ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×





# Unicode Version ဖြင့် ဖတ်ပါ #
လေ့လာမှုတစ်ခုအရ အပြာစာအုပ်နဲ့ ရုပ်ရှင်တွေကို ကြည့်လေ့ရှိတဲ့ အမျိုးသမီးတွေဟာ ပိုမိုပျော်ရွှင်ကြတယ်လို့ ဆိုလာပါတယ်။ သူတို့ဟာ ဘဝကို စိတ်ကျေနပ်မှုပိုင်းမှာ အပြာရုပ်ရှင်မကြည့်ဖူးသူတွေနဲ့စာရင် ပိုမိုသာလွန်မှုရှိကြတယ်လို့ ပြောထားပါတယ်။

ဂျာမနီနိုင်ငံ Johannes Gutenberg University မှ ဆရာဝန် Dr Mathias Weber ရဲ့အဆိုအရ မိန်းခလေးအများစုဟာသူတို့ရဲ့စိတ်ကိုနှိုးဆွပေးနိုင်တဲ့ ရုပ်ရှင်ကားတွေ စာအုပ်တွေကို အမျိုးသားတွေနဲ့ထိတွေ့တဲ့နည်းထက်စာရင် ပိုမိုအသုံးပြုကြတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် တစ်ယောက်တည်းရှိချိန်နဲ့ စိတ်မပျော်တဲ့အချိန်မျိုးမှာ ကြည့်တတ်ကြပါတယ်တဲ့။ သူတို့ရဲ့ လိင်ပါတနာတွေဟာ အမြဲမတည်မြဲပဲ ရိုးအီသွားတတ်တာကြောင့်လို့ဆိုပါတယ်။ ဒီရလဒ်ဟာ အရွယ်ရောက်ပီး အမျိုးသမီး ၂၅၀၀ ကျော်ရဲ့ အဖြေတွေကို ပြန်လည်သုံးသပ်ထားတာလို့ဆိုပါတယ်။

ဒါ့အပြင် စစ်တမ်းအရ ယောက်ျားလေးအယောက်တစ်ရာမှာ ၂၇ယောက်ဟာ ထိုလုပ်ရပ်မျိုးကို ဖော်ပြပါအချိန် ၂မျိုးမှာ ပြုလုပ်တတ်ကြပီး မိန်းခလေးတွေကတော့ အယောက်တစ်ရာမှာ ၇ယောက်က ထိုအခြေနေမျိုးမှာ အပြာစာအုပ်နဲ့ ရုပ်ရှင်တွေကို မှီဝဲပါတယ်တဲ့။

ဒါမျိုးဟာ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံပေါ်မူတည်ပီး အမျိုးသားတွေကတော့ စိတ်ရှုပ်စရာတွေက ဆီကနေ ခဏတာ အဝေးကိုပြေးထွက်ဖို့ အတွက် ပြုလုပ်တတ်ကြပါတယ် လို့ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: စပွန့် (Daily Hot News)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top