×

ကိုယ့္ရဲ႕လွ်ာေလးကေန က်န္းမာေရးအေျခအေနေတြ အမ်ားႀကီးကို ေျပာျပႏိုင္တယ္ေနာ္။ ေဒါက္တာျမန္မာ ေဆးခန္းလာရင္ေတာ့ လိုအပ္ရင္ လွ်ာေလးထုတ္ျပပါ ေျပာရတတ္တယ္။

          လွ်ာက ျဖဴေဖ်ာ့ေဖ်ာ့ ဒါမွမဟုတ္ မီးခိုးေရာင္ သန္းေနၿပီး ေဖ်ာ့ေနတယ္ဆိုရင္ ခံတြင္းထဲမွာ ဘက္တီးရီးယားေတြ ခိုေအာင္းေနတာကို ျပပါတယ္။ ဒီလွ်ာကေတာ့ ခံတြင္း အနံ႔ဆိုးထြက္ေစတဲ့ လွ်ာပါပဲ။ သြားမွန္မွန္တိုက္ၿပီး ပလုတ္က်င္းတဲ့ အေလ့အထ လုပ္ေပးရင္ သြားတိုက္ရင္း လွ်ာကို သြားပြတ္တံ အႏုစားေလးနဲ႔ အသာအယာ ပြတ္တိုက္ေပးရင္ သက္သာသြားပါတယ္။

          အာနာလွ်ာနာလို႔ေခၚတဲ့ အပူကန္တယ္လို႔ ေျပာၾကတဲ့ အနာေလးေတြ။ လွ်ာေပၚမွာ အရည္ၾကည္ဖုေလးေတြ ေပါက္တာပါ။ နာလည္း နာပါတယ္။ အေအးမိတာ ဗိုင္းရပ္စ္ပိုးဝင္တာ၊ စိတ္ဖိစီးမႈ တက္လာတာ၊ ကိုယ္ခံအားစနစ္ အားနည္းတဲ့အခါ ေပါက္တတ္တာေပါ့။

          ဆရာဝန္ျပၾကည့္ရင္ လိမ္းစရာ ဂ်ယ္လ္ေလးေတြ ေပးလိမ့္မယ္။ ဘာမွမလိမ္းလည္း အခ်ိန္တန္ သူ႔ဟာသူ ေပ်ာက္သြားမွာပဲ။ ႀကီးလာမယ္၊ ျပည္တည္မယ္၊ သိပ္နာလာရင္ေတာ့ ဆက္ျပေပးေပါ့။

          လိေမၼာ္ရည္ ေသာက္ၿပီးရင္ လွ်ာမွာ အေရာင္စြဲတာမ်ိဳး ရွိတတ္ၾကတယ္ မဟုတ္လား။ ေဆးလိပ္ေသာက္တဲ့သူ၊ ေဆးရြက္ႀကီး ငံုတဲ့သူက်ေတာ့ ဝါက်င့္က်င့္၊ ညိဳတိုတိုအေရာင္ စြဲတတ္ျပန္ပါေရာ။

          ဒီေတာ့ လွ်ာက ပံုမွန္ ဘာအေရာင္ရွိလဲေပါ့။ ပန္းေရာင္ သန္းေနရမယ္။ လွ်ာက ေသြးေၾကာေတြ မ်ားတယ္။ ပန္းေရာင္မသန္းဘဲ ေဖ်ာ့ေနရင္ ေသြးအား သိပ္နည္းေနတာကို ျပတယ္။ လူကလည္း ေမာတတ္မယ္။ ေညာင္းမယ္။ ရင္တုန္တယ္။ အားေပ်ာ့သလို ခံစားေနရတတ္မယ္။ သံဓာတ္ေကာင္းတဲ့ အစားအစာ (အသည္း၊ အမဲသား၊ ဟင္းႏုႏြယ္ စသည္) နဲ႔ သံဓာတ္အားေဆး တစ္ခုခုေသာက္ရင္ အိုေကပါတယ္။

          လွ်ာက ျဖဴစြတ္စြတ္ အေရာင္အျပင္ အေပၚမွာ အနာလို ျဖဴျဖဴအဖတ္ေတြ ရွိေနတတ္တာမ်ိဳး ရွိတတ္တယ္။ မႈိစြဲတယ္လို႔ ေခၚတယ္။ ပိုးတစ္မ်ိဳးေပါ့။ ဆရာဝန္နဲ႔ျပၿပီး ေသြးစစ္တာအျပင္ ေသခ်ာကုသင့္တယ္။ ကိုယ္ခံအားနည္းရင္ ျဖစ္တတ္တယ္။

          လွ်ာေပၚမွာ အဖုအက်ိတ္ေတြ ေပၚလာတာက်ေတာ့ အႏၲရာယ္ နည္းနည္းမ်ားတယ္။ ကင္ဆာလို၊ ျမစ္ပြားနာလို ျဖစ္ေနတတ္ပါတယ္။ လွ်ာကြဲမယ္၊ အာေျခာက္မယ္၊ ေသြးထြက္မယ္၊ ဒါေတြပါ ျဖစ္လာရင္ ဆရာဝန္ အျမန္ဆံုး ျပသၾကဖို႔ အႀကံျပဳပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: (www.drmyanmar.com)

#Unicode Version#
ကိုယ့်ရဲ့လျှာလေးကနေ ကျန်းမာရေးအခြေအနေတွေ အများကြီးကို ပြောပြနိုင်တယ်နော်။ ဒေါက်တာမြန်မာ ဆေးခန်းလာရင်တော့ လိုအပ်ရင် လျှာလေးထုတ်ပြပါ ပြောရတတ်တယ်။

          လျှာက ဖြူဖျော့ဖျော့ ဒါမှမဟုတ် မီးခိုးရောင် သန်းနေပြီး ဖျော့နေတယ်ဆိုရင် ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ခိုအောင်းနေတာကို ပြပါတယ်။ ဒီလျှာကတော့ ခံတွင်း အနံ့ဆိုးထွက်စေတဲ့ လျှာပါပဲ။ သွားမှန်မှန်တိုက်ပြီး ပလုတ်ကျင်းတဲ့ အလေ့အထ လုပ်ပေးရင် သွားတိုက်ရင်း လျှာကို သွားပွတ်တံ အနုစားလေးနဲ့ အသာအယာ ပွတ်တိုက်ပေးရင် သက်သာသွားပါတယ်။

          အာနာလျှာနာလို့ခေါ်တဲ့ အပူကန်တယ်လို့ ပြောကြတဲ့ အနာလေးတွေ။ လျှာပေါ်မှာ အရည်ကြည်ဖုလေးတွေ ပေါက်တာပါ။ နာလည်း နာပါတယ်။ အအေးမိတာ ဗိုင်းရပ်စ်ပိုးဝင်တာ၊ စိတ်ဖိစီးမှု တက်လာတာ၊ ကိုယ်ခံအားစနစ် အားနည်းတဲ့အခါ ပေါက်တတ်တာပေါ့။

          ဆရာဝန်ပြကြည့်ရင် လိမ်းစရာ ဂျယ်လ်လေးတွေ ပေးလိမ့်မယ်။ ဘာမှမလိမ်းလည်း အချိန်တန် သူ့ဟာသူ ပျောက်သွားမှာပဲ။ ကြီးလာမယ်၊ ပြည်တည်မယ်၊ သိပ်နာလာရင်တော့ ဆက်ပြပေးပေါ့။

          လိမ္မော်ရည် သောက်ပြီးရင် လျှာမှာ အရောင်စွဲတာမျိုး ရှိတတ်ကြတယ် မဟုတ်လား။ ဆေးလိပ်သောက်တဲ့သူ၊ ဆေးရွက်ကြီး ငုံတဲ့သူကျတော့ ဝါကျင့်ကျင့်၊ ညိုတိုတိုအရောင် စွဲတတ်ပြန်ပါရော။

          ဒီတော့ လျှာက ပုံမှန် ဘာအရောင်ရှိလဲပေါ့။ ပန်းရောင် သန်းနေရမယ်။ လျှာက သွေးကြောတွေ များတယ်။ ပန်းရောင်မသန်းဘဲ ဖျော့နေရင် သွေးအား သိပ်နည်းနေတာကို ပြတယ်။ လူကလည်း မောတတ်မယ်။ ညောင်းမယ်။ ရင်တုန်တယ်။ အားပျော့သလို ခံစားနေရတတ်မယ်။ သံဓာတ်ကောင်းတဲ့ အစားအစာ (အသည်း၊ အမဲသား၊ ဟင်းနုနွယ် စသည်) နဲ့ သံဓာတ်အားဆေး တစ်ခုခုသောက်ရင် အိုကေပါတယ်။

          လျှာက ဖြူစွတ်စွတ် အရောင်အပြင် အပေါ်မှာ အနာလို ဖြူဖြူအဖတ်တွေ ရှိနေတတ်တာမျိုး ရှိတတ်တယ်။ မှိုစွဲတယ်လို့ ခေါ်တယ်။ ပိုးတစ်မျိုးပေါ့။ ဆရာဝန်နဲ့ပြပြီး သွေးစစ်တာအပြင် သေချာကုသင့်တယ်။ ကိုယ်ခံအားနည်းရင် ဖြစ်တတ်တယ်။

          လျှာပေါ်မှာ အဖုအကျိတ်တွေ ပေါ်လာတာကျတော့ အန္တရာယ် နည်းနည်းများတယ်။ ကင်ဆာလို၊ မြစ်ပွားနာလို ဖြစ်နေတတ်ပါတယ်။ လျှာကွဲမယ်၊ အာခြောက်မယ်၊ သွေးထွက်မယ်၊ ဒါတွေပါ ဖြစ်လာရင် ဆရာဝန် အမြန်ဆုံး ပြသကြဖို့ အကြံပြုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top