ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

႐ုတ္တရက္ယုံၾကည္ရန္ ခက္ခဲပါလိမ့္မည္။ သို႔ေသာ္ မႏၲေလးတိုင္းေဒသႀကီး ေပ်ာ္ဘြယ္ၿမိဳ႕နယ္တြင္ ဆံပင္လုပ္ငန္းေၾကာင့္ ခ်မ္းသာသြားၾကသူမ်ား ယခင္ကတည္းကရွိခဲ့သလို ယခုလည္း ရွိေနဆဲျဖစ္သည္။

ကမၻာေပၚရွိနိုင္ငံမ်ားက ေရနံကို ေရႊမည္းဟု တင္စားေခၚေဝၚၾကသကဲ့သို႔ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ရွိ ျပည္သူမ်ားအတြက္ ဆံပင္သည္ေရႊမည္းျဖစ္သည္။ ဆံပင္ေၾကာင့္ အလုပ္အကိုင္အခြင့္အလမ္း ေပါမ်ားလာသည္။ စီးပြားေရးပိုမိုအဆင္ေျပလာေနၾကသည္။ ထို႔ေၾကာင့္ဆံပင္သည္ သူတို႔အတြက္ေတာ့ ေရႊမည္း။

ေပ်ာ္ဘြယ္ၿမိဳ႕ကို ျမန္မာသကၠရာဇ္ ၁၁၈၆ ခုႏွစ္ ဘႀကီးေတာ္မင္းလက္ထက္ ေညာင္ရမ္းမင္းသား၏ ရင္ခြင္ပိုက္အုပ္ထိန္းသူ သီရိဝဏၰဘြဲ႕ခံ ဦးမွုံက တည္ခဲ့ျခင္းျဖစ္သည္။ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ သီးနံွပြဲ႐ုံ လုပ္ငန္းမ်ားသည္ ၿမိဳ႕နယ္၏အဓိကစီးပြားေရးျဖစ္ခဲ့ေသာ္လည္း ယခုအခါ ဆံပင္လုပ္ငန္းသည္လည္း အဓိက စီးပြားေရးလုပ္ငန္းတခု ျဖစ္လာခဲ့သည္။

ေပ်ာ္ဘြယ္ကို ဆံပင္လုပ္ငန္းအေၾကာင္း မိတ္ဆက္စတင္ခဲ့သူမ်ားမွာ တ႐ုတ္လူမ်ိဳးမ်ားျဖစ္ၾကၿပီး လြန္ခဲ့သည့္ ၁၅ ႏွစ္ခန႔္မွစ၍ ဆံပင္လုပ္ငန္းဖြံ့ၿဖိဳးလာခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

”တ႐ုတ္ေတြ စၿပီးေတာ့လုပ္တာ။ သူတို႔လုပ္တာကိုၾကည့္ရင္းနဲ႔ ေဒသခံေတြလည္း လုပ္တတ္လာတာ။ မပင္ပန္းဘဲနဲ႔ ပိုက္ဆံရၾကေတာ့ လူတိုင္းနီးပါး အခုဆိုဆံပင္ပဲလုပ္ၾကေတာ့တယ္”ဟု ေဒသခံတဦး ျဖစ္သည့္ ကိုျမင့္ေဇာ္က ေျပာသည္။

ေပ်ာ္ဘြယ္ၿမိဳ႕နယ္ထဲက အိမ္ရွင္မေတြအေနနဲ႔ ဆံပင္အရွုပ္ ၅ က်ပ္သားပါ အထုပ္တထုပ္ကို ေျဖခအေနနဲ႔ ၁၂၀၀ က်ပ္ရရွိၿပီး ထမင္းအိုးတည္၊ ကေလးထိန္း၊ အိမ္မွုကိစၥေတြလုပ္ရင္းနဲ႔ တေန႔ကို အထုပ္ ၃ ထုပ္ေလာက္ ေျဖလို႔ၿပီးတယ္လို႔ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ က်ီနီေက်းရြာရွိ အိမ္ရွင္မအခ်ိဳ႕ထံမွ သိရွိရသည္။

ဆံပင္လုပ္ငန္းအတြက္ အဓိကလိုအပ္သည့္ ဆံပင္အရွုပ္မ်ား (အကၽြတ္မ်ား)သည္ ဘဂၤလားေဒ့ရွ္ နိုင္ငံႏွင့္ အိႏၵိယနိုင္ငံတို႔မွ ဝင္ေရာက္လ်က္ရွိၿပီး ျမန္မာဆံပင္မ်ားေလာက္ ေဈးေကာင္းမရဟုဆိုသည္။ လက္ရွိအခ်ိန္ တြင္ ျမန္မာဆံပင္အကၽြတ္ ၁ ပိႆာလၽွင္ က်ပ္တသိန္းခုနစ္ေသာင္းဝန္းက်င္ရွိၿပီး ဘဂၤလားေဒ့ရွ္ႏွင့္ အိႏၵိယမွ ဆံဆပင္မ်ားမွာ ၁ ပိႆာ တသိန္းႏွစ္ေသာင္းဝန္းက်င္ရွိေနေၾကာင္း ဆံပင္ေဈးကြက္အတြင္းမွ သိရွိရသည္။

”ကုန္ၾကမ္းအမ်ားစုက ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယကေနလာတယ္။ သူတို႔ဆီကေန ေလယာဥ္နဲ႔ စစ္ေတြ ကိုေရာက္တယ္။ စစ္ေတြကေနတဆင့္ ျမန္မာျပည္ထဲကိုသြင္းတယ္။ ျမန္မာဆံပင္က ဆံလုံးေကာင္းတယ္။ ဘဂၤလားေဒ့ရွ္တို႔၊ အိႏၵိယတို႔က ဆံပင္က ဆံလုံးမေကာင္းဘူး။ ဒီေရာက္ေတာ့ အဲဒါေတြကိုေရာေႏွာၿပီး တ႐ုတ္ျပည္ကိုပို႔တယ္”ဟု ဆံပင္လုပ္ငန္းလုပ္သက္ ၁၅ ႏွစ္ရွိၿပီျဖစ္သည့္ မသႏၲာက ဆံပင္ေဈးကြက္ အေၾကာင္း ရွင္းျပသည္။

ဆံပင္လုပ္ငန္းတြင္ ကုန္ၾကမ္းအျဖစ္မွ ေရာင္းတန္းဝင္ဆံပင္အျဖစ္သို႔ ေရာက္ရွိရန္ အဆင့္ ၇ ဆင့္ကို ျဖတ္သန္းရသည္။ ပထမဦးစြာ ဆံပင္အရွုပ္(အကၽြတ္)မ်ားကို တပင္ခ်င္းျဖစ္ေအာင္ ရွင္းလင္းရတယ္။ ထို႔ေနာက္ ရရွိလာသည့္ ဆံပင္အရြယ္အစားေပၚမူတည္ ၍ ၆ လက္မ၊ ၉ လက္မ၊ ၁၂ လက္မ အစရွိသျဖင့္ အမ်ိဳးအစားခြဲျခား၍ ေပါင္းေဆးျဖင့္ေပါင္းကာ တ႐ုတ္နိုင္ငံသို႔ တင္ပို႔လ်က္ရွိသည္။

တ႐ုတ္နိုင္ငံသည္ ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွနိုင္ငံမ်ားမွ ဆံပင္မ်ားကိုဝယ္ယူရန္ ဆံပင္ အတုမ်ားျပဳလုပ္ကာ ကမၻာေပၚတြင္ ဆံပင္ႏွင့္ပတ္သက္ေသာ ထုတ္ကုန္မ်ားကို အမ်ားဆုံးတင္ပို႔ေနသည့္ နိုင္ငံအျဖစ္ ရပ္တည္ေနသည္။

တ႐ုတ္နိုင္ငံမွ တန္ဖိုးျမင့္ဆံပင္တုမ်ားသည္ အေမရိက၊ အာဖရိကႏွင့္ ဥေရာပတို႔တြင္ ေဈးေကာင္း ရေနသည္။

ကမၻာ့ကုန္သြယ္ေရးအဖြဲ႕ (WTO) ၏ စာရင္း မ်ားအရ တ႐ုတ္နိုင္ငံသည္ ကမၻာေပၚတြင္ ဆံပင္တု၊ အေမြး၊ အေတာင္၊ ပန္းတုမ်ားကို အမ်ားဆုံးတင္ပို႔ေနသည္ဟု သိရွိရသည္။

တ႐ုတ္နိုင္ငံသို႔ တင္ပို႔ေနသည့္ ဆံပင္ေဈးႏွုန္း မ်ားကို အတိအက်မသိရေသာ္လည္း ဆံပင္အရွုပ္ေဈးထက္ ၄ ဆ ၅ ဆခန႔္ ပိုမိုရရွိနိုင္ေၾကာင္း ဆံပင္ေရာင္းခ်သူအခ်ိဳ႕ထံမွ သိရွိရသည္။

ျမန္မာနိုင္ငံက ဆံပင္မ်ားကို တ႐ုတ္နိုင္ငံသို႔ အဓိကတင္ပို႔ေနၿပီး တ႐ုတ္ႏွစ္သစ္ကူး က်င္းပသည့္ အခ်ိန္တြင္သာ အေရာင္းအဝယ္ေအးတတ္ေၾကာင္း ၎ကေျပာသည္။

”တ႐ုတ္ႏွစ္ကူးခ်ိန္က်ရင္ ဒီမွာရွိတဲ့ တ႐ုတ္ေတြက တ႐ုတ္ျပည္ကို ျပန္ၾကတယ္။ ျပန္တဲ့အခါက်ေတာ့ ဒီမွာရွိတဲ့ သူတို႔႐ုံးေတြကို ပိတ္ခဲ့တာကိုး။ ဟိုဘက္က တ႐ုတ္ေတြကလည္း အဲဒီရက္မွာ အဝယ္ရပ္ထားတာမ်ိဳး ေတြရွိတယ္။ က်န္တဲ့အခ်ိန္က်ေတာ့ ေန႔စဥ္ေဈးကြက္ရွိပါတယ္”ဟု ေပ်ာ္ဘြယ္ၿမိဳ႕ရွိ အင္ပါယာ ဆံပင္ ေရာင္းဝယ္ေရးလုပ္ငန္း၏ မန္ေနဂ်ာျဖစ္သူ ကိုသိန္းေဇာ္ထံမွ သိရသည္။

လုပ္ငန္းကၽြမ္းက်င္မွုအေပၚ မူတည္၍ ဆံပင္ အလုပ္သမားတဦးလၽွင္ တေန႔က်ပ္ငါးေထာင္၊ က်ပ္ ရွစ္ေထာင္၊ က်ပ္တေသာင္းခြဲႏွင့္ က်ပ္ႏွစ္ေသာင္းအထိ ဝင္ေငြရရွိေနၾကသည္။

ေပ်ာ္ဘြယ္ၿမိဳ႕နယ္တြင္ အလုပ္သမား ၅၀ ႏွင့္ အထက္ရွိသည့္ ဆံပင္႐ုံေပါင္း ၅၀ ေက်ာ္ရွိၿပီး အလုပ္ သမား ၅၀ ေအာက္ လုပ္ငန္းမ်ားမွာ ၃၀၀ နီးပါးရွိေၾကာင္း ေပ်ာ္ဘြယ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္ မတီထံမွ သိရသည္။

သို႔ေသာ္ ျပည္ထဲေရးဝန္ႀကီးဌာန အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလအတြင္း ထုတ္ျပန္ေသာ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ရွိ စက္မွုလုပ္ငန္းမ်ားစာရင္းတြင္ ခ်ည္မၽွင္စက္႐ုံ၊ ေရသန႔္စက္႐ုံ၊ စက္ခ်ဳပ္ လုပ္ငန္း၊ ပန္းထိမ္လုပ္ငန္း၊ ပန္းပဲလုပ္ငန္း၊ မုန႔္လုပ္ငန္းႏွင့္ အုန္းဆံႀကိဳးလုပ္ငန္းမ်ားကိုသာ ေဖာ္ျပထားၿပီး ဆံပင္လုပ္ငန္းအေၾကာင္း ထည့္သြင္းေဖာ္ျပ မထားသည္ကို ေတြ႕ရွိရသည္။

ဆံပင္လုပ္ငန္းသည္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္သူ ၿမိဳ႕နယ္သားမ်ားကို အက်ိဳးျပဳေနေသာ္လည္း အနံ့အသက္ေပါင္းစုံ ပါဝင္သည့္ ဆံပင္မ်ားကို ေန႔စဥ္ကိုင္တြယ္ထိေတြ႕ေနရသျဖင့္ ေရရွည္တြင္ က်န္းမာေရးထိခိုက္လာမည္ကို စိုးရိမ္သူမ်ားလည္း ရွိသည္။

ဆံပင္လုပ္ငန္းပိုင္ရွင္မ်ားက ႏွာေခါင္းစည္းမ်ား ယခင္က တပ္ေပးေသာ္လည္း အလုပ္သမားအမ်ားစု မတပ္ခ်င္ေသာေၾကာင့္ လက္ရွိအခ်ိန္တြင္ ႏွာေခါင္းစည္းမတပ္ဘဲ လုပ္ငန္းခြင္ဝင္ေနၾကသည္ကို ျမင္ေတြ႕ခဲ့ရသည္။

”အစကေတာ့ က်န္းမာေရးထိခိုက္မယ္ဆိုၿပီး ေၾကာက္တာေပါ့ေနာ္။ ဒါေပမဲ့ ကိုယ့္ေရွ႕မွာ လုပ္ေနတဲ့ သူေတြလည္း ဘာမွမျဖစ္ဘဲ အလုပ္လုပ္ေနၾကေတာ့ မစိုးရိမ္ေတာ့ပါဘူး”ဟု ဆံပင္လုပ္ငန္းတြင္ ေန႔စဥ္ ဝင္ေရာက္လုပ္ကိုင္ေနသူ အသက္ ၂၅ ႏွစ္အရြယ္ရွိ မယုဇနက ေျပာသည္။

ယခင္က မုန႔္ႂကြပ္ေၾကာင့္ လူသိမ်ားခဲ့ေသာ ေပ်ာ္ဘြယ္သည္ ယခုအခါ ဆံပင္ၿမိဳ႕ေတာ္ ျဖစ္လာခဲ့ပါၿပီ။

ႏြင္းေမာင္ဦး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: News Watch
# Unicode Version ျဖင့္ ဖတ္ပါ #
ရုတ်တရက်ယုံကြည်ရန် ခက်ခဲပါလိမ့်မည်။ သို့သော် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်တွင် ဆံပင်လုပ်ငန်းကြောင့် ချမ်းသာသွားကြသူများ ယခင်ကတည်းကရှိခဲ့သလို ယခုလည်း ရှိနေဆဲဖြစ်သည်။

ကမ္ဘာပေါ်ရှိနိုင်ငံများက ရေနံကို ရွှေမည်းဟု တင်စားခေါ်ဝေါ်ကြသကဲ့သို့ ပျော်ဘွယ်မြို့နယ်ရှိ ပြည်သူများအတွက် ဆံပင်သည်ရွှေမည်းဖြစ်သည်။ ဆံပင်ကြောင့် အလုပ်အကိုင်အခွင့်အလမ်း ပေါများလာသည်။ စီးပွားရေးပိုမိုအဆင်ပြေလာနေကြသည်။ ထို့ကြောင့်ဆံပင်သည် သူတို့အတွက်တော့ ရွှေမည်း။

ပျော်ဘွယ်မြို့ကို မြန်မာသက္ကရာဇ် ၁၁၈၆ ခုနှစ် ဘကြီးတော်မင်းလက်ထက် ညောင်ရမ်းမင်းသား၏ ရင်ခွင်ပိုက်အုပ်ထိန်းသူ သီရိဝဏ္ဏဘွဲ့ခံ ဦးမှုံက တည်ခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သီးနံှပွဲရုံ လုပ်ငန်းများသည် မြို့နယ်၏အဓိကစီးပွားရေးဖြစ်ခဲ့သော်လည်း ယခုအခါ ဆံပင်လုပ်ငန်းသည်လည်း အဓိက စီးပွားရေးလုပ်ငန်းတခု ဖြစ်လာခဲ့သည်။

ပျော်ဘွယ်ကို ဆံပင်လုပ်ငန်းအကြောင်း မိတ်ဆက်စတင်ခဲ့သူများမှာ တရုတ်လူမျိုးများဖြစ်ကြပြီး လွန်ခဲ့သည့် ၁၅ နှစ်ခန့်မှစ၍ ဆံပင်လုပ်ငန်းဖွံ့ဖြိုးလာခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

”တရုတ်တွေ စပြီးတော့လုပ်တာ။ သူတို့လုပ်တာကိုကြည့်ရင်းနဲ့ ဒေသခံတွေလည်း လုပ်တတ်လာတာ။ မပင်ပန်းဘဲနဲ့ ပိုက်ဆံရကြတော့ လူတိုင်းနီးပါး အခုဆိုဆံပင်ပဲလုပ်ကြတော့တယ်”ဟု ဒေသခံတဦး ဖြစ်သည့် ကိုမြင့်ဇော်က ပြောသည်။

ပျော်ဘွယ်မြို့နယ်ထဲက အိမ်ရှင်မတွေအနေနဲ့ ဆံပင်အရှုပ် ၅ ကျပ်သားပါ အထုပ်တထုပ်ကို ဖြေခအနေနဲ့ ၁၂၀၀ ကျပ်ရရှိပြီး ထမင်းအိုးတည်၊ ကလေးထိန်း၊ အိမ်မှုကိစ္စတွေလုပ်ရင်းနဲ့ တနေ့ကို အထုပ် ၃ ထုပ်လောက် ဖြေလို့ပြီးတယ်လို့ ပျော်ဘွယ်မြို့နယ် ကျီနီကျေးရွာရှိ အိမ်ရှင်မအချို့ထံမှ သိရှိရသည်။

ဆံပင်လုပ်ငန်းအတွက် အဓိကလိုအပ်သည့် ဆံပင်အရှုပ်များ (အကျွတ်များ)သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဝင်ရောက်လျက်ရှိပြီး မြန်မာဆံပင်များလောက် ဈေးကောင်းမရဟုဆိုသည်။ လက်ရှိအချိန် တွင် မြန်မာဆံပင်အကျွတ် ၁ ပိဿာလျှင် ကျပ်တသိန်းခုနစ်သောင်းဝန်းကျင်ရှိပြီး ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယမှ ဆံဆပင်များမှာ ၁ ပိဿာ တသိန်းနှစ်သောင်းဝန်းကျင်ရှိနေကြောင်း ဆံပင်ဈေးကွက်အတွင်းမှ သိရှိရသည်။

”ကုန်ကြမ်းအများစုက ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယကနေလာတယ်။ သူတို့ဆီကနေ လေယာဉ်နဲ့ စစ်တွေ ကိုရောက်တယ်။ စစ်တွေကနေတဆင့် မြန်မာပြည်ထဲကိုသွင်းတယ်။ မြန်မာဆံပင်က ဆံလုံးကောင်းတယ်။ ဘင်္ဂလားဒေ့ရှ်တို့၊ အိန္ဒိယတို့က ဆံပင်က ဆံလုံးမကောင်းဘူး။ ဒီရောက်တော့ အဲဒါတွေကိုရောနှောပြီး တရုတ်ပြည်ကိုပို့တယ်”ဟု ဆံပင်လုပ်ငန်းလုပ်သက် ၁၅ နှစ်ရှိပြီဖြစ်သည့် မသန္တာက ဆံပင်ဈေးကွက် အကြောင်း ရှင်းပြသည်။

ဆံပင်လုပ်ငန်းတွင် ကုန်ကြမ်းအဖြစ်မှ ရောင်းတန်းဝင်ဆံပင်အဖြစ်သို့ ရောက်ရှိရန် အဆင့် ၇ ဆင့်ကို ဖြတ်သန်းရသည်။ ပထမဦးစွာ ဆံပင်အရှုပ်(အကျွတ်)များကို တပင်ချင်းဖြစ်အောင် ရှင်းလင်းရတယ်။ ထို့နောက် ရရှိလာသည့် ဆံပင်အရွယ်အစားပေါ်မူတည် ၍ ၆ လက်မ၊ ၉ လက်မ၊ ၁၂ လက်မ အစရှိသဖြင့် အမျိုးအစားခွဲခြား၍ ပေါင်းဆေးဖြင့်ပေါင်းကာ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။

တရုတ်နိုင်ငံသည် မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှ ဆံပင်များကိုဝယ်ယူရန် ဆံပင် အတုများပြုလုပ်ကာ ကမ္ဘာပေါ်တွင် ဆံပင်နှင့်ပတ်သက်သော ထုတ်ကုန်များကို အများဆုံးတင်ပို့နေသည့် နိုင်ငံအဖြစ် ရပ်တည်နေသည်။

တရုတ်နိုင်ငံမှ တန်ဖိုးမြင့်ဆံပင်တုများသည် အမေရိက၊ အာဖရိကနှင့် ဥရောပတို့တွင် ဈေးကောင်း ရနေသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စာရင်း များအရ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆံပင်တု၊ အမွေး၊ အတောင်၊ ပန်းတုများကို အများဆုံးတင်ပို့နေသည်ဟု သိရှိရသည်။

တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဆံပင်ဈေးနှုန်း များကို အတိအကျမသိရသော်လည်း ဆံပင်အရှုပ်ဈေးထက် ၄ ဆ ၅ ဆခန့် ပိုမိုရရှိနိုင်ကြောင်း ဆံပင်ရောင်းချသူအချို့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံက ဆံပင်များကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး တရုတ်နှစ်သစ်ကူး ကျင်းပသည့် အချိန်တွင်သာ အရောင်းအဝယ်အေးတတ်ကြောင်း ၎င်းကပြောသည်။

”တရုတ်နှစ်ကူးချိန်ကျရင် ဒီမှာရှိတဲ့ တရုတ်တွေက တရုတ်ပြည်ကို ပြန်ကြတယ်။ ပြန်တဲ့အခါကျတော့ ဒီမှာရှိတဲ့ သူတို့ရုံးတွေကို ပိတ်ခဲ့တာကိုး။ ဟိုဘက်က တရုတ်တွေကလည်း အဲဒီရက်မှာ အဝယ်ရပ်ထားတာမျိုး တွေရှိတယ်။ ကျန်တဲ့အချိန်ကျတော့ နေ့စဉ်ဈေးကွက်ရှိပါတယ်”ဟု ပျော်ဘွယ်မြို့ရှိ အင်ပါယာ ဆံပင် ရောင်းဝယ်ရေးလုပ်ငန်း၏ မန်နေဂျာဖြစ်သူ ကိုသိန်းဇော်ထံမှ သိရသည်။

လုပ်ငန်းကျွမ်းကျင်မှုအပေါ် မူတည်၍ ဆံပင် အလုပ်သမားတဦးလျှင် တနေ့ကျပ်ငါးထောင်၊ ကျပ် ရှစ်ထောင်၊ ကျပ်တသောင်းခွဲနှင့် ကျပ်နှစ်သောင်းအထိ ဝင်ငွေရရှိနေကြသည်။

ပျော်ဘွယ်မြို့နယ်တွင် အလုပ်သမား ၅၀ နှင့် အထက်ရှိသည့် ဆံပင်ရုံပေါင်း ၅၀ ကျော်ရှိပြီး အလုပ် သမား ၅၀ အောက် လုပ်ငန်းများမှာ ၃၀၀ နီးပါးရှိကြောင်း ပျော်ဘွယ်မြို့နယ် စည်ပင်သာယာရေးကော် မတီထံမှ သိရသည်။

သို့သော် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်သော ပျော်ဘွယ်မြို့နယ်ရှိ စက်မှုလုပ်ငန်းများစာရင်းတွင် ချည်မျှင်စက်ရုံ၊ ရေသန့်စက်ရုံ၊ စက်ချုပ် လုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ မုန့်လုပ်ငန်းနှင့် အုန်းဆံကြိုးလုပ်ငန်းများကိုသာ ဖော်ပြထားပြီး ဆံပင်လုပ်ငန်းအကြောင်း ထည့်သွင်းဖော်ပြ မထားသည်ကို တွေ့ရှိရသည်။

ဆံပင်လုပ်ငန်းသည် ပျော်ဘွယ်မြို့နယ်သူ မြို့နယ်သားများကို အကျိုးပြုနေသော်လည်း အနံ့အသက်ပေါင်းစုံ ပါဝင်သည့် ဆံပင်များကို နေ့စဉ်ကိုင်တွယ်ထိတွေ့နေရသဖြင့် ရေရှည်တွင် ကျန်းမာရေးထိခိုက်လာမည်ကို စိုးရိမ်သူများလည်း ရှိသည်။

ဆံပင်လုပ်ငန်းပိုင်ရှင်များက နှာခေါင်းစည်းများ ယခင်က တပ်ပေးသော်လည်း အလုပ်သမားအများစု မတပ်ချင်သောကြောင့် လက်ရှိအချိန်တွင် နှာခေါင်းစည်းမတပ်ဘဲ လုပ်ငန်းခွင်ဝင်နေကြသည်ကို မြင်တွေ့ခဲ့ရသည်။

”အစကတော့ ကျန်းမာရေးထိခိုက်မယ်ဆိုပြီး ကြောက်တာပေါ့နော်။ ဒါပေမဲ့ ကိုယ့်ရှေ့မှာ လုပ်နေတဲ့ သူတွေလည်း ဘာမှမဖြစ်ဘဲ အလုပ်လုပ်နေကြတော့ မစိုးရိမ်တော့ပါဘူး”ဟု ဆံပင်လုပ်ငန်းတွင် နေ့စဉ် ဝင်ရောက်လုပ်ကိုင်နေသူ အသက် ၂၅ နှစ်အရွယ်ရှိ မယုဇနက ပြောသည်။

ယခင်က မုန့်ကြွပ်ကြောင့် လူသိများခဲ့သော ပျော်ဘွယ်သည် ယခုအခါ ဆံပင်မြို့တော် ဖြစ်လာခဲ့ပါပြီ။

နွင်းမောင်ဦး

ဖိုးသူတော် (www.phothutaw.com)
Credit: News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top