(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ကေလးေတြမွာလည္း ေဒါသစိတ္ရွိၾကပါတယ္။ ခဏခဏဂ်ီက်ၿပီး စိတ္ဆိုး၊ စိတ္ေကာက္တတ္တဲ့ကေလးနဲ႔ ေဒါသစိတ္ႀကီးတဲ့ကေလးကပံုစံခ်င္း မတူပါဘူး။ ေဒါသစိတ္ႀကီးတဲ့ကေလးေတြမွာေတာင္ တခ်ိဳ႕က ေဒါသျဖစ္ ရင္ စကားမေျပာေတာ့ဘဲ ေခ်ာင္တစ္ခုခုမွာ တစ္ေယာက္တည္းသြား ပုန္းေနတာမ်ိဳးရွိသလို တခ်ိဳ႕က်ေတာ့ ကိုယ္ဟန္အမူ အရာခပ္ၾကမ္းၾကမ္းနဲ႔ တုန္႔ျပန္တာမ်ိဳးလုပ္တတ္ၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကေလးေတြအေနနဲ႔ ငယ္ရြယ္စဥ္မွာ က်န္းမာၿပီး ေပ်ာ္ရႊင္ေနမွ အရြယ္ေရာက္လာတဲ့အခါ အေကာင္းျမင္စိတ္ထားၿပီး ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈ ရွိစြာႀကီး ျပင္းလာႏိုင္ၾကမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ေဒါသအိုးကြဲပိစိေလးေတြကို ထိန္ေက်ာင္းၿပီးျပဳစုပ်ိဳးေထာင္ေပး တဲ့ေနရာမွာ အေထာက္အကူျဖစ္ေစမယ့္အခ်က္ေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

မိဘရဲ႕အနီးမွာထားၿပီးဂရုစိုက္ေပးပါ

မိဘနဲ႔အေနနီးတဲ့ကေလးေတြဟာ အျခားကေလးေတြထက္ ေဒါသစိတ္ျဖစ္မႈနည္းၾကတယ္လို႔သိရပါတယ္။ တျခား ကေလးေတြရဲ႕ရန္စျခင္းကိုမခံရသလို မိဘရဲ႕ဂရုစိုက္မႈ၊ ၾကင္ၾကင္နာနာဆက္ဆံမႈေတြေၾကာင့္ ကေလးရဲ႕စိတ္တိမ္း ညြတ္မႈက ႏူးညံ့တဲ့ဘက္မွာပိုၿပီးရွိလာတယ္လို႔ဆိုပါတယ္။ရံဖန္ရံခါ ေဒါသစိတ္ျဖစ္ခဲ့ရင္ေတာင္ မိဘေတြရဲ႕ သြန္သင္ မႈေတြေၾကာင့္ စိတ္ကိုအလိုလိုထိန္းႏိုင္သြားၾကပါတယ္။

တစ္ဖက္မွာေတာ့ မိဘနဲ႔အေနေဝးတဲ့ကေလးေတြရဲ႕မသိစိတ္ဟာ အရိုင္းစိတ္ျဖစ္ေနတတ္ပါတယ္။ အေဖရဲ႕အသည္း စြဲ၊ အေမရဲ႕ အခ်စ္ေတာ္စသျဖင့္ သူတို႔ကိုယ္သူတို႔ဘာဆိုတာ ေက်နပ္ေလာက္တဲ့အေျခအေနရွိမေနသလိုခံစားရ တတ္ပါတယ္။ ဒါေၾကာင့္ စိတ္က ထိလြယ္ရွလြယ္ ဆက္ဆက္ထိမခံျဖစ္ေလ့ရွိပါတယ္။တယ္။ ဒီလို အငံု႔စိတ္မ်ိဳးက အရြယ္ေရာက္တဲ့အထိ ပါသြားႏိုင္ပါတယ္။

ေဒါသျဖစ္လြယ္တဲ့အေျခအေနမွကာကြယ္ေပးပါ

ကေလးပဲျဖစ္ျဖစ္၊ လူႀကီးပဲျဖစ္ျဖစ္ ေဒါသႀကီးတဲ့သူေတြရဲ႕ထံုးစံအတိုင္း ထစ္ခနဲဆို စိတ္ဆိုးၾက၊ ထစ္ခနဲဆို အရိုင္း စိတ္က ၾကြလာပါတယ္။ ငယ္ရြယ္တဲ့အခ်ိန္ျဖစ္လို႔ ကေလးကသူ႔ရဲ႕ေဒါသစိတ္ကိုလည္းမထိန္းႏိုင္ပါဘူး။ အဲဒီေတာ့ ကေလးကို ေဒါသမထြက္ေအာင္၊ ကေလးရဲ႕ေဒါသစိတ္ကိုျဖစ္ေစတဲ့အေျခအေနေတြမျဖစ္ေအာင္ ကာကြယ္ေပးတာ ကပဲ အေကာင္းဆံုးေျဖရွင္းနည္းျဖစ္ပါလိမ့္မယ္။

ဒါေၾကာင့္ သင့္ကေလးရဲ႕လုပ္ေဆာင္ခ်က္ေတြနဲ႔ပတ္သက္ၿပီး အသိအမွတ္ျပဳေပးပါ၊ မေကာင္းရင္မေကာင္းသလို ေသခ်ာနားလည္ေအာင္ရွင္းျပၿပီး ေကာင္းရင္ေကာင္းသလို ခ်ီးက်ဴးဂုဏ္ျပဳေပးပါ။ ကေလးရဲ႕စိတ္ေက်နပ္မႈရွိေအာင္ သူ႔ရဲ႕အျပဳအမူတိုင္းကိုေဖးမကူညီၿပီး သူ႔ရဲ႕ဆႏၵေတြျပည့္ဖို႔ ေထာက္ပံ့ေပးပါ။

ေပ်ာ္ရႊင္စရာေတြဖန္တီးေပးပါ

ေဒါသႀကီးတဲ့ ကေလးေတြအတြက္ အေကာင္းဆံုးေဆးနည္းဟာ ရယ္ေမာျခင္းျဖစ္ပါတယ္။ အၿမဲတမ္းၿပံဳးေပ်ာ္ၿပီး စိတ္ထဲမွာေက်နပ္ပီတိျဖစ္ေနတဲ့ ကေလးတစ္ေယာက္အတြက္ ေဒါသစိတ္ျဖစ္ဖို႔ခဲယဥ္းသြားပါၿပီ။ ဒါေၾကာင့္ သင့္ကေလးကို ရယ္ရႊင္ဖြယ္ရာမ်ား မၾကာမၾကာဖန္တီးေပးသင့္ပါတယ္။ သူတို႔ႀကိဳက္ႏွစ္သက္တဲ့အျပဳအမူနဲ႔ဆက္ဆံတာမ်ိဳး၊ သူတို႔ကိုၿပံဳးေပ်ာ္ေစတဲ့အစားအေသာက္ေတြလုပ္ေကၽြးတာမ်ိဳး၊ အားလပ္ရက္မွာ သြားခ်င္တဲ့ေနရာေတြလုိက္ပို႔တာမ်ိဳး စတဲ့နည္းလမ္းေတြကအသံုးတည့္ပါလိ့မ္မယ္။

သူတို႔ရဲ႕အရည္အခ်င္းကိုျမႇင့္တင္ေပးပါ

ကေလးတိုင္းက ငယ္ရြယ္စဥ္မွာ အတတ္ပညာ၊ ဗဟုသုတနဲ႔ ဉာဏ္ရည္ဉာဏ္ေသြးတိုးတက္ေကာင္းမြန္ေအာင္ ေလ့က်င့္သင္ၾကားရပါတယ္။ အဲဒီလို ေလ့က်င့္သားက်တဲ့ ကေလးတစ္ေယာက္ဟာ အရြယ္ေရာက္လာၿပီးေနာက္ပိုင္း ႀကံဳေတြ႕ရတဲ့အခက္အခဲစိန္ေခၚမႈေတြကို ေကာင္းေကာင္းေျဖရွင္းသြားႏိုင္ပါတယ္။ ဒီလို ငယ္ရြယ္စဥ္မွာ ေလ့က်င့္ အားေကာင္းေကာင္းနဲ႔ သင္ယူေလ့လာျခင္းက ေဒါသႀကီးလြန္းတဲ့ ကေလးတစ္ေယာက္အတြက္ မ်ားစြာအက်ိဳး သက္ေရာက္မႈျဖစ္ေစပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တခါတေလမွာ မျပည့္စံုမႈနဲ႔ အခက္အခဲေတြက သည္းခံႏုိင္ စြမ္းကိုကုန္ခမ္းေစလို႔ပါပဲ။ အဲဒီလို သည္းခံႏိုင္စြမ္းအားမေကာင္းတာနဲ႔အမွ် မီးကိုေအာက္ဆီဂ်င္ေပးသလို ေဒါသ စိတ္ကိုပိုၿပီးၾကြလာေစပါတယ္။ ဒါေၾကာင့္ ငယ္ရြယ္တုန္းမွာ ပညာဉာဏ္ျပည့္ဝၿပီး အရည္အခ်င္း ရွိတဲ့သူျဖစ္ေအာင္ လိုအပ္တဲ့အတတ္ပညာ၊ အသိပညာနဲ႔ဗဟုသုတေတြကို ေလ့က်င့္သင္ၾကားေပးျခင္းအားျဖင့္ တစ္ဖက္ကသူ႔ရဲ႕ ေဒါသစိတ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္းျမင့္တက္ေစပါတယ္။

အခုေဖာ္ျပေပးခဲ့တဲ့ အခ်က္ေတြက ငယ္ရြယ္စဥ္မွာ ေဒါသအိုးကြဲေလးေတြျဖစ္ေနတဲ့ကေလးေတြအတြက္ အေထာက္ အကူျဖစ္ေစမယ္ လို႔ေမွ်ာ္လင့္ပါတယ္။ ဒါေၾကာင့္ ကေလးေတြလည္းေပ်ာ္ရႊင္စရာ ကေလးဘဝေလးေတြ ကိုပိုင္ ဆိုင္ႏိုင္ၾကပါေစေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ကလေးတွေမှာလည်း ဒေါသစိတ်ရှိကြပါတယ်။ ခဏခဏဂျီကျပြီး စိတ်ဆိုး၊ စိတ်ကောက်တတ်တဲ့ကလေးနဲ့ ဒေါသစိတ်ကြီးတဲ့ကလေးကပုံစံချင်း မတူပါဘူး။ ဒေါသစိတ်ကြီးတဲ့ကလေးတွေမှာတောင် တချို့က ဒေါသဖြစ် ရင် စကားမပြောတော့ဘဲ ချောင်တစ်ခုခုမှာ တစ်ယောက်တည်းသွား ပုန်းနေတာမျိုးရှိသလို တချို့ကျတော့ ကိုယ်ဟန်အမူ အရာခပ်ကြမ်းကြမ်းနဲ့ တုန့်ပြန်တာမျိုးလုပ်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေအနေနဲ့ ငယ်ရွယ်စဉ်မှာ ကျန်းမာပြီး ပျော်ရွှင်နေမှ အရွယ်ရောက်လာတဲ့အခါ အကောင်းမြင်စိတ်ထားပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိစွာကြီး ပြင်းလာနိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် ဒေါသအိုးကွဲပိစိလေးတွေကို ထိန်ကျောင်းပြီးပြုစုပျိုးထောင်ပေး တဲ့နေရာမှာ အထောက်အကူဖြစ်စေမယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မိဘရဲ့အနီးမှာထားပြီးဂရုစိုက်ပေးပါ

မိဘနဲ့အနေနီးတဲ့ကလေးတွေဟာ အခြားကလေးတွေထက် ဒေါသစိတ်ဖြစ်မှုနည်းကြတယ်လို့သိရပါတယ်။ တခြား ကလေးတွေရဲ့ရန်စခြင်းကိုမခံရသလို မိဘရဲ့ဂရုစိုက်မှု၊ ကြင်ကြင်နာနာဆက်ဆံမှုတွေကြောင့် ကလေးရဲ့စိတ်တိမ်း ညွတ်မှုက နူးညံ့တဲ့ဘက်မှာပိုပြီးရှိလာတယ်လို့ဆိုပါတယ်။ရံဖန်ရံခါ ဒေါသစိတ်ဖြစ်ခဲ့ရင်တောင် မိဘတွေရဲ့ သွန်သင် မှုတွေကြောင့် စိတ်ကိုအလိုလိုထိန်းနိုင်သွားကြပါတယ်။

တစ်ဖက်မှာတော့ မိဘနဲ့အနေဝေးတဲ့ကလေးတွေရဲ့မသိစိတ်ဟာ အရိုင်းစိတ်ဖြစ်နေတတ်ပါတယ်။ အဖေရဲ့အသည်း စွဲ၊ အမေရဲ့ အချစ်တော်စသဖြင့် သူတို့ကိုယ်သူတို့ဘာဆိုတာ ကျေနပ်လောက်တဲ့အခြေအနေရှိမနေသလိုခံစားရ တတ်ပါတယ်။ ဒါကြောင့် စိတ်က ထိလွယ်ရှလွယ် ဆက်ဆက်ထိမခံဖြစ်လေ့ရှိပါတယ်။တယ်။ ဒီလို အငုံ့စိတ်မျိုးက အရွယ်ရောက်တဲ့အထိ ပါသွားနိုင်ပါတယ်။

ဒေါသဖြစ်လွယ်တဲ့အခြေအနေမှကာကွယ်ပေးပါ

ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် ဒေါသကြီးတဲ့သူတွေရဲ့ထုံးစံအတိုင်း ထစ်ခနဲဆို စိတ်ဆိုးကြ၊ ထစ်ခနဲဆို အရိုင်း စိတ်က ကြွလာပါတယ်။ ငယ်ရွယ်တဲ့အချိန်ဖြစ်လို့ ကလေးကသူ့ရဲ့ဒေါသစိတ်ကိုလည်းမထိန်းနိုင်ပါဘူး။ အဲဒီတော့ ကလေးကို ဒေါသမထွက်အောင်၊ ကလေးရဲ့ဒေါသစိတ်ကိုဖြစ်စေတဲ့အခြေအနေတွေမဖြစ်အောင် ကာကွယ်ပေးတာ ကပဲ အကောင်းဆုံးဖြေရှင်းနည်းဖြစ်ပါလိမ့်မယ်။

ဒါကြောင့် သင့်ကလေးရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အသိအမှတ်ပြုပေးပါ၊ မကောင်းရင်မကောင်းသလို သေချာနားလည်အောင်ရှင်းပြပြီး ကောင်းရင်ကောင်းသလို ချီးကျူးဂုဏ်ပြုပေးပါ။ ကလေးရဲ့စိတ်ကျေနပ်မှုရှိအောင် သူ့ရဲ့အပြုအမူတိုင်းကိုဖေးမကူညီပြီး သူ့ရဲ့ဆန္ဒတွေပြည့်ဖို့ ထောက်ပံ့ပေးပါ။

ပျော်ရွှင်စရာတွေဖန်တီးပေးပါ

ဒေါသကြီးတဲ့ ကလေးတွေအတွက် အကောင်းဆုံးဆေးနည်းဟာ ရယ်မောခြင်းဖြစ်ပါတယ်။ အမြဲတမ်းပြုံးပျော်ပြီး စိတ်ထဲမှာကျေနပ်ပီတိဖြစ်နေတဲ့ ကလေးတစ်ယောက်အတွက် ဒေါသစိတ်ဖြစ်ဖို့ခဲယဉ်းသွားပါပြီ။ ဒါကြောင့် သင့်ကလေးကို ရယ်ရွှင်ဖွယ်ရာများ မကြာမကြာဖန်တီးပေးသင့်ပါတယ်။ သူတို့ကြိုက်နှစ်သက်တဲ့အပြုအမူနဲ့ဆက်ဆံတာမျိုး၊ သူတို့ကိုပြုံးပျော်စေတဲ့အစားအသောက်တွေလုပ်ကျွေးတာမျိုး၊ အားလပ်ရက်မှာ သွားချင်တဲ့နေရာတွေလိုက်ပို့တာမျိုး စတဲ့နည်းလမ်းတွေကအသုံးတည့်ပါလိ့မ်မယ်။

သူတို့ရဲ့အရည်အချင်းကိုမြှင့်တင်ပေးပါ

ကလေးတိုင်းက ငယ်ရွယ်စဉ်မှာ အတတ်ပညာ၊ ဗဟုသုတနဲ့ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်ကောင်းမွန်အောင် လေ့ကျင့်သင်ကြားရပါတယ်။ အဲဒီလို လေ့ကျင့်သားကျတဲ့ ကလေးတစ်ယောက်ဟာ အရွယ်ရောက်လာပြီးနောက်ပိုင်း ကြုံတွေ့ရတဲ့အခက်အခဲစိန်ခေါ်မှုတွေကို ကောင်းကောင်းဖြေရှင်းသွားနိုင်ပါတယ်။ ဒီလို ငယ်ရွယ်စဉ်မှာ လေ့ကျင့် အားကောင်းကောင်းနဲ့ သင်ယူလေ့လာခြင်းက ဒေါသကြီးလွန်းတဲ့ ကလေးတစ်ယောက်အတွက် များစွာအကျိုး သက်ရောက်မှုဖြစ်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခါတလေမှာ မပြည့်စုံမှုနဲ့ အခက်အခဲတွေက သည်းခံနိုင် စွမ်းကိုကုန်ခမ်းစေလို့ပါပဲ။ အဲဒီလို သည်းခံနိုင်စွမ်းအားမကောင်းတာနဲ့အမျှ မီးကိုအောက်ဆီဂျင်ပေးသလို ဒေါသ စိတ်ကိုပိုပြီးကြွလာစေပါတယ်။ ဒါကြောင့် ငယ်ရွယ်တုန်းမှာ ပညာဉာဏ်ပြည့်ဝပြီး အရည်အချင်း ရှိတဲ့သူဖြစ်အောင် လိုအပ်တဲ့အတတ်ပညာ၊ အသိပညာနဲ့ဗဟုသုတတွေကို လေ့ကျင့်သင်ကြားပေးခြင်းအားဖြင့် တစ်ဖက်ကသူ့ရဲ့ ဒေါသစိတ်ကို ထိန်းချုပ်နိုင်စွမ်းမြင့်တက်စေပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ အချက်တွေက ငယ်ရွယ်စဉ်မှာ ဒေါသအိုးကွဲလေးတွေဖြစ်နေတဲ့ကလေးတွေအတွက် အထောက် အကူဖြစ်စေမယ် လို့မျှော်လင့်ပါတယ်။ ဒါကြောင့် ကလေးတွေလည်းပျော်ရွှင်စရာ ကလေးဘဝလေးတွေ ကိုပိုင် ဆိုင်နိုင်ကြပါစေနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top