ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အမ်ဳိးသားေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ အစ္ကို တရားလႊတ္ေတာ္ေရွ႕ေန နတ္ေမာက္ ဦးေအာင္သန္း( ကြယ္လြန္) ရဲ႕သမီး ေဒၚငယ္မမသန္းက ရန္ကုန္ၿမိဳ႕ပင္လံုေဆးရံုႀကီးမွာ ဒီေန႔ (ဧၿပီ ၂၄) ရက္ မြန္းလြဲ ၁၂ နာရီ မိနစ္၂၀ ခန္႔ အခ်ိန္က ကြယ္လြန္သြားတယ္လို႔ သိရပါတယ္။

ေဒၚငယ္မမသန္းက ကင္ဆာေရာဂါခံစားေနရတာၾကာျမင့္ၿပီျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ကုတင္ ၅၀၀ ေဆးရံုႀကီးမွာ တစ္လေက်ာ္ကုသခဲ့ရကာ ပင္လုံေဆး႐ုံမွာလည္း ၄၇ ရက္ကုသခဲ့ရၿပီး အဆုပ္ကင္ဆာေရာဂါနဲ႔ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။

ကြယ္လြန္သူ ေဒၚငယ္မမသန္းႏွင့္ခင္ပြန္းျဖစ္သူ ဦးျမင့္ေဆြ။

ကြယ္လြန္သူ ေဒၚငယ္မမသန္းက ႏုိင္ငံေရးအက်ဥ္းသားေဟာင္းတဦးျဖစ္ၿပီး ႏိုင္ငံေရးအက်ဥ္းသားေဟာင္းျဖစ္တဲ့ ခင္ပြန္းဦးျမင့္ေဆြအတူ ရန္ကင္း ဆယ့္ႏွစ္လံုးတန္း တိုက္အမွတ္ ၂၀၆ မွာ ေနထုိင္ခဲ့ၿပီး သား၊သမီးမထြန္းကားခဲ့ဘူးလို႔ သိရပါတယ္။

ေဒၚငယ္မမသန္းက ကြယ္လြန္ခ်ိန္မွာ အသက္ ၆၉ ႏွစ္ရိွၿပီျဖစ္ၿပီး သူမရဲ႕ရုပ္အေလာင္းကုိ လာမယ့္ ၾကာသပေတးေန႔ (ဧၿပီ ၂၆ ရက္) ညေန ၄ နာရီအခ်ိန္မွာ ေရေဝးသုႆန္မွာ သၿဂၤဳဟ္ဖုိ႔ စီစဥ္ထားတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကို တရားလွှတ်တော်ရှေ့နေ နတ်မောက် ဦးအောင်သန်း( ကွယ်လွန်) ရဲ့သမီး ဒေါ်ငယ်မမသန်းက ရန်ကုန်မြို့ပင်လုံဆေးရုံကြီးမှာ ဒီနေ့ (ဧပြီ ၂၄) ရက် မွန်းလွဲ ၁၂ နာရီ မိနစ်၂၀ ခန့် အချိန်က ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဒေါ်ငယ်မမသန်းက ကင်ဆာရောဂါခံစားနေရတာကြာမြင့်ပြီဖြစ်ပြီး ရန်ကုန်မြို့ကုတင် ၅၀၀ ဆေးရုံကြီးမှာ တစ်လကျော်ကုသခဲ့ရကာ ပင်လုံဆေးရုံမှာလည်း ၄၇ ရက်ကုသခဲ့ရပြီး အဆုပ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်သူ ဒေါ်ငယ်မမသန်းနှင့်ခင်ပွန်းဖြစ်သူ ဦးမြင့်ဆွေ။

ကွယ်လွန်သူ ဒေါ်ငယ်မမသန်းက နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်တဲ့ ခင်ပွန်းဦးမြင့်ဆွေအတူ ရန်ကင်း ဆယ့်နှစ်လုံးတန်း တိုက်အမှတ် ၂၀၆ မှာ နေထိုင်ခဲ့ပြီး သား၊သမီးမထွန်းကားခဲ့ဘူးလို့ သိရပါတယ်။

ဒေါ်ငယ်မမသန်းက ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး သူမရဲ့ရုပ်အလောင်းကို လာမယ့် ကြာသပတေးနေ့ (ဧပြီ ၂၆ ရက်) ညနေ ၄ နာရီအချိန်မှာ ရေဝေးသုဿန်မှာ သင်္ဂြုဟ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top