ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

 နိဗၺာန္ကိုရည္မွန္ျပီး တရားအားထုတ္ၾကေပမယ့္ လမ္းမွန္မဟုတ္တဲ့
နည္းစနစ္ေတြေနာက္လိုက္ရင္း အခ်ိန္ေတြ အခ်ည္းနွီးျဖစ္ေနၾကတဲ့
သူေတြကိုျမင္ေတြ႕ရေတာ့ စိတ္မေကာင္းျဖစ္မိပါတယ္။

အနိစၥ မျမင္ပဲနဲ႕ ဒုကၡသစၥာကိုမသိနိုင္ပါဘူး။ အနိစၥ သေဘာကိုမွ
မေျပာပဲ ကိေလသာပယ္ေနၾကတဲ့ ပုဂၢိဳလ္ေတြ ခပ္မ်ားမ်ားေၾကာင့္
နိဗၺာန္ရည္မွန္းပါလွ်က္နဲ႕ လမ္း အေျဖာင့္မဟုတ္။ လမ္းအေကာက္
လိုက္ေနသူေတြ ျဖစ္ေနၾကပါတယ္ဆိုတာ သိေစခ်င္မိပါတယ္။

ကံတရား အေၾကာင္းမွာ ေလ့လာတာထက္ ဥာဏ္တရားအေၾကာင္း
ကို ေလ့လာတဲ့အခါမွာ နိဗၺာန္ ေရာက္မယ့္နည္းလမ္း ဟုတ္မဟုတ္ကို
ဆန္းစစ္ေ၀ဖန္ဖို႕လိုပါတယ္။ နိဗၺာန္ဆိုတာ သတိတစ္ခုတည္းနဲ႕
ေရာက္ေအာင္သြားလို႕ရတဲ့ ေနရာ မဟုတ္ပါဘူး။ ပညာ နဲ႕သြားမွေရာက္နုိင္
ပါတယ္။ အဲ့ဒီပညာက အစစ္နဲ႕ေတြ႕မွ နိဗၺာန္ ရမွာျဖစ္ျပီး အတုအေယာင္
ေတြနဲ႕ စခန္းသြားေနရင္ လမ္းေကာက္တဲ့အတြက္ နိဗၺာန္ျမင္ခြင့္မရနိုင္ပါဘူး။

တစ္ခါတစ္ခါမွာ သမီးေတာ္က အမုန္းခံျပီးေတာ့ ေျပာတယ္။ ဆရာ၀င္လုပ္
တယ္လို႕ ထင္ၾကတယ္။ ေျပာရရင္ အလုပ္သင္ အလုပ္ေပးဆိုတဲ့တရားမွာ
ဒုကၡသစၥာကို သိေအာင္ျမင္ေအာင္ ျပဖို႕လိုပါတယ္။ သာမာန္ သိရိုးသိစဥ္
ကေလးကို နိဗၺာန္သြားတဲ့ လမ္းျပေျမပံုလို႕ လုပ္ေနျခင္းဟာ သံသရာမွာ
အရံႈးၾကီးရံႈးဖို႕ လမ္းစရွည္ဖို႕ ျဖစ္ေနပါတယ္။
သာသနာေတာ္နဲ႕ေတြ႕ခြင့္ရဖို႕ဆိုတာ အင္မတန္ခဲယဥ္းလြန္းလွပါတယ္။
သမထဟာ ကိေလသာကို ျငိမ္းတယ္ တဒဂၤသာျဖစ္တယ္။ အျမစ္ မျပတ္ဘူး။
အျမစ္မျပတ္ေတာ့ သမထ ကုသိုလ္ေလးကုန္ေတာ့ ဒိ႒ိက ဆြဲခ်တာ
ခံရတယ္။ အျမင့္ကေန ေအာက္ျပန္ေရာက္ေရာ။ စကတည္းက ခႏၶာ
ရျခင္းဆင္းရဲက လြတ္ေအာင္လုပ္ထားတာ မဟုတ္ေတာ့ ဆင္းရဲတြင္းထဲက
လြတ္ကိုမလြတ္ေသးတာ။ ဒါေၾကာင့္ အတုအေယာင္ခ်မ္းသာျခင္းေတြနဲ႕
ကုသိုလ္အရွိန္ေလးရွိတံုး ခံစား ပလႊား ေမာ္ၾကြား  ခႏၶာက ႏွိပ္စက္တာလည္း
ႏွိပ္စက္မွန္းမသိ။ ခ်မ္းသာတယ္ပဲထင္ေနၾကတယ္။အစားေကာင္းေလးစား
ေနရေတာ့ ခ်မ္းသာတယ္လို႕ ေအာင့္ေမ့တယ္။ ၀မ္းတြင္းက အနာကို
ကုစားေနရတာ၊ ဆင္းရဲပါလားလို႕ မေတြးမိတတ္ၾကဘူး။ အ၀တ္ေကာင္း
ေလး၀တ္ေနရေတာ့ ခ်မ္းသာတယ္လို႕ထင္ၾကတယ္။မိမိကိုယ္ခႏၶာ
အနာကို ပတ္တီးစည္းေပးေနရမွန္းမသိၾကဘူး။ပိုက္ဆံေလးကရွိေနေတာ့
အေကာင္းမွ စားခ်င္တယ္ အေကာင္းမွ ၀တ္ခ်င္တယ္ဆိုတဲ့ တဏွာရဲ႕
အလိုအတိုင္းျဖည့္စြက္ေနရလို႕ တဏွာ့ကၽြန္ျဖစ္လို႕ျဖစ္မွန္းလည္း
မသိၾကဘူး။

ဒါေတြဟာ ဒုကၡသစၥာေတြဆိုတာ မသိနိုင္ေအာင္ကို တဏွာကလွည့္ဖ်ားျပီး
ဒုကၡသစၥာဆိုတဲ့ အမွန္တရားကို မသိ မျမင္ေအာင္လည္း အ၀ိဇၨာက ဖံုးထား
တယ္။ဆင္းရဲျခင္းအမွန္ဆိုတဲ့ ပရမတ္သေဘာကို မသိေအာင္ ပညတ္အာရံု
လွလွေလးေတြက ဖံုးအုပ္ထားတာ။ ကာမဂုဏ္အာရံုေတြျပည့္ျပည့္စံုစံုနဲ႕
ခံစားေပ်ာ္ပါးခြင့္ရတဲ့သူကလည္း ခ်မ္းသာတယ္ဆိုျပီး ထပ္ျပီးခ်မ္းသာခ်င္တဲ့
ခံစားခ်င္တဲ့ ေလာဘ ကိေလသာမီး ေလာင္ပါတယ္။ ကာမဂုဏ္အာရံုေတြ
 ျပည့္ျပည့္စံုစံု မခံစားရတဲ့သူကလည္း ခံစားခ်င္တယ္ဆိုတဲ့ ေလာဘ။
ခံစားခြင့္မရလို႕ မေက်နပ္တဲ့ေဒါသ စသျဖင့္ ကိေလသာမီးေလာင္တယ္။
ကိေလသာမီးေလာင္တာလည္း ေလာင္မွန္းမသိၾကပါဘူး။
ငါ့ကိုယ္ ငါ့ဟာ ငါမွ ငါ ဆိုတဲ့ ဒိ႒ိ တဏွာ မာန တရားေတြကလည္း
အလြန္တရာမွ ၾကီးစိုးၾကပါတယ္။သူက ဘာမို႕လို႕လဲဆိုရင္ ငါမွငါလို႕
ေတြးထင္တဲ့ မာနၾကီးက ၀င္ေနျပီ။ သူသိတာေလာက္မ်ား သူရွိတာ
ေလာက္မ်ားလို႕ ေတြးမိျပန္ေတာ့ ငါ့ဟာမွ ပိုေကာင္းတယ္လို႕
အထင္ေရာက္တဲ့ တဏွာက ၾကီးစိုးျပန္ေရာ။
ကိုယ့္ကိုကိုယ္ ခင္တြယ္တဲ့စိတ္က အရင္းခံျပီး ျဖစ္ေနၾကတဲ့ အယူအဆ
ေတြနဲ႕ တထီး တနန္းရွိေနၾကျပန္ပါတယ္။ သမီးေတာ္မွာေကာ
အဲ့ဒီ စိတ္ မရွိဘူးလားလို႕ ေမးပါ။ ရွိတယ္လို႕ အမွန္အတိုင္း၀န္ခံပါ့မယ္။
တဏွာသံုးမ်ိဳးရွိပါတယ္။ ကာမတဏွာ။ ဘ၀ တဏွာ။ ၀ိဘ၀တဏွာ ရယ္လို႕
သံုးမ်ိဳးစလံုး ဘယ္တဏွာမွ မပါယ္ရ မသတ္ရေသးပါဘူး။
ကာမဂုဏ္ အာရံုေတြကိုခံစားခ်င္တဲ့ ကာမတဏွာ ။ နတ္ျပည္ ျဗဟၼာ့ျပည္မွာ
စံစားလိုတဲ့ ဘ၀ တဏွာ။ ပတ္၀န္းက်င္မွာ အနိ႒ာရံုေတြျမင္ရဖန္မ်ားရင္
မိမိ ကိုယ္ခႏၶာက ႏွိပ္စက္မႈမ်ားရင္ ခႏၶာရျခင္းဆင္းရဲက လြတ္ေျမာက္ရင္
ေကာင္းမွာပဲဆိုတဲ့ ေဒါမနႆ ေ၀ဒနာက ဆင္းသက္လာတဲ့ ၀ိဘ၀တဏွာ
စသျဖင့္ တဏွာ သံုးပါးလံုး အကုန္ျဖစ္ပါတယ္။

ဘာသာတရားကိုေလ့လာတာဟာ စိတ္၀င္စားလို႕ ေလ့လာတာပါ။
ဘာေၾကာင့္စိတ္၀င္စားသလဲဆိုရင္  နက္နဲျပီး ဆန္းၾကယ္ လို႕။
တရားအားထုတ္က်င့္ၾကံလို႕ ေသာတာပန္တည္သြားတယ္။ ကိေလသာ
အျမစ္ျပတ္ပယ္တယ္ ဆိုတာ ဘယ္ဘာသာမွာမွ မရွိတဲ့ အင္မတန္
ဆန္းၾကယ္တဲ့ ဘာသာရပ္ျဖစ္လို႕ စိတ္၀င္စားတာပါ။ ဟိုးငယ္ငယ္ကတည္းက
အေဖက ေျပာျပေလ့ရွိပါတယ္။ အနာထပိဏ္ သူေ႒းၾကီးတို႕၊ ၀ိသာခါ
ေက်ာင္းအမၾကီးတို႕ဟာ ေသာတာပန္ေတြဆိုျပီး ဓမၼနဲ႕ရင္းႏွီးခြင့္ေပးခဲ့
ပါတယ္။ ဘာေၾကာင့္ ေသာတာပန္တည္တယ္ဆိုတာ ေသာတာပန္
တည္ေအာင္ဘယ္လိုလုပ္ရတယ္ ဆိုတာကိုေတာ့ အခ်ိန္အေတာ္
ၾကာေအာင္ ေလ့လာျပီးမွ နားလည္ခဲ့ရပါတယ္။ နားလည္ခြင့္ သိခြင့္ရေတာ့
၀မ္းေျမာက္၀မ္းသာျဖစ္လြန္းလို႕ ဒီနည္းလမ္းကိုသင္ၾကားဆံုးမ လမ္းညႊန္တဲ့
ဆရာကို ၾကည္ညိဳမဆံုးနိုင္ေအာင္ျဖစ္ခဲ့ရတယ္။

နားလည္ေအာင္သင္ၾကားဆံုးမလမ္းညႊန္တဲ့ ဆရာသမားရဲ႕ ေက်းဇူးကို
ဒီေလာက္သိရင္ သစၥာသိျမင္ေအာင္ ေလးသေခၤ်နဲ႕ကမ ၻာတစ္သိန္းတိုင္ေအာင္
ပါရမီေတာ္ျဖည့္က်င့္ခဲ့တဲ့ သေဗၺညုတဥာဏ္ရွင္ ျမတ္စြာဘုရား ေက်းဇူးေတာ္
ဆိုတာ ႏိႈင္းယွဥ္လို႕မရေအာင္ကိုၾကီးမားလွပါတယ္။ ဆရာသမားရဲ႕ေက်းဇူး
ေၾကာင့္ သစၥာသိခဲ့တဲ့သူဟာ အဲ့ဒီ ဆရာသမားကို သိတ္ျပီးေတာ့ ၾကည္ညို
ၾကတာ။ အဲ့ဒီလိုၾကည္ညိဳတာကို တခ်ိဳ႕က ဆရာစြဲတယ္လို႕ ယူဆၾကတာ
ရွိေသးတယ္။ ကိုယ္တိုင္ သစၥာသိေအာင္အားထုတ္ျပီးမွ ဆရာသမားရဲ႕
ေက်းဇူးကို ပိုျပီးေလးေလးနက္နက္ ျမတ္ျမတ္နိုးနိုးၾကည္ညိဳလာၾကတာပါ။
ရွင္သာရိပုတၱရာကိုယ္ေတာ္ၾကီးဆိုရင္ ညဘက္အိပ္ယာ၀င္တိုင္း
လက္ဦးဆရာျဖစ္တဲ့ ရွင္အႆဇိ ရွိရာ အရပ္ကို ဦးတည္ျပီး ရွိခိုးဦးခ်ပါတယ္။
ရွည္လ်ားလြန္းလွတဲ့သံသရာမွာ သစၥာမသိခဲ့ၾကလို႕လည္း ခုခ်ိန္ထိ
ခႏၶာရဲ႕ ႏွိပ္စက္မႈေအာက္မွာ ထြန္႕ထြန္႕လူးေအာင္ ခံစားၾကရတာ
မဟုတ္လား။သစၥာသိဖို႕ဆိုတာ လြယ္တဲ့ကိစၥမဟုတ္သလို
လြယ္လြန္းလို႕မသိတာလို႕လည္းေျပာလို႕ရတဲ့ကိစၥလည္းျဖစ္တယ္။
ခႏၶာရဲ႕သေဘာသြားမွာ လကၡဏာရပ္ ႏွစ္ခ်က္ရွိပါတယ္။
လူေတြက ခပ္လြယ္လြယ္သိနိုင္တာဆိုလို႕ သဘာ၀လကၡဏာကို
သိၾကတယ္။ သာမည လကၡဏာကိုေတာ့ မသိၾကဘူး။
စာရဲ႕ သေဘာမွာေတာ့ ခႏၶာျဖစ္တိုင္းျဖစ္တိုင္းမွာ ပ်က္တယ္လို႕
ဆိုထားေတာ့ ျဖစ္ျပီးရင္ ပ်က္တယ္လို႕ အမွတ္သညာအားျဖင့္
သင္ယူတတ္ေျမာက္ၾကပါတယ္။ ဒါေပမယ့္ တကယ္တမ္း အပ်က္ကို
ျမင္ေအာင္ရႈတတ္ဖို႕ဆိုရင္ သမာဓိလိုပါတယ္။ တည္တည္ျငိမ္ျငိမ္နဲ႕
ခႏၶာရဲ႕ သေဘာကို ရႈမွတ္နိုင္ဖို႕ပါ။သမထယာနိက လမ္းစဥ္နဲ႕
သြားမယ္ဆိုရင္လည္း ၀ိပႆနာကို ရႈမွတ္မႈ အမွန္ သေဘာေပါက္ထားဖို႕
လိုပါတယ္။ မိမိက သမထေတြအားေကာင္းလို႕ တည္တည္ၾကည္ၾကည္
ျဖစ္ေနေပမယ့္ ၀ိပႆနာကို မကူးတတ္ရင္ နိဗၺာန္ကို မ်က္ေမွာက္ျပဳနိုင္
အံုးမွာ မဟုတ္ပါဘူး။

သစၥာသိျမင္ကၽြတ္တမ္း၀င္တယ္လို႕ ဆိုထားေလေတာ့သစၥာ ကို
တကယ္သိေအာင္ လုပ္ရမွာပါ။ သစၥာ ေလးပါးရွိတယ္ ဘယ္သစၥာကို
သိရမွာလဲ။သိရမွာက ဒုကၡသစၥာလို႕ ဆိုထားေတာ့  ဒုကၡသစၥာဆိုတာ
ဘယ္လိုမ်ိဳးကိုေခၚတာလဲ ။ ဒုကၡသစၥာဆိုတာ သေဘာေပါက္
ဖို႕အတြက္ ဆရာသမားက ေကာင္းစြာသင္ျပတာကို ဥာဏ္က်ယ္က်ယ္
ထားျပီး စူးစူးစိုက္စိုက္ ျမင္ေအာင္ၾကည့္တတ္ရပါမယ္။

ဒုကၡသစၥာကို သိဖို႕အတြက္ ထင္ရွားရာ အာရံုျဖစ္တဲ့ ႏွာသီးဖ်ားက
၀င္ေလ ထြက္ေလကို စူးစိုက္ျပီး ရႈမွတ္ၾကည့္ရေအာင္။
၀င္ေလေလး၀င္တဲ့အခါ သူ၀င္နို္င္တဲ့အတိုင္းအတာထက္ပိုျပီး
ဆက္မ၀င္ဘူး။ ရပ္သြားတယ္။ ရပ္သြားျပီးရင္ ထြက္ေလ ရိႈက္ထုတ္
ပါတယ္။ ထြက္ေလ ရိႈက္ထုတ္တာလည္း အတိုင္းအတာတစ္ခုထိပဲ။
ရပ္သြားတယ္။ ၀င္ေလ ေနာက္အသစ္တစ္ခု အစားထိုးပါတယ္။
ျပီးရင္ ရပ္သြားတယ္။ ထြက္ေလ ေနာက္အသစ္တစ္ခု အစားထိုးတယ္။
ျပီးရင္ ရပ္သြားတယ္။ ၀င္ေလပဲ အျမဲျဖစ္မေနနိုင္သလို ထြက္ေလပဲ
အျမဲျဖစ္မေနနိုင္ဘူး။ ၀င္ေလနဲ႕ ထြက္ေလၾကားမွာ ျခားေနတာရွိတယ္။
အဲ့ဒီၾကားက ျခားေနတဲ့ သေဘာေလးကိုျမင္ေအာင္ၾကည့္ရမွာ။
၀င္ေလ အဆံုးသတ္သြားတဲ့အခ်ိန္ ၀င္ေလ ရပ္သြားတဲ့အခ်ိန္ကို
မိမိရရ ဥာဏ္နဲ႕ေစာင့္ၾကည့္အကဲခတ္တတ္ဖို႕ အေရးအၾကီးဆံုးပဲ။
၀င္ေလက အျဖစ္၊ ၀င္ေလ အဆံုးသတ္သြားတာ အပ်က္။ ၀င္ေလ
ပ်က္သြားတာ ကုန္သြားတာ ဆံုးသြားတာ။ အဲ့ဒီေတာ့ ျဖစ္လာတဲ့
၀င္ေလက ျဖစ္ျပီးခဏမွာပဲ ပ်က္သြားတယ္။ မျမဲဘူး။ မျမဲတာ
အနိစၥ။ အနိစၥလို႕ သိလိုက္ပါ။ မျမဲျခင္းေၾကာင့္ ဆင္းရဲတယ္။
ျမဲတဲ့သေဘာမဟုတ္လို႕ ဆင္းရဲတာ။ ၀င္ေလဆံုးျပီးေတာ့
ထြက္ေလျဖစ္ျပန္တယ္။ ထြက္ေလကလည္း ဆံုးသြားတယ္။
မျမဲဘူး။ မျမဲတာ အနိစၥ။ မျမဲလို႕ ဆင္းရဲတာ။ ဆင္းရဲတာက ဒုကၡ
သစၥာက အမွန္။ ဒုကၡသစၥာ။ မျမဲဘူးလို႕ သိသိေနတာ။
ျဖစ္ခဏမွာ ပ်က္ ပ်က္သြားတာ အနိစၥသေဘာကိုသိေနတာသည္
ဒုကၡသစၥာကိုသိေနတာ။ ဒါက သိရမယ့္ ဒုကၡသစၥာ။
အဲ့ဒီ သိရမယ့္ ဒုကၡသစၥာကို အတင္းၾကီးလိုက္ရွာျပီး သိရမွာ
မဟုတ္ဘူး။ အျဖစ္ သေဘာေလး ပ်က္သြားတာကို သိျခင္းသည္ပင္
ဒုကၡသစၥာကိုသိျခင္းပဲ ျဖစ္ပါတယ္။မျမဲလို႕ ဆင္းရဲတာ။
တည္တန္႕ခိုင္ျမဲခ်င္သလား ပ်က္စီးခ်င္သလား။
အားလံုးကေတာ့ တည္တန္႕ခိုင္ျမဲခ်င္တယ္။ ဒါေပမယ့္ ပ်က္စီးတယ္။
ပ်က္စီးျပီးေတာ့ ျပီးသြားသလား။ မျပီးဘူး ထပ္ျပီး ျဖစ္ေပၚလာတယ္။
ထပ္ျပီးျဖစ္ေပၚလာေတာ့ တည္တန္႕သလား။ မဟုတ္ဘူး။
ပ်က္စီးသြားတယ္။ ဒါျဖင့္ေပၚလာသမွ် ပ်က္စီးဖို႕ၾကီးပဲျဖစ္ေနေတာ့
ဆင္းရဲတာေပါ့။ ဆင္းရဲတာကို ဒုကၡသစၥာလို႕ေခၚတာ။ မျမဲပဲ ပ်က္စီးလို႕
ဒုကၡသစၥာ။ မျမဲတဲ့ သေဘာကိုသိျခင္းသည္ ဒုကၡသစၥာကိုသိျခင္း။
သိရမယ့္ တရားသည္ ဒုကၡသစၥာ။  ဒီေတာ့ ဒုကၡသစၥာတမင္တကာရွာဖို႕
လိုသလား ဆိုေတာ့ မလိုဘူး။ သူသေဘာ သူေဆာင္ျပီး ျဖစ္ျပ ပ်က္ျပတာကို
ဒီတိုင္းေစာင့္ၾကည့္ေနရံုပဲ။ ဘာမွ မခက္ဘူး။ ခက္တာက သမာဓိ မတည္ရင္
ခက္တာ။ သူ႕သေဘာေလးကိုေစာင့္ၾကည့္ရမယ့္အစား အာရံုက ျပန္႕လႊင့္
သြားျခင္းပဲ။ ျပန္႕လႊင့္သြားတဲ့အာရံုကို ျပန္႕လႊင့္တယ္လို႕ သိရင္ ျပန္႕လြင့္တဲ့
အာရံုကေလးပ်က္သြားတယ္။ကိုယ္က ဖ်က္ဆီးလိုက္တာ မဟုတ္ဘူး။
သိ တဲ့ ဥာဏ္ကေလး၀င္လိုက္တာနဲ႕ ျပန္႕လႊင့္တဲ့စိတ္ကေလးက
ေနရာဖယ္ေပးရေတာ့ ျပန္႕လႊင့္တဲ့စိတ္က ပ်က္တာ။ ျပန္႕လႊင့္တဲ့စိတ္ရဲ႕
သေဘာေလးကို ဥာဏ္နဲ႕ သိရမွာ။ ေရွ႕စိတ္ကို ေနာက္စိတ္နဲ႕ ရႈလို႕
ဆိုရာမွာ ေရွ႕စိတ္ကိုေနာက္စိတ္က ရႈလို႕ ရတာမဟုတ္ဘူး။
ေနာက္စိတ္ကေလး၀င္လာတာနဲ႕ ေရွ႕စိတ္က ေပ်ာက္သြားျပီ။
ျဖစ္ျပီးသြားျပီ ။ မရွိေတာ့ဘူး။ မရွိေတာ့တာကို ေနာက္စိတ္နဲ႕ ရႈလို႕
မရဘူး။ ေျပာင္းလဲတဲ့သေဘာေလး ။ ပ်က္စီးသြားတဲ့သေဘာေလး။
မျမဲတဲ့သေဘာေလး ။ အဲ့ဒါကိုသိရမွာ။ စိတ္တစ္ခုျဖစ္တယ္။ ျဖစ္သြားတာကို
သိလိုက္တယ္။ သိလိုက္တဲ့အခ်ိန္မွာ အဲ့ဒီစိတ္က မရွိေတာ့ဘူး။
ခ်ဳပ္သြားျပီ ၊ ပ်က္သြားျပီ ။ ကုန္သြားျပီ ။ အဲ့ဒီစိတ္ကိုသိတယ္ဆိုတာ
လြန္သြားျပီးမွ သိတာ ။ ဒါေၾကာင့္ ပ်က္တဲ့သေဘာေလး ။ေျပာင္းလဲတဲ့
သေဘာေလး ၊ ကုန္တဲ့သေဘာေလးကိုသာသိနိုင္တာပါ။
အနိစၥသေဘာေလးေတြကိုသိေနျခင္းဟာ ဒုကၡသစၥာကို သိျခင္း။
အနိစၥသေဘာေလးေတြကိုပဲ ဥာဏ္နဲ႕သိေနျခင္းကိုက ဒုကၡသစၥာကို
သိျခင္း။ ဒုကၡသစၥာသိေနျခင္းဟာ မဂၢသစၥာ။  မွန္ကန္တဲ့
လမ္းမွန္အတိုင္း က်င့္ၾကံေနျခင္း။ မွန္ကန္တဲ့ နည္းလမ္းနဲ႕ က်င့္ၾကံ
ေနတဲ့အခ်ိန္မွာ လိုခ်င္တယ္ ရခ်င္တယ္ ျဖစ္ခ်င္တယ္ စသျဖင့္
ကိေလသာစိတ္ေတြမ၀င္ေတာ့ပဲ ခ်ဳပ္ေနျငိမ္းေနတယ္။
ကိေလသာ ခ်ဳပ္ျငိမ္းေနျခင္းသည္ နိေရာဓ သစၥာ။
လိုခ်င္တယ္ ရခ်င္တယ္ ျဖစ္ခ်င္တယ္ဆိုတဲ့ ကိေလသာေတြက
သမုဒယသစၥာ။ ဒုကၡသစၥာကိုသိေနတဲ့အခ်ိန္မွာ သမုဒယသစၥာ
မ၀င္နိုင္တဲ့အတြက္ သမုဒယသစၥာကို ပယ္ျပီးျဖစ္တယ္။
ဒီေတာ့ သိ ပယ္ ဆိုက္ ပြား ဆိုတာ
ဒုကၡသစၥာကို သိေနတဲ့အခ်ိန္မွာ သမုဒယသစၥာက အလိုလိုပယ္ျပီးသားျဖစ္တယ္။
သမုဒယသစၥာကို ပယ္ထားေတာ့ ကိေလသာခ်ဳပ္ျငိမ္းေနလို႕ နိေရာဓသစၥာ
ဆိုက္ေရာက္ေနတာျဖစ္တယ္။ နိေရာဓသစၥာဆိုက္ေရာက္ျခင္းဟာ
မဂၢသစၥာကို ပြားမ်ားအားထုတ္လို႕ျဖစ္တယ္ ဆိုတာပါပဲ။
ဒီေတာ့
သိ  ဒုကၡ သစၥာ
ပယ္ သမုဒယသစၥာ
ဆိုက္ နိေရာဓသစၥာ
ပြား မဂၢသစၥာ
သိပယ္ဆိုက္ပြားဆိုတဲ့ သစၥာေလးခ်က္နဲ႕ ကိုက္ညီေနသမွ်
ဥာဏ္မ်က္လံုးေပၚက ကိေလသာ အလႊာေလးေတြကို
ဆြဲခြာေနတာျဖစ္တယ္။ ဥာဏ္အားေကာင္းစြာ ၾကိဳးစားရင္
၀ီရိယစိုက္ထုတ္ရင္ သိပယ္ဆိုက္ပြားဆိုတဲ့ ပညာနဲ့ ျပည့္စံုေနရင္
ပထမတစ္လႊာခြာခ်လို႕ ေအာင္ျမင္တာနဲ႕ နိဗၺာန္ကိုမ်က္ေမွာက္ျပဳျပီ။
အပါယ္တံခါးပိတ္ျပီ။

အဲ့ဒီ အပါယ္တံခါးပိတ္ဖို႕အတြက္ သိရမွာက ဒုကၡသစၥာ။
အဲ့ဒီ ဒုကၡသစၥာဆိုတာ  အနိစၥသေဘာကိုရႈျမင္သိျခင္းပါပဲ။
အနိစၥ သေဘာကို တစ္ခ်က္ကေလးသိလိုက္ျခင္းဟာ
သစၥာေလးခ်က္နဲ႕ ကိုက္ညီပါတယ္။
အနိစၥဆိုတဲ့သေဘာေလး တစ္ခ်က္ကိုသာထိထိမိမိသိဖို႕လိုပါတယ္။
တျခားဘာမွ လိုက္သိေနစရာမလိုေတာ့ပါဘူး။
အနိစၥသေဘာကို နက္နဲစြာ နားလည္သေဘာေပါက္ျပီးရင္ေတာ့
နိဗၺာန္စခန္းကို တက္လွမ္းေရာက္ရွိဖို႕သာရွိပါေတာ့တယ္။

သစၥာသိျမင္ နိဗၺာန္၀င္နိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: တတိယေျမာက္သမီးေတာ္
# Unicode Version ျဖင့္ ဖတ္ပါ #
 နိဗ္ဗာန်ကိုရည်မှန်ပြီး တရားအားထုတ်ကြပေမယ့် လမ်းမှန်မဟုတ်တဲ့
နည်းစနစ်တွေနောက်လိုက်ရင်း အချိန်တွေ အချည်းနှီးဖြစ်နေကြတဲ့
သူတွေကိုမြင်တွေ့ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။


အနိစ္စ မမြင်ပဲနဲ့ ဒုက္ခသစ္စာကိုမသိနိုင်ပါဘူး။ အနိစ္စ သဘောကိုမှ
မပြောပဲ ကိလေသာပယ်နေကြတဲ့ ပုဂ္ဂိုလ်တွေ ခပ်များများကြောင့်
နိဗ္ဗာန်ရည်မှန်းပါလျှက်နဲ့ လမ်း အဖြောင့်မဟုတ်။ လမ်းအကောက်
လိုက်နေသူတွေ ဖြစ်နေကြပါတယ်ဆိုတာ သိစေချင်မိပါတယ်။

ကံတရား အကြောင်းမှာ လေ့လာတာထက် ဉာဏ်တရားအကြောင်း
ကို လေ့လာတဲ့အခါမှာ နိဗ္ဗာန် ရောက်မယ့်နည်းလမ်း ဟုတ်မဟုတ်ကို
ဆန်းစစ်ဝေဖန်ဖို့လိုပါတယ်။ နိဗ္ဗာန်ဆိုတာ သတိတစ်ခုတည်းနဲ့
ရောက်အောင်သွားလို့ရတဲ့ နေရာ မဟုတ်ပါဘူး။ ပညာ နဲ့သွားမှရောက်နိုင်
ပါတယ်။ အဲ့ဒီပညာက အစစ်နဲ့တွေ့မှ နိဗ္ဗာန် ရမှာဖြစ်ပြီး အတုအယောင်
တွေနဲ့ စခန်းသွားနေရင် လမ်းကောက်တဲ့အတွက် နိဗ္ဗာန်မြင်ခွင့်မရနိုင်ပါဘူး။

တစ်ခါတစ်ခါမှာ သမီးတော်က အမုန်းခံပြီးတော့ ပြောတယ်။ ဆရာဝင်လုပ်
တယ်လို့ ထင်ကြတယ်။ ပြောရရင် အလုပ်သင် အလုပ်ပေးဆိုတဲ့တရားမှာ
ဒုက္ခသစ္စာကို သိအောင်မြင်အောင် ပြဖို့လိုပါတယ်။ သာမာန် သိရိုးသိစဉ်
ကလေးကို နိဗ္ဗာန်သွားတဲ့ လမ်းပြမြေပုံလို့ လုပ်နေခြင်းဟာ သံသရာမှာ
အရှုံးကြီးရှုံးဖို့ လမ်းစရှည်ဖို့ ဖြစ်နေပါတယ်။
သာသနာတော်နဲ့တွေ့ခွင့်ရဖို့ဆိုတာ အင်မတန်ခဲယဉ်းလွန်းလှပါတယ်။
သမထဟာ ကိလေသာကို ငြိမ်းတယ် တဒင်္ဂသာဖြစ်တယ်။ အမြစ် မပြတ်ဘူး။
အမြစ်မပြတ်တော့ သမထ ကုသိုလ်လေးကုန်တော့ ဒိဋ္ဌိက ဆွဲချတာ
ခံရတယ်။ အမြင့်ကနေ အောက်ပြန်ရောက်ရော။ စကတည်းက ခန္ဓာ
ရခြင်းဆင်းရဲက လွတ်အောင်လုပ်ထားတာ မဟုတ်တော့ ဆင်းရဲတွင်းထဲက
လွတ်ကိုမလွတ်သေးတာ။ ဒါကြောင့် အတုအယောင်ချမ်းသာခြင်းတွေနဲ့
ကုသိုလ်အရှိန်လေးရှိတုံး ခံစား ပလွှား မော်ကြွား  ခန္ဓာက နှိပ်စက်တာလည်း
နှိပ်စက်မှန်းမသိ။ ချမ်းသာတယ်ပဲထင်နေကြတယ်။အစားကောင်းလေးစား
နေရတော့ ချမ်းသာတယ်လို့ အောင့်မေ့တယ်။ ဝမ်းတွင်းက အနာကို
ကုစားနေရတာ၊ ဆင်းရဲပါလားလို့ မတွေးမိတတ်ကြဘူး။ အဝတ်ကောင်း
လေးဝတ်နေရတော့ ချမ်းသာတယ်လို့ထင်ကြတယ်။မိမိကိုယ်ခန္ဓာ
အနာကို ပတ်တီးစည်းပေးနေရမှန်းမသိကြဘူး။ပိုက်ဆံလေးကရှိနေတော့
အကောင်းမှ စားချင်တယ် အကောင်းမှ ဝတ်ချင်တယ်ဆိုတဲ့ တဏှာရဲ့
အလိုအတိုင်းဖြည့်စွက်နေရလို့ တဏှာ့ကျွန်ဖြစ်လို့ဖြစ်မှန်းလည်း
မသိကြဘူး။

ဒါတွေဟာ ဒုက္ခသစ္စာတွေဆိုတာ မသိနိုင်အောင်ကို တဏှာကလှည့်ဖျားပြီး
ဒုက္ခသစ္စာဆိုတဲ့ အမှန်တရားကို မသိ မမြင်အောင်လည်း အဝိဇ္ဇာက ဖုံးထား
တယ်။ဆင်းရဲခြင်းအမှန်ဆိုတဲ့ ပရမတ်သဘောကို မသိအောင် ပညတ်အာရုံ
လှလှလေးတွေက ဖုံးအုပ်ထားတာ။ ကာမဂုဏ်အာရုံတွေပြည့်ပြည့်စုံစုံနဲ့
ခံစားပျော်ပါးခွင့်ရတဲ့သူကလည်း ချမ်းသာတယ်ဆိုပြီး ထပ်ပြီးချမ်းသာချင်တဲ့
ခံစားချင်တဲ့ လောဘ ကိလေသာမီး လောင်ပါတယ်။ ကာမဂုဏ်အာရုံတွေ
 ပြည့်ပြည့်စုံစုံ မခံစားရတဲ့သူကလည်း ခံစားချင်တယ်ဆိုတဲ့ လောဘ။
ခံစားခွင့်မရလို့ မကျေနပ်တဲ့ဒေါသ စသဖြင့် ကိလေသာမီးလောင်တယ်။
ကိလေသာမီးလောင်တာလည်း လောင်မှန်းမသိကြပါဘူး။
ငါ့ကိုယ် ငါ့ဟာ ငါမှ ငါ ဆိုတဲ့ ဒိဋ္ဌိ တဏှာ မာန တရားတွေကလည်း
အလွန်တရာမှ ကြီးစိုးကြပါတယ်။သူက ဘာမို့လို့လဲဆိုရင် ငါမှငါလို့
တွေးထင်တဲ့ မာနကြီးက ဝင်နေပြီ။ သူသိတာလောက်များ သူရှိတာ
လောက်များလို့ တွေးမိပြန်တော့ ငါ့ဟာမှ ပိုကောင်းတယ်လို့
အထင်ရောက်တဲ့ တဏှာက ကြီးစိုးပြန်ရော။
ကိုယ့်ကိုကိုယ် ခင်တွယ်တဲ့စိတ်က အရင်းခံပြီး ဖြစ်နေကြတဲ့ အယူအဆ
တွေနဲ့ တထီး တနန်းရှိနေကြပြန်ပါတယ်။ သမီးတော်မှာကော
အဲ့ဒီ စိတ် မရှိဘူးလားလို့ မေးပါ။ ရှိတယ်လို့ အမှန်အတိုင်းဝန်ခံပါ့မယ်။
တဏှာသုံးမျိုးရှိပါတယ်။ ကာမတဏှာ။ ဘ၀ တဏှာ။ ဝိဘဝတဏှာ ရယ်လို့
သုံးမျိုးစလုံး ဘယ်တဏှာမှ မပါယ်ရ မသတ်ရသေးပါဘူး။
ကာမဂုဏ် အာရုံတွေကိုခံစားချင်တဲ့ ကာမတဏှာ ။ နတ်ပြည် ဗြဟ္မာ့ပြည်မှာ
စံစားလိုတဲ့ ဘ၀ တဏှာ။ ပတ်ဝန်းကျင်မှာ အနိဋ္ဌာရုံတွေမြင်ရဖန်များရင်
မိမိ ကိုယ်ခန္ဓာက နှိပ်စက်မှုများရင် ခန္ဓာရခြင်းဆင်းရဲက လွတ်မြောက်ရင်
ကောင်းမှာပဲဆိုတဲ့ ဒေါမနဿ ဝေဒနာက ဆင်းသက်လာတဲ့ ဝိဘဝတဏှာ
စသဖြင့် တဏှာ သုံးပါးလုံး အကုန်ဖြစ်ပါတယ်။

ဘာသာတရားကိုလေ့လာတာဟာ စိတ်ဝင်စားလို့ လေ့လာတာပါ။
ဘာကြောင့်စိတ်ဝင်စားသလဲဆိုရင်  နက်နဲပြီး ဆန်းကြယ် လို့။
တရားအားထုတ်ကျင့်ကြံလို့ သောတာပန်တည်သွားတယ်။ ကိလေသာ
အမြစ်ပြတ်ပယ်တယ် ဆိုတာ ဘယ်ဘာသာမှာမှ မရှိတဲ့ အင်မတန်
ဆန်းကြယ်တဲ့ ဘာသာရပ်ဖြစ်လို့ စိတ်ဝင်စားတာပါ။ ဟိုးငယ်ငယ်ကတည်းက
အဖေက ပြောပြလေ့ရှိပါတယ်။ အနာထပိဏ် သူေဋ္ဌးကြီးတို့၊ ဝိသာခါ
ကျောင်းအမကြီးတို့ဟာ သောတာပန်တွေဆိုပြီး ဓမ္မနဲ့ရင်းနှီးခွင့်ပေးခဲ့
ပါတယ်။ ဘာကြောင့် သောတာပန်တည်တယ်ဆိုတာ သောတာပန်
တည်အောင်ဘယ်လိုလုပ်ရတယ် ဆိုတာကိုတော့ အချိန်အတော်
ကြာအောင် လေ့လာပြီးမှ နားလည်ခဲ့ရပါတယ်။ နားလည်ခွင့် သိခွင့်ရတော့
ဝမ်းမြောက်ဝမ်းသာဖြစ်လွန်းလို့ ဒီနည်းလမ်းကိုသင်ကြားဆုံးမ လမ်းညွှန်တဲ့
ဆရာကို ကြည်ညိုမဆုံးနိုင်အောင်ဖြစ်ခဲ့ရတယ်။

နားလည်အောင်သင်ကြားဆုံးမလမ်းညွှန်တဲ့ ဆရာသမားရဲ့ ကျေးဇူးကို
ဒီလောက်သိရင် သစ္စာသိမြင်အောင် လေးသင်္ချေနဲ့ကမ ္ဘာတစ်သိန်းတိုင်အောင်
ပါရမီတော်ဖြည့်ကျင့်ခဲ့တဲ့ သဗ္ဗေညုတဉာဏ်ရှင် မြတ်စွာဘုရား ကျေးဇူးတော်
ဆိုတာ နှိုင်းယှဉ်လို့မရအောင်ကိုကြီးမားလှပါတယ်။ ဆရာသမားရဲ့ကျေးဇူး
ကြောင့် သစ္စာသိခဲ့တဲ့သူဟာ အဲ့ဒီ ဆရာသမားကို သိတ်ပြီးတော့ ကြည်ညို
ကြတာ။ အဲ့ဒီလိုကြည်ညိုတာကို တချို့က ဆရာစွဲတယ်လို့ ယူဆကြတာ
ရှိသေးတယ်။ ကိုယ်တိုင် သစ္စာသိအောင်အားထုတ်ပြီးမှ ဆရာသမားရဲ့
ကျေးဇူးကို ပိုပြီးလေးလေးနက်နက် မြတ်မြတ်နိုးနိုးကြည်ညိုလာကြတာပါ။
ရှင်သာရိပုတ္တရာကိုယ်တော်ကြီးဆိုရင် ညဘက်အိပ်ယာဝင်တိုင်း
လက်ဦးဆရာဖြစ်တဲ့ ရှင်အဿဇိ ရှိရာ အရပ်ကို ဦးတည်ပြီး ရှိခိုးဦးချပါတယ်။
ရှည်လျားလွန်းလှတဲ့သံသရာမှာ သစ္စာမသိခဲ့ကြလို့လည်း ခုချိန်ထိ
ခန္ဓာရဲ့ နှိပ်စက်မှုအောက်မှာ ထွန့်ထွန့်လူးအောင် ခံစားကြရတာ
မဟုတ်လား။သစ္စာသိဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်သလို
လွယ်လွန်းလို့မသိတာလို့လည်းပြောလို့ရတဲ့ကိစ္စလည်းဖြစ်တယ်။
ခန္ဓာရဲ့သဘောသွားမှာ လက္ခဏာရပ် နှစ်ချက်ရှိပါတယ်။
လူတွေက ခပ်လွယ်လွယ်သိနိုင်တာဆိုလို့ သဘာဝလက္ခဏာကို
သိကြတယ်။ သာမည လက္ခဏာကိုတော့ မသိကြဘူး။
စာရဲ့ သဘောမှာတော့ ခန္ဓာဖြစ်တိုင်းဖြစ်တိုင်းမှာ ပျက်တယ်လို့
ဆိုထားတော့ ဖြစ်ပြီးရင် ပျက်တယ်လို့ အမှတ်သညာအားဖြင့်
သင်ယူတတ်မြောက်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း အပျက်ကို
မြင်အောင်ရှုတတ်ဖို့ဆိုရင် သမာဓိလိုပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့
ခန္ဓာရဲ့ သဘောကို ရှုမှတ်နိုင်ဖို့ပါ။သမထယာနိက လမ်းစဉ်နဲ့
သွားမယ်ဆိုရင်လည်း ဝိပဿနာကို ရှုမှတ်မှု အမှန် သဘောပေါက်ထားဖို့
လိုပါတယ်။ မိမိက သမထတွေအားကောင်းလို့ တည်တည်ကြည်ကြည်
ဖြစ်နေပေမယ့် ဝိပဿနာကို မကူးတတ်ရင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်
အုံးမှာ မဟုတ်ပါဘူး။

သစ္စာသိမြင်ကျွတ်တမ်းဝင်တယ်လို့ ဆိုထားလေတော့သစ္စာ ကို
တကယ်သိအောင် လုပ်ရမှာပါ။ သစ္စာ လေးပါးရှိတယ် ဘယ်သစ္စာကို
သိရမှာလဲ။သိရမှာက ဒုက္ခသစ္စာလို့ ဆိုထားတော့  ဒုက္ခသစ္စာဆိုတာ
ဘယ်လိုမျိုးကိုခေါ်တာလဲ ။ ဒုက္ခသစ္စာဆိုတာ သဘောပေါက်
ဖို့အတွက် ဆရာသမားက ကောင်းစွာသင်ပြတာကို ဉာဏ်ကျယ်ကျယ်
ထားပြီး စူးစူးစိုက်စိုက် မြင်အောင်ကြည့်တတ်ရပါမယ်။

ဒုက္ခသစ္စာကို သိဖို့အတွက် ထင်ရှားရာ အာရုံဖြစ်တဲ့ နှာသီးဖျားက
ဝင်လေ ထွက်လေကို စူးစိုက်ပြီး ရှုမှတ်ကြည့်ရအောင်။
ဝင်လေလေးဝင်တဲ့အခါ သူဝင်နိုင်တဲ့အတိုင်းအတာထက်ပိုပြီး
ဆက်မဝင်ဘူး။ ရပ်သွားတယ်။ ရပ်သွားပြီးရင် ထွက်လေ ရှိုက်ထုတ်
ပါတယ်။ ထွက်လေ ရှိုက်ထုတ်တာလည်း အတိုင်းအတာတစ်ခုထိပဲ။
ရပ်သွားတယ်။ ဝင်လေ နောက်အသစ်တစ်ခု အစားထိုးပါတယ်။
ပြီးရင် ရပ်သွားတယ်။ ထွက်လေ နောက်အသစ်တစ်ခု အစားထိုးတယ်။
ပြီးရင် ရပ်သွားတယ်။ ဝင်လေပဲ အမြဲဖြစ်မနေနိုင်သလို ထွက်လေပဲ
အမြဲဖြစ်မနေနိုင်ဘူး။ ဝင်လေနဲ့ ထွက်လေကြားမှာ ခြားနေတာရှိတယ်။
အဲ့ဒီကြားက ခြားနေတဲ့ သဘောလေးကိုမြင်အောင်ကြည့်ရမှာ။
ဝင်လေ အဆုံးသတ်သွားတဲ့အချိန် ဝင်လေ ရပ်သွားတဲ့အချိန်ကို
မိမိရရ ဉာဏ်နဲ့စောင့်ကြည့်အကဲခတ်တတ်ဖို့ အရေးအကြီးဆုံးပဲ။
ဝင်လေက အဖြစ်၊ ဝင်လေ အဆုံးသတ်သွားတာ အပျက်။ ဝင်လေ
ပျက်သွားတာ ကုန်သွားတာ ဆုံးသွားတာ။ အဲ့ဒီတော့ ဖြစ်လာတဲ့
ဝင်လေက ဖြစ်ပြီးခဏမှာပဲ ပျက်သွားတယ်။ မမြဲဘူး။ မမြဲတာ
အနိစ္စ။ အနိစ္စလို့ သိလိုက်ပါ။ မမြဲခြင်းကြောင့် ဆင်းရဲတယ်။
မြဲတဲ့သဘောမဟုတ်လို့ ဆင်းရဲတာ။ ဝင်လေဆုံးပြီးတော့
ထွက်လေဖြစ်ပြန်တယ်။ ထွက်လေကလည်း ဆုံးသွားတယ်။
မမြဲဘူး။ မမြဲတာ အနိစ္စ။ မမြဲလို့ ဆင်းရဲတာ။ ဆင်းရဲတာက ဒုက္ခ
သစ္စာက အမှန်။ ဒုက္ခသစ္စာ။ မမြဲဘူးလို့ သိသိနေတာ။
ဖြစ်ခဏမှာ ပျက် ပျက်သွားတာ အနိစ္စသဘောကိုသိနေတာသည်
ဒုက္ခသစ္စာကိုသိနေတာ။ ဒါက သိရမယ့် ဒုက္ခသစ္စာ။
အဲ့ဒီ သိရမယ့် ဒုက္ခသစ္စာကို အတင်းကြီးလိုက်ရှာပြီး သိရမှာ
မဟုတ်ဘူး။ အဖြစ် သဘောလေး ပျက်သွားတာကို သိခြင်းသည်ပင်
ဒုက္ခသစ္စာကိုသိခြင်းပဲ ဖြစ်ပါတယ်။မမြဲလို့ ဆင်းရဲတာ။
တည်တန့်ခိုင်မြဲချင်သလား ပျက်စီးချင်သလား။
အားလုံးကတော့ တည်တန့်ခိုင်မြဲချင်တယ်။ ဒါပေမယ့် ပျက်စီးတယ်။
ပျက်စီးပြီးတော့ ပြီးသွားသလား။ မပြီးဘူး ထပ်ပြီး ဖြစ်ပေါ်လာတယ်။
ထပ်ပြီးဖြစ်ပေါ်လာတော့ တည်တန့်သလား။ မဟုတ်ဘူး။
ပျက်စီးသွားတယ်။ ဒါဖြင့်ပေါ်လာသမျှ ပျက်စီးဖို့ကြီးပဲဖြစ်နေတော့
ဆင်းရဲတာပေါ့။ ဆင်းရဲတာကို ဒုက္ခသစ္စာလို့ခေါ်တာ။ မမြဲပဲ ပျက်စီးလို့
ဒုက္ခသစ္စာ။ မမြဲတဲ့ သဘောကိုသိခြင်းသည် ဒုက္ခသစ္စာကိုသိခြင်း။
သိရမယ့် တရားသည် ဒုက္ခသစ္စာ။  ဒီတော့ ဒုက္ခသစ္စာတမင်တကာရှာဖို့
လိုသလား ဆိုတော့ မလိုဘူး။ သူသဘော သူဆောင်ပြီး ဖြစ်ပြ ပျက်ပြတာကို
ဒီတိုင်းစောင့်ကြည့်နေရုံပဲ။ ဘာမှ မခက်ဘူး။ ခက်တာက သမာဓိ မတည်ရင်
ခက်တာ။ သူ့သဘောလေးကိုစောင့်ကြည့်ရမယ့်အစား အာရုံက ပြန့်လွှင့်
သွားခြင်းပဲ။ ပြန့်လွှင့်သွားတဲ့အာရုံကို ပြန့်လွှင့်တယ်လို့ သိရင် ပြန့်လွင့်တဲ့
အာရုံကလေးပျက်သွားတယ်။ကိုယ်က ဖျက်ဆီးလိုက်တာ မဟုတ်ဘူး။
သိ တဲ့ ဉာဏ်ကလေးဝင်လိုက်တာနဲ့ ပြန့်လွှင့်တဲ့စိတ်ကလေးက
နေရာဖယ်ပေးရတော့ ပြန့်လွှင့်တဲ့စိတ်က ပျက်တာ။ ပြန့်လွှင့်တဲ့စိတ်ရဲ့
သဘောလေးကို ဉာဏ်နဲ့ သိရမှာ။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုလို့
ဆိုရာမှာ ရှေ့စိတ်ကိုနောက်စိတ်က ရှုလို့ ရတာမဟုတ်ဘူး။
နောက်စိတ်ကလေးဝင်လာတာနဲ့ ရှေ့စိတ်က ပျောက်သွားပြီ။
ဖြစ်ပြီးသွားပြီ ။ မရှိတော့ဘူး။ မရှိတော့တာကို နောက်စိတ်နဲ့ ရှုလို့
မရဘူး။ ပြောင်းလဲတဲ့သဘောလေး ။ ပျက်စီးသွားတဲ့သဘောလေး။
မမြဲတဲ့သဘောလေး ။ အဲ့ဒါကိုသိရမှာ။ စိတ်တစ်ခုဖြစ်တယ်။ ဖြစ်သွားတာကို
သိလိုက်တယ်။ သိလိုက်တဲ့အချိန်မှာ အဲ့ဒီစိတ်က မရှိတော့ဘူး။
ချုပ်သွားပြီ ၊ ပျက်သွားပြီ ။ ကုန်သွားပြီ ။ အဲ့ဒီစိတ်ကိုသိတယ်ဆိုတာ
လွန်သွားပြီးမှ သိတာ ။ ဒါကြောင့် ပျက်တဲ့သဘောလေး ။ပြောင်းလဲတဲ့
သဘောလေး ၊ ကုန်တဲ့သဘောလေးကိုသာသိနိုင်တာပါ။
အနိစ္စသဘောလေးတွေကိုသိနေခြင်းဟာ ဒုက္ခသစ္စာကို သိခြင်း။
အနိစ္စသဘောလေးတွေကိုပဲ ဉာဏ်နဲ့သိနေခြင်းကိုက ဒုက္ခသစ္စာကို
သိခြင်း။ ဒုက္ခသစ္စာသိနေခြင်းဟာ မဂ္ဂသစ္စာ။  မှန်ကန်တဲ့
လမ်းမှန်အတိုင်း ကျင့်ကြံနေခြင်း။ မှန်ကန်တဲ့ နည်းလမ်းနဲ့ ကျင့်ကြံ
နေတဲ့အချိန်မှာ လိုချင်တယ် ရချင်တယ် ဖြစ်ချင်တယ် စသဖြင့်
ကိလေသာစိတ်တွေမဝင်တော့ပဲ ချုပ်နေငြိမ်းနေတယ်။
ကိလေသာ ချုပ်ငြိမ်းနေခြင်းသည် နိရောဓ သစ္စာ။
လိုချင်တယ် ရချင်တယ် ဖြစ်ချင်တယ်ဆိုတဲ့ ကိလေသာတွေက
သမုဒယသစ္စာ။ ဒုက္ခသစ္စာကိုသိနေတဲ့အချိန်မှာ သမုဒယသစ္စာ
မဝင်နိုင်တဲ့အတွက် သမုဒယသစ္စာကို ပယ်ပြီးဖြစ်တယ်။
ဒီတော့ သိ ပယ် ဆိုက် ပွား ဆိုတာ
ဒုက္ခသစ္စာကို သိနေတဲ့အချိန်မှာ သမုဒယသစ္စာက အလိုလိုပယ်ပြီးသားဖြစ်တယ်။
သမုဒယသစ္စာကို ပယ်ထားတော့ ကိလေသာချုပ်ငြိမ်းနေလို့ နိရောဓသစ္စာ
ဆိုက်ရောက်နေတာဖြစ်တယ်။ နိရောဓသစ္စာဆိုက်ရောက်ခြင်းဟာ
မဂ္ဂသစ္စာကို ပွားများအားထုတ်လို့ဖြစ်တယ် ဆိုတာပါပဲ။
ဒီတော့
သိ  ဒုက္ခ သစ္စာ
ပယ် သမုဒယသစ္စာ
ဆိုက် နိရောဓသစ္စာ
ပွား မဂ္ဂသစ္စာ
သိပယ်ဆိုက်ပွားဆိုတဲ့ သစ္စာလေးချက်နဲ့ ကိုက်ညီနေသမျှ
ဉာဏ်မျက်လုံးပေါ်က ကိလေသာ အလွှာလေးတွေကို
ဆွဲခွာနေတာဖြစ်တယ်။ ဉာဏ်အားကောင်းစွာ ကြိုးစားရင်
ဝီရိယစိုက်ထုတ်ရင် သိပယ်ဆိုက်ပွားဆိုတဲ့ ပညာနဲ့ ပြည့်စုံနေရင်
ပထမတစ်လွှာခွာချလို့ အောင်မြင်တာနဲ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီ။
အပါယ်တံခါးပိတ်ပြီ။

အဲ့ဒီ အပါယ်တံခါးပိတ်ဖို့အတွက် သိရမှာက ဒုက္ခသစ္စာ။
အဲ့ဒီ ဒုက္ခသစ္စာဆိုတာ  အနိစ္စသဘောကိုရှုမြင်သိခြင်းပါပဲ။
အနိစ္စ သဘောကို တစ်ချက်ကလေးသိလိုက်ခြင်းဟာ
သစ္စာလေးချက်နဲ့ ကိုက်ညီပါတယ်။
အနိစ္စဆိုတဲ့သဘောလေး တစ်ချက်ကိုသာထိထိမိမိသိဖို့လိုပါတယ်။
တခြားဘာမှ လိုက်သိနေစရာမလိုတော့ပါဘူး။
အနိစ္စသဘောကို နက်နဲစွာ နားလည်သဘောပေါက်ပြီးရင်တော့
နိဗ္ဗာန်စခန်းကို တက်လှမ်းရောက်ရှိဖို့သာရှိပါတော့တယ်။

သစ္စာသိမြင် နိဗ္ဗာန်ဝင်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: တတိယမြောက်သမီးတော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top