ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

က်ေတာ္ရဲ႕ အဖိုးလက္ထက္ေလာက္ကေပါ့ဗ်ာ။ ဧရာဝတီတိုင္း က ကြ်န္းစုေလးတခုေပၚမွာ တကယ္ျဖစ္ခဲ႔တာေလးကို စာဖတ္သူေတြက္ိုမွ်ေဝေပးခ်င္ပါတယ္။

အရင္တုန္းကဆိုေတာ့ က်ေတာ္ ေနတဲ႔ရြာ ျကီးက ေတာအုပ္ျကီးတခုပါဘဲ ထိုေတာအုပ္ထဲမွာ ျခံဳႏြယ္ပိတ္ေပါင္းေတြဖံုးလႊမ္းေနတဲ႔ ေစတီ ငုတ္တိုေလးတစ္ဆူရွိပါတယ္။

အရင္းတုန္းက လူေတြက သစ္တိုက္ သစ္ခြဲ လုပ္က်တာေပါ့ဗ်ာ လယ္ေတြဘာေတြေကာမလုပ္ဘူးလားလို႔မေမးနဲ႔အကုန္လုပ္တယ္။

က်ေတာ္ေျပာေနတာနဲ႔တင္ဇာတ္လမ္းက လိုရင္းမေရာက္ေတာ့ဘူးဗ်ာ ကဲဆက္ရေအာင္။

“ေဒါင္ ေဒါင္ ” အစည္းအေဝးထိုင္ဖို႕ရြာသားေတြကို သူျကီးက အခ်က္ေပးလိုက္ေသာအသံျဖစ္သည္။

ရြာသားေတြကလည္းတအိမ္တေယာက္ သူျကီးအိမ္သို႔ထြက္လာက်ပါတယ္ တခ်ိဳ႕ကေတာ့ ဘာအေရးျကီးကိစၥမ်ားရွိလို့လဲေပါ့အခ်င္းခ်င္း တီးတိုးေျပာဆိုေနက်ပါတယ္။

သူျကီးအိမ္ေရာက္ေတာ့ ေျမကြက္အလြတ္ေလးေပၚမွာ ဖိနပ္ေလးေတြ ဖင္ခုျပီးထိုင္ ေစာင့္ေနက်ပါတယ္။

မျကာခင္ နႈတ္ခမ္းေမႊးကား ကား နဲ႔ လူျကီးတဦးေရာက္လာျပီး “ရြာသူ ရြာသားေတြကို က်ဳပ္ဒီေန႕ေခၚလိုက္ရတဲ႔အေျကာင္းကေတာ့ ရြာသစ္တည္ဖို႔ကိစၥဘဲျဖစ္တယ္”။

ထိုခ်ိန္ ရြာသားတေယာက္က မတ္တပ္ရပ္လိုက္ျပီး ဘယ္ေနရာမွာ ရြာတည္မွာလဲ သူျကီးရ က်ေတာ္တို႔ကေကာ ဒီရြာကေျပာင္းရမွာလား။

အယ့္လို လည္းမဟုတ္ေသးဘူး ဖိုးနီရဲ႕ အခုငါတို႔ရြာသစ္တည္တယ္ ဆိုတာ ငါ့တို႔တိုင္းရင္းသားေတြ က်ယ္က်ယ္ျပန္႔ျပန္႔ေနလို႔ရေအာင္လို႔ပါ မင္းအေစာကေျပာသလို ဒီရြာကေျပာင္းစရာလည္းမလိုပါဘူး ရြာသစ္မွာ ေနခ်င္တဲ႔သူကေတာ့ သြားေနလို႔ရပါတယ္။

“ဒါဆိုသူျကီး ေနရာေကာ ေရြးျပီးျပီလား”ရြာသားတေယာက္ရဲ႔အသံျဖစ္သည္။

“ေအး ေရြးျပီးျပီကြ တို႔ရြာရဲ႔ေတာင္ဖ်ားက ေတာ အုပ္ကေလးဘဲ ”

“ဟာ သူျကီး ျဖစ္ပါ့မလားဗ်ာ ”

“ေဟ ဘာလို မျဖစ္ရမွာလဲကြ”

“အယ့္ေတာ အုပ္ထဲက မျကာခနဆ္ိူသလို လူေသလိုက္ စုန္းမီးလိုလို သရဲမီးလိုလို ေတြလည္း တတ္လာလိုက္နဲ႔ဗ်ာ သူျကီးရယ္တျခားေနရာျပန္ ေရြးလိုက္ပါလား” ဖိုးနီရဲ႕စကားသံျဖစ္သည္။

“ဟာ ဘယ္ျဖစ္မလဲကြ အခုေတာ့မွ ျမိဳ႕ပိုင္မင္း ကဒီေနရာဘဲရြာ သစ္တည္ဖို႔ အမိန္႔ခ်ထားတာကြ ဖိုးနီရ ”

“ဒါဆိုလည္း မတတ္နိုင္ဘူးေလ သူျကီးရယ္ ဘယ္ခ်ိန္စမွာလဲ ရြာတည္ဖို႔က ”

“မနက္ျဖန္ စမယ္ တအိမ္တေယာက္ ေတာရွင္းဖို႔လိုက္ရမယ္ မလိုက္တဲ႔အိမ္က ဒဏ္ခတ္ခံရမယ္ က်ဳပ္ေျပာခ်င္တာဒီေလာက္ပါဘဲ အားလံုးျပန္နိုင္ပါျပီ ”

ရြာသားေတြလည္း တေယာက္တေပါက္နဲ႔အိမ္ကိုျပန္သြားက်ပါတယ္။

ေနာက္ေန႔ေရာက္ေတာ့ တအိမ္တေယာက္ ဓားကိုယ္စီကိုင္ျပီးေတာ့ ေတာရွင္းဖို႔ သူျကီးအိမ္သို႔ လူလာစုက်ပါတယ္။

လူေတြစံုေလာက္ျပီဆိုေတာ့မွ သူျကီကလည္း သြားက်မယ္ ေဟ့ ဆိုျပီး နွလံုးျပဴးေသနတ္ကိုလြယ္ ကာ ေရွ႔ကေန ဦးေဆာင္ျပီးထြက္သြားပါတယ္။

ဒီလိုနဲ႔ နာရီဝက္ေလာက္ေလွ်ာက္လိုက္ေတာ့ ေတာ အုပ္ကေလးရဲ႔အစပ္ကို ေရာက္လာပါတယ္။

သူျကီးက အသင့္ယူလာတဲ႔ ကန္ေတာ့ပြဲနဲ႔ဖေယာင္းတိုင္ အေမႊးတိုင္တို႔ကို ထြန္းလိုက္ျပီ း ေတာပိုင္ ေတာင္ပိုင္ မ်ားကို ခြင့္ေတာင္းပါတယ္ ျပီးေတာ့ ရြာသားေတြကို သစ္ပင္ေတြကို စခုတ္ခိုင္းလိုက္ပါတယ္။

သူျကီးဆိုျပီး ေအးေဆးထိုင္ေနမယ္မထင္နဲ႔ သူကိုယ္တိုင္ ေတာ ခုတ္ဓားနဲ႔ ဝင္ ခုတ္ေနတာပါ ဒါက ရြာသားေတြရဲ႕စည္းလံုးညီညြတ္မႈကိုျပသလည္းျဖစ္ပါတယ္။

သစ္ပင္ေတြခုတ္ ရွင္းတာ ပထမတရက္ ေအးေဆး ုတိယတရက္လည္း ေအးေဆး တတိယရက္လည္းေရာက္ေတာ့။

“ဗိ်ဳ႕သူျကီး ဒီမွာ လာျကည့္ပါဦးဗ် ေစတီပ်တ္တဆူဘဲ ” ရြာသားတဦးရဲ႔အသံေျကာင့္တျခားရြာသားေတြေရာ သူျကီးပါ ထိုရြာသားနားသို႔ လာက်ပါတယ္။

သူ့ျကီးက “ဟုတ္သကြ ေစတီပ်တ္တဆူဘဲ ငါတို႔ရြာသားေတြ နဲ႔ထိုက္လို႔ဖူးရတာေနမ “ဆိုျပီး သူျကီးက ထိုင္ကန္ေတာ့ေတာ့ ရြားသားေတြလည္း လိုက္ကန္ေတာ့က်ပါတယ္။

ထိုခ်ိန္ ေက်ာ္ျကီးက “ဗ်ိဳ႕သူျကီးဒီဘက္မွာ လည္းဘီလူးရုပ္ျကီးဗ် တကယ့္အသက္ဝင္ေနတဲ႔အတိုင္းဘဲ ”

“ေအးကြာ ဒီေစတီ ေလးက ေရွးေခတ္ မင္းေတြတည္သြားတာ ျဖစ္ေလာက္တယ္ ဘီလူးရုပ္ကလည္း လက္ယာေျမာက္တယ္ အသက္ဝင္ေနတဲ႔အတိုင္းဘဲ ”

“ဟုတ္တယ္ဗ် သူျကီး က်ေတာ္ေတာင္ ျကည့္ရင္းနဲ႕ေျကာက္လာျပီ “ရြာသားတဦးက ေျပာလိုက္ေသာစကားသံျဖစ္သည္။

သူျကီးကလည္း “ေအးကြာ တို႔ေတြဒီေန႔ အပင္ေတြဆက္မရွင္းက်ေတာ့ဘဲ ေစတီေလး ကို ရုပ္လံုးေပၚလာေအာင္ ျခံဳေတြႏြယ္ေတြခုတ္က်ရေအာင္ ”

သူျကီးရဲ႕စကားေျကာင့္ရြာသားေတြလည္း ဓားေတြကိုယ္စီျပန္ကိုင္လိုက္ျပီး ေစတီေလး ဝန္းက်င္ ကို ရွင္းလင္း က်ပါေတာ့တယ္။

ထိုသတင္းကား တျခားရြာရွိ သိုက္ဆရာ ဦးဖုန္းေမာင္ နားထဲသို႔ ေရာက္သြားပါတယ္ ဦးဖုန္းေမာင္ကလည္း သူတူးလို႔မရတဲ႔သိုက္ဆိုတာ မရွိဘူး။

သူတပည့္ ဇာနည္ နဲ႔ညိုျကီးကို ေခၚလိုက္ပါတယ္။

“ဆရာျကီး က်ေတာ္တို႕ကိုေခၚတယ္ဆို ဘာ ခိုင္းစရာရွိလို႔ပါလဲ ”

“သိုက္ တခု ေတြ႔ထားတယ္ ဟိုဘက္ရြာက ေတာ အုပ္ထဲက ေစတီ ျပတ္တခုမွာ အယ့္တာ သိုက္တူးဖို႔ မင္းတ္ု႔ႏွစ္ေယာက္အကူအညီလိုတယ္ ”

“ဒါမ်ား ဆရာျကီးရယ္ ျကိုက္တဲ႔ခ်ိန္ေျပာ ကေတာ္တို႕က လိုက္ျပီးသားဘဲ ဆရာျကီးရဲ႕ေက်းဇူးေတြကိုလည္း က်ေတာ္တို႔ဆပ္လို႔မကုန္ပါဘူး ”

“ေအးဒါဆို ေနာက္လကြယ္ေန႔ လုပ္ငန္းစက်မယ္ အသင့္လုပ္ထားက် ”

“ဟုတ္ကဲ႔ပါဆရာျကီး” ဆိုျပီး ဇာနည္နဲ႔ညိုျကီးတို႔ႏွစ္ေယာက္အိမ္သို႔ျပန္သြားပါေတာ့တယ္။

ဟိုဘက္မွာေတာ့ သူျကီးနဲ႔ရြာသားေတြက ေတာအုပ္ေလးကို ဆက္ျပီး မရွင္းေတာ့ဘဲ ေစတီေတာ္ေလးကိုသာ ျပဳျပင္ေနက်ပါတယ္။

တရြာလံုးရဲ႔မ်က္နွာ မွာေတာ့ အျပံဳးကိုယ္စီနဲ႔ ေပါ့ဗ်ာ ထြန္းေမာင္တေယာက္ ဘီလူးရုပ္ျကီးနားသို႔ကပ္သြားျပီး။

“ေအာင္မေလး ဗ် “ဆိုျပီး အက်ယ္ျကီးေအာ္ လိုက္ပါတယ္ သူျကီးေကာ ရြာသားေတြပါ ေရာက္လာျပီး။

“ဟိတ္ေကာင္ ထြန္းေမာင္ ဘာေတြ႔လို႔လဲကြ ”

စကားသံထစ္ထစ္ျဖင့္ !”သ သျကီး ဘီ ဘီလူးရုပ္ျကီးက မ်က္ေတာင္ခတ္တယ္ဗ် ”

“ဟာ မျဖစ္နိုင္တာကြာ ရုပ္တုျကီးဘဲ ဘယ္လို မ်က္ေတာင္ခတ္နိုင္မွာလဲ ”

“က်ေတာ္ ေသခ်ာ ေတြ႔လိုက္တာပါ မယံုရင္ သူျကီး တို႕ျကည့္ ျကည့္လိုက္ေလ ”

ဟုတ္တယ္ဗ် ထြန္းေမာင္ေျပာတဲ႔အတိုင္းဘဲ ဘီလူးရုပ္ျကီး ကမ်က္ေတာင္ခတ္ေနပါတယ္။

သူျကီးက “ဟာ ဟိတ္ေကာင္ေတြ ဒီဘုရားက အေတာ္တန္ခိုးျကီးတယ္ ေနာ္ အမွား မလုပ္မိေစနဲ႔ အေပါ့အပါးသြားရင္ေတာင္ အရင္ဆံုးခြင့္ေတာင္းျပီးမွ သြားက် ”

“.ဟုတ္ကဲ႔ပါ သူျကီး က်ေတာ္တို့လည္းေျကာက္လာျပီ ျပန္ရေအာင္သူျကီးရယ္”

“ေအးေလ ဒါဆိုလည္း ျပန္က်တာေပါ့ ”
ဆိုျပီးအိမ္ကို အျမန္ ေလွ်ာက္လာခဲ႔က်ပါတယ္။

လကြယ္ေန႔မတိုင္ခင္ ေရွ႔တရက္က သူျကီးတ္ု႕အဖြဲ႔ ေတာ ခုတ္ဖို႔ဆင္းေတာ့ ဘီလူး မ်က္ လံုးကေန ေသြးေတြစီးက်ေနတာကိုေတြ႔လိုက္ရပါေတာ့တယ္။

ထိုေန႕က ဆရာေတာ္ ဘုရားလည္း ပါလာခဲ႔ပါတယ္ ဆရာေတာ္က ဘီလူးရုပ္ေဘးနားသို႕ကပ္သြားကာ

“ဘီလူးမ်က္လံုးက ေသြးမ်က္ရည္ က်တယ္ဆိုေတာ့ ဒါမေကာင္းတဲ႔နိမိတ္ဘဲ ဒီေနရာမွာေတာ့ တခုခုျဖစ္လိမ့္ဦးမယ္ ဒကာတို့”

ဆရာေတာ္ရဲ႕စကားေျကာင့္ အကုန္လံုးထိတ္လန္႕သြားက်ပါတယ္။

ထိုေန႔ က အလုပ္ကိုေသခ်ာ မလုပ္နိုင္ဘဲ စိုးရိမ္စိတ္ေတြျကီးစိုးေနခဲ႔ပါတယ္ ဆရာေတာ္က ေတာ့ ေမတၲာသုတ္ကို ရြတ္ဖတ္ေနတာေပါ့ဗ်ာ။

ရြာသားမ်ား အိမ္သို႔ေရာက္ေသာ္လည္း ထိုအေျကာင္းကို ဇနီးမယားေတြ ဆီ ျပန္ေျပာ ျပက်ပါတယ္ မိန္းမသားေတြကလည္း အေတာ္ေလးကို ထိတ္လန္႔သြားက်ပါတယ္။

ဒီေန႔ လျပည့္ေန႔ သိုက္ဆရာ ဖုန္းးေမာင္တို႔သံုးေယာက္အျကံရွိသူပီပီ ဟိုဘက္ရြာက အမိ်ဳးအိမ္ကို ေန႔လည္တည္းက သြား ျပီး တည္းခိုလိုက္က်ပါတယ္။

လိုအပ္တဲ႔ပစၥည္းေတြယူျပီး ေတာ့ ည ၁၁ နာရီေလာက္မွာ တည္းတဲ႔အိမ္ကေနထြက္ခဲ႔က်ပါတယ္။

ေစတီ ပ်တ္ကေလးသို႔ေရာက္ေသာအခါ ျကိုးျဖင့္ စည္း ခ်က္ ခ်လိုက္ပါတယ္ ေလးေထာင့္ပံု သဏၭာန္ ျပီးေတာ့ ကန္ေတာ့ပြဲတခုေပးျပီူး အုန္းသီးေပၚမွာ ဖေယာင္းတိုင္တတိုင္ထြန္းလိုက္ပါတယ္။

ဇာနည္နဲ႔ညိုျကီးကေတာ့ ေပါက္ျပားကိုယ္စီ ကို င္ လို႔ ဆရာျကီး အမိန္႔ေပးတာနဲ႔တူးဖို႔အသင့္လုပ္ေနပါတယ္။

ဦးဖုန္းေမာင္လည္း တူးေတာ့ လို့ေျပာလိုက္ေရာ ဇာနည္နဲ႔ညိုျကီးက အားရပါးရ တူးလိုက္က္က်ပါတယ္။

ဦးဖုန္းေမာင္ကေတာ့ ဂါထာတပုဒ္ကို အဌာန္ကရိုင္းက်က်ရြတ္ဖတ္ေနပါတယ္ ည၁၂ ေလာက္ က်ေတာ့ ေျမျကီးထဲကေန ေရႊ အိုးျကီးတလံုးေပၚလာပါေတာ့တယ္။

ထို ေရႊအိုးျကီး ေပၚလာတာနဲ႔တျပိဳင္နက္ ဘီလူးရုပ္ထုျကီးက လည္း အသက္ဝင္လာခဲ႔ပါ တယ္ ဒါေပမယ္ ေရႊအိုးငန္းေနတဲ႔ ဦးဖုန္းေမာင္တ္ု႔သံုးေယာက္ကေတာ့ မသိရွာေပ။

ထိုခ်ိန္ ဖေယာင္းတိုင္က ရုတ္ တရက္ျငိမ္းသြားပါတယ္ တဆက္ဆည္းဘဲ သူတို႔ေရွ႔တည္းကို မ်က္လံုးနီနီ ျကီး နဲ႔အေကာင္ျကီးတေကာင္ ကပ္လာပါေတာ့။

အနားေရာက္ေတာ့မွ ဘီလူးျကီး ျဖစ္ေနမွန္းသိ လိုက္ရတာ သူတ္ု႔ေနာက္က်သြားေခ်ျပီ ဘီလူးရဲ႔ သံလ်က္ဖ်ားမွာ လူသံုးေယာက္ အသက္ေပးလိုက္ရေလျပီ။

ေရႊအိုးျကီးလည္း ေျမျကီးထဲသို႔တျဖည္းျဖည္းျပန္ဝင္သြားပါေတာ့တယ္ ထိုအခါမွ ဘီလူးျကီးလည္း မူလေက်ာက္ရုပ္ျကီးအသြင္သို႔ကူးေျပာင္းသြားပါေတာ့တယ္။

မနက္ေရာက္ေတာ့ သူျကီးအဖြဲ႔ ေတာခုတ္ဖို႔လာရင္းနဲ႔ေစတၤီေလးေဘးနားမွာ လူသံုးေယာက္ရဲ႔အေလာင္းကိုေတြ႔ေခ်ျပီ။

ျပီးေတာ့လည္း ဘီလူးရဲ႔သံလ်က္မွာလည္း ေသြးစြန္းေနတာကို ပါအားလံုးျမင္လိုက္ရေတာ့ ဟာခနဲ ဟကခနဲျဖစ္သြားက်ပါတယ္။

တေန႔ေသာ ညမွာ သူျကီး အိမ္မက္ထဲသို႔ဝတ္ျဖဴစင္ျကယ္နဲ႔ဘိုးေတာ္တဦးေရာက္လာျပီး။

“ငါ့ေျမး ေတာအုပ္ကေလးထဲက ေစတီေလးကို အသစ္ျပန္ မြမ္းမံလိုက္ပါ ငါ့ေျမးတို႔ရြာအတြက္ ေကာင္းက်ိဳးေတြအမ်ားျကီး ရလာလိမ့္မယ္ “လို့ေျပာျပီး ေပ်ာက္ကြယ္သြားပါတယ္။

သူျကီၚလည္း ထိုအိမ္မက္ေျကာင့္ ရြာသားေတြနဲ႔တိုင္ပင္ျပီး ေစတီ အေဟာင္းေ လးကို ငံုလိုက္ျပီး ကိုးေတာင္ျပည့္ ေစတီေတာ္ျမတ္ျကီးကိုတည္ထားလိုက္က်ပါတယ္။

ထိုေစတီေလး ျပီးတာနဲ႔ ရြာ ကေလးက လူေတြက ေကာင္းျခင္းမ်ားစြာခံစားက်ရပါေတာ့တယ္။

ယခုအခါ ထိုေစတီေလးရဲ႔အမည္မွာ ျပည္လံုးခ်မ္းသာ ကြ်န္းဦး ဆုေတာင္းျပည့္ေစတီေတာ္အျဖစ္ ယေန႔တိူင္တည္ရွိေနပါေသးသည္။

စာဖတ္သာအေပါင္း မဂၤလာရွိေသာ အခ်ိန္ေတြပိုင္စိုင္နိုင္က်ပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dailyhotnewsmm
# Unicode Version ျဖင့္ ဖတ္ပါ #
ကျတော်ရဲ့ အဖိုးလက်ထက်လောက်ကပေါ့ဗျာ။ ဧရာဝတီတိုင်း က ကျွန်းစုလေးတခုပေါ်မှာ တကယ်ဖြစ်ခဲ့တာလေးကို စာဖတ်သူတွေကိုမျှဝေပေးချင်ပါတယ်။

အရင်တုန်းကဆိုတော့ ကျတော် နေတဲ့ရွာ ကြီးက တောအုပ်ကြီးတခုပါဘဲ ထိုတောအုပ်ထဲမှာ ခြုံနွယ်ပိတ်ပေါင်းတွေဖုံးလွှမ်းနေတဲ့ စေတီ ငုတ်တိုလေးတစ်ဆူရှိပါတယ်။

အရင်းတုန်းက လူတွေက သစ်တိုက် သစ်ခွဲ လုပ်ကျတာပေါ့ဗျာ လယ်တွေဘာတွေကောမလုပ်ဘူးလားလို့မမေးနဲ့အကုန်လုပ်တယ်။

ကျတော်ပြောနေတာနဲ့တင်ဇာတ်လမ်းက လိုရင်းမရောက်တော့ဘူးဗျာ ကဲဆက်ရအောင်။

“ဒေါင် ဒေါင် ” အစည်းအဝေးထိုင်ဖို့ရွာသားတွေကို သူကြီးက အချက်ပေးလိုက်သောအသံဖြစ်သည်။

ရွာသားတွေကလည်းတအိမ်တယောက် သူကြီးအိမ်သို့ထွက်လာကျပါတယ် တချို့ကတော့ ဘာအရေးကြီးကိစ္စများရှိလို့လဲပေါ့အချင်းချင်း တီးတိုးပြောဆိုနေကျပါတယ်။

သူကြီးအိမ်ရောက်တော့ မြေကွက်အလွတ်လေးပေါ်မှာ ဖိနပ်လေးတွေ ဖင်ခုပြီးထိုင် စောင့်နေကျပါတယ်။

မကြာခင် နှုတ်ခမ်းမွှေးကား ကား နဲ့ လူကြီးတဦးရောက်လာပြီး “ရွာသူ ရွာသားတွေကို ကျုပ်ဒီနေ့ခေါ်လိုက်ရတဲ့အကြောင်းကတော့ ရွာသစ်တည်ဖို့ကိစ္စဘဲဖြစ်တယ်”။

ထိုချိန် ရွာသားတယောက်က မတ်တပ်ရပ်လိုက်ပြီး ဘယ်နေရာမှာ ရွာတည်မှာလဲ သူကြီးရ ကျတော်တို့ကကော ဒီရွာကပြောင်းရမှာလား။

အယ့်လို လည်းမဟုတ်သေးဘူး ဖိုးနီရဲ့ အခုငါတို့ရွာသစ်တည်တယ် ဆိုတာ ငါ့တို့တိုင်းရင်းသားတွေ ကျယ်ကျယ်ပြန့်ပြန့်နေလို့ရအောင်လို့ပါ မင်းအစောကပြောသလို ဒီရွာကပြောင်းစရာလည်းမလိုပါဘူး ရွာသစ်မှာ နေချင်တဲ့သူကတော့ သွားနေလို့ရပါတယ်။

“ဒါဆိုသူကြီး နေရာကော ရွေးပြီးပြီလား”ရွာသားတယောက်ရဲ့အသံဖြစ်သည်။

“အေး ရွေးပြီးပြီကွ တို့ရွာရဲ့တောင်ဖျားက တော အုပ်ကလေးဘဲ ”

“ဟာ သူကြီး ဖြစ်ပါ့မလားဗျာ ”

“ဟေ ဘာလို မဖြစ်ရမှာလဲကွ”

“အယ့်တော အုပ်ထဲက မကြာခနဆိူသလို လူသေလိုက် စုန်းမီးလိုလို သရဲမီးလိုလို တွေလည်း တတ်လာလိုက်နဲ့ဗျာ သူကြီးရယ်တခြားနေရာပြန် ရွေးလိုက်ပါလား” ဖိုးနီရဲ့စကားသံဖြစ်သည်။

“ဟာ ဘယ်ဖြစ်မလဲကွ အခုတော့မှ မြို့ပိုင်မင်း ကဒီနေရာဘဲရွာ သစ်တည်ဖို့ အမိန့်ချထားတာကွ ဖိုးနီရ ”

“ဒါဆိုလည်း မတတ်နိုင်ဘူးလေ သူကြီးရယ် ဘယ်ချိန်စမှာလဲ ရွာတည်ဖို့က ”

“မနက်ဖြန် စမယ် တအိမ်တယောက် တောရှင်းဖို့လိုက်ရမယ် မလိုက်တဲ့အိမ်က ဒဏ်ခတ်ခံရမယ် ကျုပ်ပြောချင်တာဒီလောက်ပါဘဲ အားလုံးပြန်နိုင်ပါပြီ ”

ရွာသားတွေလည်း တယောက်တပေါက်နဲ့အိမ်ကိုပြန်သွားကျပါတယ်။

နောက်နေ့ရောက်တော့ တအိမ်တယောက် ဓားကိုယ်စီကိုင်ပြီးတော့ တောရှင်းဖို့ သူကြီးအိမ်သို့ လူလာစုကျပါတယ်။

လူတွေစုံလောက်ပြီဆိုတော့မှ သူကြီကလည်း သွားကျမယ် ဟေ့ ဆိုပြီး နှလုံးပြူးသေနတ်ကိုလွယ် ကာ ရှေ့ကနေ ဦးဆောင်ပြီးထွက်သွားပါတယ်။

ဒီလိုနဲ့ နာရီဝက်လောက်လျှောက်လိုက်တော့ တော အုပ်ကလေးရဲ့အစပ်ကို ရောက်လာပါတယ်။

သူကြီးက အသင့်ယူလာတဲ့ ကန်တော့ပွဲနဲ့ဖယောင်းတိုင် အမွှေးတိုင်တို့ကို ထွန်းလိုက်ပြီ း တောပိုင် တောင်ပိုင် များကို ခွင့်တောင်းပါတယ် ပြီးတော့ ရွာသားတွေကို သစ်ပင်တွေကို စခုတ်ခိုင်းလိုက်ပါတယ်။

သူကြီးဆိုပြီး အေးဆေးထိုင်နေမယ်မထင်နဲ့ သူကိုယ်တိုင် တော ခုတ်ဓားနဲ့ ဝင် ခုတ်နေတာပါ ဒါက ရွာသားတွေရဲ့စည်းလုံးညီညွတ်မှုကိုပြသလည်းဖြစ်ပါတယ်။

သစ်ပင်တွေခုတ် ရှင်းတာ ပထမတရက် အေးဆေး ုတိယတရက်လည်း အေးဆေး တတိယရက်လည်းရောက်တော့။

“ဗျို့သူကြီး ဒီမှာ လာကြည့်ပါဦးဗျ စေတီပျတ်တဆူဘဲ ” ရွာသားတဦးရဲ့အသံကြောင့်တခြားရွာသားတွေရော သူကြီးပါ ထိုရွာသားနားသို့ လာကျပါတယ်။

သူ့ကြီးက “ဟုတ်သကွ စေတီပျတ်တဆူဘဲ ငါတို့ရွာသားတွေ နဲ့ထိုက်လို့ဖူးရတာနေမ “ဆိုပြီး သူကြီးက ထိုင်ကန်တော့တော့ ရွားသားတွေလည်း လိုက်ကန်တော့ကျပါတယ်။

ထိုချိန် ကျော်ကြီးက “ဗျို့သူကြီးဒီဘက်မှာ လည်းဘီလူးရုပ်ကြီးဗျ တကယ့်အသက်ဝင်နေတဲ့အတိုင်းဘဲ ”

“အေးကွာ ဒီစေတီ လေးက ရှေးခေတ် မင်းတွေတည်သွားတာ ဖြစ်လောက်တယ် ဘီလူးရုပ်ကလည်း လက်ယာမြောက်တယ် အသက်ဝင်နေတဲ့အတိုင်းဘဲ ”

“ဟုတ်တယ်ဗျ သူကြီး ကျတော်တောင် ကြည့်ရင်းနဲ့ကြောက်လာပြီ “ရွာသားတဦးက ပြောလိုက်သောစကားသံဖြစ်သည်။

သူကြီးကလည်း “အေးကွာ တို့တွေဒီနေ့ အပင်တွေဆက်မရှင်းကျတော့ဘဲ စေတီလေး ကို ရုပ်လုံးပေါ်လာအောင် ခြုံတွေနွယ်တွေခုတ်ကျရအောင် ”

သူကြီးရဲ့စကားကြောင့်ရွာသားတွေလည်း ဓားတွေကိုယ်စီပြန်ကိုင်လိုက်ပြီး စေတီလေး ဝန်းကျင် ကို ရှင်းလင်း ကျပါတော့တယ်။

ထိုသတင်းကား တခြားရွာရှိ သိုက်ဆရာ ဦးဖုန်းမောင် နားထဲသို့ ရောက်သွားပါတယ် ဦးဖုန်းမောင်ကလည်း သူတူးလို့မရတဲ့သိုက်ဆိုတာ မရှိဘူး။

သူတပည့် ဇာနည် နဲ့ညိုကြီးကို ခေါ်လိုက်ပါတယ်။

“ဆရာကြီး ကျတော်တို့ကိုခေါ်တယ်ဆို ဘာ ခိုင်းစရာရှိလို့ပါလဲ ”

“သိုက် တခု တွေ့ထားတယ် ဟိုဘက်ရွာက တော အုပ်ထဲက စေတီ ပြတ်တခုမှာ အယ့်တာ သိုက်တူးဖို့ မင်းတ်ု့နှစ်ယောက်အကူအညီလိုတယ် ”

“ဒါများ ဆရာကြီးရယ် ကြိုက်တဲ့ချိန်ပြော ကတော်တို့က လိုက်ပြီးသားဘဲ ဆရာကြီးရဲ့ကျေးဇူးတွေကိုလည်း ကျတော်တို့ဆပ်လို့မကုန်ပါဘူး ”

“အေးဒါဆို နောက်လကွယ်နေ့ လုပ်ငန်းစကျမယ် အသင့်လုပ်ထားကျ ”

“ဟုတ်ကဲ့ပါဆရာကြီး” ဆိုပြီး ဇာနည်နဲ့ညိုကြီးတို့နှစ်ယောက်အိမ်သို့ပြန်သွားပါတော့တယ်။

ဟိုဘက်မှာတော့ သူကြီးနဲ့ရွာသားတွေက တောအုပ်လေးကို ဆက်ပြီး မရှင်းတော့ဘဲ စေတီတော်လေးကိုသာ ပြုပြင်နေကျပါတယ်။

တရွာလုံးရဲ့မျက်နှာ မှာတော့ အပြုံးကိုယ်စီနဲ့ ပေါ့ဗျာ ထွန်းမောင်တယောက် ဘီလူးရုပ်ကြီးနားသို့ကပ်သွားပြီး။

“အောင်မလေး ဗျ “ဆိုပြီး အကျယ်ကြီးအော် လိုက်ပါတယ် သူကြီးကော ရွာသားတွေပါ ရောက်လာပြီး။

“ဟိတ်ကောင် ထွန်းမောင် ဘာတွေ့လို့လဲကွ ”

စကားသံထစ်ထစ်ဖြင့် !”သ သကြီး ဘီ ဘီလူးရုပ်ကြီးက မျက်တောင်ခတ်တယ်ဗျ ”

“ဟာ မဖြစ်နိုင်တာကွာ ရုပ်တုကြီးဘဲ ဘယ်လို မျက်တောင်ခတ်နိုင်မှာလဲ ”

“ကျတော် သေချာ တွေ့လိုက်တာပါ မယုံရင် သူကြီး တို့ကြည့် ကြည့်လိုက်လေ ”

ဟုတ်တယ်ဗျ ထွန်းမောင်ပြောတဲ့အတိုင်းဘဲ ဘီလူးရုပ်ကြီး ကမျက်တောင်ခတ်နေပါတယ်။

သူကြီးက “ဟာ ဟိတ်ကောင်တွေ ဒီဘုရားက အတော်တန်ခိုးကြီးတယ် နော် အမှား မလုပ်မိစေနဲ့ အပေါ့အပါးသွားရင်တောင် အရင်ဆုံးခွင့်တောင်းပြီးမှ သွားကျ ”

“.ဟုတ်ကဲ့ပါ သူကြီး ကျတော်တို့လည်းကြောက်လာပြီ ပြန်ရအောင်သူကြီးရယ်”

“အေးလေ ဒါဆိုလည်း ပြန်ကျတာပေါ့ ”
ဆိုပြီးအိမ်ကို အမြန် လျှောက်လာခဲ့ကျပါတယ်။

လကွယ်နေ့မတိုင်ခင် ရှေ့တရက်က သူကြီးတ်ု့အဖွဲ့ တော ခုတ်ဖို့ဆင်းတော့ ဘီလူး မျက် လုံးကနေ သွေးတွေစီးကျနေတာကိုတွေ့လိုက်ရပါတော့တယ်။

ထိုနေ့က ဆရာတော် ဘုရားလည်း ပါလာခဲ့ပါတယ် ဆရာတော်က ဘီလူးရုပ်ဘေးနားသို့ကပ်သွားကာ

“ဘီလူးမျက်လုံးက သွေးမျက်ရည် ကျတယ်ဆိုတော့ ဒါမကောင်းတဲ့နိမိတ်ဘဲ ဒီနေရာမှာတော့ တခုခုဖြစ်လိမ့်ဦးမယ် ဒကာတို့”

ဆရာတော်ရဲ့စကားကြောင့် အကုန်လုံးထိတ်လန့်သွားကျပါတယ်။

ထိုနေ့ က အလုပ်ကိုသေချာ မလုပ်နိုင်ဘဲ စိုးရိမ်စိတ်တွေကြီးစိုးနေခဲ့ပါတယ် ဆရာတော်က တော့ မေတ္တာသုတ်ကို ရွတ်ဖတ်နေတာပေါ့ဗျာ။

ရွာသားများ အိမ်သို့ရောက်သော်လည်း ထိုအကြောင်းကို ဇနီးမယားတွေ ဆီ ပြန်ပြော ပြကျပါတယ် မိန်းမသားတွေကလည်း အတော်လေးကို ထိတ်လန့်သွားကျပါတယ်။

ဒီနေ့ လပြည့်နေ့ သိုက်ဆရာ ဖုန်းးမောင်တို့သုံးယောက်အကြံရှိသူပီပီ ဟိုဘက်ရွာက အမျိုးအိမ်ကို နေ့လည်တည်းက သွား ပြီး တည်းခိုလိုက်ကျပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေယူပြီး တော့ ည ၁၁ နာရီလောက်မှာ တည်းတဲ့အိမ်ကနေထွက်ခဲ့ကျပါတယ်။

စေတီ ပျတ်ကလေးသို့ရောက်သောအခါ ကြိုးဖြင့် စည်း ချက် ချလိုက်ပါတယ် လေးထောင့်ပုံ သဏ္ဌာန် ပြီးတော့ ကန်တော့ပွဲတခုပေးပြီူး အုန်းသီးပေါ်မှာ ဖယောင်းတိုင်တတိုင်ထွန်းလိုက်ပါတယ်။

ဇာနည်နဲ့ညိုကြီးကတော့ ပေါက်ပြားကိုယ်စီ ကို င် လို့ ဆရာကြီး အမိန့်ပေးတာနဲ့တူးဖို့အသင့်လုပ်နေပါတယ်။

ဦးဖုန်းမောင်လည်း တူးတော့ လို့ပြောလိုက်ရော ဇာနည်နဲ့ညိုကြီးက အားရပါးရ တူးလိုက်က်ကျပါတယ်။

ဦးဖုန်းမောင်ကတော့ ဂါထာတပုဒ်ကို အဌာန်ကရိုင်းကျကျရွတ်ဖတ်နေပါတယ် ည၁၂ လောက် ကျတော့ မြေကြီးထဲကနေ ရွှေ အိုးကြီးတလုံးပေါ်လာပါတော့တယ်။

ထို ရွှေအိုးကြီး ပေါ်လာတာနဲ့တပြိုင်နက် ဘီလူးရုပ်ထုကြီးက လည်း အသက်ဝင်လာခဲ့ပါ တယ် ဒါပေမယ် ရွှေအိုးငန်းနေတဲ့ ဦးဖုန်းမောင်တ်ု့သုံးယောက်ကတော့ မသိရှာပေ။

ထိုချိန် ဖယောင်းတိုင်က ရုတ် တရက်ငြိမ်းသွားပါတယ် တဆက်ဆည်းဘဲ သူတို့ရှေ့တည်းကို မျက်လုံးနီနီ ကြီး နဲ့အကောင်ကြီးတကောင် ကပ်လာပါတော့။

အနားရောက်တော့မှ ဘီလူးကြီး ဖြစ်နေမှန်းသိ လိုက်ရတာ သူတ်ု့နောက်ကျသွားချေပြီ ဘီလူးရဲ့ သံလျက်ဖျားမှာ လူသုံးယောက် အသက်ပေးလိုက်ရလေပြီ။

ရွှေအိုးကြီးလည်း မြေကြီးထဲသို့တဖြည်းဖြည်းပြန်ဝင်သွားပါတော့တယ် ထိုအခါမှ ဘီလူးကြီးလည်း မူလကျောက်ရုပ်ကြီးအသွင်သို့ကူးပြောင်းသွားပါတော့တယ်။

မနက်ရောက်တော့ သူကြီးအဖွဲ့ တောခုတ်ဖို့လာရင်းနဲ့စေင်္တီလေးဘေးနားမှာ လူသုံးယောက်ရဲ့အလောင်းကိုတွေ့ချေပြီ။

ပြီးတော့လည်း ဘီလူးရဲ့သံလျက်မှာလည်း သွေးစွန်းနေတာကို ပါအားလုံးမြင်လိုက်ရတော့ ဟာခနဲ ဟကခနဲဖြစ်သွားကျပါတယ်။

တနေ့သော ညမှာ သူကြီး အိမ်မက်ထဲသို့ဝတ်ဖြူစင်ကြယ်နဲ့ဘိုးတော်တဦးရောက်လာပြီး။

“ငါ့မြေး တောအုပ်ကလေးထဲက စေတီလေးကို အသစ်ပြန် မွမ်းမံလိုက်ပါ ငါ့မြေးတို့ရွာအတွက် ကောင်းကျိုးတွေအများကြီး ရလာလိမ့်မယ် “လို့ပြောပြီး ပျောက်ကွယ်သွားပါတယ်။

သူကြီါ်လည်း ထိုအိမ်မက်ကြောင့် ရွာသားတွေနဲ့တိုင်ပင်ပြီး စေတီ အဟောင်းေ လးကို ငုံလိုက်ပြီး ကိုးတောင်ပြည့် စေတီတော်မြတ်ကြီးကိုတည်ထားလိုက်ကျပါတယ်။

ထိုစေတီလေး ပြီးတာနဲ့ ရွာ ကလေးက လူတွေက ကောင်းခြင်းများစွာခံစားကျရပါတော့တယ်။

ယခုအခါ ထိုစေတီလေးရဲ့အမည်မှာ ပြည်လုံးချမ်းသာ ကျွန်းဦး ဆုတောင်းပြည့်စေတီတော်အဖြစ် ယနေ့တိူင်တည်ရှိနေပါသေးသည်။

စာဖတ်သာအပေါင်း မင်္ဂလာရှိသော အချိန်တွေပိုင်စိုင်နိုင်ကျပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: dailyhotnewsmm
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top