ရာသီအကူးအေျပာင္းမွာျဖစ္တတ္တဲ့ မ်က္စိနဲ႔ ပတ္သက္တဲ့ ျပသနာေတြအေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။ ခႏၶာကိုယ္ရဲ႕ အႏုဆုံး အစိတ္အပိုင္းကလည္း မ်က္စိပါပဲ။ ဒါ့ေၾကာင့္ မ်က္စိနဲ႔ ပတ္သက္လာလွ်င္ ေပ့ါေပ့ါဆဆ မေနမိဖို႔ တိုက္တြန္းခ်င္ပါတယ္။

မ်က္စိနီျမန္းျခင္းရဲ႕ အဓိက အေၾကာင္းကေတာ့ မ်က္သားျဖဴျဖဴေပၚမွာ ေသြးေၾကာေလးေတြ ေရာင္ရမ္းျခင္း၊ ျဖတ္သန္းျခင္းေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီလို ျဖစ္တဲ့အခါ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ေဆးေသာက္တာမ်ိဳး၊ မ်က္စဥ္းခပ္တာမ်ိဳး လုပ္ေပးရပါမယ္။ ဓာတ္မတည့္တာေၾကာင့္လည္း မ်က္စိနီျမန္းတာမ်ိဳး ျဖစ္တတ္ပါတယ္။ မ်က္စိယားလာျခင္း၊ မ်က္ဝတ္မ်ား ထြက္ျခင္း၊ မ်က္ရည္ပူမ်ားက်ျခင္း စတာေတြ ျဖစ္တတ္ပါတယ္။ မ်က္စိနာၿပီဆိုတာနဲ႔ ဖ်ားနာျခင္း၊ ႏွာေစးျခင္းေတြလည္း တစ္ဆက္တည္း ျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ ဂ႐ုစိုက္ဖို႔ လိုပါတယ္။

မ်က္သားေျခာက္ခန္းလာတာကေတာ့ ကြန္ျပဴတာ၊ ဖုန္း၊ တီဗီေတြ အၾကာႀကီး အသုံးျပဳျခင္း၊ အဲကြန္းခန္းမွာ အၾကာႀကီး ေနျခင္း စတဲ့ အေနအထိုင္ေတြေၾကာင့္ မ်က္သားေျခာက္ခန္းျခင္းမ်ိဳး ျဖစ္ရတတ္ပါတယ္။ မ်က္ခမ္းလႈပ္ရတဲ့ အဓိက အေၾကာင္းအရင္းကေတာ့ ေကာ္ဖီ အေသာက္မ်ားျခင္း၊ အိပ္ေရးပ်က္မ်ားျခင္း၊ အဟာရ ေလ်ာ့နည္းျခင္း စတာေတြေၾကာင့္ ျဖစ္ေပၚတတ္ပါတယ္။

ဒါ့ေၾကာင့္ မ်က္လုံးကို အရမ္း အားစိုက္ၿပီး အလုပ္ လုပ္ရတဲ့အခါ မိနစ္ ၂၀ ေလာက္ ေနရင္ ခဏ အနားေပးျခင္း၊ ေနပူထဲသြားလွ်င္ မ်က္မွန္တပ္ျခင္း၊ ထီးေဆာင္းျခင္း စတဲ့ အကာအကြယ္ေတြ ယူသင့္ပါတယ္။ မ်က္စိ နီျမန္းျခင္းကို တစ္ရက္မွစ တစ္ပတ္၊ ၁၀ ရက္အထိ ခံစားရႏိုင္ပါတယ္။ ဘယ္ေလာက္ၾကာၾကာ ခံစားရပါေစ မေပါ့ဆဖို႔ ဆရာဝန္ႏွင့္ တိုင္ပင္ျပသဖို႔ အႀကံေပးခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: luckymyanmar
# Unicode Version ျဖင့္ ဖတ္ပါ #
ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ မျက်စိနဲ့ ပတ်သက်တဲ့ ပြသနာတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အနုဆုံး အစိတ်အပိုင်းကလည်း မျက်စိပါပဲ။ ဒါ့ကြောင့် မျက်စိနဲ့ ပတ်သက်လာလျှင် ပေ့ါပေ့ါဆဆ မနေမိဖို့ တိုက်တွန်းချင်ပါတယ်။

မျက်စိနီမြန်းခြင်းရဲ့ အဓိက အကြောင်းကတော့ မျက်သားဖြူဖြူပေါ်မှာ သွေးကြောလေးတွေ ရောင်ရမ်းခြင်း၊ ဖြတ်သန်းခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်တဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးသောက်တာမျိုး၊ မျက်စဉ်းခပ်တာမျိုး လုပ်ပေးရပါမယ်။ ဓာတ်မတည့်တာကြောင့်လည်း မျက်စိနီမြန်းတာမျိုး ဖြစ်တတ်ပါတယ်။ မျက်စိယားလာခြင်း၊ မျက်ဝတ်များ ထွက်ခြင်း၊ မျက်ရည်ပူများကျခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ မျက်စိနာပြီဆိုတာနဲ့ ဖျားနာခြင်း၊ နှာစေးခြင်းတွေလည်း တစ်ဆက်တည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဂရုစိုက်ဖို့ လိုပါတယ်။

မျက်သားခြောက်ခန်းလာတာကတော့ ကွန်ပြူတာ၊ ဖုန်း၊ တီဗီတွေ အကြာကြီး အသုံးပြုခြင်း၊ အဲကွန်းခန်းမှာ အကြာကြီး နေခြင်း စတဲ့ အနေအထိုင်တွေကြောင့် မျက်သားခြောက်ခန်းခြင်းမျိုး ဖြစ်ရတတ်ပါတယ်။ မျက်ခမ်းလှုပ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ကော်ဖီ အသောက်များခြင်း၊ အိပ်ရေးပျက်များခြင်း၊ အဟာရ လျော့နည်းခြင်း စတာတွေကြောင့် ဖြစ်ပေါ်တတ်ပါတယ်။

ဒါ့ကြောင့် မျက်လုံးကို အရမ်း အားစိုက်ပြီး အလုပ် လုပ်ရတဲ့အခါ မိနစ် ၂၀ လောက် နေရင် ခဏ အနားပေးခြင်း၊ နေပူထဲသွားလျှင် မျက်မှန်တပ်ခြင်း၊ ထီးဆောင်းခြင်း စတဲ့ အကာအကွယ်တွေ ယူသင့်ပါတယ်။ မျက်စိ နီမြန်းခြင်းကို တစ်ရက်မှစ တစ်ပတ်၊ ၁၀ ရက်အထိ ခံစားရနိုင်ပါတယ်။ ဘယ်လောက်ကြာကြာ ခံစားရပါစေ မပေါ့ဆဖို့ ဆရာဝန်နှင့် တိုင်ပင်ပြသဖို့ အကြံပေးချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: luckymyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top