iMyanmarHouse.com - Best Property Website for Myanmar
×

ေပးဆပ္ခ်စ္တာကမွ အခ်စ္စစ္လို႔ လက္ခံထားသူေတြအတြက္ေတာ့ ပိုင္ဆိုင္ရယူခြင့္မရရင္ေတာင္ အေဝးက ခ်စ္ေနတတ္ၾကပါတယ္။ ဒါေပမဲ့ ကိုယ္မခ်စ္တဲ့သူက ကိုယ့္ကို ျပန္မခ်စ္ရင္ အနည္းနဲ႔ အမ်ားေတာ့ ခံစားရမွာပါပဲ။ အထူးသျဖင့္ အခ်စ္ဆိုတာ ပိုင္ဆိုင္ရယူျခင္းလို႔ လက္ခံထားသူ အတြက္ ေတာ့ ကိုယ့္ရဲ႕ ခရက္ရွ္ ေလးက ကိုယ့္ကို ျပန္မေၾကြရင္ အသည္းကြဲတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ခရက္ရွ္က သင့္ကိုျပန္မႀကိဳက္ဘူး ဆိုရင္ အသည္း ကြဲေနမယ့္အစား အခုေဖာ္ျပေပးမယ့္ အခ်က္ေတြအတုိင္း ေျဖသိမ့္လိုက္ပါ။

(၁) အေျဖမရွာပါနဲ႔ေတာ့

သင့္ကိုျပန္မႀကိဳက္ႏုိင္တာကို လက္ခံႏုိင္ရပါမယ္။ ဘာ့ေၾကာင့္မႀကိဳက္တာလဲ၊ ငါဘာခ်ိဳ႕ယြင္းခ်က္ ရွိေနလို႔လဲ ဆိုၿပီး ေလွ်ာက္ေတြးမေနပါနဲ႔။ လူတစ္ဦးနဲ႔ တစ္ဦးက အႀကိဳက္ခ်င္းမတူတဲ့ အတြက္၊ ဒါမွမဟုတ္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ သင့္ကိုုျပန္မခ်စ္ႏုိင္တာကို အေျဖရွာေတြးၿပီး ေဆြးမေနသင့္ပါဘူး။ သူျပန္မခ်စ္တာကို အတင္း လုပ္ယူခ်စ္ခုိင္းၿပီး မရရေအာင္ ယူတာမ်ိဳး မႀကိဳးစားေတာ့ဘဲ လက္ခံႏုိင္ေအာင္ ႀကိဳးစားပါ။

(၂) ကိစၥရပ္တုိင္းနဲ႔မေရာလိုက္ပါနဲ႔

ခရက္ရွ္ကျပန္မႀကိဳက္တာနဲ႔ပဲ အရာရာတုိင္းကို အဆိုးျမင္လာတဲ့အခါ လူမႈဆက္ဆံေရးပိုင္းမွာလည္း အခက္ အခဲေတြ ျဖစ္လာႏုိင္ပါတယ္။ ဒါေၾကာင့္ ကိစၥရပ္တုိင္းကို ေရာေတြးပစ္တာမ်ိဳး မျပဳလုပ္သင့္ပါဘူး။ ခရက္ရွ္က ျပန္မခ်စ္လို႔ သူ႔ရဲ႕ သူငယ္ခ်င္းေတြကို ျပႆနာလိုက္ရွာတာ၊ သူ႔အသိုင္းအဝိုင္းကို အေႏွာင့္အယွက္ လိုက္ေပး တာက စိတ္ဓာတ္ေပ်ာ့ညံ႔သူေတြရဲ႕ လုပ္ရပ္ပါ။

(၃) အမွန္တရားကိုလက္ခံပါ

ခရက္ရွ္က ျပန္မခ်စ္လို႔ ရွက္ရြံ႕တာ၊ မာနထိခိုက္သြားတယ္ ဆိုတာမ်ိဳး အေတြးဝင္ၿပီး ေပါက္ကြဲမေနဘဲ ငိုခ်လိုက္ပါ။ တခ်ိဳ႕က အသည္းကြဲသြားတာကို ဟန္ေဆာင္ၿပီး မာနႀကီးေနတတ္ပါတယ္။ ဒါက သင့္ကို ပိုခံစားရေစပါတယ္။ ဒါေၾကာင့္ ခံစားရတဲ့အတိုင္း ငိုခ်လိုက္ၿပီး ေမ့ပစ္သင့္တာကို ေမ့လိုက္ပါေတာ့။

(၄) အေဆြးဒရာမာဇုန္ထဲကရုန္းထြက္ပါ

သူကိုယ့္ကို ျပန္မခ်စ္ႏုိင္တဲ့ အေၾကာင္းကိုပဲ မၾကာခဏ ဆိုသလို ေတြးေတာၿပီး ဝမ္းနည္းေနတဲ့ အေျခအေနကေန ရုန္းထြက္ႏုိင္ေအာင္ ႀကိဳးစားပါ။ ဒီစိတ္နဲ႔ သြား၊ ဒီစိတ္နဲ႔ စား လုပ္ေနရင္ သင့္ရဲ႕ လူမႈဆက္ဆံေရးကိုလည္း ထိခိုက္ လာႏုိင္ပါတယ္။ ဒီအေၾကာင္းအရာကိုပဲ ထပ္တလဲလဲေတြးၿပီး အေဆြးဇာတ္မခင္းခ်င္ပါနဲ႔ေနာ္။

(၅) မိမိကုိယ္ကုိယံုၾကည္မႈရွိပါ

သူက ကိုယ့္ကိုျပန္မခ်စ္ရံုနဲ႔ ဘဝပ်က္သြားတာ မဟုတ္ပါဘူး။ တျခားသူေတြကို မခ်စ္ရဲေတာ့တာမ်ိဳး၊ တစ္ေယာက္ထဲပဲ ေနေတာ့မယ္လို႔ ေတြးေနမိတယ္ဆိုရင္ေတာ့ သင္က မိမိကိုယ္ကုိယံုၾကည္မႈ ေလ်ာ့နည္း သြားတဲ့သူ ျဖစ္သြားပါၿပီ။ ဒ့ါေၾကာင့္ မိမိကိုယ္ကိုယံုၾကည္မႈ အျပည့္နဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္သာ ဘဝကိုေရွ႕ဆက္သြားပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ပေးဆပ်ချစ်တာကမှ အချစ်စစ်လို့ လက်ခံထားသူတွေအတွက်တော့ ပိုင်ဆိုင်ရယူခွင့်မရရင်တောင် အဝေးက ချစ်နေတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်မချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်ရင် အနည်းနဲ့ အများတော့ ခံစားရမှာပါပဲ။ အထူးသဖြင့် အချစ်ဆိုတာ ပိုင်ဆိုင်ရယူခြင်းလို့ လက်ခံထားသူ အတွက် တော့ ကိုယ့်ရဲ့ ခရက်ရှ် လေးက ကိုယ့်ကို ပြန်မကြွေရင် အသည်းကွဲတတ်ကြပါတယ်။ ဒါ့ကြောင့် ခရက်ရှ်က သင့်ကိုပြန်မကြိုက်ဘူး ဆိုရင် အသည်း ကွဲနေမယ့်အစား အခုဖော်ပြပေးမယ့် အချက်တွေအတိုင်း ဖြေသိမ့်လိုက်ပါ။

(၁) အဖြေမရှာပါနဲ့တော့

သင့်ကိုပြန်မကြိုက်နိုင်တာကို လက်ခံနိုင်ရပါမယ်။ ဘာ့ကြောင့်မကြိုက်တာလဲ၊ ငါဘာချို့ယွင်းချက် ရှိနေလို့လဲ ဆိုပြီး လျှောက်တွေးမနေပါနဲ့။ လူတစ်ဦးနဲ့ တစ်ဦးက အကြိုက်ချင်းမတူတဲ့ အတွက်၊ ဒါမှမဟုတ် အကြောင်း အမျိုးမျိုးကြောင့် သင့်ကိုုပြန်မချစ်နိုင်တာကို အဖြေရှာတွေးပြီး ဆွေးမနေသင့်ပါဘူး။ သူပြန်မချစ်တာကို အတင်း လုပ်ယူချစ်ခိုင်းပြီး မရရအောင် ယူတာမျိုး မကြိုးစားတော့ဘဲ လက်ခံနိုင်အောင် ကြိုးစားပါ။

(၂) ကိစ္စရပ်တိုင်းနဲ့မရောလိုက်ပါနဲ့

ခရက်ရှ်ကပြန်မကြိုက်တာနဲ့ပဲ အရာရာတိုင်းကို အဆိုးမြင်လာတဲ့အခါ လူမှုဆက်ဆံရေးပိုင်းမှာလည်း အခက် အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိစ္စရပ်တိုင်းကို ရောတွေးပစ်တာမျိုး မပြုလုပ်သင့်ပါဘူး။ ခရက်ရှ်က ပြန်မချစ်လို့ သူ့ရဲ့ သူငယ်ချင်းတွေကို ပြဿနာလိုက်ရှာတာ၊ သူ့အသိုင်းအဝိုင်းကို အနှောင့်အယှက် လိုက်ပေး တာက စိတ်ဓာတ်ပျော့ညံ့သူတွေရဲ့ လုပ်ရပ်ပါ။

(၃) အမှန်တရားကိုလက်ခံပါ

ခရက်ရှ်က ပြန်မချစ်လို့ ရှက်ရွံ့တာ၊ မာနထိခိုက်သွားတယ် ဆိုတာမျိုး အတွေးဝင်ပြီး ပေါက်ကွဲမနေဘဲ ငိုချလိုက်ပါ။ တချို့က အသည်းကွဲသွားတာကို ဟန်ဆောင်ပြီး မာနကြီးနေတတ်ပါတယ်။ ဒါက သင့်ကို ပိုခံစားရစေပါတယ်။ ဒါကြောင့် ခံစားရတဲ့အတိုင်း ငိုချလိုက်ပြီး မေ့ပစ်သင့်တာကို မေ့လိုက်ပါတော့။

(၄) အဆွေးဒရာမာဇုန်ထဲကရုန်းထွက်ပါ

သူကိုယ့်ကို ပြန်မချစ်နိုင်တဲ့ အကြောင်းကိုပဲ မကြာခဏ ဆိုသလို တွေးတောပြီး ဝမ်းနည်းနေတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်အောင် ကြိုးစားပါ။ ဒီစိတ်နဲ့ သွား၊ ဒီစိတ်နဲ့ စား လုပ်နေရင် သင့်ရဲ့ လူမှုဆက်ဆံရေးကိုလည်း ထိခိုက် လာနိုင်ပါတယ်။ ဒီအကြောင်းအရာကိုပဲ ထပ်တလဲလဲတွေးပြီး အဆွေးဇာတ်မခင်းချင်ပါနဲ့နော်။

(၅) မိမိကိုယ်ကိုယုံကြည်မှုရှိပါ

သူက ကိုယ့်ကိုပြန်မချစ်ရုံနဲ့ ဘဝပျက်သွားတာ မဟုတ်ပါဘူး။ တခြားသူတွေကို မချစ်ရဲတော့တာမျိုး၊ တစ်ယောက်ထဲပဲ နေတော့မယ်လို့ တွေးနေမိတယ်ဆိုရင်တော့ သင်က မိမိကိုယ်ကိုယုံကြည်မှု လျော့နည်း သွားတဲ့သူ ဖြစ်သွားပါပြီ။ ဒ့ါကြောင့် မိမိကိုယ်ကိုယုံကြည်မှု အပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင်သာ ဘဝကိုရှေ့ဆက်သွားပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top