ယင္းထြက္ဆိုခ်က္ကို မယံုၾကည္ထုိက္ေသာ သက္ေသဟုေလွ်ာက္ထားသျဖင့္ တရားသူႀကီးဆံုးျဖတ္ေပးရမည္

႐ိုက္တာသတင္း ေထာက္ႏွစ္ဦးကို ေထာင္ေခ်ာက္ ဆင္ ဖမ္းဆီးခဲ့ျခင္းသည္ ဟုတ္မွန္ေၾကာင္း တရားလိုျပသက္ ေသ ဒုရဲမွဴး မိုးရန္ႏိုင္က ယမန္ေန႔တြင္ ခ်ိန္းဆိုသည့္ တရားခြင္၌ ထြက္ဆိုသည္။

ဧၿပီ ၂၀ ရက္ (၁၄)ႀကိမ္ ေျမာက္႐ံုးခ်ိန္း၌ ထုိသို႔ထြက္ဆို ခဲ့သည့္အျပင္ တရား႐ံုးအျပင္ ဘက္၌ ေထာင္ဖမ္းခံရျခင္းဟုတ္ သလားဟု သတင္းေထာက္မ်ား က ေမးျမန္းရာ ‘‘အဲဒီအတိုင္း အမွန္ပါပဲ’’ဟု ဒုရဲမွဴးမိုးရန္ႏိုင္ကေျပာသည္။

သတင္းေထာက္မ်ားက ဝိုင္း ဝန္းေမးျမန္းေနစဥ္ အရပ္ဝတ္ ဝတ္ဆင္ထားသူတစ္ဦးက ဒုရဲမွဴး မိုးရန္ႏိုင္ကို အတင္းဆြဲေခၚရာ ‘‘မင္းတို႔ ငါ့ကို မဆြဲနဲ႔’’ ဟု ျပန္ လည္တံု႔ျပန္ခဲ့သည္။

‘‘အမွန္တရားဖြင့္ေျပာရတဲ့ အေၾကာင္းရင္းက ရဲတပ္ဖြဲ႕ဝင္ မွာလည္း ဘယ္အဆင့္အတန္း မဆို သူ႔ဂုဏ္သိကၡာ သူရွိတယ္’’ ဟု တရားခြင္မွ ထြက္ခြာလာေသာ ဒုရဲမွဴး မိုးရန္ႏိုင္က သတင္းေထာက္မ်ားအား ေျပာသည္။

အမွတ္(၈)လံုၿခံဳေရးရဲတပ္ရင္းစခန္းမွ ရဲမွဴးခ်ဳပ္ တင္ကိုကို က ဝလံုးကိုမိမွျဖစ္မည္ဟု ေျပာၾကားခဲ့ေၾကာင္း ၎က တရား႐ံုး တြင္ ထြက္ဆိုသည္။

ထို႔ေၾကာင့္ ဒုတပ္ၾကပ္ ႏုိင္လင္းကို ကိုဝလံုးႏွင့္ ခ်ိတ္ဆက္ ခိုင္းၿပီး စားေသာက္ဆုိင္တစ္ဆိုင္ တြင္ ေတြ႕ဆံုရန္ ေျပာၾကားခဲ့ ေၾကာင္း ဆက္လက္ထြက္ဆို သည္။

ဒုတပ္ၾကပ္ ႏိုင္လင္းႏွင့္ သတင္းရဲတပ္ဖြဲ႕မွ အရာရွိတစ္ဦး တို႔အား စာရြက္မ်ားထည့္ေပးၿပီး ကိုဝလံုးကို ေပးခိုင္းခဲ့ေၾကာင္း၊ စာရြက္စာတမ္းမ်ား ထည့္ေပးၿပီး ေနာက္ ကိုဝလံုးတို႔ ျပန္ထြက္ခ်ိန္တြင္ ေထာက္ၾကန္႔နယ္ထိန္း ရဲတပ္ဖြဲ႕ဝင္မ်ားက ေထာင္ဖမ္းရန္ ရဲမွဴးခ်ဳပ္ တင္ကိုကိုက မွာၾကားခဲ့ ေၾကာင္း ၎က ထြက္ဆိုသည္။

ထို႔အျပင္ ‘‘ဝလံုးကို မဖမ္းမိ ပါက မင္းတို႔တပ္ဖြဲ႕ဝင္ေတြ အ ခ်ဳပ္ထဲထည့္မယ္’’ ဟု ေျမာက္ပိုင္း ခ႐ိုင္ရဲမွဴးႀကီးတစ္ဦးကိုပါ အနီး ကပ္မွာၾကားခဲ့ၿပီးေနာက္ အခ်ိန္ အနည္းငယ္အတြင္း သတင္းတပ္ ဖြဲ႕မွ အရာရွိႏွင့္ ဒုတပ္ၾကပ္ ႏုိင္ လင္းတို႔ ထြက္ခြာသြားခဲ့ေၾကာင္း ၎က ထြက္ဆိုသည္။

ထုိသို႔ထြက္ခြာၿပီး အခ်ိန္အ တန္ၾကာမွ ျပန္ေရာက္ရွိလာၿပီး ေနာက္ ကိုဝလံုးကို ဖမ္းမိေၾကာင္း သတင္းပို႔သည္ကို ၾကားရပါသည္ ဟု ဒုရဲမွဴး မိုးရန္ႏိုင္ကထြက္ဆိုသည္။

၎သည္ ၂၀၁၇ ဇူလုိင္ ၃ ရက္တြင္ လႈပ္ရွားတပ္စုေခါင္း ေဆာင္အျဖစ္ တာဝန္ထမ္းေဆာင္ ရန္ ရခိုင္ျပည္နယ္ အင္းဒင္နယ္ ေျမစခန္းသို႔ သြားေရာက္ခဲ့သူျဖစ္ သည္။

ႏုိဝင္ဘာ ၁၁ ရက္တြင္ အ မွတ္(၈)လံုၿခံဳေရးရဲတပ္ရင္းစခန္း သို႔ ျပန္ေရာက္လာၿပီး ႏုိဝင္ဘာ ၂၂ ရက္၌ ကိုဝလံုးက ဖုန္းဆက္ခ်ိန္းဆိုခဲ့ေၾကာင္း ထြက္ဆိုသည္။ ႏုိဝင္ဘာ ၂၃ ရက္တြင္ ရဲတပ္ရင္း သက္သာဆိုင္၌ ကိုဝလံုးႏွင့္ ေတြ႕ဆံုခဲ့ေသာ္လည္း ဒီဇင္ဘာ ၂၂ ရက္က ကိုဝလံုးကို ဖမ္းဆီးခ်ိန္ တြင္ ၎မပါဝင္ေၾကာင္း အမွတ္(၈)လံုၿခံဳေရး ရဲတပ္ရင္း တပ္ခြဲမွဴး ဒုရဲမွဴးမိုးရန္ႏုိင္က ထြက္ဆုိသည္။

သတင္းေထာက္ ကိုဝလံုးကို ဖမ္းဆီးသည့္ ညတြင္ပင္ ၎အပါအဝင္ ရဲအရာရွိေျခာက္ဦးဖမ္းဆီး ခံရေသာ္လည္း ရဲတပ္ၾကပ္ ခင္ ေမာင္လင္းႏွင့္ ၎ကို ဆက္လက္ ဖမ္းဆီးထားၿပီး က်န္ေလးဦးကို လႊတ္ေပးခဲ့ေၾကာင္း ၎က ထြက္ ဆုိသည္။

ဒုရဲမွဴးမိုးရန္ႏုိင္သည္ မိသား စုႏွင့္ ေတြ႕ဆံုခြင့္မရဘဲ ဖုန္းျဖင့္ ဆက္သြယ္၍သာရၿပီး ရက္ေပါင္း ၁၂၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရေၾကာင္း ၎၏ညီ ကိုရဲဝင္းႏုိင္က 7Day Daily သတင္းစာအားေျပာသည္။

တရားခြင္တြင္ ထိုသို႔ထြက္ဆိုၿပီးေနာက္ ဒုရဲမွဴး မိုးရန္ႏုိင္၏ထြက္ဆိုခ်က္မ်ားကို မယံုၾကည္ထုိက္ေသာ သက္ေသအျဖစ္ တရားလို အက်ိဳးေဆာင္ေရွ႕ေနက တရားသူႀကီးထံ ေလွ်ာက္ထားခဲ့ရာ တရားသူႀကီးက လာမည့္ ဧၿပီ ၂၅ ရက္ ႐ံုးခ်ိန္းတြင္ အမိန္႔ခ်မွတ္မည္ဟု ေျပာဆိုသည္။

ဒုရဲမွဴး မိုးရန္ႏုိင္သည္ သား သမီးသံုးဦးရွိၿပီး ထိုသို႔ထြက္ဆိုရန္ မိသားစုဝင္မ်ားႏွင့္ ေဆြးေႏြးတိုင္ ပင္ခဲ့ေၾကာင္း ကိုရဲဝင္းႏုိင္က ေျပာ သည္။

‘‘သူ႔လိုရဲက ရွားပါးတယ္။ ဒီေန႔ သူဝတ္ထားတဲ့ ရဲဝတ္စံုကို ကၽြန္ေတာ္ဝယ္ေပးထားတာ။ ဒီေန႔ လို အမွန္တရားထြက္ဆိုဖို႔ အရင္ ကတည္းက စီစဥ္ထားတာ။ သူ႔ကို တရားလိုျပသက္ေသအျဖစ္ ေရြး ခ်ယ္ခံရေအာင္ လူႀကီးေတြ အႀကိဳက္ေနေနတာ။ တရားခြင္ကို ေရာက္ေအာင္ပဲ လုပ္ေနတာ။ အဲဒီမွာ ေျပာမယ္ဆိုၿပီး လုပ္ေန တာ’’ ဟု ကိုရဲဝင္းႏုိင္က ေျပာ သည္။

ထို႔အျပင္ ေနျပည္ေတာ္ရွိ ရဲလိုင္းခန္းတြင္ ေနထုိင္ေသာ ဒုရဲမွဴးမိုးရန္ႏိုင္၏ မိသားစုဝင္မ်ား ကို ၎၏ေနအိမ္သို႔ ေျပာင္းေရႊ႕ ေခၚေဆာင္ထားေၾကာင္း ၎က ဆက္လက္ေျပာသည္။

ဒုရဲမွဴး မုိးရန္ႏိုင္၏သတၱိရွိရွိ ထြက္ဆိုခ်က္အေပၚ ခ်ီးက်ဴးသူမ်ားရွိခဲ့သည္။ ထို႔အျပင္ မီဒီယာမ်ားက ေဖာ္ျပခဲ့ေသာ ဒုရဲမွဴး၏မ်က္ႏွာတြင္ စိတ္လႈပ္ရွားမႈႏွင့္ စိုးရိမ္ေၾကာင့္ၾကမႈမ်ား ေပၚေပါက္ရာ ၎၏လံုၿခံဳေရးကိုလည္း စိုးရိမ္မႈအခ်ိဳ႕ရွိခဲ့သည္။

‘‘သူေျပာတာကေတာ့ ဒီေန႔ အမွန္တရားေတြ ထြက္ဆိုသြား တာျဖစ္တယ္။ ကၽြန္ေတာ္တို႔ကို ရဲမွဴးခ်ဳပ္တင္ကိုကိုက ေနၿပီးေတာ့ေထာင္ေခ်ာက္ဆင္ၿပီးေတာ့ ဖမ္း တယ္ဆိုတဲ့အေနအထားကို ဒီေန႔ ေျပာသြားတာျဖစ္တဲ့အတြက္ အ မွန္တရားေတြေပၚလာၿပီလို႔ ကၽြန္ ေတာ္ေျပာခ်င္တယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ကၽြန္ေတာ္တို႔ ကို ဘယ္ေတာ့မွ မတရားလုပ္လို႔ မရဘူး။ ကၽြန္ေတာ္တို႔ကို၊ ဘယ္ ေတာ့မွ အႏိုင္က်င့္လို႔ မရဘူး။ ကၽြန္ေတာ္တို႔ကို မီဒီယာသမား ေတြကို ဒီလိုပံုစံမ်ိဳးနဲ႔ အႏုိင္က်င့္ လို႔ မရဘူးဆိုတဲ့ အေနအထား ဒီေန႔ေပၚလာပါၿပီ။ မၾကာခင္မွာ တရားမွ်တမႈေတြ ေပၚလာမယ္ဆို တာ ယံုၾကည္တယ္’’ ဟု တရားခြင္မွ ျပန္ထြက္လာေသာ သတင္း ေထာက္ကိုဝလံုးက ေျပာသည္။

၎တုိ႔ျဖစ္စဥ္ႏွင့္ပတ္သက္ ၿပီး ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္ အေနျဖင့္ ေသခ်ာေစာင့္ၾကည့္စိ စစ္ေပးရန္ ကိုဝလံုးကေျပာၾကားသည္။

‘‘ဒီအမႈက အမႈဆင္ၿပီးေတာ့ ဖမ္းတဲ့အခ်က္က ေပၚသြားတယ္။ ကၽြန္ေတာ္တုိ႔အရင္တုန္းက ေျပာ သလိုပဲ ဖမ္းတဲ့အဖြဲ႕က တစ္ဖြဲ႕၊ သတင္းေထာက္အဖြဲ႕ကို ဖမ္းတဲ့ အဖြဲ႕က တစ္ဖြဲ႕၊ စစ္ေဆးတဲ့အဖြဲ႕ က တစ္ဖြဲ႕ဆိုတာ ဒီေန႔ ကြဲကြဲလြဲလြဲျဖစ္သြားတယ္။

ထြက္ဆိုသြားတဲ့ ဒုရဲမွဴး မိုးရန္ႏိုင္က တပ္ရင္း(၈) မွာ အခုခ်ိန္အထိ ခ်ဳပ္ခံထားရ တယ္။ အဲဒီလိုအခ်ဳပ္ခံထားရစဥ္ မွာ သတင္းေထာက္ေတြနဲ႔ ေတြ႕ လို႔ အဖမ္းခံရတယ္ဆိုတဲ့အခ်က္ ကို သူေျပာသြားတယ္။

သူ႔ရဲ႕ထြက္ ဆိုခ်က္ေတြအရ သူသည္ လူ႔အ ခြင့္အေရးတခ်ိဳ႕ကို ခ်ိဳးေဖာက္ခံရ တာေတြလည္း ရွိေနတယ္’’ဟု ႐ိုက္တာ သတင္းေထာက္ႏွစ္ဦး အေရးလိုက္ပါအက်ိဳးေဆာင္ရြက္ ေပးေနေသာ တရားလႊတ္ေတာ္ ေရွ႕ေန ဦးသန္းေဇာ္ေအာင္က ေျပာသည္။

႐ိုက္တာ သတင္းေထာက္ ႏွစ္ဦးကို ေထာင္ေခ်ာက္ဆင္ဖမ္း သည္ဟု တရားခြင္တြင္ ထြက္ ဆိုမႈအေပၚ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမွဴးႀကီး သက္ႏိုင္အား ဆက္သြယ္ေမးျမန္း ရာ မသိရွိေၾကာင္း ေျပာသည္။

သတင္းေထာက္ ကိုဝလံုးတို႔ အမႈကို ေသခ်ာေလ့လာသံုးသပ္ မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မ ရွင္ေျပာေရးဆိုခြင့္ရွိသူ ဦးယုလြင္ ေအာင္က ေျပာသည္။

‘‘လူ႔အခြင့္အေရး႐ႈေထာင့္ ကေန ၾကည့္ရင္ေတာ့ လူတစ္ ေယာက္ကို မတရားဖမ္းဆီးခ်ဳပ္ ေႏွာင္ခြင့္မရွိတာက လူတစ္ ေယာက္ရဲ႕ right ပဲ။ ခ်ဳပ္ေႏွာင္ ထားတယ္ဆိုတာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာပဲ။ ဥပေဒအရကေတာ့ လူတစ္ေယာက္က မတရား ဖမ္းဆီးမခံရဘူး။ ဒီကိစၥက မတရားဖမ္းဆီးခံရတာဟုတ္၊ မ ဟုတ္ သံုးသပ္မယ္’’ဟု ဦးယုလြင္ ေအာင္က ေျပာသည္။

႐ိုက္တာသတင္းေထာက္ ႏွစ္ဦးေထာင္ဖမ္းခံရသည္ဟု ယူဆေၾကာင္း အမ်ိဳးသားဒီမုိကေရစီ အဖြဲ႕ခ်ဳပ္ ထိပ္ပိုင္းေခါင္းေဆာင္ ဦးဝင္းထိန္က ေျပာခဲ့ဖူးသည္။

ရခိုင္ျပည္နယ္တြင္ လံုၿခံဳေရး တာဝန္ထမ္းေဆာင္ၿပီးေနာက္ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိ လာသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားကို ခ်ဥ္း ကပ္စည္း႐ံုးဆက္သြယ္ၿပီး အေရး ႀကီးလံုၿခံဳေရး စာရြက္စာတမ္းအ ေထာက္အ

ထားမ်ားကို ျပည္ပ သတင္းဌာနမ်ားသို႔ ေပးပို႔ရန္ ရည္ ရြယ္ခ်က္ျဖင့္ တရားမဝင္ သတင္းရယူေဆာင္ရြက္ခဲ့သည္ဆုိကာ ႐ိုက္တာ သတင္းဌာနမွ ျမန္မာသတင္းေထာက္ ကိုဝလံုး ႏွင့္ ကိုေက်ာ္စိုးဦးတို႔အျပင္ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦး စုစုေပါင္းေလးဦးကို ျမန္ မာႏိုင္ငံအစိုးရလွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒပုဒ္မ ၃ ျဖင့္ ဒီဇင္ဘာ ၁၂ ရက္ည၌ ဖမ္းဆီးထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day News Journal
# Unicode Version ျဖင့္ ဖတ္ပါ #
ယင်းထွက်ဆိုချက်ကို မယုံကြည်ထိုက်သောသက်သေဟုလျှောက်ထားသဖြင့်တရားသူကြီးဆုံးဖြတ်ပေးရမည်

ရိုက်တာသတင်း ထောက်နှစ်ဦးကို ထောင်ချောက် ဆင် ဖမ်းဆီးခဲ့ခြင်းသည် ဟုတ်မှန်ကြောင်း တရားလိုပြသက် သေ ဒုရဲမှူး မိုးရန်နိုင်က ယမန်နေ့တွင် ချိန်းဆိုသည့် တရားခွင်၌ ထွက်ဆိုသည်။

ဧပြီ ၂၀ ရက် (၁၄)ကြိမ် မြောက်ရုံးချိန်း၌ ထိုသို့ထွက်ဆို ခဲ့သည့်အပြင် တရားရုံးအပြင် ဘက်၌ ထောင်ဖမ်းခံရခြင်းဟုတ် သလားဟု သတင်းထောက်များ က မေးမြန်းရာ ‘‘အဲဒီအတိုင်း အမှန်ပါပဲ’’ဟု ဒုရဲမှူးမိုးရန်နိုင်ကပြောသည်။

သတင်းထောက်များက ဝိုင်း ဝန်းမေးမြန်းနေစဉ် အရပ်ဝတ် ဝတ်ဆင်ထားသူတစ်ဦးက ဒုရဲမှူး မိုးရန်နိုင်ကို အတင်းဆွဲခေါ်ရာ ‘‘မင်းတို့ ငါ့ကို မဆွဲနဲ့’’ ဟု ပြန် လည်တုံ့ပြန်ခဲ့သည်။

‘‘အမှန်တရားဖွင့်ပြောရတဲ့ အကြောင်းရင်းက ရဲတပ်ဖွဲ့ဝင် မှာလည်း ဘယ်အဆင့်အတန်း မဆို သူ့ဂုဏ်သိက္ခာ သူရှိတယ်’’ ဟု တရားခွင်မှ ထွက်ခွာလာသော ဒုရဲမှူး မိုးရန်နိုင်က သတင်းထောက်များအား ပြောသည်။

အမှတ်(၈)လုံခြုံရေးရဲတပ်ရင်းစခန်းမှ ရဲမှူးချုပ် တင်ကိုကို က ဝလုံးကိုမိမှဖြစ်မည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက တရားရုံး တွင် ထွက်ဆိုသည်။

ထို့ကြောင့် ဒုတပ်ကြပ် နိုင်လင်းကို ကိုဝလုံးနှင့် ချိတ်ဆက် ခိုင်းပြီး စားသောက်ဆိုင်တစ်ဆိုင် တွင် တွေ့ဆုံရန် ပြောကြားခဲ့ ကြောင်း ဆက်လက်ထွက်ဆို သည်။

ဒုတပ်ကြပ် နိုင်လင်းနှင့် သတင်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦး တို့အား စာရွက်များထည့်ပေးပြီး ကိုဝလုံးကို ပေးခိုင်းခဲ့ကြောင်း၊ စာရွက်စာတမ်းများ ထည့်ပေးပြီး နောက် ကိုဝလုံးတို့ ပြန်ထွက်ချိန်တွင် ထောက်ကြန့်နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ထောင်ဖမ်းရန် ရဲမှူးချုပ် တင်ကိုကိုက မှာကြားခဲ့ ကြောင်း ၎င်းက ထွက်ဆိုသည်။

ထို့အပြင် ‘‘ဝလုံးကို မဖမ်းမိ ပါက မင်းတို့တပ်ဖွဲ့ဝင်တွေ အ ချုပ်ထဲထည့်မယ်’’ ဟု မြောက်ပိုင်း ခရိုင်ရဲမှူးကြီးတစ်ဦးကိုပါ အနီး ကပ်မှာကြားခဲ့ပြီးနောက် အချိန် အနည်းငယ်အတွင်း သတင်းတပ် ဖွဲ့မှ အရာရှိနှင့် ဒုတပ်ကြပ် နိုင် လင်းတို့ ထွက်ခွာသွားခဲ့ကြောင်း ၎င်းက ထွက်ဆိုသည်။

ထိုသို့ထွက်ခွာပြီး အချိန်အ တန်ကြာမှ ပြန်ရောက်ရှိလာပြီး နောက် ကိုဝလုံးကို ဖမ်းမိကြောင်း သတင်းပို့သည်ကို ကြားရပါသည် ဟု ဒုရဲမှူး မိုးရန်နိုင်ကထွက်ဆိုသည်။

၎င်းသည် ၂၀၁၇ ဇူလိုင် ၃ ရက်တွင် လှုပ်ရှားတပ်စုခေါင်း ဆောင်အဖြစ် တာဝန်ထမ်းဆောင် ရန် ရခိုင်ပြည်နယ် အင်းဒင်နယ် မြေစခန်းသို့ သွားရောက်ခဲ့သူဖြစ် သည်။

နိုဝင်ဘာ ၁၁ ရက်တွင် အ မှတ်(၈)လုံခြုံရေးရဲတပ်ရင်းစခန်း သို့ ပြန်ရောက်လာပြီး နိုဝင်ဘာ ၂၂ ရက်၌ ကိုဝလုံးက ဖုန်းဆက်ချိန်းဆိုခဲ့ကြောင်း ထွက်ဆိုသည်။ နိုဝင်ဘာ ၂၃ ရက်တွင် ရဲတပ်ရင်း သက်သာဆိုင်၌ ကိုဝလုံးနှင့် တွေ့ဆုံခဲ့သော်လည်း ဒီဇင်ဘာ ၂၂ ရက်က ကိုဝလုံးကို ဖမ်းဆီးချိန် တွင် ၎င်းမပါဝင်ကြောင်း အမှတ်(၈)လုံခြုံရေး ရဲတပ်ရင်း တပ်ခွဲမှူး ဒုရဲမှူးမိုးရန်နိုင်က ထွက်ဆိုသည်။

သတင်းထောက် ကိုဝလုံးကို ဖမ်းဆီးသည့် ညတွင်ပင် ၎င်းအပါအဝင် ရဲအရာရှိခြောက်ဦးဖမ်းဆီး ခံရသော်လည်း ရဲတပ်ကြပ် ခင် မောင်လင်းနှင့် ၎င်းကို ဆက်လက် ဖမ်းဆီးထားပြီး ကျန်လေးဦးကို လွှတ်ပေးခဲ့ကြောင်း ၎င်းက ထွက် ဆိုသည်။

ဒုရဲမှူးမိုးရန်နိုင်သည် မိသား စုနှင့် တွေ့ဆုံခွင့်မရဘဲ ဖုန်းဖြင့် ဆက်သွယ်၍သာရပြီး ရက်ပေါင်း ၁၂၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ၎င်း၏ညီ ကိုရဲဝင်းနိုင်က 7Day Daily သတင်းစာအားပြောသည်။

တရားခွင်တွင် ထိုသို့ထွက်ဆိုပြီးနောက် ဒုရဲမှူး မိုးရန်နိုင်၏ထွက်ဆိုချက်များကို မယုံကြည်ထိုက်သော သက်သေအဖြစ် တရားလို အကျိုးဆောင်ရှေ့နေက တရားသူကြီးထံ လျှောက်ထားခဲ့ရာ တရားသူကြီးက လာမည့် ဧပြီ ၂၅ ရက် ရုံးချိန်းတွင် အမိန့်ချမှတ်မည်ဟု ပြောဆိုသည်။

ဒုရဲမှူး မိုးရန်နိုင်သည် သား သမီးသုံးဦးရှိပြီး ထိုသို့ထွက်ဆိုရန် မိသားစုဝင်များနှင့် ဆွေးနွေးတိုင် ပင်ခဲ့ကြောင်း ကိုရဲဝင်းနိုင်က ပြော သည်။

‘‘သူ့လိုရဲက ရှားပါးတယ်။ ဒီနေ့ သူဝတ်ထားတဲ့ ရဲဝတ်စုံကို ကျွန်တော်ဝယ်ပေးထားတာ။ ဒီနေ့ လို အမှန်တရားထွက်ဆိုဖို့ အရင် ကတည်းက စီစဉ်ထားတာ။ သူ့ကို တရားလိုပြသက်သေအဖြစ် ရွေး ချယ်ခံရအောင် လူကြီးတွေ အကြိုက်နေနေတာ။ တရားခွင်ကို ရောက်အောင်ပဲ လုပ်နေတာ။ အဲဒီမှာ ပြောမယ်ဆိုပြီး လုပ်နေ တာ’’ ဟု ကိုရဲဝင်းနိုင်က ပြော သည်။

ထို့အပြင် နေပြည်တော်ရှိ ရဲလိုင်းခန်းတွင် နေထိုင်သော ဒုရဲမှူးမိုးရန်နိုင်၏ မိသားစုဝင်များ ကို ၎င်း၏နေအိမ်သို့ ပြောင်းရွှေ့ ခေါ်ဆောင်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဒုရဲမှူး မိုးရန်နိုင်၏သတ္တိရှိရှိ ထွက်ဆိုချက်အပေါ် ချီးကျူးသူများရှိခဲ့သည်။ ထို့အပြင် မီဒီယာများက ဖော်ပြခဲ့သော ဒုရဲမှူး၏မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ကြောင့်ကြမှုများ ပေါ်ပေါက်ရာ ၎င်း၏လုံခြုံရေးကိုလည်း စိုးရိမ်မှုအချို့ရှိခဲ့သည်။

‘‘သူပြောတာကတော့ ဒီနေ့ အမှန်တရားတွေ ထွက်ဆိုသွား တာဖြစ်တယ်။ ကျွန်တော်တို့ကို ရဲမှူးချုပ်တင်ကိုကိုက နေပြီးတော့ထောင်ချောက်ဆင်ပြီးတော့ ဖမ်း တယ်ဆိုတဲ့အနေအထားကို ဒီနေ့ ပြောသွားတာဖြစ်တဲ့အတွက် အ မှန်တရားတွေပေါ်လာပြီလို့ ကျွန် တော်ပြောချင်တယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကို ဘယ်တော့မှ မတရားလုပ်လို့ မရဘူး။ ကျွန်တော်တို့ကို၊ ဘယ် တော့မှ အနိုင်ကျင့်လို့ မရဘူး။ ကျွန်တော်တို့ကို မီဒီယာသမား တွေကို ဒီလိုပုံစံမျိုးနဲ့ အနိုင်ကျင့် လို့ မရဘူးဆိုတဲ့ အနေအထား ဒီနေ့ပေါ်လာပါပြီ။ မကြာခင်မှာ တရားမျှတမှုတွေ ပေါ်လာမယ်ဆို တာ ယုံကြည်တယ်’’ ဟု တရားခွင်မှ ပြန်ထွက်လာသော သတင်း ထောက်ကိုဝလုံးက ပြောသည်။

၎င်းတို့ဖြစ်စဉ်နှင့်ပတ်သက် ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အနေဖြင့် သေချာစောင့်ကြည့်စိ စစ်ပေးရန် ကိုဝလုံးကပြောကြားသည်။

‘‘ဒီအမှုက အမှုဆင်ပြီးတော့ ဖမ်းတဲ့အချက်က ပေါ်သွားတယ်။ ကျွန်တော်တို့အရင်တုန်းက ပြော သလိုပဲ ဖမ်းတဲ့အဖွဲ့က တစ်ဖွဲ့၊ သတင်းထောက်အဖွဲ့ကို ဖမ်းတဲ့ အဖွဲ့က တစ်ဖွဲ့၊ စစ်ဆေးတဲ့အဖွဲ့ က တစ်ဖွဲ့ဆိုတာ ဒီနေ့ ကွဲကွဲလွဲလွဲဖြစ်သွားတယ်။

ထွက်ဆိုသွားတဲ့ ဒုရဲမှူး မိုးရန်နိုင်က တပ်ရင်း(၈) မှာ အခုချိန်အထိ ချုပ်ခံထားရ တယ်။ အဲဒီလိုအချုပ်ခံထားရစဉ် မှာ သတင်းထောက်တွေနဲ့ တွေ့ လို့ အဖမ်းခံရတယ်ဆိုတဲ့အချက် ကို သူပြောသွားတယ်။

သူ့ရဲ့ထွက် ဆိုချက်တွေအရ သူသည် လူ့အ ခွင့်အရေးတချို့ကို ချိုးဖောက်ခံရ တာတွေလည်း ရှိနေတယ်’’ဟု ရိုက်တာ သတင်းထောက်နှစ်ဦး အရေးလိုက်ပါအကျိုးဆောင်ရွက် ပေးနေသော တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်း သည်ဟု တရားခွင်တွင် ထွက် ဆိုမှုအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး သက်နိုင်အား ဆက်သွယ်မေးမြန်း ရာ မသိရှိကြောင်း ပြောသည်။

သတင်းထောက် ကိုဝလုံးတို့ အမှုကို သေချာလေ့လာသုံးသပ် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင်ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင် အောင်က ပြောသည်။

‘‘လူ့အခွင့်အရေးရှုထောင့် ကနေ ကြည့်ရင်တော့ လူတစ် ယောက်ကို မတရားဖမ်းဆီးချုပ် နှောင်ခွင့်မရှိတာက လူတစ် ယောက်ရဲ့ right ပဲ။ ချုပ်နှောင် ထားတယ်ဆိုတာ လူ့အခွင့်အရေး ချိုးဖောက်တာပဲ။ ဥပဒေအရကတော့ လူတစ်ယောက်က မတရား ဖမ်းဆီးမခံရဘူး။ ဒီကိစ္စက မတရားဖမ်းဆီးခံရတာဟုတ်၊ မ ဟုတ် သုံးသပ်မယ်’’ဟု ဦးယုလွင် အောင်က ပြောသည်။

ရိုက်တာသတင်းထောက် နှစ်ဦးထောင်ဖမ်းခံရသည်ဟု ယူဆကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်က ပြောခဲ့ဖူးသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ချဉ်း ကပ်စည်းရုံးဆက်သွယ်ပြီး အရေး ကြီးလုံခြုံရေး စာရွက်စာတမ်းအ ထောက်အ

ထားများကို ပြည်ပ သတင်းဌာနများသို့ ပေးပို့ရန် ရည် ရွယ်ချက်ဖြင့် တရားမဝင် သတင်းရယူဆောင်ရွက်ခဲ့သည်ဆိုကာ ရိုက်တာ သတင်းဌာနမှ မြန်မာသတင်းထောက် ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့အပြင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး စုစုပေါင်းလေးဦးကို မြန် မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ ဖြင့် ဒီဇင်ဘာ ၁၂ ရက်ည၌ ဖမ်းဆီးထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top