ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ ၁၅ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးအား တ႐ုပ္နိုင္ငံတြင္ အိမ္ေဖာ္အျဖစ္ သြားေရာက္လုပ္ကိုင္ရန္ ေခၚေဆာင္သြားခံရၿပီးေနာက္ ၁၅ ရက္အၾကာမွာ ျပန္လည္ကယ္တင္နိုင္ခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ မတ္လ ၃၁ ရက္ေန႔ မြန္းလြဲ ၁ နာရီအခ်ိန္ခန႔္တြင္ အထူးေဒသ(၄) နမ့္ပန္ေဒသတြင္ ေနထိုင္သူ ေမာင္ဓာယုဆိုသူ ေရာက္လာခဲ့ၿပီးေနာက္ အသက္ ၁၅ ႏွစ္အရြယ္ မ……. ကို တ႐ုပ္နိုင္ငံတြင္ အိမ္ေဖာ္အျဖစ္ လုပ္ကိုင္ရန္ ေခၚေဆာင္သြားခဲ့သည္။ အဲဒီေနာက္ပိုင္း လုံးဝျပန္လည္ ဆက္သြယ္ျခင္းမရွိေတာ့သည့္အတြက္ မိဘမ်ားက လူကုန္ကူးမွုတားဆီးႏွိမ္နင္းေရးအဖြဲ႕သို႔ တိုင္ၾကားကာ အကူညီေတာင္ခံခဲ့ျခင္းျဖစ္သည္။

ဧၿပီလ(၁) ရက္ေန႔မွာ လူကုန္ကူးမွု တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ (တာခ်ီလိတ္)မွ တပ္ဖြဲ႕စိတ္မွူး ဦးေဆာင္တဲ့ ရဲတပ္ဖြဲ႕ဝင္မ်ားက ေက်းရြာသူႀကီး ႏွင့္ ကေလးရဲ့ မိခင္တို႔နဲ႔အတူ မိုင္းေယာင္း ၿမိဳ႕မရဲစခန္းမွူး ဒုရဲမွူး စံလင္း၊ မိုင္းယု စစ္ဖက္ေရးရာ လုံျခဳံေရးတပ္ဖြဲ႕မွ တပ္ၾကပ္ သိန္းေဇာ္ တို႔နဲ႔ ခ်ိတ္ဆက္ၿပီး အထူးေဒသ (၄) နမ့္ပန္း ေဒသ ဆက္ဆံေရး႐ုံး တာဝန္ခံ ဦးေလာ္ခ်ီ ႏွင့္ သြားေရာက္ ေတြ႕ဆုံကာ မ…… ကို ျပန္လည္ ရရွိေရးသြားေရာက္ ညိဳႏွိုင္း ေဆာင္ ရြက္ခဲ့ၾကသည္။

ဧၿပီလ(၂၀) နံနက္(၉) နာရီအခ်ိန္ခန႔္မွာ အထူးေဒသ (၄) နမ့္ပန္းေဒသ ဆက္ဆံေရး႐ုံး တာဝန္ခံ ဦးေလာ္ခ်ီ မွ မိုင္းယု စရဖ မွ တဆင့္ မ…… ကို ကယ္တင္ထားရွိတဲ့ အတြက္ လာေရာက္ ေခၚေဆာင္ေပးရန္ အေၾကာင္းၾကား ခဲ့တယ္လို႔ သိရပါတယ္။

ဧၿပီလ ၂၁ ရက္ေန႔မွာ မ….. ကို မိဘမ်ားထံ ျပန္လည္ အပ္ႏွံနိုင္ခဲ့ၿပီးေနာက္ ေခၚေဆာင္သြားသူ နမ့္ပန္းေဒသတြင္ ေနထိုင္သူ ေမာင္ယုဓ (၂၄ ႏွစ္) အား ဖမ္းဆီးခဲ့ၿပီး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၏ ဥပေဒနဲ႔အညီ ေဆာင္ရါက္သြားမည္ျဖစ္ေၾကာင္း လူကုန္ကူးမွုတားဆီးေရးရဲတပ္ဖြဲ႕မွ သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: POPOLAY
# Unicode Version ဖြင့်ဖတ်ရန် #
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် နေထိုင်သော အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား တရုပ်နိုင်ငံတွင် အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်ရန် ခေါ်ဆောင်သွားခံရပြီးနောက် ၁၅ ရက်အကြာမှာ ပြန်လည်ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် အထူးဒေသ(၄) နမ့်ပန်ဒေသတွင် နေထိုင်သူ မောင်ဓာယုဆိုသူ ရောက်လာခဲ့ပြီးနောက် အသက် ၁၅ နှစ်အရွယ် မ……. ကို တရုပ်နိုင်ငံတွင် အိမ်ဖော်အဖြစ် လုပ်ကိုင်ရန် ခေါ်ဆောင်သွားခဲ့သည်။ အဲဒီနောက်ပိုင်း လုံးဝပြန်လည် ဆက်သွယ်ခြင်းမရှိတော့သည့်အတွက် မိဘများက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့သို့ တိုင်ကြားကာ အကူညီတောင်ခံခဲ့ခြင်းဖြစ်သည်။

ဧပြီလ(၁) ရက်နေ့မှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (တာချီလိတ်)မှ တပ်ဖွဲ့စိတ်မှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်များက ကျေးရွာသူကြီး နှင့် ကလေးရဲ့ မိခင်တို့နဲ့အတူ မိုင်းယောင်း မြို့မရဲစခန်းမှူး ဒုရဲမှူး စံလင်း၊ မိုင်းယု စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ် သိန်းဇော် တို့နဲ့ ချိတ်ဆက်ပြီး အထူးဒေသ (၄) နမ့်ပန်း ဒေသ ဆက်ဆံရေးရုံး တာဝန်ခံ ဦးလော်ချီ နှင့် သွားရောက် တွေ့ဆုံကာ မ…… ကို ပြန်လည် ရရှိရေးသွားရောက် ညိုနှိုင်း ဆောင် ရွက်ခဲ့ကြသည်။

ဧပြီလ(၂၀) နံနက်(၉) နာရီအချိန်ခန့်မှာ အထူးဒေသ (၄) နမ့်ပန်းဒေသ ဆက်ဆံရေးရုံး တာဝန်ခံ ဦးလော်ချီ မှ မိုင်းယု စရဖ မှ တဆင့် မ…… ကို ကယ်တင်ထားရှိတဲ့ အတွက် လာရောက် ခေါ်ဆောင်ပေးရန် အကြောင်းကြား ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၂၁ ရက်နေ့မှာ မ….. ကို မိဘများထံ ပြန်လည် အပ်နှံနိုင်ခဲ့ပြီးနောက် ခေါ်ဆောင်သွားသူ နမ့်ပန်းဒေသတွင် နေထိုင်သူ မောင်ယုဓ (၂၄ နှစ်) အား ဖမ်းဆီးခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဥပဒေနဲ့အညီ ဆောင်ရါက်သွားမည်ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: POPOLAY
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top