(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ရူးေအာင္ခ်စ္ႀကမယ့္ ေနတုိးနဲ႕ အူ၀ဲတုိ႕ တူ၀ရီးႏွစ္ေယာက္

ပရိသတ္ေတြေတာ့မသိဘူး အက္ဒမင္ကေတာ့ ဒီဇာတ္ကားကုိ အရမ္းႀကည့္ခ်င္ေနပါၿပီ။

အကယ္ဒမီဆုကုိပူပူေႏြးေႏြးရရွိထားတဲ့ ၿမန္မာၿပည္ရဲ႕ ၀ါရင့္ ထိပ္တန္းမင္းသမီး အိၿႏၵာေက်ာ္ဇင္ ကေတာ့ ေရွ႕ႏွစ္မွာ ဇာတ္ပုိ႕ဆုအေနနဲ႕ အလားလာရွိတဲ့ ရုပ္ရွင္ကားတစ္ကားကုိ ရုိက္ကူးထားပါတယ္။

လက္တေလာရုိက္ကူးထားတဲ့ ရူးေအာင္ခ်စ္မယ့္သူ ဆုိတဲ့ ရုပ္ရွင္ကားႀကီးမွာေတာ့ အူ၀ဲက သူမရဲ႕ တူမေလးေမတုိးခုိင္ကုိ ပထမဆုံးအႀကိမ္ပြဲထုတ္ထားၿပီး ေနတုိးနဲ႕အတူ ပါ၀င္သရုပ္ေဆာင္ထားတယ္လုိ႕ သိရပါတယ္။ အကယ္ဒမီဆုကုိ ေလာေလာလတ္လတ္ရရွိထားတဲ့ အူ၀ဲနဲ႕ ေနတုိးတုိ႕ကုိ အတူတူၿမင္ေတြ႕ရမယ့္ဇာတ္ကားၿဖစ္သလုိ ပရိသတ္အခ်စ္ေတာ္ႏွစ္ေယာက္ ဘယ္လုိမ်ိုးအပီအၿပင္ႀကဳိစားထားႀကမလဲဆုိတာ အားလုံးက စိတ္၀င္စားေနႀကပါတယ္။

အူ၀ဲ နဲ႕ ရုပ္ခ်င္းဆင္လြန္းတဲ့ တူမေလး ေမတုိးခုိင္ တုိ႕ ပထမဆုံးအတူတူပါ၀င္သရုပ္ေဆာင္ထားတဲ့ ရုပ္ရွင္ကားႀကီးမုိ႕ ပရိသတ္ေတြကေတာ့ ရုံတင္မယ့္ရက္ကုိ ေစာင့္ေမွ်ာ္ေနႀကပါတယ္။

ခ်စ္စရာေကာင္းတဲ့ တူ၀ရီးႏွစ္ေယာက္နဲ႕ႏုိင္ငံေက်ာ္မင္းသားအကယ္ဒမီေနတုိးတုိ႕ ဘယ္လုိမ်ိဳးဇာတ္ရုပ္ေတြနဲ႕ ပါ၀င္သရုပ္ေဆာင္ႀကမလဲဆုိတာကေတာ့ စိတ္၀င္စားဖုိ႕ေကာင္းေနပါၿပီ။

တူမၿဖစ္သူ ေမတုိးခုိင္ဟာ အနုပညာေလာကရဲ႕ တက္သစ္စ ေမာ္ဒယ္သရုပ္ေဆာင္တစ္ဦးၿဖစ္ၿပီး အေဒၚၿဖစ္သူအူ၀ဲရဲ႕ ကုိယ္ပြားေလးလုိ႕ေတာင္ ပရိသတ္ေတြက တင္စားႀကပါတယ္။

သူတုိ႕(၃)ေယာက္ရဲ႕ ရုိက္ကြင္းပုံရိပ္ေတြကုိႀကည့္ၿပီး ပရိသတ္ေတြလည္း ဒီကားေလးကုိ အားေပးလုိက္ပါဦးေနာ္။

Source : we love Eaindra kyaw zin

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yawthama
# Unicode Version ျဖင့္ ဖတ္ပါ #
ရူးအောင်ချစ်ကြမယ့် နေတိုးနဲ့ အူဝဲတို့ တူဝရီးနှစ်ယောက်

ပရိသတ်တွေတော့မသိဘူး အက်ဒမင်ကတော့ ဒီဇာတ်ကားကို အရမ်းကြည့်ချင်နေပါပြီ။

အကယ်ဒမီဆုကိုပူပူနွေးနွေးရရှိထားတဲ့ မြန်မာပြည်ရဲ့ ဝါရင့် ထိပ်တန်းမင်းသမီး အိန္ဒြာကျော်ဇင် ကတော့ ရှေ့နှစ်မှာ ဇာတ်ပို့ဆုအနေနဲ့ အလားလာရှိတဲ့ ရုပ်ရှင်ကားတစ်ကားကို ရိုက်ကူးထားပါတယ်။

လက်တလောရိုက်ကူးထားတဲ့ ရူးအောင်ချစ်မယ့်သူ ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာတော့ အူဝဲက သူမရဲ့ တူမလေးမေတိုးခိုင်ကို ပထမဆုံးအကြိမ်ပွဲထုတ်ထားပြီး နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အကယ်ဒမီဆုကို လောလောလတ်လတ်ရရှိထားတဲ့ အူဝဲနဲ့ နေတိုးတို့ကို အတူတူမြင်တွေ့ရမယ့်ဇာတ်ကားဖြစ်သလို ပရိသတ်အချစ်တော်နှစ်ယောက် ဘယ်လိုမျိုးအပီအပြင်ကြိုစားထားကြမလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

အူဝဲ နဲ့ ရုပ်ချင်းဆင်လွန်းတဲ့ တူမလေး မေတိုးခိုင် တို့ ပထမဆုံးအတူတူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီးမို့ ပရိသတ်တွေကတော့ ရုံတင်မယ့်ရက်ကို စောင့်မျှော်နေကြပါတယ်။

ချစ်စရာကောင်းတဲ့ တူဝရီးနှစ်ယောက်နဲ့နိုင်ငံကျော်မင်းသားအကယ်ဒမီနေတိုးတို့ ဘယ်လိုမျိုးဇာတ်ရုပ်တွေနဲ့ ပါဝင်သရုပ်ဆောင်ကြမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

တူမဖြစ်သူ မေတိုးခိုင်ဟာ အနုပညာလောကရဲ့ တက်သစ်စ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အဒေါ်ဖြစ်သူအူဝဲရဲ့ ကိုယ်ပွားလေးလို့တောင် ပရိသတ်တွေက တင်စားကြပါတယ်။

သူတို့(၃)ယောက်ရဲ့ ရိုက်ကွင်းပုံရိပ်တွေကိုကြည့်ပြီး ပရိသတ်တွေလည်း ဒီကားလေးကို အားပေးလိုက်ပါဦးနော်။

Source : we love Eaindra kyaw zin

ဖိုးသူတော် (www.phothutaw.com)
Credit: yawthama
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top