iMyanmarHouse.com - Best Property Website for Myanmar
×

သင့္သတိမထားမိနိုင္ေသာ ေန႕စဥ္သံုးပစၥည္းေလးေတြရဲ့ စိတ္၀င္စားဖြယ္အခ်က္မ်ား

ေန႕စဥ္သံုးပစၥည္းေလးေတြျဖစ္တဲ့ ဂ်င္းေဘာင္ဘီရဲ့ အိပ္ေသးေသးေလးေတြအေၾကာင္းနဲ့ စပါကတီဇြန္းေတြမွာ အေပါက္ေလးေတြပါ၀င္ေနရတဲ့ အေၾကာင္းေလးေတြကို ေဖာ္ျပပီးေနာက္မွာေတာ့ အျခားက်န္ရွိေနတဲ့ ပစၥည္းေလးေတြထဲက တခ်ိဳ႕တ၀က္ရဲ့ စိတ္၀င္စားဖြယ္အခ်က္ေလးေတြကို မွ်ေ၀ေပးသြားမွာပါ။

၁။ Pen Lids

သင့္ေန႕စဥ္အသံုးျပဳေနၾကေဘာလ္ပင္ အဖံုးေလးေတြမွာ သင္ေတြ႕ျမင္ေနၾကအရာေလးရွိတယ္။ တခ်ိဳ႕ကစဥ္းစားေနခ်ိန္နဲ႕ တျခားအခ်ိန္ေတြမွာ ေဘာလ္ပင္အဖံုးကို ကုိက္တတ္ၾကတယ္။ အဲ့ဒီအက်င့္ေၾကာင့္ အေမရိကားမွာ ႏွစ္စဥ္လူ ၁၀၀ထက္မနည္း ေသဆံုးေနရပါတယ္။

အေၾကာင္းကေတာ့ အမွတ္မထင္မ်ိဳခ်မိလုိ႕ပါတဲ့။ ဒါေၾကာင့့္ေနာက္ပို္င္းမွာ ေဘာလ္ပင္အဖံုးေလးေတြရဲ့ထိပ္မွာ အေပါက္ေလးေတြကို ေတြ႕လာရပီး သူ႕ရဲ့ရည္ရြယ္ခ်က္ကေတာ့ အမွတ္မထင္မ်ိဳခ်မိပါက အသက္ရွဳမရတဲ့အေျခအေနကို အနည္းနဲ႕အမ်ားအေထာက္အကူျဖစ္ေအာင္ပါတဲ့။

၂။ Traffic Lights

သင္မီးပြိဳင့္က မီးလံုးအေရာင္ေလးေတြနဲ႕ေတာ့ ရင္းနွီးေနမွာအေသအခ်ာပါပဲ။ ဒါေပမဲ့ ထိုအေရာင္ေတြဘယ္က အစျပဳခဲ့သလဲ??? မီးပြိဳင့္ေတြကို ကားလမ္းေတြေပၚမွာအသံုးမျပဳခင္ မီးရထားလမ္းေတြမွာ စတင္အသံုးျပဳခဲ့ပါတယ္။ အဲ့တုန္းက အေရာင္ေတြကနည္းနည္းကြဲျပားပါတယ္။

အနီက အႏၲရယ္ အစိမ္းက အေျခအေနကိုေလ့လာ အျဖဴက သြား ဆိုတဲ့ အဓိပၸါယ္ပါ။ ေနာက္ပိုင္းမွာ ဘာခ်ိဳ႕ယြင္းခ်က္ရွိလာလဲဆိုေတာ့ မီးပိြဳင့္ပ်က္ေနခ်ိန္မွာ သံုးခုလံုးအျဖဴလုိ႕ ထင္ေရာင္ထင္မ်ားျဖစ္သြားေစပါတယ္။ ထိုခ်ိဳ႕ယြင္းမွဳေၾကာင့္ မေတာ္တဆမွဳေတြလညး္္မ်ားစြာ ၾကံဳခဲ့ရပါတယ္တဲ့။

အဲ့ေနာက္ပိုငိးမွာေတာ့ အစိမ္းဟာ သြား အ၀ါဟာ အေျခအေနေလ့လာ အနီဟာ ရပ္ဆိုပီး ေျပာင္းလဲလာကာ ကားလမ္းမေတြေပၚမွာပါ သံုးစြဲလာၾကတာပါတဲ့။

၃။ Tic-Tac Lids

သင့္ေန႕စဥ္ဘ၀မွာ အထူးသျဖင့္ ၾကက္သြန္ျဖဴေၾကာင့္ ထြက္တဲ့အနံ႕ဆိုးကို ကာကြယ္ေပးတဲ့ အရာေတြထဲက တစ္ခုအေၾကာင္းေျပာျပခ်င္ပါတယ္။ ပီေကပါ။ တခ်ိဳ႕ပီေကဗူးေတြရဲ့ အဖံုးကိုဖြင့္ၾကည့္ပါက ဘဲဥပံု အခြက္ေလးေတြ အဖံုးရဲ့အတြင္းဘက္မွာ ပါ၀င္ေနတာကို သတိထားမိမွာပါ။

ထို Tic-Tac Lids ေလးေတြဟာ သင္ပီေကကို ထုတ္ယူစဥ္မွာ တစ္ခုခ်င္းဆီအလြယ္တကူ ထုတ္ယူနုိင္ေအာင္ ရိုးရွင္းစြာဖန္တီးထားတာပါတဲ့။

၄။ Keyboard Bumps

သင္ကီးဘုတ္အသံုးျပဳဘူးသူျဖစ္ပါက “F” နဲ႕ “J” ေနရာက အဖုေလးေတြရဲ့ function ကုိသိထားပီးျဖစ္မွာပါ။ ဒါေပမဲ့ မသိေသးသူေတြအတြက္ရည္ရြယ္ပီး ေျပာျပပါရေစ။ တခ်ိဳ႕ က ဒါဟာ အထူးလုပ္ေဆာင္ခ်က္အတြက္လား မ်က္မျမင္ေတြအတြက္လားစသည္ျဖင့္ ထင္ေယာင္ထင္မွားျဖစ္နုိင္ပါတယ္။ တကယ္ေတာ့ ဒါဟာသင္တုိ႕ သိထားသလိုပဲ Typing အတြက္ မွန္ကန္တဲ့ လက္အေနအထားအတြက္ပါပဲတဲ့။

၅။ Padlocks

ေန႕စဥ္အသံုးျပဳေနၾက ေသာ့ခေလာက္ေတြရဲ့ အေၾကာင္းနည္းနည္းေျပာျပရေစ။ ေသာ့ေတြဟာ သင့္ေန႕စဥ္ဘ၀မွာ သင့္ကို လံုျခံဳမွဳေပးနုိင္တဲ့အရာေတြထဲက တစ္ခုပါ။ ဒါေပမဲ့ သူမွာပါ၀င္တဲ့ အရာေလးရဲ့ရိုးရွင္းတဲ့လုပ္ေဆာင္မွဳေလးကိုေျပာျပခ်င္ပါတယ္။

အဲ့ဒါကေတာ့ ေသာ့ထည့္တဲ့အေပါက္ေဘးက အေပါက္ငယ္ေလးေတြပါပဲ။ သူတို႕ရဲ့ရည္ရြယ္ခ်က္က ေရနဲ႕အျခားေသာ ေသာ့အတြင္းပိုင္းပစၥည္းေတြကို သံေခ်းတက္ေစတဲ့အရည္ေတြရဲ့ ထြက္ေပါက္တစ္ခုပါပဲတဲ့။

၆။ Toothpaste Tubes

သင္ေန႕စဥ္အသံုးျပဳေနတဲ့ သြားတုိက္ေဆးဘူး အစြန္းက အေရာင္အမွတ္အသားေလးေတြကို သတိထားမိပါသလား။ တခ်ိဳ႕ကဒါေတြဟာ သြားတိုက္ေဆးမွာပါ၀င္တဲ့ ပစၥည္းေပၚမူတည္ပီးတည္ရွိေနတာလုိ႕ထင္ၾကပါတယ္။ တကယ္ေတာ့ အဲ့ေလာက္မရည္ရြယ္ပါဘူး။

ထိုအမွတ္အသားေလးေတြဟာ ထုတ္လုပ္တဲ့စက္ရံုေတြမွာ ရွိတဲ့ အလိုအေလ်ာက္ ထုတ္ပိုးတဲ့ စက္ေတြအတြက္ အမွတ္အသားတစ္ခုပါ။ ထိုအမွတ္အသားေလးကို သြားတုိက္ေဆးကို ဗူးထဲထည့္သြင္းပီးခ်ိန္မွာ ျပဳလုပ္လုိက္ပီး ထုတ္ပိုးတဲ့စက္က ထိုအမွတ္ေလးကို scan ဖတ္နိုင္မွ စတင္ထုတ္ပိုးပါေတာ့တယ္။

၇။ Wine Bottles

ဒီတစ္ခါမွာေတာ့ ၀ိုင္ပုလင္းေတြဖက္ သြားၾကည့္ရေအာင္။ ၀ိုင္ပုလင္းေတြဖင္မွာ အခ်ိဳင့္ပံုရွိေနတာကို သတိထားမိမွာပါ။ ဒါကို “Punt” လို႕ေခၚပီး စတင္တီထြင္ခ်ိန္မွာေတာ့ ၀ိုင္ပုလင္းေတြကို အလြယ္တကူမလဲေစဘဲ stable ျဖစ္ေနေအာင္ပါ။ ေနာက္ပိုင္း မွာေတာ့ ပုလင္းေတာ္ေတာ္မ်ားမ်ားမွာအသံုးျပလာၾကပီး ဂက္စ္ပါတဲ့ပုလင္းေတြအတြက္ကေတာ့ ဒါဟာ ပုလင္းထဲက ဖိအားကို ညီမွ်ေစပါတယ္တဲ့။

၈။ STOP Signs

STOP signs မွာ ဘာလုိ႕ ေထာင့္ရွစ္ေထာင့္ကို အၾကမ္းဖ်င္းအသံုးျပဳၾကတာလ?? တကယ္ေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက လူေတြဟာ STOP Signs ကို ေဘာင္ခတ္ထားတဲ့ ေထာင့္ေပၚမူတည္ပီး အႏၲရယ္အမ်ိဳးအစားကို ခြဲျခားၾကတာပါတဲ့။

အမ်ားအားျဖင့္ မိီးရထားလမ္း Signs ေတြမွာ အ၀ိုင္းပံုေတြ႕ရတတ္ပီး ဒါဟာ အႏၲရယ္အရွိဆံုးလို႕မွတ္ယူခဲ့ၾကတယ္။ ေနာက္ပိုင္းမွာေတာ့ ေတာ္ေတာ္မ်ားမ်ားလမ္းဆံုလမ္းခြေနရာေတြမွာ ေထာင့္ရွစ္ေထာင့္ပါ STOP Signs ေတြကိုပဲ ေယဘုယ်အသံုးျပဳၾကပါေတာ့တယ္တဲ့။

၉။ Men and Women Buttons

ခုေခတ္မွာေတာ့ မိန္းခေလးနဲ႕ ေယာက္်ားေလး အက်ီၤေတြ ေဘာင္းဘီေတြမွာ ေတြ႕ရတဲ့ ၾကယ္သီးအေနအထားဟာ သိပ္မထင္ရွားေတာ့ပါဘူး။ ေရွးတုန္းကေတာ့ ဒါဟာ ကြဲျပားမွဳတကယ္ရွိခဲ့ပါတယ္။ ေယာက္်ား၀တ္ အ၀တ္အစားေတြရဲ့ ညာဘက္ပိုင္းမွာ ၾကယ္သီးကို တပ္ဆင္ၾကပီး မိန္းခေလးအတြက္ကေတာ့ ေျပာင္းျပန္ေပါ့။

အေၾကာင္းကေတာ့ ေရွးေခတ္မင္းမ်ိဳးမင္းႏြယ္မိန္းခေလးေတြဟာ အေစခံေတြရဲ့ အ၀တ္အစား၀တ္ဆင္ေပးျခင္းကိုသာ လက္ခံပီး ညာသန္အေစခံေတြ အ၀တ္အစား၀တ္ဆင္ေပးရာမွာ အဆင္ေျပေစဖုိ႕ပါတဲ့။ ေယာက္်ားေလးအမ်ားစုကေတာ့ ကိုယ္တုိင္၀တ္ဆင္ၾကတဲ့အတြက္ ေျပာင္းျပန္အေနအထားမွာရွိေနတာပါတဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စပြန္႕ (Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #
သင့်သတိမထားမိနိုင်သော နေ့စဉ်သုံးပစ္စည်းလေးတွေရဲ့ စိတ်ဝင်စားဖွယ်အချက်များ

နေ့စဉ်သုံးပစ္စည်းလေးတွေဖြစ်တဲ့ ဂျင်းဘောင်ဘီရဲ့ အိပ်သေးသေးလေးတွေအကြောင်းနဲ့ စပါကတီဇွန်းတွေမှာ အပေါက်လေးတွေပါဝင်နေရတဲ့ အကြောင်းလေးတွေကို ဖော်ပြပီးနောက်မှာတော့ အခြားကျန်ရှိနေတဲ့ ပစ္စည်းလေးတွေထဲက တချို့တဝက်ရဲ့ စိတ်ဝင်စားဖွယ်အချက်လေးတွေကို မျှဝေပေးသွားမှာပါ။

၁။ Pen Lids

သင့်နေ့စဉ်အသုံးပြုနေကြဘောလ်ပင် အဖုံးလေးတွေမှာ သင်တွေ့မြင်နေကြအရာလေးရှိတယ်။ တချို့ကစဉ်းစားနေချိန်နဲ့ တခြားအချိန်တွေမှာ ဘောလ်ပင်အဖုံးကို ကိုက်တတ်ကြတယ်။ အဲ့ဒီအကျင့်ကြောင့် အမေရိကားမှာ နှစ်စဉ်လူ ၁၀၀ထက်မနည်း သေဆုံးနေရပါတယ်။

အကြောင်းကတော့ အမှတ်မထင်မျိုချမိလို့ပါတဲ့။ ဒါကြောင့်နောက်ပိုင်းမှာ ဘောလ်ပင်အဖုံးလေးတွေရဲ့ထိပ်မှာ အပေါက်လေးတွေကို တွေ့လာရပီး သူ့ရဲ့ရည်ရွယ်ချက်ကတော့ အမှတ်မထင်မျိုချမိပါက အသက်ရှုမရတဲ့အခြေအနေကို အနည်းနဲ့အများအထောက်အကူဖြစ်အောင်ပါတဲ့။

၂။ Traffic Lights

သင်မီးပွိုင့်က မီးလုံးအရောင်လေးတွေနဲ့တော့ ရင်းနှီးနေမှာအသေအချာပါပဲ။ ဒါပေမဲ့ ထိုအရောင်တွေဘယ်က အစပြုခဲ့သလဲ??? မီးပွိုင့်တွေကို ကားလမ်းတွေပေါ်မှာအသုံးမပြုခင် မီးရထားလမ်းတွေမှာ စတင်အသုံးပြုခဲ့ပါတယ်။ အဲ့တုန်းက အရောင်တွေကနည်းနည်းကွဲပြားပါတယ်။

အနီက အန္တရယ် အစိမ်းက အခြေအနေကိုလေ့လာ အဖြူက သွား ဆိုတဲ့ အဓိပ္ပါယ်ပါ။ နောက်ပိုင်းမှာ ဘာချို့ယွင်းချက်ရှိလာလဲဆိုတော့ မီးပွိုင့်ပျက်နေချိန်မှာ သုံးခုလုံးအဖြူလို့ ထင်ရောင်ထင်များဖြစ်သွားစေပါတယ်။ ထိုချို့ယွင်းမှုကြောင့် မတော်တဆမှုတွေလည်း်များစွာ ကြုံခဲ့ရပါတယ်တဲ့။

အဲ့နောက်ပိုငိးမှာတော့ အစိမ်းဟာ သွား အဝါဟာ အခြေအနေလေ့လာ အနီဟာ ရပ်ဆိုပီး ပြောင်းလဲလာကာ ကားလမ်းမတွေပေါ်မှာပါ သုံးစွဲလာကြတာပါတဲ့။

၃။ Tic-Tac Lids

သင့်နေ့စဉ်ဘဝမှာ အထူးသဖြင့် ကြက်သွန်ဖြူကြောင့် ထွက်တဲ့အနံ့ဆိုးကို ကာကွယ်ပေးတဲ့ အရာတွေထဲက တစ်ခုအကြောင်းပြောပြချင်ပါတယ်။ ပီကေပါ။ တချို့ပီကေဗူးတွေရဲ့ အဖုံးကိုဖွင့်ကြည့်ပါက ဘဲဥပုံ အခွက်လေးတွေ အဖုံးရဲ့အတွင်းဘက်မှာ ပါဝင်နေတာကို သတိထားမိမှာပါ။

ထို Tic-Tac Lids လေးတွေဟာ သင်ပီကေကို ထုတ်ယူစဉ်မှာ တစ်ခုချင်းဆီအလွယ်တကူ ထုတ်ယူနိုင်အောင် ရိုးရှင်းစွာဖန်တီးထားတာပါတဲ့။

၄။ Keyboard Bumps

သင်ကီးဘုတ်အသုံးပြုဘူးသူဖြစ်ပါက “F” နဲ့ “J” နေရာက အဖုလေးတွေရဲ့ function ကိုသိထားပီးဖြစ်မှာပါ။ ဒါပေမဲ့ မသိသေးသူတွေအတွက်ရည်ရွယ်ပီး ပြောပြပါရစေ။ တချို့ က ဒါဟာ အထူးလုပ်ဆောင်ချက်အတွက်လား မျက်မမြင်တွေအတွက်လားစသည်ဖြင့် ထင်ယောင်ထင်မှားဖြစ်နိုင်ပါတယ်။ တကယ်တော့ ဒါဟာသင်တို့ သိထားသလိုပဲ Typing အတွက် မှန်ကန်တဲ့ လက်အနေအထားအတွက်ပါပဲတဲ့။

၅။ Padlocks

နေ့စဉ်အသုံးပြုနေကြ သော့ခလောက်တွေရဲ့ အကြောင်းနည်းနည်းပြောပြရစေ။ သော့တွေဟာ သင့်နေ့စဉ်ဘဝမှာ သင့်ကို လုံခြုံမှုပေးနိုင်တဲ့အရာတွေထဲက တစ်ခုပါ။ ဒါပေမဲ့ သူမှာပါဝင်တဲ့ အရာလေးရဲ့ရိုးရှင်းတဲ့လုပ်ဆောင်မှုလေးကိုပြောပြချင်ပါတယ်။

အဲ့ဒါကတော့ သော့ထည့်တဲ့အပေါက်ဘေးက အပေါက်ငယ်လေးတွေပါပဲ။ သူတို့ရဲ့ရည်ရွယ်ချက်က ရေနဲ့အခြားသော သော့အတွင်းပိုင်းပစ္စည်းတွေကို သံချေးတက်စေတဲ့အရည်တွေရဲ့ ထွက်ပေါက်တစ်ခုပါပဲတဲ့။

၆။ Toothpaste Tubes

သင်နေ့စဉ်အသုံးပြုနေတဲ့ သွားတိုက်ဆေးဘူး အစွန်းက အရောင်အမှတ်အသားလေးတွေကို သတိထားမိပါသလား။ တချို့ကဒါတွေဟာ သွားတိုက်ဆေးမှာပါဝင်တဲ့ ပစ္စည်းပေါ်မူတည်ပီးတည်ရှိနေတာလို့ထင်ကြပါတယ်။ တကယ်တော့ အဲ့လောက်မရည်ရွယ်ပါဘူး။

ထိုအမှတ်အသားလေးတွေဟာ ထုတ်လုပ်တဲ့စက်ရုံတွေမှာ ရှိတဲ့ အလိုအလျောက် ထုတ်ပိုးတဲ့ စက်တွေအတွက် အမှတ်အသားတစ်ခုပါ။ ထိုအမှတ်အသားလေးကို သွားတိုက်ဆေးကို ဗူးထဲထည့်သွင်းပီးချိန်မှာ ပြုလုပ်လိုက်ပီး ထုတ်ပိုးတဲ့စက်က ထိုအမှတ်လေးကို scan ဖတ်နိုင်မှ စတင်ထုတ်ပိုးပါတော့တယ်။

၇။ Wine Bottles

ဒီတစ်ခါမှာတော့ ဝိုင်ပုလင်းတွေဖက် သွားကြည့်ရအောင်။ ဝိုင်ပုလင်းတွေဖင်မှာ အချိုင့်ပုံရှိနေတာကို သတိထားမိမှာပါ။ ဒါကို “Punt” လို့ခေါ်ပီး စတင်တီထွင်ချိန်မှာတော့ ဝိုင်ပုလင်းတွေကို အလွယ်တကူမလဲစေဘဲ stable ဖြစ်နေအောင်ပါ။ နောက်ပိုင်း မှာတော့ ပုလင်းတော်တော်များများမှာအသုံးပြလာကြပီး ဂက်စ်ပါတဲ့ပုလင်းတွေအတွက်ကတော့ ဒါဟာ ပုလင်းထဲက ဖိအားကို ညီမျှစေပါတယ်တဲ့။

၈။ STOP Signs

STOP signs မှာ ဘာလို့ ထောင့်ရှစ်ထောင့်ကို အကြမ်းဖျင်းအသုံးပြုကြတာလ?? တကယ်တော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လူတွေဟာ STOP Signs ကို ဘောင်ခတ်ထားတဲ့ ထောင့်ပေါ်မူတည်ပီး အန္တရယ်အမျိုးအစားကို ခွဲခြားကြတာပါတဲ့။

အများအားဖြင့် မီးရထားလမ်း Signs တွေမှာ အဝိုင်းပုံတွေ့ရတတ်ပီး ဒါဟာ အန္တရယ်အရှိဆုံးလို့မှတ်ယူခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ တော်တော်များများလမ်းဆုံလမ်းခွနေရာတွေမှာ ထောင့်ရှစ်ထောင့်ပါ STOP Signs တွေကိုပဲ ယေဘုယျအသုံးပြုကြပါတော့တယ်တဲ့။

၉။ Men and Women Buttons

ခုခေတ်မှာတော့ မိန်းခလေးနဲ့ ယောက်ျားလေး အကျီၤတွေ ဘောင်းဘီတွေမှာ တွေ့ရတဲ့ ကြယ်သီးအနေအထားဟာ သိပ်မထင်ရှားတော့ပါဘူး။ ရှေးတုန်းကတော့ ဒါဟာ ကွဲပြားမှုတကယ်ရှိခဲ့ပါတယ်။ ယောက်ျားဝတ် အဝတ်အစားတွေရဲ့ ညာဘက်ပိုင်းမှာ ကြယ်သီးကို တပ်ဆင်ကြပီး မိန်းခလေးအတွက်ကတော့ ပြောင်းပြန်ပေါ့။

အကြောင်းကတော့ ရှေးခေတ်မင်းမျိုးမင်းနွယ်မိန်းခလေးတွေဟာ အစေခံတွေရဲ့ အဝတ်အစားဝတ်ဆင်ပေးခြင်းကိုသာ လက်ခံပီး ညာသန်အစေခံတွေ အဝတ်အစားဝတ်ဆင်ပေးရာမှာ အဆင်ပြေစေဖို့ပါတဲ့။ ယောက်ျားလေးအများစုကတော့ ကိုယ်တိုင်ဝတ်ဆင်ကြတဲ့အတွက် ပြောင်းပြန်အနေအထားမှာရှိနေတာပါတဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: စပွန့် (Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top