ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

စိတ္လႈပ္ရွားတဲ့အခ်ိန္ေတြ၊ ပူအိုက္ေနတဲ့အခိ်န္ေတြမွာ ေခြၽးထြက္တတ္တာဟာ ပံုမွန္ျဖစ္ေပမယ့္ ေန႔တိုင္း ေန႔တိုင္း ခြၽဲေနေအာင္ ေခြၽးထြက္တယ္ဆိုရင္ေတာ့ သတိထားသင့္ပါၿပီ။

          ေခြၽးထြက္တာကို အတင္း ဖုံးကြယ္ေနမယ့္အစား ကုသသင့္ပါတယ္။ တစ္သက္လံုး ေခြၽးထြက္သန္သူအျဖစ္ ေနသြားရမယ္လို႔ ဘယ္သူမွ မတားဆီးထားပါဘူး။

          အကယ္၍ ေျပာရမွာ ရွက္ေနတယ္၊ ဘယ္လို စေျပာရမွန္းမသိ ျဖစ္ေနခဲ့ရင္ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္ပါ။ ဆရာဝန္နဲ႔ ဘယ္လိုျပသသင့္တယ္ဆိုတာ သိရွိႏိုင္မွာ ျဖစ္ပါတယ္။

>>    ဆရာဝန္ကို ဘယ္အခ်ိန္မွာ ျပသင့္သလဲ?

●        အကႌ်ေတြ၊ ေဘာင္းဘီေတြ၊ ဖိနပ္ေတြ အကုန္ရႊဲသြားေလာက္ေအာင္ ထြက္သူေတြ

●        အျပင္မွာ ေအးေနခ်ိန္ေတြ၊ လႈပ္လႈပ္ရွားရွား မလုပ္ခ်ိန္ေတြမွာေတာင္ ေခြၽးထြက္ေနသူေတြ

●        ညဘက္ေတြမွာ အိပ္ရာခင္း စိုရႊဲေလာက္ေအာင္ ထြက္သူေတြ

●        အျခားေရာဂါလကၡဏာေတြျဖစ္တဲ့ ရင္ဘတ္ေအာင့္တာ၊ ရင္တုန္တာ၊ ေမာတာ၊ အဖ်ားဝင္တာ၊ အလိုလိုေနရင္း ကိုယ္အေလးခ်ိန္ က်လာတာစတဲ့ လကၡဏာရပ္ေတြ ရွိသူေတြမွာ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးဖို႔ လိုအပ္ပါတယ္။ ကိုယ့္မိသားစု ဆရာဝန္နဲ႔ အရင္ျပသၾကည့္ပါ။ ဒါမွမဟုတ္ အေရျပားအထူးကုနဲ႔လည္း ျပသႏိုင္ပါတယ္။

>>    ဆရာဝန္နဲ႔ ဘာေတြ ေဆြးေႏြးရမလဲ?

          ဆရာဝန္နဲ႔ မျပသမီ ကိုယ့္ရဲ႕ ေခြၽးထြက္ပံုေတြ၊ ဘယ္လုိေနရင္ ေခြၽးပိုထြက္တယ္ ဆိုတာေတြကို သိထားဖို႔ လိုပါတယ္။ ဒါ့အျပင္ ေအာက္ပါအခ်က္ေတြကို ႀကိဳတင္မွတ္သားထားဖို႔လည္း လိုအပ္ပါတယ္။

●        အက်ႌ တစ္ရက္ကို ဘယ္ႏွထည္ေလာက္ လဲရသလဲ?

●        တစ္ေန႔ကို ေရ ဘယ္ႏွႀကိမ္ ခ်ိဳးရသလဲ? ဘယ္ဆပ္ျပာ အမ်ိဳးအစားကို သံုးတာလဲ?

●        ေခြၽးထြက္သန္တာကို သက္သာေစဖို႔ ေခြၽးေတာင့္ေတြ၊ ေခြၽးခံအဝတ္ေတြ စတဲ့ ဘယ္လိုနည္းလမ္းေတြနဲ႔ ႀကိဳးစားခဲ့ဖူးသလဲ?

●        ေခြၽးထြက္သန္တဲ့အတြက္ လူမႈဆက္ဆံေရး ထိခိုက္တာ၊ သူငယ္ခ်င္းေတြ ဆံုး႐ႈံးတာ၊ အလုပ္အကိုင္ ဆံုး႐ႈံးတာ စတဲ့ ဘဝေနထိုင္မႈကို ထိခိုက္တာမ်ိဳး ရွိသလား?

●        ေခြၽးထြက္မ်ားတဲ့ေနရာက အေရျပားမွာ ယားယံလာတာမ်ိဳးေတြ ရွိသလား?

●        ေခြၽးထြက္သန္တာေၾကာင့္ ဝမ္းနည္းရတာ၊ စိတ္တိုရတာမ်ိဳးေတြ ရွိသလား?

>>    ဆရာဝန္က ဘာေတြလုပ္ေပးႏိုင္မလဲ?

          ေခြၽးထြက္သန္တာ စျဖစ္တဲ့အခ်ိန္ေတြ၊ ပိုျဖစ္တတ္တဲ့အခ်ိန္ေတြ၊ ေရာဂါရာဇဝင္ေတြနဲ႔ ေသာက္ေနရတဲ့ေဆးေတြ စတာေတြကို ေမးျမန္းပါလိမ့္မယ္။

          ဒါ့အျပင္ ေအာက္ပါစမ္းသပ္မႈေတြလည္း ျပဳလုပ္ပါလိမ့္မယ္။

●        ေခြၽးထြက္လြန္ေစတဲ့ ႏွလံုးေရာဂါ၊ သိုင္း႐ြိဳက္ေရာဂါ၊ ဆီးခ်ိဳေရာဂါ စတဲ့ေရာဂါေတြ ရွိ/မရွိကို လိုအပ္တဲ့ စမ္းသပ္မႈေတြ

●        ေခြၽးထြက္သန္တာကို စစ္ေဆးတဲ့နည္းေတြ

          *        Starch-iodine Test လို႔ေခၚတဲ့ စစ္ေဆးနည္းမွာ အိုင္အိုဒင္းဓာတ္နဲ႔ ကစီဓာတ္ေတြကို အသံုးျပဳၿပီး ဘယ္ေနရာမွာ ေခြၽးထြက္မ်ားသလဲ ၾကည့္ပါတယ္။ ေခြၽးထြက္လြန္ေနတဲ့ ေနရာေတြမွာ ျပာသြားတာကို ေတြ႕ရမွာပါ။

          *        Paper Test ဆိုတာကေတာ့ အထူးစကၠဴတစ္မ်ိဳးကို သံုးၿပီး ထြက္တဲ့ေခြၽးပမာဏကို တိုင္းတာတဲ့နည္းပဲ ျဖစ္ပါတယ္။

          ေရာဂါရာဇဝင္နဲ႔ စမ္းသပ္စစ္ေဆးမႈေတြေပၚ မူတည္ၿပီး Primary Hyperhidrosis လား? Secondary Hyperhidrosis လား? ဆိုတာ သိႏိုင္မွာပါ။

          Primary Hyperhidosis ဆိုတာ ေရာဂါအေျခအေန တစ္ခုခုေၾကာင့္ ျဖစ္တာမ်ိဳးမဟုတ္ဘဲ မ်ိဳး႐ိုးလိုက္တတ္ၿပီး ကေလးဘဝထဲက ျဖစ္တတ္တဲ့အေျခအေနတစ္ခုပဲ ျဖစ္ပါတယ္။ လက္ဖဝါး၊ ေျခဖဝါးနဲ႔ ခ်ိဳင္းေတြမွာ ေခြၽးထြက္သန္တတ္ပါတယ္။

          Secondary Hyperhidosis ဆိုတာကေတာ့ ကင္ဆာျဖစ္ျခင္း၊ ေရာဂါပိုးမႊားဝင္ျခင္းစတဲ့ ေရာဂါအေျခအေနေတြေၾကာင့္ ျဖစ္တတ္သလို စိတ္က်ေရာဂါေပ်ာက္ေဆး၊ စိတ္ေရာဂါေဆး စတဲ့ ေဆးေတြေၾကာင့္လည္း ရတတ္ပါတယ္။ တစ္ကိုယ္လံုးမွာ ေခြၽးထြက္ မ်ားႏိုင္ပါတယ္။

          ဘာေၾကာင့္ ေခြၽးထြက္မ်ားရတယ္ဆိုတဲ့ အေၾကာင္းရင္းကို သိရွိပါက နည္းအမ်ိဳးမ်ိဳးနဲ႔ ကုသႏိုင္ပါတယ္။ ေခြၽးထြက္နည္းေစတဲ့ ေဆးေတာင့္ေတြ ေသာက္ႏိုင္သလို Iontophoresis လို႔ ေခၚတဲ့ ေျခဖဝါး၊ လက္ဖဝါး ေခြၽးထြက္သန္သူေတြအတြက္ ေရထဲ လွ်ပ္စီးေၾကာင္း အေပ်ာ့စားျဖတ္တဲ့ ကုသနည္းနဲ႔လည္း ကုသႏိုင္ပါတယ္။ ဒါ့အျပင္ ေခြၽးဂလင္းေတြကိုသြားတဲ့ အာ႐ံုေၾကာေတြကို Botox ေဆး ထိုးၿပီး ပိတ္ပစ္တဲ့နည္းကိုလည္း အသံုးျပဳ ကုသႏိုင္ပါေသးတယ္။

          အျခားေရာဂါအေျခအေန တစ္ခုခုေၾကာင့္ ျဖစ္တာဆိုရင္ေတာ့ ျဖစ္ရတဲ့အေၾကာင္းအရင္းကို ကုသဖို႔ လိုအပ္ပါတယ္။ ကုသတဲ့နည္းလမ္းေတြကို ဆရာဝန္နဲ႔ တိုင္ပင္ၿပီး နည္းတစ္ခုစီရဲ႕ ျဖစ္ႏိုင္တဲ့ ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြကို ေသခ်ာေမးျမန္း စံုစမ္းထားသင့္ပါတယ္။

          ကုသေနစဥ္မွာလည္း ဆရာဝန္နဲ႔ အၿမဲမျပတ္ ျပန္ျပန္ျပေနဖို႔ လိုပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့တဲ့ နည္းေတြနဲ႔ မသက္သာတဲ့အခါ ေဆးေသာက္တာ၊ ခြဲစိတ္တာ စတဲ့ နည္းလမ္းေတြနဲ႔ ကုသဖို႔ စဥ္းစားရမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Emerald (www.drmyanmar.com)

#Unicode Version#
စိတ်လှုပ်ရှားတဲ့အချိန်တွေ၊ ပူအိုက်နေတဲ့အချိန်တွေမှာ ချွေးထွက်တတ်တာဟာ ပုံမှန်ဖြစ်ပေမယ့် နေ့တိုင်း နေ့တိုင်း ချွဲနေအောင် ချွေးထွက်တယ်ဆိုရင်တော့ သတိထားသင့်ပါပြီ။

          ချွေးထွက်တာကို အတင်း ဖုံးကွယ်နေမယ့်အစား ကုသသင့်ပါတယ်။ တစ်သက်လုံး ချွေးထွက်သန်သူအဖြစ် နေသွားရမယ်လို့ ဘယ်သူမှ မတားဆီးထားပါဘူး။

          အကယ်၍ ပြောရမှာ ရှက်နေတယ်၊ ဘယ်လို စပြောရမှန်းမသိ ဖြစ်နေခဲ့ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ။ ဆရာဝန်နဲ့ ဘယ်လိုပြသသင့်တယ်ဆိုတာ သိရှိနိုင်မှာ ဖြစ်ပါတယ်။

>>    ဆရာဝန်ကို ဘယ်အချိန်မှာ ပြသင့်သလဲ?

●        အင်္ကျီတွေ၊ ဘောင်းဘီတွေ၊ ဖိနပ်တွေ အကုန်ရွှဲသွားလောက်အောင် ထွက်သူတွေ

●        အပြင်မှာ အေးနေချိန်တွေ၊ လှုပ်လှုပ်ရှားရှား မလုပ်ချိန်တွေမှာတောင် ချွေးထွက်နေသူတွေ

●        ညဘက်တွေမှာ အိပ်ရာခင်း စိုရွှဲလောက်အောင် ထွက်သူတွေ

●        အခြားရောဂါလက္ခဏာတွေဖြစ်တဲ့ ရင်ဘတ်အောင့်တာ၊ ရင်တုန်တာ၊ မောတာ၊ အဖျားဝင်တာ၊ အလိုလိုနေရင်း ကိုယ်အလေးချိန် ကျလာတာစတဲ့ လက္ခဏာရပ်တွေ ရှိသူတွေမှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကိုယ့်မိသားစု ဆရာဝန်နဲ့ အရင်ပြသကြည့်ပါ။ ဒါမှမဟုတ် အရေပြားအထူးကုနဲ့လည်း ပြသနိုင်ပါတယ်။

>>    ဆရာဝန်နဲ့ ဘာတွေ ဆွေးနွေးရမလဲ?

          ဆရာဝန်နဲ့ မပြသမီ ကိုယ့်ရဲ့ ချွေးထွက်ပုံတွေ၊ ဘယ်လိုနေရင် ချွေးပိုထွက်တယ် ဆိုတာတွေကို သိထားဖို့ လိုပါတယ်။ ဒါ့အပြင် အောက်ပါအချက်တွေကို ကြိုတင်မှတ်သားထားဖို့လည်း လိုအပ်ပါတယ်။

●        အကျႌ တစ်ရက်ကို ဘယ်နှထည်လောက် လဲရသလဲ?

●        တစ်နေ့ကို ရေ ဘယ်နှကြိမ် ချိုးရသလဲ? ဘယ်ဆပ်ပြာ အမျိုးအစားကို သုံးတာလဲ?

●        ချွေးထွက်သန်တာကို သက်သာစေဖို့ ချွေးတောင့်တွေ၊ ချွေးခံအဝတ်တွေ စတဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားခဲ့ဖူးသလဲ?

●        ချွေးထွက်သန်တဲ့အတွက် လူမှုဆက်ဆံရေး ထိခိုက်တာ၊ သူငယ်ချင်းတွေ ဆုံးရှုံးတာ၊ အလုပ်အကိုင် ဆုံးရှုံးတာ စတဲ့ ဘဝနေထိုင်မှုကို ထိခိုက်တာမျိုး ရှိသလား?

●        ချွေးထွက်များတဲ့နေရာက အရေပြားမှာ ယားယံလာတာမျိုးတွေ ရှိသလား?

●        ချွေးထွက်သန်တာကြောင့် ဝမ်းနည်းရတာ၊ စိတ်တိုရတာမျိုးတွေ ရှိသလား?

>>    ဆရာဝန်က ဘာတွေလုပ်ပေးနိုင်မလဲ?

          ချွေးထွက်သန်တာ စဖြစ်တဲ့အချိန်တွေ၊ ပိုဖြစ်တတ်တဲ့အချိန်တွေ၊ ရောဂါရာဇဝင်တွေနဲ့ သောက်နေရတဲ့ဆေးတွေ စတာတွေကို မေးမြန်းပါလိမ့်မယ်။

          ဒါ့အပြင် အောက်ပါစမ်းသပ်မှုတွေလည်း ပြုလုပ်ပါလိမ့်မယ်။

●        ချွေးထွက်လွန်စေတဲ့ နှလုံးရောဂါ၊ သိုင်းရွိုက်ရောဂါ၊ ဆီးချိုရောဂါ စတဲ့ရောဂါတွေ ရှိ/မရှိကို လိုအပ်တဲ့ စမ်းသပ်မှုတွေ

●        ချွေးထွက်သန်တာကို စစ်ဆေးတဲ့နည်းတွေ

          *        Starch-iodine Test လို့ခေါ်တဲ့ စစ်ဆေးနည်းမှာ အိုင်အိုဒင်းဓာတ်နဲ့ ကစီဓာတ်တွေကို အသုံးပြုပြီး ဘယ်နေရာမှာ ချွေးထွက်များသလဲ ကြည့်ပါတယ်။ ချွေးထွက်လွန်နေတဲ့ နေရာတွေမှာ ပြာသွားတာကို တွေ့ရမှာပါ။

          *        Paper Test ဆိုတာကတော့ အထူးစက္ကူတစ်မျိုးကို သုံးပြီး ထွက်တဲ့ချွေးပမာဏကို တိုင်းတာတဲ့နည်းပဲ ဖြစ်ပါတယ်။

          ရောဂါရာဇဝင်နဲ့ စမ်းသပ်စစ်ဆေးမှုတွေပေါ် မူတည်ပြီး Primary Hyperhidrosis လား? Secondary Hyperhidrosis လား? ဆိုတာ သိနိုင်မှာပါ။

          Primary Hyperhidosis ဆိုတာ ရောဂါအခြေအနေ တစ်ခုခုကြောင့် ဖြစ်တာမျိုးမဟုတ်ဘဲ မျိုးရိုးလိုက်တတ်ပြီး ကလေးဘဝထဲက ဖြစ်တတ်တဲ့အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ လက်ဖဝါး၊ ခြေဖဝါးနဲ့ ချိုင်းတွေမှာ ချွေးထွက်သန်တတ်ပါတယ်။

          Secondary Hyperhidosis ဆိုတာကတော့ ကင်ဆာဖြစ်ခြင်း၊ ရောဂါပိုးမွှားဝင်ခြင်းစတဲ့ ရောဂါအခြေအနေတွေကြောင့် ဖြစ်တတ်သလို စိတ်ကျရောဂါပျောက်ဆေး၊ စိတ်ရောဂါဆေး စတဲ့ ဆေးတွေကြောင့်လည်း ရတတ်ပါတယ်။ တစ်ကိုယ်လုံးမှာ ချွေးထွက် များနိုင်ပါတယ်။

          ဘာကြောင့် ချွေးထွက်များရတယ်ဆိုတဲ့ အကြောင်းရင်းကို သိရှိပါက နည်းအမျိုးမျိုးနဲ့ ကုသနိုင်ပါတယ်။ ချွေးထွက်နည်းစေတဲ့ ဆေးတောင့်တွေ သောက်နိုင်သလို Iontophoresis လို့ ခေါ်တဲ့ ခြေဖဝါး၊ လက်ဖဝါး ချွေးထွက်သန်သူတွေအတွက် ရေထဲ လျှပ်စီးကြောင်း အပျော့စားဖြတ်တဲ့ ကုသနည်းနဲ့လည်း ကုသနိုင်ပါတယ်။ ဒါ့အပြင် ချွေးဂလင်းတွေကိုသွားတဲ့ အာရုံကြောတွေကို Botox ဆေး ထိုးပြီး ပိတ်ပစ်တဲ့နည်းကိုလည်း အသုံးပြု ကုသနိုင်ပါသေးတယ်။

          အခြားရောဂါအခြေအနေ တစ်ခုခုကြောင့် ဖြစ်တာဆိုရင်တော့ ဖြစ်ရတဲ့အကြောင်းအရင်းကို ကုသဖို့ လိုအပ်ပါတယ်။ ကုသတဲ့နည်းလမ်းတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး နည်းတစ်ခုစီရဲ့ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သေချာမေးမြန်း စုံစမ်းထားသင့်ပါတယ်။

          ကုသနေစဉ်မှာလည်း ဆရာဝန်နဲ့ အမြဲမပြတ် ပြန်ပြန်ပြနေဖို့ လိုပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းတွေနဲ့ မသက်သာတဲ့အခါ ဆေးသောက်တာ၊ ခွဲစိတ်တာ စတဲ့ နည်းလမ်းတွေနဲ့ ကုသဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Emerald (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top