ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ကမာၻမွာ ေမြးရာပါ ဆန္းဆန္းျပားျပားစြမ္းအင္ေတြပါလာတဲ့သူ မ်ားစြာရွိပါတယ္။ Naresh Kumar ဟာလည္း ဒီအထဲကတစ္ေယာက္ျဖစ္ၿပီး အိႏၵိယႏုိင္ငံေျမာက္ပိုင္း Muzzafarnagar ၿမဳိ႕မွာေနထုိင္သူျဖစ္ပါတယ္။ သူ႔မွာထူးထူးဆန္းဆန္းေမြးရာပါ စြမ္းအားတစ္မ်ဳိးပါလာပါတယ္။ အဲဒါကေတာ့ သူဟာ ဗုုိ႔အားျပင္းလွ်ပ္စစ္ဓာတ္ကုိခံႏုိင္တဲ့အျပင္ လွ်ပ္စစ္ဓာတ္ကုိ စားသုံးတတ္တဲ့သူျဖစ္တာပါ။

အသက္ ၄၂ႏွစ္ရွိၿပီျဖစ္တဲ့ Naresh ကေတာ့ သူ႔မွာဒီလုိပုံမွန္မဟုတ္တဲ့ ထူးဆန္းတဲ့စြမ္းအားတစ္မ်ဳိးရွိေနခဲ့တာကုိ အမွတ္မထင္ေတြ႔ရွိခဲ့တာလုိ႔ ဆုိပါတယ္။ သူဟာ အလုပ္မွာ လွ်ပ္စစ္ဓာတ္လႊတ္ထားတဲ့ ၀ါယာႀကဳိးစကုိ မွားယြင္းကုိင္ခဲ့ေပမယ့္ ဘာမွမျဖစ္ခဲ့ပါဘူး။ အဲဒီအခ်ိန္ကစလုိ႔ သူဟာလွ်ပ္စစ္ဓာတ္ကုိခံႏုိင္တယ္ ဆုိတာသူသိခဲ့ပါတယ္။ လူေတြကေတာ့ ဒါဟာကံေကာင္းလုိ႔ဘာမွမျဖစ္ေပမယ့္ ဆက္ၿပီးေတာ့ လွ်ပ္စစ္ေတြကိုရဲတင္းစြာကုိင္တာမလုပ္ဖုိ႔တားခဲ့ၾကပါတယ္။ ဒါေပမယ့္ သူဟာ မရပ္ခဲ့ပါဘူး။ သူ႔မွာရွိတဲ့စြမ္းအင္ကုိ စမ္းသပ္ခ်င္တဲ့အတြက္ တစ္ဆင့္ၿပီးတစ္ဆင့္ စမ္းသပ္ခဲ့ပါတယ္။ ေနာက္ဆုံးမွာသူဟာ လွ်ပ္စစ္စီးေနတဲ့ႀကဳိးစမ်ားစြာကုိ ဆုပ္ကုိင္ၿပီး ဘာမွမျဖစ္ေၾကာင္း သူ႔ရဲ႕စူပါ ပါ၀ါကုိျပသခဲ့ပါတယ္။ အဲဒီက တစ္ဆင့္တက္လုိ႔ သူဟာလွ်ပ္စစ္ႀကဳိးစကုိ ပါးစပ္နဲ႔၀ါးခဲ့ျပန္ပါတယ္။ ဘာမွမျဖစ္တဲ့အျပင္ ဒီလုိလုပ္တာဟာ အစာစားရသလုိ ခံစားရပါသတဲ့။ ေနာက္ပိုင္းမွာ သူဟာ ဗုိက္ဆာတဲ့အခါတုိင္း လွ်ပ္စစ္လႊတ္ထားတဲ့ ၀ါယာႀကဳိးစကုိ ၀ါးေနေလ့ရွိပါတယ္။

“လွ်ပ္စစ္ဓာတ္ဘယ္ေလာက္ျပင္းအားအထိ ခံႏုိင္သလဲ ကြ်န္ေတာ္မသိပါဘူး။ တီဗီ ၊ အ၀တ္ေလွ်ာ္စက္ ၊ ေရခဲေသတၱာ ၊ အင္ဗာတာ စတဲ့ အိမ္သုံးပစၥည္းေတြက လွ်ပ္စစ္ဓာတ္ေတြကုိေတာ့ ကြ်န္ေတာ္လက္ဗလာနဲ႔ပဲကုိင္ပါတယ္။ ကြ်န္ေတာ့္ရဲ႕ ခႏၶာကိုယ္ရဲ႕ ၈၀ရာခုိင္ႏႈန္းဟာ လွ်ပ္စစ္ဓာတ္ကုိခံႏုိင္တယ္ လုိ႔ထင္ပါတယ္ ၊ အျခားသူေတြက ကြ်န္ေတာ့္ရဲ႕ အစြမ္းကိုသေဘာက်ေပမယ့္ ကြ်န္ေတာ့္မိန္းမက သေဘာမက်ပါဘူး။ ကြ်န္ေတာ္ဟာ လွ်ပ္စစ္ႀကဳိးေတြကို အကာအကြယ္မဲ့ထားတတ္တာေၾကာင့္ ကေလးေတြဓာတ္လုိက္မွာကုိ သူကစုိးရိမ္ပါတယ္” လုိ႔ Naresh က ဆုိပါတယ္။

Naresh ဟာ ဆုိရွယ္မီဒီယာေပၚမွာ လွ်ပ္စစ္ဓာတ္ႀကဳိးစကုိ ကုိင္ေန၊ ပါးစပ္နဲ႔၀ါးေနတဲ့ ဗီဒီယုိေတြေတြေၾကာင့္ အိႏၵိယရဲ႕ လူသားမီးသီးလုိ႔ အမည္ေပးခံရပါတယ္။ ဒါေၾကာင့္ Cover Asia သတင္းဌာနက သြားေရာက္ေတြ႔ဆုံၿပီး လက္ေတြ႔ေမးျမန္းခဲ့ၿပီးတဲ့ေနာက္ သူဟာတကယ္လွ်ပ္စစ္ဓာတ္မလုိက္တဲ့သူ ျဖစ္တာကုိေတြ႔ခဲ့ရပါတယ္။ သူ႔ရဲ႕ခႏၶာကိုယ္ကုိ စတက္တာနဲ႔ ေထာက္ၾကည့္တဲ့အခါမွာလည္း လွ်ပ္စစ္ဓာတ္စီးေနတာကုိေတြ႔ရပါတယ္။ ကမာၻမွာ Naresh အျပင္ လွ်ပ္စစ္ဓာတ္ကုိခံႏုိင္တဲ့ အျခားသူေတြလည္း ရွိပါေသးတယ္ ။ ဆာဘီးယားႏုိင္ငံသား Slavisa Pajkic ဟာလည္း ဗုိ႔အားျပင္းလွ်ပ္စစ္ဓာတ္ကို ခံႏုိင္ၿပီး လူသားဘက္ထရီလုိ႔ နာမည္ႀကီးပါတယ္။ လက္ေတြ႔စမ္းသပ္ျပထားတဲ့ ဗီဒီယုိကုိေအာက္မွာ ၾကည့္ရႈ႕ႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thutazone.net
# Unicode Version ျဖင့္ဖတ္ရန္ #
ကမ္ဘာမှာ မွေးရာပါ ဆန်းဆန်းပြားပြားစွမ်းအင်တွေပါလာတဲ့သူ များစွာရှိပါတယ်။ Naresh Kumar ဟာလည်း ဒီအထဲကတစ်ယောက်ဖြစ်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်း Muzzafarnagar မြို့မှာနေထိုင်သူဖြစ်ပါတယ်။ သူ့မှာထူးထူးဆန်းဆန်းမွေးရာပါ စွမ်းအားတစ်မျိုးပါလာပါတယ်။ အဲဒါကတော့ သူဟာ ဗိုု့အားပြင်းလျှပ်စစ်ဓာတ်ကိုခံနိုင်တဲ့အပြင် လျှပ်စစ်ဓာတ်ကို စားသုံးတတ်တဲ့သူဖြစ်တာပါ။

အသက် ၄၂နှစ်ရှိပြီဖြစ်တဲ့ Naresh ကတော့ သူ့မှာဒီလိုပုံမှန်မဟုတ်တဲ့ ထူးဆန်းတဲ့စွမ်းအားတစ်မျိုးရှိနေခဲ့တာကို အမှတ်မထင်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ သူဟာ အလုပ်မှာ လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ ဝါယာကြိုးစကို မှားယွင်းကိုင်ခဲ့ပေမယ့် ဘာမှမဖြစ်ခဲ့ပါဘူး။ အဲဒီအချိန်ကစလို့ သူဟာလျှပ်စစ်ဓာတ်ကိုခံနိုင်တယ် ဆိုတာသူသိခဲ့ပါတယ်။ လူတွေကတော့ ဒါဟာကံကောင်းလို့ဘာမှမဖြစ်ပေမယ့် ဆက်ပြီးတော့ လျှပ်စစ်တွေကိုရဲတင်းစွာကိုင်တာမလုပ်ဖို့တားခဲ့ကြပါတယ်။ ဒါပေမယ့် သူဟာ မရပ်ခဲ့ပါဘူး။ သူ့မှာရှိတဲ့စွမ်းအင်ကို စမ်းသပ်ချင်တဲ့အတွက် တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်ခဲ့ပါတယ်။ နောက်ဆုံးမှာသူဟာ လျှပ်စစ်စီးနေတဲ့ကြိုးစများစွာကို ဆုပ်ကိုင်ပြီး ဘာမှမဖြစ်ကြောင်း သူ့ရဲ့စူပါ ပါဝါကိုပြသခဲ့ပါတယ်။ အဲဒီက တစ်ဆင့်တက်လို့ သူဟာလျှပ်စစ်ကြိုးစကို ပါးစပ်နဲ့ဝါးခဲ့ပြန်ပါတယ်။ ဘာမှမဖြစ်တဲ့အပြင် ဒီလိုလုပ်တာဟာ အစာစားရသလို ခံစားရပါသတဲ့။ နောက်ပိုင်းမှာ သူဟာ ဗိုက်ဆာတဲ့အခါတိုင်း လျှပ်စစ်လွှတ်ထားတဲ့ ဝါယာကြိုးစကို ဝါးနေလေ့ရှိပါတယ်။

“လျှပ်စစ်ဓာတ်ဘယ်လောက်ပြင်းအားအထိ ခံနိုင်သလဲ ကျွန်တော်မသိပါဘူး။ တီဗီ ၊ အဝတ်လျှော်စက် ၊ ရေခဲသေတ္တာ ၊ အင်ဗာတာ စတဲ့ အိမ်သုံးပစ္စည်းတွေက လျှပ်စစ်ဓာတ်တွေကိုတော့ ကျွန်တော်လက်ဗလာနဲ့ပဲကိုင်ပါတယ်။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ရဲ့ ၈၀ရာခိုင်နှုန်းဟာ လျှပ်စစ်ဓာတ်ကိုခံနိုင်တယ် လို့ထင်ပါတယ် ၊ အခြားသူတွေက ကျွန်တော့်ရဲ့ အစွမ်းကိုသဘောကျပေမယ့် ကျွန်တော့်မိန်းမက သဘောမကျပါဘူး။ ကျွန်တော်ဟာ လျှပ်စစ်ကြိုးတွေကို အကာအကွယ်မဲ့ထားတတ်တာကြောင့် ကလေးတွေဓာတ်လိုက်မှာကို သူကစိုးရိမ်ပါတယ်” လို့ Naresh က ဆိုပါတယ်။

Naresh ဟာ ဆိုရှယ်မီဒီယာပေါ်မှာ လျှပ်စစ်ဓာတ်ကြိုးစကို ကိုင်နေ၊ ပါးစပ်နဲ့ဝါးနေတဲ့ ဗီဒီယိုတွေတွေကြောင့် အိန္ဒိယရဲ့ လူသားမီးသီးလို့ အမည်ပေးခံရပါတယ်။ ဒါကြောင့် Cover Asia သတင်းဌာနက သွားရောက်တွေ့ဆုံပြီး လက်တွေ့မေးမြန်းခဲ့ပြီးတဲ့နောက် သူဟာတကယ်လျှပ်စစ်ဓာတ်မလိုက်တဲ့သူ ဖြစ်တာကိုတွေ့ခဲ့ရပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကို စတက်တာနဲ့ ထောက်ကြည့်တဲ့အခါမှာလည်း လျှပ်စစ်ဓာတ်စီးနေတာကိုတွေ့ရပါတယ်။ ကမ္ဘာမှာ Naresh အပြင် လျှပ်စစ်ဓာတ်ကိုခံနိုင်တဲ့ အခြားသူတွေလည်း ရှိပါသေးတယ် ။ ဆာဘီးယားနိုင်ငံသား Slavisa Pajkic ဟာလည်း ဗို့အားပြင်းလျှပ်စစ်ဓာတ်ကို ခံနိုင်ပြီး လူသားဘက်ထရီလို့ နာမည်ကြီးပါတယ်။ လက်တွေ့စမ်းသပ်ပြထားတဲ့ ဗီဒီယိုကိုအောက်မှာ ကြည့်ရှု့နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thutazone.net
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top