×






Credit: Paung Daliy
# Unicode Version ဖြင့် ဖတ်ပါ #
၆လသ္မီးဘဝထဲကမွေးစားထားသူ အသက်၁၁ နှစ် အရွယ် ၅တန်းကျောင်းသူအား မွေးစားထားသူမှ အကြိမ်ကြိမ်မုဒိမ်းပြုကျင့်နေခဲ့ရာ ဧပြီ၁၈ရက်နေ့က
၇ ကြိမ်မြောက်ပြုကျင့်နေစဉ် မိန်းကလေး၏အဒေါ်ဖြစ်သူမှတွေ့သွားပြီးအမှုတိုင်တန်းခဲ့သည်

ပေါင်မြို့နယ်အလှပ်ကျေးရွာ ခင်တန်းပိုင်း နေ ဒေါ်စိုးမာ နှင့် မင်းဦးတို့လင်မယားက မ*****အား ၆ လသမီးထဲကမွေးစားထားသည်ဆိုသည်

၁၈ -၄ -၂၀၁၈ရက်နေ့မွန်းလွဲ၂နာရီအချိန်က အဆိုပါမိသားစုအိမ်သို့အလည်သွားခဲ့သော မချိုစန်းသည် ထမင်းစားရန်အိမ်ပေါ်မီးဖိုခန်းသို့သွားနေစဉ် မင်းဦး ၃၀နှစ် (ဘ)ဦးလှသန်း ရေလုပ်သား မှ မxxxxအားအပေါ်မှတက်ခွပြီး ကာမဆက်ဆံနေကြောင်းတွေ့ရပြီး
ခွေးမျိုးဟု အော်ဟစ်ကာ အစ်မဖြစ်သူအားခေါ်ယူပြသပီးရဲစခန်းသို့တိုင်တန်းခဲ့သည်

မxxxxအား တရားလို ဖြစ်သူ မချိုစန်းက မေးမြန်းခဲ့
စဉ် မင်းဦးသည် ယခုနှစ်ဇွန်လ ကတည်းက မိမိကို
အလိုမတူပဲ သားမယားပြုကျင့်နေခဲ့သည်မှာ ၇ ကြိမ်
ရှိပြီဟုပြန်ပြောသိရကြောင်း ရဲစခန်းတိုင်ချက်တွင်မချိုစန်းက ပြောဆိုခဲ့သည်

အဆိုပါအမှုနှင့်ပတ်သက်၍ပေါင်ရဲစခန်းမှ (ပ)၁၉၈/
၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရအမှုဖွင့်
ထားပြီးရဲအုပ်သန်းဝင်းက စစ်ဆေးနေကြောင်းသိရ

ဖိုးသူတော် (www.phothutaw.com)
Credit: Paung Daliy
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top