ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ထိုင္းႏုိင္ငံမွာ အသက္ ေလးဆယ္ေက်ာ္ အမ်ဳိးသမီးတစ္ဦးဟာ သူနဲ႔ ရည္ငံ့ခ်စ္ႀကိဳက္ေနတဲ့ ရည္စားေလးက ပီးေဆးက စြမ္းတယ္၊ ဓားနဲ႔ ထိုး စမ္းၾကည့္လို႔ ခိုင္းတာေၾကာင့္ ေက်ာကုန္းကို ဓားနဲ႔ တစ္ခ်က္ စမ္းထိုးလိုက္မိပါတယ္။

ပီးေဆးရဲ႕ အေျဖကေတာ့ ဒီဓားတစ္ခ်က္နဲ႔ပဲ ရည္းစားျဖစ္သူ ေသဆုံးသြားၿပီး အမ်ဳိးသမီးဟာလည္း ရဲရဲ႕ အဖမ္းအဆီးခံဘ၀ ေရာက္ခဲ့ရပါတယ္။

ဆင္းဘူရီျပည္နယ္က တမ္ဘြန္ဘန္ေမာအရပ္မွာ အသက္ ၄၁ ႏွစ္အရြယ္ ဆြမ္ကစ္ခ်န္ဆာလက္ဟာ သူ႔ခ်စ္သူေမာင္ေလး အသက္ ၃၈ ႏွစ္ရွိ ဆန္နက္ေ၀ါင္ဒီး ေသဆုံးၿပီး ခ်က္ခ်င္းဆိုသလိုမွာပဲ အဖမ္းဆီးခံရေတာ့တာ ျဖစ္ပါတယ္။

ခ်စ္သူ ဆန္နက္က သူ႔ အေရးျပားဟာ ဓားပီး၊ တုတ္ပီး မကြဲမၿပဲဘူးလို႔ ေျပာၿပီး စမ္းၾကည့္ပါလို႔ ေျပာလို႔ ခုလို ျဖစ္သြားခဲ့ရတာပဲလို႔ ဆြမ္ကစ္က ထြက္ဆိုပါတယ္။

ပီးေဆးကို စမ္းတဲ့အေနနဲ႔ အရွည္ ၂၅ စင္တီမီတာသာ ရွိတဲ့ ဓားနဲ႔ ဆန္နက္ရဲ႕ ေနာက္ေက်ာကို တစ္ခ်က္ပဲ ထိုးလိုက္တာျဖစ္ေပမယ့္ ဆန္နက္ဟာ ဒီဓားခ်က္နဲ႔ပဲ အသက္ထြက္သြားရတာပါလို႔ က်န္ရစ္သူ ဆြမ္ကစ္တစ္ေယာက္က ေျပာပါတယ္။ ဒါေပမယ့္ သူ႔ထြက္ခ်က္ကို အသိအမွတ္မျပဳတဲ့ ရဲေတြကေတာ့ ဆြမ္ကစ္ကို လူသတ္မႈနဲ႔ စြဲဆိုထားၿပီ ျဖစ္ပါတယ္။

Rf; Asia One

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမာင္သံဆင့္ ( Daily Hot News )
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံမှာ အသက် လေးဆယ်ကျော် အမျိုးသမီးတစ်ဦးဟာ သူနဲ့ ရည်ငံ့ချစ်ကြိုက်နေတဲ့ ရည်စားလေးက ပီးဆေးက စွမ်းတယ်၊ ဓားနဲ့ ထိုး စမ်းကြည့်လို့ ခိုင်းတာကြောင့် ကျောကုန်းကို ဓားနဲ့ တစ်ချက် စမ်းထိုးလိုက်မိပါတယ်။

ပီးဆေးရဲ့ အဖြေကတော့ ဒီဓားတစ်ချက်နဲ့ပဲ ရည်းစားဖြစ်သူ သေဆုံးသွားပြီး အမျိုးသမီးဟာလည်း ရဲရဲ့ အဖမ်းအဆီးခံဘ၀ ရောက်ခဲ့ရပါတယ်။

ဆင်းဘူရီပြည်နယ်က တမ်ဘွန်ဘန်မောအရပ်မှာ အသက် ၄၁ နှစ်အရွယ် ဆွမ်ကစ်ချန်ဆာလက်ဟာ သူ့ချစ်သူမောင်လေး အသက် ၃၈ နှစ်ရှိ ဆန်နက်ဝေါင်ဒီး သေဆုံးပြီး ချက်ချင်းဆိုသလိုမှာပဲ အဖမ်းဆီးခံရတော့တာ ဖြစ်ပါတယ်။

ချစ်သူ ဆန်နက်က သူ့ အရေးပြားဟာ ဓားပီး၊ တုတ်ပီး မကွဲမပြဲဘူးလို့ ပြောပြီး စမ်းကြည့်ပါလို့ ပြောလို့ ခုလို ဖြစ်သွားခဲ့ရတာပဲလို့ ဆွမ်ကစ်က ထွက်ဆိုပါတယ်။

ပီးဆေးကို စမ်းတဲ့အနေနဲ့ အရှည် ၂၅ စင်တီမီတာသာ ရှိတဲ့ ဓားနဲ့ ဆန်နက်ရဲ့ နောက်ကျောကို တစ်ချက်ပဲ ထိုးလိုက်တာဖြစ်ပေမယ့် ဆန်နက်ဟာ ဒီဓားချက်နဲ့ပဲ အသက်ထွက်သွားရတာပါလို့ ကျန်ရစ်သူ ဆွမ်ကစ်တစ်ယောက်က ပြောပါတယ်။ ဒါပေမယ့် သူ့ထွက်ချက်ကို အသိအမှတ်မပြုတဲ့ ရဲတွေကတော့ ဆွမ်ကစ်ကို လူသတ်မှုနဲ့ စွဲဆိုထားပြီ ဖြစ်ပါတယ်။

Rf; Asia One

ဖိုးသူတော် (www.phothutaw.com)
Credit: မောင်သံဆင့် ( Daily Hot News )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top