×

ထိုင္းနိုင္ငံတြင္ ဧၿပီလ ၂၂ ရက္ေန႔ ညေနပိုင္းက အိမ္ရွင္မတစ္ဦးဟာ ညစာအတြက္ ခ်က္ျပဳတ္ရန္ ငါးေသတၱာဘူးကို ဖြင့္လိုက္ခ်ိန္မွာ ငါးေသတၱာဗူးထဲတြင္ သန္ေကာင္မ်ား ေတြ႕ရွိခဲ့ေၾကာင္းသိရသည္ ။

ျဖစ္စဥ္မွာ ယင္းအမ်ိဳးသမီးဟာ Rangsit ေဒသမွာရွိတဲ့ ကုန္တိုက္ႀကီးတစ္ခုတြင္ ငါးေသတၱာ ၄ ဗူး ဝယ္ယူခဲ့ၿပီး ဟင္းခ်က္ရန္ ဖြင့္လိုက္ခ်ိန္တြင္ အခုလိုသန္ေကာင္ေတြ ေတြ႕ရွိခဲ့တာေၾကာင့္ စည္သြပ္ဗူးမ်ားနဲ႔အတူ ရဲဌာနကို သြားေရာက္တိုင္တန္းခဲ့တာ ျဖစ္ပါတယ္။ သူမဟာ ၄ ဗူး တစ္ပါကင္ အထုပ္ကို ဝယ္ယူခဲ့တာျဖစ္ၿပီး စည္သြပ္ဗူးေတြရဲ့ သက္တမ္းကုန္ရက္ဟာ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလလို႔ ေရးထားေၾကာင္းလည္း သိရပါတယ္။

ရဲစခန္းတိုင္ခ်က္နဲ႔အတူ ဒီငါးစည္သြပ္ဘူးေတြကို စစ္ေဆးေပးရန္ အကာအကြယ္ေပးေရးဘုတ္အဖြဲ႕ထံသို႔ ထပ္မံေလၽွာက္ထားသည္ဟု ဆိုပါသည္။ (သန္ေကာင္ေတြ ေတြ႕ရွိခဲ့တယ္ဆိုတဲ့ ငါးစည္သြပ္ဗူး အမွတ္တံဆိပ္နဲ႔ ထုတ္လုပ္တဲ့ ကုမၸဏီနာမည္ကိုေတာ့ သတင္းမွာ ေဖာ္ျပထားျခင္းမရွိပါဘူး။)

“ဒီလိုငါးစည္သြပ္ဘူးေတြကို ေစ့ေစ့စပ္စပ္ စစ္ေဆးမွုမရွိဘဲ စားသုံးသူမ်ားစြာရွိေနသလို၊ ဒီလိုကပ္ပါးေကာင္ေတြကို စားမိရင္ က်န္းမာေရးဆိုးက်ိဳးေတြ ျဖစ္လာနိုင္တဲ့အတြက္ ဒီကိစၥကို မသိက်ိဳးကၽြံျပဳမေနနိုင္ဘူးလို႔ သူမက ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ေနာက္ဆိုရင္ေတာ့ ငါးစည္သြပ္ဗူးေတြကို ဘယ္ေတာ့မွ ၀ယ္စားေတာ့မွာ မဟုတ္ေၾကာင္းလည္း သူမက ဆိုခဲ့ပါတယ္ ” ဟု Dailynews သတင္းတြင္ ေရးသားေဖာ္ျပထားပါသည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#

ထိုင်းနိုင်ငံတွင် ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းက အိမ်ရှင်မတစ်ဦးဟာ ညစာအတွက် ချက်ပြုတ်ရန် ငါးသေတ္တာဘူးကို ဖွင့်လိုက်ချိန်မှာ ငါးသေတ္တာဗူးထဲတွင် သန်ကောင်များ တွေ့ရှိခဲ့ကြောင်းသိရသည် ။

ဖြစ်စဉ်မှာ ယင်းအမျိုးသမီးဟာ Rangsit ဒေသမှာရှိတဲ့ ကုန်တိုက်ကြီးတစ်ခုတွင် ငါးသေတ္တာ ၄ ဗူး ဝယ်ယူခဲ့ပြီး ဟင်းချက်ရန် ဖွင့်လိုက်ချိန်တွင် အခုလိုသန်ကောင်တွေ တွေ့ရှိခဲ့တာကြောင့် စည်သွပ်ဗူးများနဲ့အတူ ရဲဌာနကို သွားရောက်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၄ ဗူး တစ်ပါကင် အထုပ်ကို ဝယ်ယူခဲ့တာဖြစ်ပြီး စည်သွပ်ဗူးတွေရဲ့ သက်တမ်းကုန်ရက်ဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလလို့ ရေးထားကြောင်းလည်း သိရပါတယ်။

ရဲစခန်းတိုင်ချက်နဲ့အတူ ဒီငါးစည်သွပ်ဘူးတွေကို စစ်ဆေးပေးရန် အကာအကွယ်ပေးရေးဘုတ်အဖွဲ့ထံသို့ ထပ်မံလျှောက်ထားသည်ဟု ဆိုပါသည်။ (သန်ကောင်တွေ တွေ့ရှိခဲ့တယ်ဆိုတဲ့ ငါးစည်သွပ်ဗူး အမှတ်တံဆိပ်နဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီနာမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။)

“ဒီလိုငါးစည်သွပ်ဘူးတွေကို စေ့စေ့စပ်စပ် စစ်ဆေးမှုမရှိဘဲ စားသုံးသူများစွာရှိနေသလို၊ ဒီလိုကပ်ပါးကောင်တွေကို စားမိရင် ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ဒီကိစ္စကို မသိကျိုးကျွံပြုမနေနိုင်ဘူးလို့ သူမက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆိုရင်တော့ ငါးစည်သွပ်ဗူးတွေကို ဘယ်တော့မှ ဝယ်စားတော့မှာ မဟုတ်ကြောင်းလည်း သူမက ဆိုခဲ့ပါတယ် ” ဟု Dailynews သတင်းတွင် ရေးသားဖော်ပြထားပါသည် ။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top