ပိုခံစားတတ်ခြင်း
ပွေ့ဖက်ခြင်း
အားငယ်ဝမ်းနည်းတာ
ချီးကျူးခံချင်တာ
Credit: Internet
# Unicode Version ဖြင့် ဖတ်ပါ #
ယောကျာ်းလေးတွေရဲ့ လူသိမခံချင်တဲ့ အချက်လေးတွေက မိန်းကလေးတွေအနေ နဲ့ ယောကျာ်းလေးတွေကို နားလည်ပေးနိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။
ယောကျာ်းလေးတွေ မပြောပြချင်တဲ့ လှို့ဝှက်လေးတွေကို သိချင်ကြလား ? အခုပြောပြပေးမယ့် ယောကျာ်းလေးတွေရဲ့ လူသိမခံချင်တဲ့ အချက်လေးတွေက မိန်းကလေးတွေအနေ နဲ့ ယောကျာ်းလေးတွေကိုနားလည်ပေးနိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။
ဒီအချက်လေးတွေက အရေးမကြီးသလိုလို နဲ့ အမှန်တကယ်တော့ ဒါလေးတွေကို သိရှိ နားလည်ပေးပြီး ကိုင်တွယ်တတ်ရင်တော့ တော်တော့်ကို အဆင်ပြေသွားမှာပါလို့ ပြောချင်ပါတယ်။
ပိုခံစားတတ်ခြင်း
မိန်းကလေးတွေက ယောကျာ်းတွေကို ထင်ကြမယ်။ သူတို့က ဘာမှ ဂရုမစိုက်တတ်ဘူး။ လမ်းခွဲမှုတစ်ခု ကြုံခဲ့ရင်တောင် ဘာမှမဖြစ်ပဲ အေးအေးဆေးဆေး နေနိုင်ကြမယ်လို့ထင်တယ်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူးတဲ့။ ယောကျာ်းလေးတွေက တစ်ခုခုဆို နာကျင်မှုပိုများတတ်ကြပါတယ်။ အပြင်ပန်းမှာသာ ဘာမှမဖြစ်ဘူးထင်ရပေမယ့် ရင်ထဲမှာတော့ နာနာကျင်ကျင်နဲ့ ပိုပြီး ထိခိုက်လွယ် ခံစားတတ်ကြပါတယ်တဲ့။
ပွေ့ဖက်ခြင်း
ပွေ့ဖက်တာကိုတော့ ယောကျာ်းလေးတွေထက် မိန်းကလေးတွေက ပိုမိုကြိုက်နှစ်သက်ကြပါတယ်နော်။ အဲ့လိုပဲ ယောကျာ်းလေး တော်တော်များများကလည်း သူတို့ကို ပွေ့ဖက်ထားတာကို နှစ်သက်ကြပါတယ်တဲ့။ ဒါပေမယ့် ယောကျာ်းလေးတွေကတော့ ‘ မင်းငါ့ကိုဖက်ထားတာ ငါကြိုက်တယ် ငါ့ကိုဖက်ထားပါ ‘ လို့ ဘယ်တော့မှ ထုတ်ပြောမယ့် သူတွေ မဟုတ်ပါဘူးတဲ့။ ပွေ့ဖက်တယ်ဆိုတဲ့ နေရာမှာ Sex ကိစ္စအတွက်ပဲ မဟုတ်ပဲ နှစ်သက်စွာ ထွေးပွေ့ယုယပွေ့ဖက်ထားတဲ့ အပြုအမှုမျိုးကို ဆိုလိုပါတယ်။
အားငယ်ဝမ်းနည်းတာ
ယောကျာ်းလေးတွေဆိုတာ မျက်ရည်ကိုမုန်းကြပါတယ်။ လူကြီးမိဘတွေကပြောကြတယ်လေ။ ယောကျာ်းလေးပဲ ဘာလို့မျက်ရည်ကျရမှာလဲ ။ ယောကျာ်းလေးဆိုတာ မငိုရဘူးဆိုပြီး ပြောတတ်ကြပါတယ်။ အမှန်ဆို ယောက်ျားလေးလည်း လူပဲလေ။ မျက်ရည်ကျချင် ကျနိုင်ပါတယ်။ ယောကျ်းလေးမှာလည်း အကူအညီမဲ့တဲ့အချိန်၊ အားငယ်တဲ့အချိန်ဆိုတာ ရှိမှာပဲ။ ဘယ်လူကမှတော့ အချိန်တိုင်း Strong မဖြစ်နေပါဘူး။ ယောကျာ်းလေးတွေကတော့ များသောအားဖြင့် မိန်းကလေးတွေရှေ့မှာ မျက်ရည်ကျရမှာ ရှက်တတ်ကြပါတယ်။ မကျအောင်လည်း ထိန်းချုပ်ထားတတ်ကြပါတယ်။ ယောကျာ်းလေးတွေလည်း မိန်းကလေးတွေလိုပဲ အားပေးနှစ်သိမ့်မှုတွေကို ခံချင်ကြတဲ့ သူတွေ ဖြစ်တာ ကြောင့် သူတို့ စိတ်အားငယ်တဲ့အချိန်၊ စိတ်ဓါတ်ကျနေတဲ့အချိန်တွေမှာ အလိုက်တသိနားလည်ပေးတတ်ဖို့ လိုပါတယ်။
သတိမထားမိတတ်တာလေးတွေကို ဂရုတစိုက်နှစ်သက်တာ
ယောကျာ်းလေးတွေက မိန်းကလေးအများစု တော်ရုံသတိမထားမိတတ်တဲ့ အရာလေးကို ကြိုက်နှစ်သက်တတ်ကြတာလည်း ယောကျာ်းလေးတွေရဲ့ လျို့ဝှက်ချက်တစ်ခုပါ။ လက်ရေးလေးတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်နေတဲ့အချိန်အတွင်း ဖြစ်တတ်တဲ့ အမူအရာလေးတွေ၊ နားသယ်စပ်က ဆံပင်လေးတွေ စတဲ့ မိန်းကလေးတွေရဲ့ ကိုယ်တိုင်တောင် သတိမထားမိတဲ့ အရာမျိုးကို နှစ်သက်ကြတာ ဖြစ်ပါတယ်။
သူငယ်ချင်းအပေါင်းအသင်းတွေကိုခင်တတ်တာ
ယောကျာ်းလေး အတော်တော်များျများက သူငယ်ချင်းအပေါင်းအသင်းမက်ကြတာ အားလုံးသိပါတယ်။ ဒါကြောင့် ယောကျာ်းလေးတော်တော်များများက သူတို့ရဲ့ချစ်သူတွေကို သူတို့ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အဆင်ပြေစေချင်ကြပါတယ်။ သူပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ မပေါင်းနဲ့ လို့ ပြောတာ မကြိုက်ကြပါဘူးတဲ့။ ယောကျာ်းလေးတွေက သူတို့ရဲ့သူငယ်ချင်းတွေကို ကိုယ့်သူငယ်ချင်းလိုပဲ လိုက်လျောညီထွေဆက်ဆံတတ်တဲ့ မိန်းကလေးကို ပိုသဘောကျတတ်ကြပါတယ်တဲ့။
ချီးကျူးခံချင်တာ
ယောကျာ်းလေးတွေလည်း မိန်းကလေးတွေများလို ချီးကျုးခံရတာ ကြိုက်ပါတယ်တဲ့နော်။ ယောကျာ်းလေးတွေကို ချီးကျူးစရာမလိုဘူးလို့ မိန်းကလေးတွေက ထင်ကောင်းထင်လိမ့်မယ်။ ဒါဟာ မှားပါတယ်။ ယောက်ျားလေးတွေကလည်း မိန်းကလေးတွေလိုပဲ သူတို့အပေါ် ဂရုတစိုက်ရှိပြီး ချီးမွမ်းခံချင်တဲ့စိတ် ရှိပါတယ်တဲ့နော်။
ဒါဆို ပြောပြခဲ့တဲ့ ယောကျာ်းလေးတွေရဲ့ လျို့ဝှက်ချက်တစ်ချို့ကို သိပြီး နားလည်စွာနေထိုင်နိုင်ကြပါစေလို့ Marry မှ ဆုတောင်းပေးလိုက်ပါတယ်နော်။
ဖိုးသူတော် (www.phothutaw.com)
Credit: Internet
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top