ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး”-႐ွမ္းျပည္နယ္ အေ႐ွ႕ပိုင္း,မုိင္းပ်ဥ္းၿမိဳ႕အနီး သု၀ဏၰသွ်ံ ေတာင္ေပၚ သီတင္းသံုးစဥ္က ထူးျခား ျဖစ္စဥ္ ပါ။

ဆရာေတာ္ႀကီးသီတင္းသံုးရာ သု၀ဏၰသွ်ံ ေတာင္မွ ပေလာင္တိုင္းရင္းသား ရြာထိ ေန႔စဥ္ဆြမ္းခံၾကြေတာ္မူပါတယ္။

ပံုမွန္ (၁၀း၃၀)နာရီ ၾကြျပီး (၁၁)နာရီ ျပန္ေရာက္ေတာ္မူပါတယ္။ထို သု၀ဏၰသ်ံေတာင္မွ ပေလာင္ရြာထိ လမ္းေလ်ွာက္ပါက အသြား(၃) နာရီအျပန္(၃) နာရီေက်ာ္ ၾကာျမင့္တာပါ။

အျပန္ဆိုလ်ွင္ ေတာင္ေပၚ ေတာင္တက္ လမ္းျဖစ္လို႔ ေတာင္ေျခမွ ေတာင္ေပၚအထိ (၁)နာရီနီးပါးတက္ရပါတယ္။

အသြား/အျပန္- (၆)နာရီေက်ာ္ ေတာင္ေပၚလမ္း ခရီး ကို မိနစ္(၃၀)[နာရီဝက္] ျဖင့္ ဆြမ္းခံၾကြသည္ဆိုေသာ သတင္း ေၾကာင့္ ထိုစဥ္ထဲက “ရဟႏ ၱာ”လို႔သမုတ္ၾကသျဖင့္
ေက်ာ္ၾကားေတာ္မူပါတယ္။

ပေလာင္တိုင္းရင္းသားရြာမွ ပေလာင္လူမ်ိဳးမ်ားက မဟာေဗာဓိၿမိဳင္ ဆရာေတာ္ႀကီးကို ယေန႔ ခ်ိန္ထိ #သူတို႔ဘုရားသခင္ လို႔ ေျပာၾကပါတယ္။

ပေလာင္လူမ်ိဳးမ်ား က ဆရာေတာ္ႀကီးကို,

ဘာေၾကာင့္ ၾကည္ညိဳ ၾကတာလဲ

ဘာလို႔ ဘုရား လို႔ ေျပာၾကတာလဲ

ေမး ျမန္း စံုစမ္းၾကည့္ ေသာအခါမွာ

သူတို႔ ရြာနားက ေတာင္က်ေခ်ာင္းေရဟာ မိုးတြင္း မိုးႀကီးခ်ိန္ဆိုလ်ွင္,က်ဲြေတာင္ ေရမကူးရဲပါဘူးတဲ့။ေရကူးလ်ွင္ ေရစီးသန္ လို႔ အသက္႐ွင္တာ မရိွပါဘူးတဲ့။

ထို ေခ်ာင္းေရေပၚကေန ဆရာေတာ္ႀကီးက လမ္းေလ်ွာက္ ၾကြသြားတာကို တစ္ရြာလံုး ျမင္ေတြ႔ရာကေန ဆရာေတာ္ႀကီးကို “သူတို႔ရဲ႕ဘုရား” လို႔ ယံုၾကည္ၿပီး

ဆြမ္းေလာင္းလႉၾကတာပါတဲ့။ထိုကဲ့သို႔ ေက်ာ္ၾကားမႈမ်ား ေၾကာင့္ စစ္အစိုးရလက္ထက္ ေထာက္လွမ္းေရးစစ္တပ္မွ လာ၍ ေထာက္လွမ္းသည္အထိျဖစ္လာပါေတာ့တယ္။

ေထာက္လွမ္းေရးစစ္တပ္မွ စစ္သားမ်ားဟာ သု၀ဏၰသ်ံ ေတာင္ေပၚမွ စ၍ ပေလာင္ရြာထိ (၁)မိုင္ျခား စစ္သားမ်ားထားၿပီး ဆြမ္းခံခ်ိန္ကို ေစာင့္ၾကည့္ ရာမွာ

ဆရာေတာ္ႀကီးေတာင္ေပၚမွ စ၍ ဆင္းခ်ိန္ (၁၀း၃၀) နာရီ ျဖစ္ေၾကာင္းေ၀ၚကီ ေတာ္ကီ စက္မ်ားျဖင့္ဆက္သြယ္၍ ေတာင္ ေအာက္ ပေလာင္ရြာရိွ စစ္သားမ်ားထံ

ဆက္သြယ္ပါတယ္။ထို ပေလာင္ရြာတစ္ေလ်ွာက္လံုး လမ္းမွ အေစာင့္ စစ္သားမ်ားကလည္း ဆရာေတာ္ႀကီးကို ေတြ႔ခ်ိန္ (၁၀း၃၀)နာရီသာျဖစ္ေနပါတယ္တဲ့။

ဆရာေတာ္ႀကီး က ပေလာင္ရြာ ဆြမ္းခံခ်ိန္ နာရီ၀က္ [မိနစ္(၃၀)]သာ ၾကာျမင့္ၿပီး-အသြား/အျပန္ ခရီးၾကာျမင့္ ခ်ိန္ ဟာပေလာင္ရြာမွ (၁၁)နာရီျပန္ၾကြလ်ွင္

(၁၁)နာရီေတာင္ေပၚေက်ာင္းသုိ႔ ျပန္ေရာက္သည္မွာထူးျခားေနပါတယ္။

ဆရာေတာ္ျပန္ႂကြရာ တစ္မိုင္ျခားေစာင့္ၾကည့္ေနေသာ စစ္သားတိုင္းကလည္း ဆရာေတာ္ႀကီးကို ေတြ႔ျမင္ခ်ိန္ဟာ တစ္ခ်ိန္တည္းသာျဖစ္ေနျပန္တာလည္း ထူးျခားမႈ ေနပါတယ္။

ေထာက္လွမ္းေရး စစ္တပ္မွ ဆရာေတာ္ႀကီးအား,တာ၀န္အရ ေစာင့္ၾကည့္ရျခင္းျဖစ္ပါေၾကာင္းေလ်ွာက္ထား, ေတာင္းပန္ၿပီး

ဆရာေတာ္ႀကီးအား-ေအးခ်မ္းစြာ သီတင္းသံုး ပါရန္ႏွင့္ လိုအပ္သည္မ်ားကို လႈူဒါန္းမည္ျဖစ္ပါေၾကာင္း ေလ်ွာက္ထား ေသာ္လည္း,

ဆရာေတာ္ႀကီးဟာ ထိုအခ်ိန္မွစ၍ ႐ွမ္းျပည္နယ္ အေ႐ွ႕ ပိုင္း, မိုင္းပ်ဥ္းၿမိဳ႕အနီး သု၀ဏၰသ်ံေတာင္မွ ႐ုတ္တရက္ ေပ်ာက္ကြယ္သြားၿပီး-ႏွစ္ေပါင္းအေတာ္ၾကာမွ

႐ွမ္းျပည္နယ္ ,ေတာင္ႀကီးၿမိဳ႕မွာ ျပန္လည္၍ ေပၚထြက္ဖူးေတြ႔ခြင့္ ရခဲ့သည္ လို႔ သိရပါတယ္။

ထို႔ေၾကာင့္-ကံထူး၍ ၾကံဳခိုက္မွာ လႉဒါန္းဦးခိုက္လိုက္ၾကပါကုန္ေလာ့။

ကြၽန္ုပ္ သည္လည္း ကံေကာင္းစြာ အနီးကပ္ ဖူးေမ်ွာ္ဖူးပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေတာရ အ႐ွင္-Ashin Zana Pati / ဓမၼနဒီ
# Unicode Version ျဖင့္ ဖတ္ပါ #
မဟာဗောဓိမြိုင်ဆရာတော်ကြီး”-ရှမ်းပြည်နယ် အရှေ့ပိုင်း,မိုင်းပျဉ်းမြို့အနီး သုဝဏ္ဏသျှံ တောင်ပေါ် သီတင်းသုံးစဉ်က ထူးခြား ဖြစ်စဉ် ပါ။

ဆရာတော်ကြီးသီတင်းသုံးရာ သုဝဏ္ဏသျှံ တောင်မှ ပလောင်တိုင်းရင်းသား ရွာထိ နေ့စဉ်ဆွမ်းခံကြွတော်မူပါတယ်။

ပုံမှန် (၁၀း၃၀)နာရီ ကြွပြီး (၁၁)နာရီ ပြန်ရောက်တော်မူပါတယ်။ထို သုဝဏ္ဏသျံတောင်မှ ပလောင်ရွာထိ လမ်းလျှောက်ပါက အသွား(၃) နာရီအပြန်(၃) နာရီကျော် ကြာမြင့်တာပါ။

အပြန်ဆိုလျှင် တောင်ပေါ် တောင်တက် လမ်းဖြစ်လို့ တောင်ခြေမှ တောင်ပေါ်အထိ (၁)နာရီနီးပါးတက်ရပါတယ်။

အသွား/အပြန်- (၆)နာရီကျော် တောင်ပေါ်လမ်း ခရီး ကို မိနစ်(၃၀)[နာရီဝက်] ဖြင့် ဆွမ်းခံကြွသည်ဆိုသော သတင်း ကြောင့် ထိုစဉ်ထဲက “ရဟန ္တာ”လို့သမုတ်ကြသဖြင့်
ကျော်ကြားတော်မူပါတယ်။

ပလောင်တိုင်းရင်းသားရွာမှ ပလောင်လူမျိုးများက မဟာဗောဓိမြိုင် ဆရာတော်ကြီးကို ယနေ့ ချိန်ထိ #သူတို့ဘုရားသခင် လို့ ပြောကြပါတယ်။

ပလောင်လူမျိုးများ က ဆရာတော်ကြီးကို,

ဘာကြောင့် ကြည်ညို ကြတာလဲ

ဘာလို့ ဘုရား လို့ ပြောကြတာလဲ

မေး မြန်း စုံစမ်းကြည့် သောအခါမှာ

သူတို့ ရွာနားက တောင်ကျချောင်းရေဟာ မိုးတွင်း မိုးကြီးချိန်ဆိုလျှင်,ကျွဲတောင် ရေမကူးရဲပါဘူးတဲ့။ရေကူးလျှင် ရေစီးသန် လို့ အသက်ရှင်တာ မရှိပါဘူးတဲ့။

ထို ချောင်းရေပေါ်ကနေ ဆရာတော်ကြီးက လမ်းလျှောက် ကြွသွားတာကို တစ်ရွာလုံး မြင်တွေ့ရာကနေ ဆရာတော်ကြီးကို “သူတို့ရဲ့ဘုရား” လို့ ယုံကြည်ပြီး

ဆွမ်းလောင်းလှူကြတာပါတဲ့။ထိုကဲ့သို့ ကျော်ကြားမှုများ ကြောင့် စစ်အစိုးရလက်ထက် ထောက်လှမ်းရေးစစ်တပ်မှ လာ၍ ထောက်လှမ်းသည်အထိဖြစ်လာပါတော့တယ်။

ထောက်လှမ်းရေးစစ်တပ်မှ စစ်သားများဟာ သုဝဏ္ဏသျံ တောင်ပေါ်မှ စ၍ ပလောင်ရွာထိ (၁)မိုင်ခြား စစ်သားများထားပြီး ဆွမ်းခံချိန်ကို စောင့်ကြည့် ရာမှာ

ဆရာတော်ကြီးတောင်ပေါ်မှ စ၍ ဆင်းချိန် (၁၀း၃၀) နာရီ ဖြစ်ကြောင်းဝေါ်ကီ တော်ကီ စက်များဖြင့်ဆက်သွယ်၍ တောင် အောက် ပလောင်ရွာရှိ စစ်သားများထံ

ဆက်သွယ်ပါတယ်။ထို ပလောင်ရွာတစ်လျှောက်လုံး လမ်းမှ အစောင့် စစ်သားများကလည်း ဆရာတော်ကြီးကို တွေ့ချိန် (၁၀း၃၀)နာရီသာဖြစ်နေပါတယ်တဲ့။

ဆရာတော်ကြီး က ပလောင်ရွာ ဆွမ်းခံချိန် နာရီဝက် [မိနစ်(၃၀)]သာ ကြာမြင့်ပြီး-အသွား/အပြန် ခရီးကြာမြင့် ချိန် ဟာပလောင်ရွာမှ (၁၁)နာရီပြန်ကြွလျှင်

(၁၁)နာရီတောင်ပေါ်ကျောင်းသို့ ပြန်ရောက်သည်မှာထူးခြားနေပါတယ်။

ဆရာတော်ပြန်ကြွရာ တစ်မိုင်ခြားစောင့်ကြည့်နေသော စစ်သားတိုင်းကလည်း ဆရာတော်ကြီးကို တွေ့မြင်ချိန်ဟာ တစ်ချိန်တည်းသာဖြစ်နေပြန်တာလည်း ထူးခြားမှု နေပါတယ်။

ထောက်လှမ်းရေး စစ်တပ်မှ ဆရာတော်ကြီးအား,တာဝန်အရ စောင့်ကြည့်ရခြင်းဖြစ်ပါကြောင်းလျှောက်ထား, တောင်းပန်ပြီး

ဆရာတော်ကြီးအား-အေးချမ်းစွာ သီတင်းသုံး ပါရန်နှင့် လိုအပ်သည်များကို လှုူဒါန်းမည်ဖြစ်ပါကြောင်း လျှောက်ထား သော်လည်း,

ဆရာတော်ကြီးဟာ ထိုအချိန်မှစ၍ ရှမ်းပြည်နယ် အရှေ့ ပိုင်း, မိုင်းပျဉ်းမြို့အနီး သုဝဏ္ဏသျံတောင်မှ ရုတ်တရက် ပျောက်ကွယ်သွားပြီး-နှစ်ပေါင်းအတော်ကြာမှ

ရှမ်းပြည်နယ် ,တောင်ကြီးမြို့မှာ ပြန်လည်၍ ပေါ်ထွက်ဖူးတွေ့ခွင့် ရခဲ့သည် လို့ သိရပါတယ်။

ထို့ကြောင့်-ကံထူး၍ ကြုံခိုက်မှာ လှူဒါန်းဦးခိုက်လိုက်ကြပါကုန်လော့။

ကျွန်ုပ် သည်လည်း ကံကောင်းစွာ အနီးကပ် ဖူးမျှော်ဖူးပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: တောရ အရှင်-Ashin Zana Pati / ဓမ္မနဒီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top