" ရော့ !!!! "

" ဒါက ဘာကြီးလဲ မီး "




" နင် နဲ့ ငါ ပြတ်ပြီလေ "

ငင့် !!



" ဟင် !! ကိုက ဘာလုပ်ရမှာလဲ "




ငှယ် !!


အန် !!






" မီး ... မီး .... "


" မီး ...!!!. မီး ..!!!... မီး ...!!.. မီး ....!!!
.
.
.
" !!! မီးဗျို့ !!! မီးတဲ့ဟ !! "


" !!! မီးဗျို့ မီး ....!!! "





" မသိဘူးလေ "


" အောင်မောင်း အော်တာ "




ငှယ်


ဟိုက်စကိုက်
ငါလဲ ဘာမှ မသိရ ပါလား




Credit: အွပ်တ်
# Unicode Version ဖြင့် ဖတ်ပါ #
" ရော့ !!!! "

" ဒါက ဘာကြီးလဲ မီး "

" နင် ငါ့ကို ပေးထားတဲ့ လက်ဆောင် တွေလေ "

လမ်းသွယ်ထဲ မီးမီးအေး ရဲ့ တုံ့ပြန်မှု ကြောင့် ကျနော် ဘာပြောရမှန်း မသိပဲ ဆွံ့အ သွားတယ်လေ

" မီး ဘာလို့ ဒါတွေ ပြန်လာပေး တာလဲ "

" နင် နဲ့ ငါ ပြတ်ပြီလေ "

ငင့် !!
ဘာလဲဟ ချစ်သူရည်းစားတွေ အလကား နေရင်းနဲ့ ပြတ်လို့ ရသလားဟ

" မီးရယ် ကို ဘာလုပ်နေလို့လဲ ရုတ်တရက်ကြီး "

" နင် ဘာမှ မလုပ်လို့ ပြတ်တာ "

" ဟင် !! ကိုက ဘာလုပ်ရမှာလဲ "

" ငအွပ်တ် အခုမှ လုပ်မနေနဲ့ သူများလုပ် ... အဲ ... ငါ့အခု ရည်းစား အသစ်က မြန်မာ နိုင်ငံက အကြီးဆုံး  စီမံကိန်း တစ်ခုက  ... "

" ပိုင်ရှင်လား ... မန်နေဂျာလား .... "

" ဟုတ်ဘူး ပန်းရံလုပ်သား ပါ "

ငှယ် !!

" အေး ငါသူနဲ့ ရည်းစားဖြစ်တာ ကြာနေပြီ နင့်ကို မပြောရက်လို့ "

အန် !!

" နင့်လက်ဆောင်တွေ နင်ပြန်ယူ ငါ့ကိုလဲ မေ့လိုက်တော့ "

" မီး ကိုယ့်မှာ ဘာအပြစ် ရှိလို့လဲ ကိုယ် ဘာလုပ်ပေးရမလဲ ဘာတွေ ထပ်ပြီး ဖြည့်ဆည်းပေးရ မလဲ "

" ဘာမှ မလုပ်နဲ့ ငါ့ကိုပဲ မေ့လိုက် ဒါပဲ "

" မီး ... မီး ... ကိုယ့်ကို မထားခဲ့ပါနဲ့ကွာ "

" နင် ငါ့နောက် လိုက်မလာနဲ့နော် "

" မီး ... မီး .... "

မီးမီးအေး ထွက်သွားတော့ ကျနော့ရင်တွေ ပူဆွေးသောကနဲ့ ကျန်ခဲ့တော့ ရင်ထဲက လာတဲ့ အသံနဲ့

" မီး ...!!!. မီး ..!!!... မီး ...!!.. မီး ....!!!
.
.
.
" !!! မီးဗျို့ !!! မီးတဲ့ဟ !! "

ဟာ ဘယ်က မီးလောင်ပြန်ပြီလဲ ဟ
ဒီမှာ လွမ်းလို့ ကောင်းနေတယ် ဆို

" !!! မီးဗျို့ မီး ....!!! "

ကျနော်လဲ မီးလောင်တယ် ဆိုတော့ စေတနာနဲ့ ထပ်အော်ပေး လိုက်တယ်

" !!! မီးဗျို့ မီး .!!. ရန်သူမျိုး ငါးပါးထဲက တစ်ပါး ဖြစ်တဲ့ မီးဗျို့ !!! "

လူတွေ ကြိတ်ကြိတ် တိုးပြီး ရေပုံး ရေခွက် ကိုယ်စီတွေနဲ့ တစ်ချို့က သဲအိတ် ရေအိတ်တွေ ဆွဲသူကဆွဲ တစ်ချို့က မီးချိတ် မီးကပ်တွေနဲ့ ယောက်ယက်ခတ်ကုန် တာပေါ့

" ဘယ်မှာလဲ မီးဘယ်မှာ လောင်တာလဲ "

" မသိဘူးလေ "

" ဘယ်သူက မီးလို့ အော်တာလဲ "

" အောင်မောင်း အော်တာ "

" အောင်မောင်း ဘယ်မှာလဲ မီးလောင်တဲ့ နေရာ ဘယ်နေရာမှ မီး လောင်တာလဲ မတွေ့ပါလား ဘာလို့ လျှောက်အော်တာလဲ "

" ကြာတယ် အော်တဲ့ကောင်ကို ရိုက်ဗျာ လူကို အထိတ် တလန့် လုပ်တဲ့ကောင် "

" မလုပ်ပါနဲ့ ကျနော် အော်တာ မဟုတ်ဘူး
ငအွပ်တ် အော်တာ ကြားလို့ လက်ဆင့်ကန်း အော်ပေးတာပါ "

ငှယ်

" ဘယ်ကောင် စ အော်တာလဲ သိအောင် ငအွပ်တ်ကို မေးကွာ မဟုတ်လို့ ကတော့လား "

ဟိုက်စကိုက်
ငါလဲ ဘာမှ မသိရ ပါလား

" ဟေ့ !!! ဟေ့ကောင် ငအွပ်တ် ဘယ်ပြေးတာလဲ ရပ်စမ်း "

ဟာ ... တိတ်တိတ်လေး ပြေးပါတယ်ဆို တွေ့သွား သေးတယ်
နောက်က လူအုပ်ကလဲ နွားအုပ်ကြီး လွှတ်လိုက် သလိုပဲ မပြေးရင် သေဖွယ်ပဲ ....

ငိုးမရယ် အသည်း ကွဲတာတောင် ကောင်းကောင်း မဖီးလ်ရဘူး
အော် .... မီးမီးအေး ဆိုတဲ့ မီးရယ် ခုထိ ဒုက္ခပေးနေတုန်း ပါလား

ဖိုးသူတော် (www.phothutaw.com)
Credit: အွပ်တ်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top