×

ေသာၾကာသားသမီးမ်ား

လုပ္ငန္းသစ္မ်ားစတင္သင့္ ။ စီးပြား အရွိန္အဟုန္ျဖင့္ တိုးခ်ဲ႕သင့္။ လုပ္ငန္းစီးပြား လက္ရွိအေျခအေနထက္ မ်ားစြားျမင့္တက္လတၱံ႔။ ကံေကာင္းအံ့။ ဘုန္းတန္ခိုးႀကီးျခင္း၊ၾသဇာအာဏာထက္ျမက္ျခင္း၊ အႀကံအစည္ရည္ရြယ္ခ်က္မ်ားေအာင္ျမင္ျခင္း ၊ မင္းစိုးရာဇာကူညီမစျခင္း၊ပက္သက္ရျခင္း ၊ အလုပ္တိုင္းေနရာတိုင္းမွာ ရန္အတိုက္အခံ အၿပိဳင္အဆိုင္မ်ားေပါမ်ားၿပီး ၄င္းတို႔အေပၚ ကံအသာစီး အႏိုင္ရရွိျခင္း၊ အေျခြအရံေပါမ်ားျခင္း ၊ မိမိကိုၾကည္ညိဳေလးစားခ်စ္ခင္သူမ်ားေပါမ်ားျခင္း၊အပ်ဳိ၊လူပ်ဳိမ်ား လူလိမ္ခံရတတ္ျခင္း ၊ အဖိုးတန္ပစၥည္းမ်ားလက္ေဆာင္ရျခင္း တို႔ ႀကံဳရလတၱံ႔။

ေငြေရးေၾကးေရး – မထင္မွတ္တာေတြ ျဖစ္လာအံ့ ။ လြဲေခ်ာ္ၿပီးမွ ေအာင္ျမင္အံ့ ။ ရမလိုလိုျဖစ္ေနတဲ့ေငြေၾကးမ်ား ၾကန္႔ၾကာေနၿပီး မရဘူးဟုထင္ရေသာေငြေၾကးမ်ား ျပန္လည္ရရွိအံ့ ။ ေကာင္းမလိုလိုႏွင့္ညံ့ၿပီး ညံ့မလိုလိုႏွင့္ေကာင္းအံ့။ ၀င္သေလာက္ ျပန္ထြက္ေနအံ့ ။ အလွဴအတန္းမ်ားလုပ္ရအံ့ ။

ေငြေရးေၾကးေရး အထူးယၾတာ – စီးေနေသာေရထဲတြင္ ငါး (၇)ေကာင္ မၾကာခဏေဘးမဲ့လႊတ္ရင္း ဆုေတာင္းပါ ။ ကိတ္မုန္႔ကို ခ်ဳိင့္ထဲထည့္ၿပီး ဘုန္းႀကီးေက်ာင္းကို မၾကာခဏပို႔ေပးပါ။ အိမ္ေရွ႕ကို ေရ (၄)ခြက္ မၾကာခဏ ပက္ေပးပါ ။

အခ်စ္ေရး – ေကာင္းမလိုလိုနဲ႔ ညံ့သြားတတ္။ ညံ့မလိုလိုနဲ႔ ေကာင္းသြားတတ္။ အေသးအဖြဲေလးကအစ ညႈိႏႈိင္းရခက္ေနတတ္။အခ်စ္ေရးကံေကာင္းသည္ဟု ယူဆႏိုင္ေသာ္လည္း မိန္းမလည္ ေယာက်ၤားရႈပ္မ်ားႏွင့္ေတြ႕ရတတ္ျခင္းကို သတိျပဳအံ့။ ခ်စ္သူ၏ ဖံုးကြယ္ဟန္ေဆာင္လိမ္ညာျခင္းကို ခံရတတ္။ ခ်စ္သူ၏ မာယာပရိယာယ္ၾကားမွာ နစ္ေမ်ာသြားတတ္။ သတိျပဳသင့္။

အိမ္ေထာင္ေရး – ပြင့္လင္းျမင္သာမႈအားနည္းၿပီး ဖံုးကြယ္ဟန္ေဆာင္မႈေတြ မ်ားေနအံ့။ ညီအစ္ကိုေမာင္ႏွမကဲ့သို႔ခင္မင္ရသူမ်ား ၊ ေဆြမ်ဳိးသားခ်င္းမ်ားေၾကာင့္ လင္နဲ႔မယား အဆင္မေျပျဖစ္တတ္။ အျမင္ေတြအယူအဆေတြ မၾကာခဏကြဲလြဲအံ့။

အခ်စ္ေရးအိမ္ေထာင္ေရးတြင္ အဂၤါသားသမီးမ်ား ၊ နာမည္တြင္ စ ဆ ဇ စ် ည ပါေသာသူမ်ား ၊ေဆးရံုေဆးခန္း ၊ စစ္ဖက္ ၊ စာသင္ ၊ စကားေျပာ ၊ စက္မႈလက္မႈ ၊ စားေသာက္ကုန္ ၊ စားေသာက္ဆိုင္ႏွင့္ပက္သက္သူမ်ား ၀င္ရႈပ္တတ္။

အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – ႏွစ္ေယာက္ဓါတ္ပံုကိုကို မ်က္ႏွာခ်င္းဆိုင္ကပ္။ ထမင္းေပါင္းအိုးအလြတ္ထဲတြင္ မၾကာခဏထည့္ေပးပါ။

က်န္းမာေရး – ဆီး ၊ ေသြး ၊ အစာမွား ၊ ေဆးမွား ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

ယၾတာ။ ။မည့္သည့္ေန႔တြင္မဆို မနက္(၇)နာရီ (၃) မိနစ္တိတိတြင္ ယို(၄)ပြဲ ၊ ႏွင္းဆီ(၇)ပြင့္ ၊ ႏြားႏို႔(၃)ခြက္ ၊ ေသာက္ေတာ္ေရ (၃)ခြက္ ၊ ဖေယာင္းတိုင္ (၃) တိုင္ ၊ ကို မိမိေနအိမ္ဘုရားတြင္ လွဴဒါန္းဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔။(အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းသိမ္းခိုင္ – ေရႊရမ္းထူးလင္း
# Unicode Version ျဖင့္ ဖတ္ပါ #
သောကြာသားသမီးများ

လုပ်ငန်းသစ်များစတင်သင့် ။ စီးပွား အရှိန်အဟုန်ဖြင့် တိုးချဲ့သင့်။ လုပ်ငန်းစီးပွား လက်ရှိအခြေအနေထက် များစွားမြင့်တက်လတ္တံ့။ ကံကောင်းအံ့။ ဘုန်းတန်ခိုးကြီးခြင်း၊သြဇာအာဏာထက်မြက်ခြင်း၊ အကြံအစည်ရည်ရွယ်ချက်များအောင်မြင်ခြင်း ၊ မင်းစိုးရာဇာကူညီမစခြင်း၊ပက်သက်ရခြင်း ၊ အလုပ်တိုင်းနေရာတိုင်းမှာ ရန်အတိုက်အခံ အပြိုင်အဆိုင်များပေါများပြီး ၎င်းတို့အပေါ် ကံအသာစီး အနိုင်ရရှိခြင်း၊ အခြွေအရံပေါများခြင်း ၊ မိမိကိုကြည်ညိုလေးစားချစ်ခင်သူများပေါများခြင်း၊အပျို၊လူပျိုများ လူလိမ်ခံရတတ်ခြင်း ၊ အဖိုးတန်ပစ္စည်းများလက်ဆောင်ရခြင်း တို့ ကြုံရလတ္တံ့။

ငွေရေးကြေးရေး – မထင်မှတ်တာတွေ ဖြစ်လာအံ့ ။ လွဲချော်ပြီးမှ အောင်မြင်အံ့ ။ ရမလိုလိုဖြစ်နေတဲ့ငွေကြေးများ ကြန့်ကြာနေပြီး မရဘူးဟုထင်ရသောငွေကြေးများ ပြန်လည်ရရှိအံ့ ။ ကောင်းမလိုလိုနှင့်ညံ့ပြီး ညံ့မလိုလိုနှင့်ကောင်းအံ့။ ဝင်သလောက် ပြန်ထွက်နေအံ့ ။ အလှူအတန်းများလုပ်ရအံ့ ။

ငွေရေးကြေးရေး အထူးယတြာ – စီးနေသောရေထဲတွင် ငါး (၇)ကောင် မကြာခဏဘေးမဲ့လွှတ်ရင်း ဆုတောင်းပါ ။ ကိတ်မုန့်ကို ချိုင့်ထဲထည့်ပြီး ဘုန်းကြီးကျောင်းကို မကြာခဏပို့ပေးပါ။ အိမ်ရှေ့ကို ရေ (၄)ခွက် မကြာခဏ ပက်ပေးပါ ။

အချစ်ရေး – ကောင်းမလိုလိုနဲ့ ညံ့သွားတတ်။ ညံ့မလိုလိုနဲ့ ကောင်းသွားတတ်။ အသေးအဖွဲလေးကအစ ညှိုနှိုင်းရခက်နေတတ်။အချစ်ရေးကံကောင်းသည်ဟု ယူဆနိုင်သော်လည်း မိန်းမလည် ယောင်္ကျားရှုပ်များနှင့်တွေ့ရတတ်ခြင်းကို သတိပြုအံ့။ ချစ်သူ၏ ဖုံးကွယ်ဟန်ဆောင်လိမ်ညာခြင်းကို ခံရတတ်။ ချစ်သူ၏ မာယာပရိယာယ်ကြားမှာ နစ်မျောသွားတတ်။ သတိပြုသင့်။

အိမ်ထောင်ရေး – ပွင့်လင်းမြင်သာမှုအားနည်းပြီး ဖုံးကွယ်ဟန်ဆောင်မှုတွေ များနေအံ့။ ညီအစ်ကိုမောင်နှမကဲ့သို့ခင်မင်ရသူများ ၊ ဆွေမျိုးသားချင်းများကြောင့် လင်နဲ့မယား အဆင်မပြေဖြစ်တတ်။ အမြင်တွေအယူအဆတွေ မကြာခဏကွဲလွဲအံ့။

အချစ်ရေးအိမ်ထောင်ရေးတွင် အင်္ဂါသားသမီးများ ၊ နာမည်တွင် စ ဆ ဇ ဈ ည ပါသောသူများ ၊ဆေးရုံဆေးခန်း ၊ စစ်ဖက် ၊ စာသင် ၊ စကားပြော ၊ စက်မှုလက်မှု ၊ စားသောက်ကုန် ၊ စားသောက်ဆိုင်နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – နှစ်ယောက်ဓါတ်ပုံကိုကို မျက်နှာချင်းဆိုင်ကပ်။ ထမင်းပေါင်းအိုးအလွတ်ထဲတွင် မကြာခဏထည့်ပေးပါ။

ကျန်းမာရေး – ဆီး ၊ သွေး ၊ အစာမှား ၊ ဆေးမှား နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၇)နာရီ (၃) မိနစ်တိတိတွင် ယို(၄)ပွဲ ၊ နှင်းဆီ(၇)ပွင့် ၊ နွားနို့(၃)ခွက် ၊ သောက်တော်ရေ (၃)ခွက် ၊ ဖယောင်းတိုင် (၃) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

ဖိုးသူတော် (www.phothutaw.com)
Credit: မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top