မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×
Credit: Mystyle
#Unicode Version#
သင့်ရဲ့ ခြေထောက်တွေကတော့ သင်အမြဲ အသုံးပြုနေကျဖြစ်လို့ သင့်အတွက် အရေးပါဆုံးဆိုလည်း မမှားပါဘူးနော်။ အဲဒီခြေထောက်လေးက သင့်စိတ်နေစိတ်ထားတွေကို ဖော်ပြပေးနေပါတယ်။
၁။ သင့်ခြေဖမိုးက ခုံးနေရင်
သင်ဟာ လွတ်လပ်မှုကို ကြိုက်တယ်။ ကိုယ့်ကိုကိုယ် တစ်ယောက်တည်းနေရတာကြိုက်တယ်။ တခါတလေ လူတွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်း မနေလိုဘူး။ လူတွေက သင့်ကို ခေါင်းမာတယ်လို့ ထင်ကြတယ်။
ခြေဖမိုးခုံးတဲ့သူတွေဟာ တခြားသူရဲ့ အယူအဆ ဘယ်လိုရှိတယ်ဆိုတာကို ဂရုမစိုက်ဘူး။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတယ်။
ခြေဖမိုးက မခုံးဘဲ နိမ့်နေရင်တော့ သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။ လူတွေနဲ့ အတူနေရတာကြိုက်တယ်။ ပျော်တတ်တယ်။ လူတွေကို ရယ်စရာ ပြောပြပေးတတ်တယ်။
၂။ ခြေထောက်အပြားကြီးရင်
သင့်ရဲ့ ခြေထောက်က ကြီးနေရင် သင်ဟာ အမြဲတမ်း ကြိုးစားနေရတဲ့သူတစ်ယောက်ဖြစ်တယ်။ ဒါဆိုရင် ခဏလောက် ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ရပ်ပြီး စဉ်းစားကြည့်ပါ။ active ဖြစ်တယ်။ တခါတလေမှာတော့ အပျင်းကြီးတယ်။ လမ်းလျှောက်ရတာကို ကြိုက်တယ်။ အလုပ်လုပ်ရတာကို သဘောကျတယ်။
၃။ ခြေဖဝါးသွယ်ပြီး ရှည်ရင်
သင်ဟာ အမြဲတမ်းနောက်ကျတတ်တဲ့သူဖြစ်ပြီး တခြားသူကို စောင့်အောင်အမြဲလုပ်တတ်တယ်။ အပျင်းကြီးတယ်။ မအောင်မြင်တဲ့အရာတစ်ခုကိုဆို မလုပ်ချင်ဘူး။ ခက်ခဲတဲ့အလုပ်တွေကို အမြဲတမ်းလိုလို ရှောင်တတ်တယ်။ တခြားသူလုပ်မလားဆိုပြီး စောင့်နေတတ်တယ်။ အလှအပကို ပဲဂရုစိုက်တယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Mystyle
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top