iMyanmarHouse.com - Best Property Website for Myanmar
×





Credit: Marry
# Unicode Version ဖြင့် ဖတ်ပါ #
လွမ်းတယ်ဆိုတဲ့စကားလုံးအစား ပြောပေးပြီး သိပ်ချစ်ရတဲ့ချစ်သူလေးဆီကနေ ပိုအချစ်ခံရပါစေလို့ ပြောပြလိုက်ရပါတယ်နော်။

နင် မရှိတဲ့အချိန်တွေက ဝမ်းနည်းစရာကောင်းလိုက်တာ (Photo:onethreeonefour)

Marry ရဲ့ ချစ်သူလေးတို့ရေ ဒီတစ်ခါ ပြောပြပေးချင်တာကတော့ ချစ်သူတွေကြားမှာ တစ်ယောက်ကို တစ်ယောက် သိပ် သတိရတဲ့အချိန်မှာ လွမ်းတယ်လို့ မပြောဘဲ လွမ်းတဲ့အကြောင်းလေးကို ဘယ်လိုမျိုး ချစ်စရာကောင်းအောင် ပြောလို့ရသေးသလဲ ဆိုတဲ့စကားလေးတွေကို ပြောပြပေးမှာပါ။ တကယ်လို့ ချစ်သူလေးကို သတိရနေတယ် ဆိုရင်တော့ အခု ပြောပြပေးမယ့်စကားလေးတွေကို ချစ်သူလေးဆီကို ပို့ပေးလိုက်ပါနော်။ သိပ်ချစ်တဲ့ ချစ်သူတွေကြားက တိုက်ဆိုင်မှုလေးတွေ အကြောင်းကိုလည်း ပြောပြထားပါတယ်နော်။

    မင်း အကြောင်းချည်း တွေးနေမိတယ်။ မတွေးဘဲ မနေနိုင်အောင်ကို အချိန်ပြည့် တွေးနေမိတယ်။
    ထပ်တွေ့ရမယ့် အချိန်လေးတွေကို မစောင့်နိုင်တော့ဘူး။ ဖြစ်နိုင်ရင် အခုချက်ချင်း ပြေးပြီး လာတွေ့လိုက်ချင်မိတယ်။
    ဘယ်တော့များမှ ထပ်တွေ့ရမှာလဲ။
    မကြာခင် အမြန်ဆုံး ပြန်တွေ့ချင်လိုက်တာ။
    နင် မရှိတဲ့အချိန်တွေက ဝမ်းနည်းစရာကောင်းလိုက်တာ။
    ငါ့ဘေးနားမှာ နင့်ကို ရှိနေစေချင်လိုက်တာ။
    နင်နဲ့ ထပ်တွေ့ရမယ့် ရက်ကို တွက်နေမိတယ်။
   ဘယ်နေ့များမှ ပြန်တွေ့ရမလဲဆိုပြီး အချိန်တွေကို တွက်ကြည့်မိနေတယ်။
    ဓါတ်ပုံထဲက မင်းအပြုံးလေးတွေက အေးချမ်းလိုက်တာ။
    နေ့ရော၊ ညရော မင်းအကြောင်းပဲ တွေးနေမိတယ်။
    မင်းအကြောင်းတွေးမိတဲ့အခါ အလိုလို ပြုံးလာမိတယ်
    နှစ်ယောက်သားကြားမှာ ရှိတဲ့ အမှတ်တရတွေ အကြောင်းကို မတွေးဘဲ မနေနိုင်ဘူး။
    သတိရတဲ့စိတ်ကြောင့် အလိုလို ဝမ်းနည်းလာမိတယ်။
    ညတွေလည်း အိပ်လို့ မပျော်ဘဲ နင့်အကြောင်းပဲ တွေးနေမိတယ်။

ချစ်သူလေးကို သတိရပြီး လွမ်းတဲ့အချိန် တစ်ခါလာလည်း လွမ်းတယ်။ နောက်တစ်ခါ လာလည်း လွမ်းတယ်လို့ မပြောဘဲ အခု ပြောပြထားတာလေးကို လွမ်းတယ်ဆိုတဲ့စကားလုံးအစား ပြောပေးပြီး သိပ်ချစ်ရတဲ့ချစ်သူလေးဆီကနေ ပိုအချစ်ခံရပါစေလို့ ပြောပြလိုက်ရပါတယ်နော်။ ချစ်သူတွေကြား နေ့တိုင်း ပြုလုပ်ပေးရမယ့်အရာများ ကိုလည်း ပြုလုပ်ပေးလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Marry
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top