ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

သၾကၤန္မတိုင္မီ ဧၿပီလ ၁၂ရက္ေန႔ မနက္ခင္းက ျဖစ္ပြားခဲ့တဲ့ အဆိုေတာ္ အစၥဏီမွ ခ်စ္သူျဖစ္သူ ေမာ္ဒယ္ဇာျခည္အား အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့ၿပီး ယင္းေန႔မွာဘဲ အဆိုေတာ္ အစၥဏီကို ပုဒ္မ၃ခုျဖင့္ အေရးယူကာ ဖမ္းဆီးထားခဲ့တယ္လို႔ ျပည္ထဲေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။အဆိုပါျဖစ္စဥ္နဲ႕ ပတ္သတ္ၿပီး အစၥဏီရဲ႕ မိခင္ျဖစ္သူ ကသူ႔သားအေပၚ အျပည့္အ၀ယံုၾကည္သလို တဖက္မိန္းကေလးဘက္ကိုလဲ မနစ္နာေစျခင္ေၾကာင္းနဲ႕ သားရဲ႕ခ်စ္သူနဲ႔ တစ္မိသားစုလံုးဟာ ခ်စ္ခ်စ္ခင္ခင္ေနၾကၿပီး အစၥဏီတို႕ တစ္မ်ိဳးလံုးက သူတို႕တြဲေနၾကတာကို သိၾကတယ္ ဆိုတဲ့အေၾကာင္းအရာေတြကို မီဒီယာေတြ ရဲ႕ အင္တာဗ်ဴးမွာ အေသးစိတ္ေျဖဆိုခဲ့ပါတယ္။

အစၥဏီအေမဟာ ျပႆနာျဖစ္ၿပီးျခင္းမွာ ေကာင္မေလးကို ေတာင္းပန္တယ္ဆိုတဲ့ အသံေတြနဲ႕ ပတ္သက္ၿပီး သူမက ” ေတာင္းပန္တယ္ဆိုတာ ျဖစ္ပ်က္ၿပီးမွသိရတယ္ သတင္းေတြတက္လာမွသိရေတာ့ မခံစားႏိုင္ဘူး ၊သားသမီးျခင္းလဲစာနာပါတယ္ ၊ ဒါေၾကာင့္လဲ သမီးရယ္ဘယ္ျဖစ္တာလဲ စိတ္မေကာင္းပါဘူး ။ ကိုယ္ခ်င္းလဲ စာလို႔ေတာင္းပန္လိုက္တယ္ ။ ကိုယ့္သားနဲ႕ ပတ္သက္ေတာ့ ဒါကကိုယ့္သမီးဘဲေလ ကိုယ္ခ်င္းစာလို႔ေတာင္ပန္မိတယ္ ” ဆိုၿပီး မီဒီယာေတြရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုထားပါတယ္။

အဲ့ဒီေနာက္ အစၥဏီနဲ႕ ဇာျခည္တို႔တြဲေနၾကတာနဲ႕ ပတ္သက္ၿပီး ” အိမ္ကမိဘေတြဆီမွာ သားယူမယ့္ အမ်ိဴးသမီးပါ ၊အိမ္ကို၀င္ထြက္ခြင့္ျပဳပါဆိုၿပီးလာတယ္ ၊ အိမ္ကိုအ၀င္အထြက္ခဏခဏရွိတယ္ ၊ တစ္မ်ိဳးလံုးကလဲသိတယ္။ သူတို႔ တြဲေနၾကတာ ၁၀လ၊ ၁ႏွစ္နီးပါးရွိေနၿပီ၊ သူတို႕အျပင္မွာ၂လေလာက္ တြဲၿပီးမွ အိမ္ကိုအသိေပးတာ ၈လေလာက္ရွိၿပီ မိသားစုေတြနဲ႕လဲ ရင္ရင္ႏွီးႏွီးေနၾကတာပါ ” ဆိုၿပီး အစၥဏီရဲ႕ အေမကေျပာျပခဲ့ပါတယ္။

အစၥဏီဟာ ေၾကးမႈံသတင္းစာဆရာဦးၾကည္ျမင့္ရဲ႕ ျမည္းၿပီး ငယ္စဥ္အရြယ္ထဲက အေမနဲ႔ အေဖက ကြဲေနခဲ့ၿပီး သူဟာ အေမရဲ႕ အုပ္ထိန္းမႈေအာက္မွာ အေမရယ္၊ အဖိုးအဖြားရယ္ ကို လုပ္ေကၽြးေနသူျဖစ္ၿပီး ငယ္ငယ္ေလးထဲ ကကြဲသြားတဲ့ အေဖကိုလဲ ေထာက္ပံ့ေနရတာျဖစ္တယ္လို႔ သူ႔အေမကဆိုပါတယ္။ သူက သူရတဲ့ အႏုပညာေၾကးေလးနဲ႕ ရိုးရိုးသားသားေလးရွာေဖြေကၽြးပါတယ္တဲ့။ အခုလိုအျဖစ္အပ်က္ေတြအေပၚ အန္တီကေတာ့ အံ့ၾသမိပါတယ္။

“အန္တီကေတာ့ အန္တီ့သားကိုယံုၾကည္ပါတယ္။ အန္တီ့သားမွာ လံုး၀အဲ့လိုစိတ္မရွိပါဘူး ။အန္တီေမြးထားတာ အန္တီလံုး၀ယံုၾကည္တယ္၊ အန္တီငယ္ငယ္ထဲက အန္တီ တစ္ေယာက္ထဲအုပ္ခ်ဳပ္တယ္၊ အေဒၚေတြ အုပ္ခ်ဳပ္တယ္၊ အဲ့လိုျဖစ္မယ္ဆိုတာမထင္ပါဘူး၊ သားအေပၚလံုး၀ယံုၾကည္မႈရွိပါတယ္။ အန္တီ့သားက လံုး၀မရိုင္းစိုင္းပါဘူး၊ ေလ့လာႏိုင္ပါတယ္၊ ဒီပတ္၀န္းက်င္လဲေလ့လာႏိုင္ပါတယ္ ။ သူကသေဘာထားႀကီးတယ္ ၊ အားနာတက္တယ္ ၊သနားတက္တယ္၊ စိတ္ထားျပည့္၀တယ္ ၊ ခုလိုျဖစ္တာ စိတ္မေကာင္းျဖစ္တယ္ခုဟာၾကီးက ရစရာကိုမရွိေတာ့ဘူး၊ ဒါေပမယ့္ အန္တီကယံုၾကည္တယ္ စိတ္မာတယ္ အန္တီ့သားဒီလိုမလုပ္တဲ့အတြက္ ယံုၾကည္တယ္ ” ဆိုၿပီး သားအေပၚယံုၾကည္ေၾကာင္းကို ေျပာျပခဲ့ပါတယ္။

အဲ့ဒီေနာက္ အဲ့ဒီအျဖစ္အပ်က္ကို သိခဲ့ရပံုနဲ႔ အျဖစ္ခင္ေန႔က အေၾကာင္းအရာေတြကိုလဲ ” သၾကၤန္ကို ပြဲေတြလက္ခံထားေတာ့ ဒီေန႔ ဘယ္မွမသြားေတာ့ဘူးဆိုၿပီးအိမ္မွာ၇ွိေနပါတယ္။ သူ႔အခန္းထဲကို ဖုန္းေတြလာပါတယ္၊ အန္တီဖုန္းကို ေတာင္၀င္လာတယ္၊ ည ၁နာရီေလာက္မွ ဖိုးၾကီးဖြားၾကီး ေမၾကီး အိပ္ေတာ့ေနာ္ ၊သားျပန္လာမွာ သၾကၤန္ပြဲေတြလဲလက္ခံထားတာ သားျပန္လာမွာစိတ္ခ်လက္ခ်အိပ္ေနာ္ ဆိုေတာ့ အိပ္လိုက္တာေပါ့ ၊ မနက္၁၀နာရီ မွ သိရပါတယ္၊ သိလဲသိ သားကို အင္းစိန္ပို႕ဘဲ ရံုးထုတ္တဲ့ေန႔မွ ေတြ႔ရမွာပါ ၂၆ရက္ေန႔ မွရံုးထုတ္မွာအဲ့ေန႔မွေတြ႔ရမွာ ” ဆိုၿပီး မ်က္ရည္မက်ေအာင္ ထိန္းထားရင္း ေျပာျပခဲ့ပါတယ္။

” အမွန္တရားက ၇ွိမွာပါ၊ျဖစ္လာမွာဘဲ အေကာင္းဆံုးေျဖရွင္းရမယ္ ၊ဘယ္သူ႕ကိုမွလဲ မနစ္နာေစခ်င္ဘူး ဇာျခည့္ကိုလဲမနစ္နာေစခ်င္ဘူး အန္တီ့သားခံစားေနရတာကိုလဲ အန္တီမခံစားႏိုင္ဘူး ။ အမွန္တရား ဘဲျဖစ္ေစခ်င္ပါတယ္ ဆိုကာ အမွန္းတရားေပၚေပါက္ဖို႔ ေစာင့္ေမွ်ာ္ေနရွာပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး ေမာ္ဒယ္ ဇာျခည္ဘက္မွ ပုဒ္မ၃ခုျဖင့္ အမႈ႕ဖြင့္အေရးယူထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven media group
# Unicode Version ဖြင့်ဖတ်ရန် #
သင်္ကြန်မတိုင်မီ ဧပြီလ ၁၂ရက်နေ့ မနက်ခင်းက ဖြစ်ပွားခဲ့တဲ့ အဆိုတော် အစ္စဏီမှ ချစ်သူဖြစ်သူ မော်ဒယ်ဇာခြည်အား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ယင်းနေ့မှာဘဲ အဆိုတော် အစ္စဏီကို ပုဒ်မ၃ခုဖြင့် အရေးယူကာ ဖမ်းဆီးထားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်ပြီး အစ္စဏီရဲ့ မိခင်ဖြစ်သူ ကသူ့သားအပေါ် အပြည့်အဝယုံကြည်သလို တဖက်မိန်းကလေးဘက်ကိုလဲ မနစ်နာစေခြင်ကြောင်းနဲ့ သားရဲ့ချစ်သူနဲ့ တစ်မိသားစုလုံးဟာ ချစ်ချစ်ခင်ခင်နေကြပြီး အစ္စဏီတို့ တစ်မျိုးလုံးက သူတို့တွဲနေကြတာကို သိကြတယ် ဆိုတဲ့အကြောင်းအရာတွေကို မီဒီယာတွေ ရဲ့ အင်တာဗျူးမှာ အသေးစိတ်ဖြေဆိုခဲ့ပါတယ်။

အစ္စဏီအမေဟာ ပြဿနာဖြစ်ပြီးခြင်းမှာ ကောင်မလေးကို တောင်းပန်တယ်ဆိုတဲ့ အသံတွေနဲ့ ပတ်သက်ပြီး သူမက ” တောင်းပန်တယ်ဆိုတာ ဖြစ်ပျက်ပြီးမှသိရတယ် သတင်းတွေတက်လာမှသိရတော့ မခံစားနိုင်ဘူး ၊သားသမီးခြင်းလဲစာနာပါတယ် ၊ ဒါကြောင့်လဲ သမီးရယ်ဘယ်ဖြစ်တာလဲ စိတ်မကောင်းပါဘူး ။ ကိုယ်ချင်းလဲ စာလို့တောင်းပန်လိုက်တယ် ။ ကိုယ့်သားနဲ့ ပတ်သက်တော့ ဒါကကိုယ့်သမီးဘဲလေ ကိုယ်ချင်းစာလို့တောင်ပန်မိတယ် ” ဆိုပြီး မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

အဲ့ဒီနောက် အစ္စဏီနဲ့ ဇာခြည်တို့တွဲနေကြတာနဲ့ ပတ်သက်ပြီး ” အိမ်ကမိဘတွေဆီမှာ သားယူမယ့် အမျိူးသမီးပါ ၊အိမ်ကိုဝင်ထွက်ခွင့်ပြုပါဆိုပြီးလာတယ် ၊ အိမ်ကိုအဝင်အထွက်ခဏခဏရှိတယ် ၊ တစ်မျိုးလုံးကလဲသိတယ်။ သူတို့ တွဲနေကြတာ ၁၀လ၊ ၁နှစ်နီးပါးရှိနေပြီ၊ သူတို့အပြင်မှာ၂လလောက် တွဲပြီးမှ အိမ်ကိုအသိပေးတာ ၈လလောက်ရှိပြီ မိသားစုတွေနဲ့လဲ ရင်ရင်နှီးနှီးနေကြတာပါ ” ဆိုပြီး အစ္စဏီရဲ့ အမေကပြောပြခဲ့ပါတယ်။

အစ္စဏီဟာ ကြေးမှုံသတင်းစာဆရာဦးကြည်မြင့်ရဲ့ မြည်းပြီး ငယ်စဉ်အရွယ်ထဲက အမေနဲ့ အဖေက ကွဲနေခဲ့ပြီး သူဟာ အမေရဲ့ အုပ်ထိန်းမှုအောက်မှာ အမေရယ်၊ အဖိုးအဖွားရယ် ကို လုပ်ကျွေးနေသူဖြစ်ပြီး ငယ်ငယ်လေးထဲ ကကွဲသွားတဲ့ အဖေကိုလဲ ထောက်ပံ့နေရတာဖြစ်တယ်လို့ သူ့အမေကဆိုပါတယ်။ သူက သူရတဲ့ အနုပညာကြေးလေးနဲ့ ရိုးရိုးသားသားလေးရှာဖွေကျွေးပါတယ်တဲ့။ အခုလိုအဖြစ်အပျက်တွေအပေါ် အန်တီကတော့ အံ့သြမိပါတယ်။

“အန်တီကတော့ အန်တီ့သားကိုယုံကြည်ပါတယ်။ အန်တီ့သားမှာ လုံးဝအဲ့လိုစိတ်မရှိပါဘူး ။အန်တီမွေးထားတာ အန်တီလုံးဝယုံကြည်တယ်၊ အန်တီငယ်ငယ်ထဲက အန်တီ တစ်ယောက်ထဲအုပ်ချုပ်တယ်၊ အဒေါ်တွေ အုပ်ချုပ်တယ်၊ အဲ့လိုဖြစ်မယ်ဆိုတာမထင်ပါဘူး၊ သားအပေါ်လုံးဝယုံကြည်မှုရှိပါတယ်။ အန်တီ့သားက လုံးဝမရိုင်းစိုင်းပါဘူး၊ လေ့လာနိုင်ပါတယ်၊ ဒီပတ်ဝန်းကျင်လဲလေ့လာနိုင်ပါတယ် ။ သူကသဘောထားကြီးတယ် ၊ အားနာတက်တယ် ၊သနားတက်တယ်၊ စိတ်ထားပြည့်ဝတယ် ၊ ခုလိုဖြစ်တာ စိတ်မကောင်းဖြစ်တယ်ခုဟာကြီးက ရစရာကိုမရှိတော့ဘူး၊ ဒါပေမယ့် အန်တီကယုံကြည်တယ် စိတ်မာတယ် အန်တီ့သားဒီလိုမလုပ်တဲ့အတွက် ယုံကြည်တယ် ” ဆိုပြီး သားအပေါ်ယုံကြည်ကြောင်းကို ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက် အဲ့ဒီအဖြစ်အပျက်ကို သိခဲ့ရပုံနဲ့ အဖြစ်ခင်နေ့က အကြောင်းအရာတွေကိုလဲ ” သင်္ကြန်ကို ပွဲတွေလက်ခံထားတော့ ဒီနေ့ ဘယ်မှမသွားတော့ဘူးဆိုပြီးအိမ်မှာ၇ှိနေပါတယ်။ သူ့အခန်းထဲကို ဖုန်းတွေလာပါတယ်၊ အန်တီဖုန်းကို တောင်ဝင်လာတယ်၊ ည ၁နာရီလောက်မှ ဖိုးကြီးဖွားကြီး မေကြီး အိပ်တော့နော် ၊သားပြန်လာမှာ သင်္ကြန်ပွဲတွေလဲလက်ခံထားတာ သားပြန်လာမှာစိတ်ချလက်ချအိပ်နော် ဆိုတော့ အိပ်လိုက်တာပေါ့ ၊ မနက်၁၀နာရီ မှ သိရပါတယ်၊ သိလဲသိ သားကို အင်းစိန်ပို့ဘဲ ရုံးထုတ်တဲ့နေ့မှ တွေ့ရမှာပါ ၂၆ရက်နေ့ မှရုံးထုတ်မှာအဲ့နေ့မှတွေ့ရမှာ ” ဆိုပြီး မျက်ရည်မကျအောင် ထိန်းထားရင်း ပြောပြခဲ့ပါတယ်။

” အမှန်တရားက ၇ှိမှာပါ၊ဖြစ်လာမှာဘဲ အကောင်းဆုံးဖြေရှင်းရမယ် ၊ဘယ်သူ့ကိုမှလဲ မနစ်နာစေချင်ဘူး ဇာခြည့်ကိုလဲမနစ်နာစေချင်ဘူး အန်တီ့သားခံစားနေရတာကိုလဲ အန်တီမခံစားနိုင်ဘူး ။ အမှန်တရား ဘဲဖြစ်စေချင်ပါတယ် ဆိုကာ အမှန်းတရားပေါ်ပေါက်ဖို့ စောင့်မျှော်နေရှာပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မော်ဒယ် ဇာခြည်ဘက်မှ ပုဒ်မ၃ခုဖြင့် အမှု့ဖွင့်အရေးယူထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven media group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top