ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

 ျမန္မာႏိုင္ငံတြင္ မုန္တိုင္း အႏၲရာယ္ရွိေနေၾကာင္း သတင္း အမွားမ်ားကို သတင္းဌာနအမည္ ခံ ေဖ့စ္ဘြတ္ခ္အေကာင့္အခ်ိဳ႕က လူမႈကြန္ရက္တြင္ ျဖန္႔ေဝေန၍ လူထုအေနျဖင့္ ေကာလာဟလ မ်ားကို မယံုၾကည္ရန္ႏွင့္ လက္ရွိ ကာလတြင္ ဘဂၤလားပင္လယ္ ေအာ္၌ ပံုမွန္ရာသီဥတုသာ ရွိေန ေၾကာင္း မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္က သတိေပး သည္။

လာမည့္ေမလ ၂၂ ရက္တြင္ျမန္မာႏုိင္ငံသို႔ အားျပင္းထန္ေသာ မုန္တုိင္းဝင္ေရာက္ႏုိင္၍ ေတာင္ ၿပိဳျခင္း၊ ေရႀကီးျခင္း၊ လွ်ပ္စစ္မီး ျပတ္ေတာက္ျခင္း၊ ျမစ္မ်ား ႐ုတ္ တရက္ေရႀကီးျခင္း ျဖစ္ႏိုင္ကာ ယင္းသဘာဝေဘးအႏၲရာယ္ကို ျမန္မာ ျပည္သူျပည္သားမ်ား၏ အားျဖင့္ ပူးေပါင္းကာကြယ္ရန္ လိုေၾကာင္း သတင္းအမွားမ်ားကို သတင္းဌာနအမည္ခံ လူမႈကြန္ ရက္အေကာင့္အခ်ိဳ႕က ျဖန္႔ေဝ ေနေၾကာင္း ေဒါက္တာထြန္းလြင္ က ေျပာသည္။

‘‘၂၀၁၆ က မုန္တုိင္းကို ျပန္ တင္တာ။ ဒါေပမဲ့ ၂၀၁၆ ကို ျဖဳတ္ထားၿပီး ေမလ ၂၂ ရက္မွာ ျဖစ္ ေတာ့မယ့္ပံုစံတင္တာ။ အဲဒီရက္ မွာ ေလဘယ္ေလာက္တိုက္မယ္၊ ဘယ္လိုသတိထားပါဆိုၿပီး သ တင္းအေဟာင္းကို အခုျဖစ္ေန  သေယာင္တင္တာ။ ပိုဆိုးတာက မက္ေဆ့ခ်္ေတြကေန လိုက္ျဖန္႔တဲ့ အဆင့္ျဖစ္သြားၿပီ။ ဒါ သက္သက္ထိတ္လန္႔ေအာင္ လုပ္ေနၾကတာ’’ဟု ၎က သတိေပး သည္။

ယခုရက္ပိုင္းအတြင္း ငလ်င္မ်ား မၾကာခဏလႈပ္ေန၍ လူထု က စိုးရိမ္ေနခ်ိန္တြင္ သဘာဝေဘးႏွင့္ပတ္သက္ေသာ သတင္းအမွားမ်ားအသံုးျပဳကာ လူထုကိုထိတ္လန္႔ေအာင္ ရည္ရြယ္ခ်က္ရွိရွိ ျပဳလုပ္သည္ဟု ယူဆေၾကာင္း ေဒါက္တာထြန္းလြင္က ေျပာ သည္။

မိုးေလဝသ သတင္းမ်ားႏွင့္ ပတ္သက္၍ ၎၏ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာႏွင့္ မိုးေလဝသႏွင့္ ဇလ ေဗဒၫႊန္ၾကားမႈဦးစီးဌာန ထုတ္ ျပန္ခ်က္မ်ားကို ေစာင့္ၾကည့္အ တည္ျပဳရန္ ေဒါက္တာထြန္းလြင္ က ေျပာသည္။

သဘာဝေဘးအႏၲရာယ္ႏွင့္ ပတ္သက္၍ မဟုတ္မမွန္သတင္း မ်ား ထုတ္လႊင့္သူကို ဥပေဒအရ ေထာင္ဒဏ္ႏွင့္ ေငြဒဏ္ခ်မွတ္ႏိုင္ ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ် ထားေရးဝန္ႀကီးဌာနက မတ္လ ၁၂ ရက္တြင္ ေၾကညာထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
 မြန်မာနိုင်ငံတွင် မုန်တိုင်း အန္တရာယ်ရှိနေကြောင်း သတင်း အမှားများကို သတင်းဌာနအမည် ခံ ဖေ့စ်ဘွတ်ခ်အကောင့်အချို့က လူမှုကွန်ရက်တွင် ဖြန့်ဝေနေ၍ လူထုအနေဖြင့် ကောလာဟလ များကို မယုံကြည်ရန်နှင့် လက်ရှိ ကာလတွင် ဘင်္ဂလားပင်လယ် အော်၌ ပုံမှန်ရာသီဥတုသာ ရှိနေ ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး သည်။

လာမည့်မေလ ၂၂ ရက်တွင်မြန်မာနိုင်ငံသို့ အားပြင်းထန်သော မုန်တိုင်းဝင်ရောက်နိုင်၍ တောင် ပြိုခြင်း၊ ရေကြီးခြင်း၊ လျှပ်စစ်မီး ပြတ်တောက်ခြင်း၊ မြစ်များ ရုတ် တရက်ရေကြီးခြင်း ဖြစ်နိုင်ကာ ယင်းသဘာဝဘေးအန္တရာယ်ကို မြန်မာ ပြည်သူပြည်သားများ၏ အားဖြင့် ပူးပေါင်းကာကွယ်ရန် လိုကြောင်း သတင်းအမှားများကို သတင်းဌာနအမည်ခံ လူမှုကွန် ရက်အကောင့်အချို့က ဖြန့်ဝေ နေကြောင်း ဒေါက်တာထွန်းလွင် က ပြောသည်။

‘‘၂၀၁၆ က မုန်တိုင်းကို ပြန် တင်တာ။ ဒါပေမဲ့ ၂၀၁၆ ကို ဖြုတ်ထားပြီး မေလ ၂၂ ရက်မှာ ဖြစ် တော့မယ့်ပုံစံတင်တာ။ အဲဒီရက် မှာ လေဘယ်လောက်တိုက်မယ်၊ ဘယ်လိုသတိထားပါဆိုပြီး သ တင်းအဟောင်းကို အခုဖြစ်နေ  သယောင်တင်တာ။ ပိုဆိုးတာက မက်ဆေ့ချ်တွေကနေ လိုက်ဖြန့်တဲ့ အဆင့်ဖြစ်သွားပြီ။ ဒါ သက်သက်ထိတ်လန့်အောင် လုပ်နေကြတာ’’ဟု ၎င်းက သတိပေး သည်။

ယခုရက်ပိုင်းအတွင်း ငလျင်များ မကြာခဏလှုပ်နေ၍ လူထု က စိုးရိမ်နေချိန်တွင် သဘာဝဘေးနှင့်ပတ်သက်သော သတင်းအမှားများအသုံးပြုကာ လူထုကိုထိတ်လန့်အောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည်ဟု ယူဆကြောင်း ဒေါက်တာထွန်းလွင်က ပြော သည်။

မိုးလေဝသ သတင်းများနှင့် ပတ်သက်၍ ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာနှင့် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ် ပြန်ချက်များကို စောင့်ကြည့်အ တည်ပြုရန် ဒေါက်တာထွန်းလွင် က ပြောသည်။

သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ မဟုတ်မမှန်သတင်း များ ထုတ်လွှင့်သူကို ဥပဒေအရ ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင် ကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက မတ်လ ၁၂ ရက်တွင် ကြေညာထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top