့ မိန္းကေလးမ်ိဳးပါ။ အားလံုးနဲ ့လိုက္ေလ်ာညီေထြစြာေနတတ္တယ္။ ေပ်ာ္စရာရွိရင္ ေပ်ာ္မယ္၊ ေလးေလးစားစားေနစရာရွိရင္ ေနမယ္။ ဒီလို ကိုယ့္အသိုင္းအ၀ုိင္းနဲ ့ကိုက္ညီေအာင္ ေနတတ္တဲ့ မိန္းကေလးမ်ိဳးကို ယူမွ ေနာင္ခါမွ စိတ္ခ်ရမွာ။

၁၀။ ေသေအာင္ မရစ္သူ။

ေသေအာင္ မရစ္သူ ဆိုတာ တၿခားမဟုတ္ဘူး။ မိန္းကေလးတုိင္းေတာ့ ရစ္ၾကတာပဲေလေနာ္။ ဒါကေတာ့ သိၿပီးသားပဲ။ ဒီလိုမဟုတ္ပဲ ရစ္တာထက္ကို ပိုရစ္တဲ့ မိန္းကေလးမ်ိဳးကေတာ့ perfect girlfriend ထဲမပါဘူးရယ္။ ကို္ယ္ေရာ သူေရာ စိတ္သက္သာရာရေအာင္ ကိစၥေသးေသးေလးေတြဆိုရင္ နားလည္ေပးလိုက္တဲ့ မိန္းကေလးမ်ိဳးကေတာ့ အေကာင္းဆံုးပါပဲ။ နားလည္ေပးလိုက္ၿပီး ေမ့လိုက္လို ့ရတာမ်ိဳးဆိုရင္ နားလည္ေပးလိုက္ပါ။ Move on and Upgrade. ဒါဟာ ရင့္က်က္မႈရဲ ့ပထမေၿခလွမ္းပဲမလား?

ဒါကေတာ့ Great Girlfriend ဟုတ္လား မဟုတ္လား သိရဖို ့စစ္ႏိုင္တဲ့ အခ်က္ ၁၀ ခ်က္ပါ။ ေမ ့အေတြးေမ့အၿမင္ကို ေရးထားတာမို ့အၿမင္မတူတာရွိရင္ ကြဲလြဲႏိုင္ပါတယ္ေနာ္။ ေမသက္ ကေတာ့ on the road to great girlfriend ပါ။ ဒါေတြအကုန္ လိုက္နာႏိုင္ေအာင္ ၾကိဳးစားေနစဲပါပဲ။ ေယာက်ာ္ေလးေတြအေနနဲ ့လည္း ဒီလို အခ်က္ေတြနဲ ့ၿပည့္စံုတဲ့ မိန္းကေလးမ်ိဳးရထားရင္ ေကာက္သာ ယူပလိုက္ေတာ့ေနာ္။ ကဲ… ညီမေလးတို ့ေရာ…? Are you a great girlfriend??

ခ်စ္သူတိုင္းကို ပိုအဆင္ေၿပေစလိုေသာ ရည္ရြယ္ခ်က္ၿဖင့္……

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  May Thet (Follow Her)
# Unicode Version ျဖင့္ ဖတ္ပါ #
ဒါလေးရေးဖြစ်တာ တစ်ခြားတော့ မဟုတ်ဘူး။ တန်ဖိုးမသိသေးတဲ့ ကိုကိုမောင်မောင်တို့ကို ကိုယ့်ချစ်သူမှာ ဒီအချက်လေးတွေ ရှိနေရင် တန်ဖိုးထားပြီး ချစ်တတ်ဖို့ပါပဲ။ ကြာရှည်တည်တံ့တဲ့ rs တော်တော်များများကို ကြည့်ကြည့်တဲ့ အခါမှာ ဒီလိုကြာကြာချစ်နိုင်ဖို့က မိန်းကလေးတွေဘက်ကလည်း အများကြီး လိုအပ်တယ်။ ဒါကြောင့် မေကတော့ ဒီအချက်တွေနဲ့ကိုယ့်ကိုကိုယ်ပြန် စမ်းစစ်ဖို့ လိုအပ်တယ်လို့ထင်တယ်။ ဒီအချက်နဲ့မပြည့်စုံသေးတဲ့ မိန်းကလေးတွေလည်း ပြုပြင်သင့်အောင်၊ ပြည့်စုံနေတဲ့ မိန်းကလေးတွေကိုလည်း တန်ဖိုးထားတတ်အောင် မေရည်ရွယ်ပြီး မေ့အမြင်လေးတစ်စကို ရေးပေးလိုက်ပါတယ်နော်။

၁။ သင်နဲ့စိတ်သဘောထားတူသောသူ။

တစ်ယောက်နဲ့တစ်ယောက်က ၁၀၀% တူစရာမလိုပါဘူး။ မျက်လုံးတောင် တစ်ဖက်နဲ့တစ်ဖက်မတူပဲ။ ဒါပေမယ့် ဒီလိုမတူညီတဲ့ လူတွေကြားမှာ ကိုယ်နဲ့အကိုက်ညီဆုံး အတူညီဆုံး မိန်းကလေးတစ်ယောက်ရထားရင်တော့ ရွှေပေါ့ဗျာ။ ရွှေ!! သူ့အကြိုက်၊ ကိုယ့်အကြိုက်ကို ညှိနှိုင်းလို့ရတယ်၊ စိတ်သဘောထားခြင်းလည်း တိုက်ဆိုင်တယ်ဆိုတဲ့ ဘဝလက်တွဲဖော်လောက် ဘယ်သူက ပိုသာနိုင်ဦးမှာလဲ??

၂။ သင့်ဂုဏ်ပကာသနကို မမက်မောသောသူ။

သင်ဘာလုပ်လဲဆိုတာထက် သင်က ဘယ်လိုလူလဲဆိုတာကို ပိုပြီး ချစ်မြတ်နိုးတတ်တဲ့ မိန်းကလေးမျိုးပါ။ ဒီလို မိန်းကလေးမျိုးက ကိုယ့်ချစ်သူတိုးတက်ဖို့အတွက် အမြဲကူညီဖေးမပေးတတ်တယ်။ သင့်ရဲ့စိတ်ကို ချစ်တာဖြစ်တဲ့ အတွက် သင့်ကို အမြဲလေးစားပြီး ချစ်နေပေးတတ်ပါတယ်။ မေသက်အရင်က ရေးဖူးတဲ့ စာလိုမျိုးပေါ့။ လူတော်နဲ့လူကောင်း ယှဉ်လာရင် လူကောင်းကို ရွေးဖို့ပါပဲ။

၃။ သင့်အလုပ်နဲ့ပတ်သက်ပြီး မဝေဖန်တတ်သူ။

ဝေဖန်တယ်ဆိုတာ အဆိုးဘက်က တစ်ပျစ်တောက်တောက် ဝေဖန်တာကို ပြောတာပါ။ အကောင်းဘက်ကို ဦးတည်ပြီး အပြုသဘောဆောင်တဲ့ စကားမျိုးမဟုတ်ပဲ ကိုယ့်အလုပ်ကို အမြဲဝေဖန်ပြောနေတဲ့ မိန်းကလေးဆိုရင်တော့ ဝေးဝေးသာရှောင်ပါ။ မိန်းမတစ်ယောက်က ကိုယ့်ယောကျာ်းအတွက် အကောင်းဆုံး လုပ်ပေးနိုင်ခြင်းကတော့ ပံ့ပိုးမှုနဲ့နားလည်မှုပါပဲ။ ကိုယ့်အလုပ်ကိုလည်း ကူညီပံံ့ပိုးပေးတယ်၊ အပြုသဘောဆောင်တဲ့ အကြံပေးချက်တွေ၊ အကူအညီတွေ ပေးတတ်တဲ့ မိန်းကလေးမျိုးဆို လက်မလွှတ်လိုက်ပါနဲ့။

၄။ သင့်ကို ပွင့်ပွင့်လင်းလင်းပြောတဲ့သူ။

RS တစ်ခုမှာ communication ကအရမ်းအရေးကြီးတာနော်။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဖို့က main ပဲ။ ခက်တာက မိန်းမနဲ့ယောကျာ်းတွေမှာ ရယ်ရတဲ့ logic တစ်ခုရှိတယ်။ မိန်းကလေးကလည်း စဉ်းစားတယ် — ငါအဲ့လောက် စိတ်ကောက်ပြပြီး ရွဲ့နေတာ ဒီကောင် နားမလည်သေးဘူးလား? ဆိုပြီး ဘာဖြစ်နေလဲ မပြောဘူး၊ ယောကျာ်းလေးကဘာဖြစ်နေလဲ မေးရင်လည်း ဘာမှ မဖြစ်ဘူးဆိုပြီး ဒီအတိုင်း စိတ်ကောက်နေတာမျိုး။ ဟော်! ယောကျာ်းလေးကလည်း — ငါဘာလုပ်မိမှန်းလည်း မသိဘူး၊ မေးတော့လည်း မဖြေဘူး၊ ဘာကို ဘယ်လို ချော့ရမလဲလဲ မသိတော့ဘူး။….. အစရှိသဖြင့်ပေါ့နော်။ ဒါကြုံဖူးတွေ့ဖူးတာလေးတွေပါ။

အမှန်တော့လေ ပွင့်ပွင့်လင်းလင်းပြောတတ်ခြင်းက အကောင်းဆုံးပဲ။ ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလိုချင်တယ်၊ ဘာကို မကြိုက်ဘူး၊ ဘာကို ဘယ်လိုဖြစ်တယ်၊ ကိုယ်လိုချင်တာကို ပွင့်ပွင့်လင်းလင်းပြောမှသာလျှင် တစ်ဖက်သားကလည်း ကိုယ့်ကို နားလည်မှာလေ။ ဒါမှ သူလည်း ပြုပြင်စရာရှိတာ ပြုပြင်၊ ရှင်းပြစရာရှိတာ ရှင်းပြ၊ အစရှိတဲ့ solution ကိုဦးတည်တဲ့ လမ်းကို လျှောက်မှ အဆင်ပြေမှာလေနော်။ ဒါကြောင့် ငုံပြီးနေနေတဲ့ မိန်းကလေးထက် ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ မိန်းကလေးက ပိုကောင်းတယ်လို့မေထင်တယ်။

၅။ သင့်ကို ပျော်ရွှင်မှုပေးတတ်သူ။

မိန်းကလေးတစ်ယောက်ကလေ သူ့ဘာသာသူ ဘယ်လောက်ပဲ အချေဆရာမကြီးဖြစ်နေပါစေ ကိုယ့်ချစ်သူနဲ့ကျရင် ပျော်ပျော်ရွှင်ရွှင်နေပြီး ရယ်လိုက်မောလိုက် စလိုက်နောက်လိုက်နဲ့ကလေးတစ်ယောက်လို ကိုယ့် စိတ်နှလုံးကို ပျော်ရွှင်အောင် ထားနိုင်တဲ့ မိန်းကလေးမျိုးက ever man’s dream ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှနဲ့အတူတူရယ်ကြမယ်၊ နောက်ကြမယ်၊ အတင်းတုတ်ကြမယ်၊ ပေါစရာရှိရင် ပေါမယ် အစရှိသဖြင့်ပေါ့။ သူနဲ့ရှိနေရင်ကို ပျော်နေရရော။ ဒီလို မိန်းကလေးမျိုး ဖြစ်ရဲ့လား??

၆။ သင်ပြောတာတွေ သေချာ နားထောင်ပေးတတ်သူ။

တစ်ခါတစ်လေ ယောကျာ်းလေးတွေက သူတို့ဖြစ်လာ ကြုံလာတဲ့ ပြဿနာတွေကို ကိုယ့်နားလာပြောနေတယ်ဆိုတာက သူတို့စိတ်ပေါ့သွားအောင် ရင်လာဖွင့်တာမျိုးက များပါတယ်။ ဒါကို ကိုယ်က အခြေအနေကြည့်ပြီး သူရင်လာဖွင့်တာလား၊ လာတိုင်ပင်တာလားဆိုတာကို သေချာနားထောင်ပေးရတယ်။ သူ့ဘက်က ဘယ်လိုလုပ်ရမလဲလို့မမေးလာမချင်း သူပြောသမျှလေးကို အရင်ဆုံး နားထောင်ပေး၊ သူ စိတ်သက်သာရာရအောင် ကူပြောပေး၊ ပြီးရင် စိတ်ပျော်သွားအောင် ပြန်လုပ်ပေး။ ဒီလိုမျိုး သေချာနားထောင်ပေးတဲ့ မိန်းကလေးမျိုး ဖြစ်ပါစေနော်။

၇။ သင့်ကို အတင်းမပြောင်းလဲသူ။

သင်နဲ့ပတ်သက်တဲ့ မကောင်းတဲ့ တစ်ချို့အရာတွေကိုပြုပြင် ပြောင်းလဲပေးတာကိုတော့ လက်ခံလို့ရပင်မယ့် သူ့ရဲ့ပုံစံခွက်ထဲက လူအဖြစ်ထားတဲ့ မိန်းကလေးမျိုးကတော့ မကောင်းပါဘူး။ Great Girlfriend ဆိုတာမျိုးကတော့ သင့်ရဲ့imperfections တွေကို နားလည်ပေးတယ်၊ အတင်းကြီး ပြောင်းလဲလို့မရတဲ့ အပေါ်မှာ အချိန်ယူပြီး သင့်ကို နားလည်အောင်ပြောတယ်။ ညှိနှိုင်းတယ် နားလည်ပေးတယ်။ သင့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တစ်ခုကို နှစ်ဖက်လုံးအဆင်ပြေအောင်ညှိူနိူုင်းပြီး သဘောတူညီမှုကိုယူတယ်။

၈။ သင့်ရဲ့ခံယူချက်အပေါ် လေးစားသူ။

တစ်ချို့ကောင်မလေးတွေ ရှိတယ်။ ကိုယ့်ချစ်သူကို အရမ်းနှိမ်တယ်၊ အရမ်းနိုင်တယ်။ မလေးမစား ဆက်ဆံတာတွေ ရှိတယ်။ သင့်ရဲ့ခံယူချက်တွေအပေါ်မှာ လေးစားမှုမရှိတဲ့ မိန်းကလေးက နံပါတ် ၁ ရှောင်ရန် ပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ခံယူချက်တွေအပေါ်မှာ အပြန်အလှန် လေးစားမှုတွေရှိရမယ်။ သဘောမတူချင်နေဦး၊ အနည်းဆုံး လေးလေးစားစားနဲ့နားလည်ပေးရမယ်။ ဘယ်တော့အခါမှ ကိုယ့်ချစ်သူရဲ့ခံယူချက်အပေါ် မစော်ကားမိပါစေနဲ့။

၉။ သင့်မိသားစုနဲ့သူငယ်ချင်းတွေအပေါ်မှာလည်း ကောင်းမွန်စွာ ဆက်ဆံတတ်သူ။

သူငယ်ချင်းတွေနဲ့အတူအပြင်သွားမလား၊ ဒါမှမဟုတ် မိသားစုနဲ့တွေ့မလား။ ဒီလို ကိုယ်နဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်းထဲမှာ လုံး၀ fit in ဖြစ်နေတဲ့ မိန်းကလေးမျိုးပါ။ အားလုံးနဲ့လိုက်လျောညီထွေစွာနေတတ်တယ်။ ပျော်စရာရှိရင် ပျော်မယ်၊ လေးလေးစားစားနေစရာရှိရင် နေမယ်။ ဒီလို ကိုယ့်အသိုင်းအဝိုင်းနဲ့ကိုက်ညီအောင် နေတတ်တဲ့ မိန်းကလေးမျိုးကို ယူမှ နောင်ခါမှ စိတ်ချရမှာ။

၁၀။ သေအောင် မရစ်သူ။

သေအောင် မရစ်သူ ဆိုတာ တခြားမဟုတ်ဘူး။ မိန်းကလေးတိုင်းတော့ ရစ်ကြတာပဲလေနော်။ ဒါကတော့ သိပြီးသားပဲ။ ဒီလိုမဟုတ်ပဲ ရစ်တာထက်ကို ပိုရစ်တဲ့ မိန်းကလေးမျိုးကတော့ perfect girlfriend ထဲမပါဘူးရယ်။ ကိုယ်ရော သူရော စိတ်သက်သာရာရအောင် ကိစ္စသေးသေးလေးတွေဆိုရင် နားလည်ပေးလိုက်တဲ့ မိန်းကလေးမျိုးကတော့ အကောင်းဆုံးပါပဲ။ နားလည်ပေးလိုက်ပြီး မေ့လိုက်လို့ရတာမျိုးဆိုရင် နားလည်ပေးလိုက်ပါ။ Move on and Upgrade. ဒါဟာ ရင့်ကျက်မှုရဲ့ပထမခြေလှမ်းပဲမလား?

ဒါကတော့ Great Girlfriend ဟုတ်လား မဟုတ်လား သိရဖို့စစ်နိုင်တဲ့ အချက် ၁၀ ချက်ပါ။ မေ့အတွေးမေ့အမြင်ကို ရေးထားတာမို့အမြင်မတူတာရှိရင် ကွဲလွဲနိုင်ပါတယ်နော်။ မေသက် ကတော့ on the road to great girlfriend ပါ။ ဒါတွေအကုန် လိုက်နာနိုင်အောင် ကြိုးစားနေစဲပါပဲ။ ယောကျာ်လေးတွေအနေနဲ့လည်း ဒီလို အချက်တွေနဲ့ပြည့်စုံတဲ့ မိန်းကလေးမျိုးရထားရင် ကောက်သာ ယူပလိုက်တော့နော်။ ကဲ… ညီမလေးတို့ရော…? Are you a great girlfriend??

ချစ်သူတိုင်းကို ပိုအဆင်ပြေစေလိုသော ရည်ရွယ်ချက်ဖြင့်……

ဖိုးသူတော် (www.phothutaw.com)
Credit:  May Thet (Follow Her)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top