မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×








# Unicode Version ဖြင့် ဖတ်ပါ #
ဒါအံသြစရာပါ ၊ မားစ်ဂြိုလ်ပေါ်ကနေရိုက်ကူးထားတဲ့ဓာတ်ပုံတစ်ပုံထဲမှာ မားစ်ဂြိုလ်မျက်နှာပြင်ပေါ်မှာ
လူနဲ့တူတဲ့အရာတခု သို့မဟုတ် ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါးလမ်းလျှောက်နေတဲ့ပုံထွက်ရှိလာပါတယ် ။
ဒီပုံကို NASA ကမားစ်ဂြိုလ်ပေါ်ကိုလွှတ်တင်ထားတဲ့ ဂြိုလ်ပေါ်မှာရှိနေတဲ့စက်ရုပ်ကနေ ပေးပို့ထားတာဖြစ်ပါတယ် ။
ပုံထဲကိုလူကိုကြည့်ရတာတော့ ရှည်လျားလွန်လှတဲ့ဝတ်ရုံတစ်ခုကိုဝတ်ဆင်ထားပြီး
ဦးခေါင်းပြောင်ပြောင်ပုံစံဖြစ်ပြီး သူ့ရဲ့ရှေ့ကတောင်တွေပေါ်ကိုတက်သွားနေကို တွေ့ရမှာပါ ။
နောက်ပြီး သူရဲ့လက်နဲ့ညာဘက်ဒူးဟာ မြင်သာထင်ရှားစွာ လမ်းလျှောက်နေတဲ့ဟန်အဖြစ် တွေ့မြင်ရပါတယ်။
ဒါကလူတယောက်သာမန် လမ်းလျှောက်နေတဲ့ကိုယ်နေဟန်ထားပဲဖြစ်ပါတယ်  ။

သေချာနှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါးဖြစ်ဖို့အသေအချာပါပဲ ။ တကယ်လို့ ဒါဟာကျောက်တုံးတစ်တုံးဖြစ်မယ်ဆိုရင် ဒီအမြင့်အနေအထားနဲ့မြေဆွဲအားကြောင့် ဂြိုလ်မျက်နှာပြင်ပေါ်ကို လုံးလုံးလျားလျား လဲကျနေမှာအမှန်ပါ၊ ဒီအရာက ရုပ်ထုတစ်ခုလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ် ။ ဒါပေမယ့် ဒီအရာက ကျောက်တုံးတွေကြားထဲမှာ မားမားမက်မက်ရှိနေတော့ ကျောက်တုံးတစ်ခုဖြစ်ဖို့လဲမဖြစ်နိုင်ဘူးလို့ထင်ပါတယ်။
ခန့်မှန်းခြေအရ အမြင့်က 1.5 ပေခွဲကနေ – ၃ ပေလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်၊

” ကျနော့်ရဲ့ ဒီဗီဒီယိုမှာသေချာကြည့်ရင်တော့ ဒီလူဟာသူ့ရဲ့အရှေ့တောင်စွန်ဘက်ကိုဦးတည်သွားနေတာတွေ့ရမှာပါ
ဒါပေမယ့် ဒါဟာကျောက်တုံးတွေကြားထဲမှာတည်ရှိနေတဲ့ ရုပ်တုတစ်ခုလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ် ”

ဒီပုံကို 720 P ကွာလတီနဲ့ကြည့်နိုင်ပါတယ်
ပုံထဲမှာ တော်တော်ဝေးဝေးကို ဆွဲပြီးကြည့်ထားတာပါ ။
စာဖတ်သူတို့ရော ဘယ်လိုထင်လဲဗျ?

Image Credit: NASA/JPL-Caltech/MSSS

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top