iMyanmarHouse.com - Best Property Website for Myanmar
×

စရဏ (၁၅)ပါး ဆုိတာကေတာ့ ~~
အက်ဥ္းခ်ဳပ္ မွတ္လိုရင္-
ေဘာ- ဇာ – သီ- ဣံ- စ်ာန္ေလးႀကိမ္ႏွင့္၊ သူေတာ္ဥစၥာ၊ ခုႏွစ္ျဖာ၊ မွတ္ပါ စရဏ။
ဆိုၿပီး ေဆာင္ပုဒ္ေလးနဲ႔ ကပ္မွတ္နုိင္ပါတယ္။

သီ ဣံ ေဘာ ဇာ၊ သဒၶမၼာ၊ သတၱရူပ၊ စ်ာန္စတုကၠ- လို႔လဲ ေဆာင္ပုဒ္ ရွိပါေသးတယ္။
အဓိပၸါယ္မ်ားကေတာ့ –

၁။ ေဘာ- ဆိုတာ ေဘာဇန မတၱညဴ- မဂ္ေပါက္ဖုိလ္ေပါက္ အရိယာစခန္းကို တက္လွမ္းလိုတဲ့ ေယာဂီသူေတာ္ေကာင္းမ်ား ဟာ အစာစားရာမွာ အတိုင္းအတာ ပမာဏကို သိရပါမယ္၊ ဒီအစားအစာက ကိုယ္နဲ႔သင့္ေတာ္ရဲ႕လား၊ မသင့္ေတာ္ဘူး လား၊ အမ်ားႀကီးစားရင္ ဗိုက္ေလးၿပီး ထိန မိဒၶျဖစ္လာမယ္၊ အတက္စာေတြစားလိုက္ရင္ ေခါင္းကိုက္ေနၿပီး ၀ိပႆနာ တရား မရႈမွတ္နုိင္ပဲ ျဖစ္တတ္တာမို႔ အစာစားရာမွာ ကိုယ့္ကိုယ္ကို အတိုင္းအတာ ပမာဏသိရပါမယ္။

၂။ ဇာ- ဆုိတာ ဇာဂရိယ အနဳယုတၱ- ကမၼ႒ာန္းအားထုတ္ေနခ်ိန္မွာ အၿမဲတမ္း နုိးနိုးၾကားၾကား သတိေရွ႕ေဆာင္ေန ရပါမယ္၊ ေလ်ာ့တိေရာ့ရဲ၊ ပ်င္းရိစြာ မေနရပါဘူး၊ ၀တ္ေက်တန္းေက် အားထုတ္ေနတာမ်ိဳး မျဖစ္ရပါဘူး လို႔ ဆုိလိုပါတယ္။

၃။ သီ- ဆုိတာက သီလသံ၀ရ- လူျဖစ္လ်င္ ငါးပါးသီလ၊ ရွစ္းပါးသီလ စတာေတြကို လုံၿခဳံေအာင္ ထိန္းသိမ္းရပါမယ္၊ ရဟန္းေတာ္မ်ားမွာလဲ သိကၡာပုဒ္အေသးေလးေတြကအစ အာပတ္အႀကီးစား ပါရာဇိကအာပတ္မ်ားအထိ ေစာင့္ထိန္းရပါ မယ္၊ အဲလို ေစာင့္ထိန္းၿပီးမွသာ တရားအားထုတ္သင့္ပါတယ္၊ ဘုရားသာသနာေတာ္မွာ သီလ- သမာဓိ၊ ပညာ သိကၡာ သုံးပါးကို အစဥ္အလိုက္ျဖည့္က်င့္သင့္ပါတယ္၊ အစဥ္လုိက္ ျဖည့္က်င့္မွလဲ ထိေရာက္ေသာ အက်ိဳးရလဒ္ကို ရရွိေစမွာပါ။ ကိုယ္က်င့္သီလ လုံပါမွ သမာဓိအားေကာင္းထက္သန္လာၿပီးပညာဥာဏ္ရင့္သန္ကာ မဂ္ဖုိလ္စခန္းကို တက္လွမ္းနုိင္မွာ ျဖစ္ပါတယ္၊ အေျခခံ ကိုယ္က်င့္သီလေတာင္မွ မလုံၿခဳံပါဘဲ မဂ္ဖုိလ္နိဗၺာန္ကို မေမွ်ာ္မွန္းနိင္ပါဘူး။

၄။ ဣံ- ဆုိတာ ဣၿႏၵိေယသု ဂုတၱဒါြရ- မ်က္စိအာရုံ၊ နားအာရုံ၊ နားေခါင္းအာရုံ၊ လ်ာအာရုံ၊ ကိုယ္ခႏၶာအထိအေတြ႔အာရုံ၊ စိတ္အာရုံဆိုတဲ့ အာရုံ(၆) ပါးကို ဣေျႏၵႀကီးႀကီး ၊ သတိႀကီးႀကီးထားၿပီး ေစာင့္ထိန္းရပါမယ္ တဲ့၊ စိတ္အလိုမလိုက္ရဘူး လို႔ ဆုိလိုပါတယ္။
မ်က္စိက ျမင္ခ်င္တာျမင္၊ ၾကည့္ခ်င္တာ ၾကည့္ၿပီး တဏွာရာဂစိတ္၊ အကုသိုလ္စိတ္ျဖစ္ေနတာမ်ိဳး၊ အၾကားအာရုံ၊ အန႔ံ အာရုံ၊ အရသာေကာင္းေကာင္းနဲ႔ ဆုံလို႔ ေလာဘရမၼက္ တက္မက္စိတ္ျဖစ္ေနတာမ်ိဳး၊ အထူးသျဖင့္ ကုိယ့္စိတ္ ကုိလဲ အလိုလိုက္ၿပီး ျဖစ္ခ်င္တာ ျဖစ္ပါေစ ဆုိၿပီး လႊတ္ထားတာမ်ိဳးမျဖစ္ေစပဲထိန္းခ်ဳပ္ျခင္းကို ဣၿႏၵိေယသု ဂုတၱဒါြရ- ဣေျႏၵေတြ ကို ေစာင့္ထိန္းတယ္ လို႔ ေခၚပါတယ္။

၅။ ပထမစ်ာန္၊
၆။ ဒုတိယစ်ာန္၊
၇။ တတိယစ်ာန္၊
၈။ စတုတၳစ်ာန္ စတဲ့ စ်ာန္မ်ားကို ရရွိျခင္း၊ ရရွိေအာင္ က်င့္ႀကံအားထုတ္ျခင္းကို ဆုိလိုပါတယ္။

၉။ သဒၶါ- ရတနာသုံးပါးအေပၚမွာ ယုံၾကည္သက္၀င္တဲ့သဒၶါမ်ိဳး၊ေကာင္းတာလုပ္ရင္ေကာင္းက်ိဳးရမယ္၊ မေကာင္းတာ လုပ္ရင္ မေကာင္းက်ိဳးခံစားရမယ္ လို႔ ကံနဲ႔ ကံရဲ႕အက်ိဳးတရားကို ယုံၾကည္တာကို သဒၶါလို႔ ေခၚပါတယ္။

၁၀။ သီလ- ဆိုတာ အထက္က ေျပာခဲ့တဲ့ ငါးပါး ရွစ္ပါး သီလကိုပဲ ရည္ရြယ္ပါတယ္၊ ဒီေနရာမွာေတာ့ သာသနာပ အခါမွာ ေစာင့္ထိန္းနုိင္တဲ့ သီလေတြလဲ အက်ဳံး၀င္ပါတယ္။ နံပါတ္ ၃ မွာေဖာ္ျပခဲ့တဲ့ သီလေတြက ရဟန္းေတာ္ေတြမွာ သာသနာပ အခါ ေစာင့္ထိန္းရမယ့္ သီလ မရွိပါဘူး၊ သာသနာပအခါမွာ သံဃာဆုိတာ မရွိနုိင္တဲ့ အတြက္ေၾကာင့္ပါ။ လူတုိ႔ေစာင့္ထိန္းအပ္တဲ့ ငါးပါးရွစ္ပါးသီလေတြသာ သာသနာပ၊ သာသနာတြင္းရွိနုိင္ပါတယ္။

၁၁။ ဟိရီ- မေကာင္းမႈမွန္သမွ်ကို လူေရွ႔မွာျဖစ္ေစ၊ မျမင္ကြယ္ရာ မွာျဖစ္ေစ ကိုယ့္လိပ္ျပာ ကိုယ္လုံၿပီး ျပဳလုပ္ရမွာ ရွက္ရြ႕ံတတ္တဲ့တရားကုိ ဟိရီလို႔ေခၚပါတယ္၊ အထူးသျဖင့္ ဘယ္သူမွ မသိဘူး ဆုိေသာ္လည္း ကိုယ္ေစာင့္နတ္မ်ား၊ သာသနာကို ၾကည္ညိဳၾကတဲ့နတ္ျဗဟၼာမ်ား၊ တန္ခိုးႀကီးတဲ့ နတ္မ်ားက ကိုယ္မေကာင္းမႈလုပ္တာကို သိေနျမင္ေနၾကရ တာမို႔ မလုပ္မိေအာင္ ေရွာင္ရပါမယ္။

၁၂။ ၾသတပၸ- မေကာင္းမႈမွန္သမွ်ကို လုပ္ရမွာ ေၾကာက္လန္႔တတ္တဲ့ စိတ္ကို ေခၚပါတယ္။

၁၃။ သုတ- ဘာသာေရး အသိပညာစေသာ သံသရာမွ ထြက္ေျမာက္ေၾကာင္း သူေတာ္ေကာင္းတရားမွန္သမွ်ကုိ တတ္သိ နားလည္နုိင္ျခင္းပါ။

၁၄။ စာဂ- သူတပါးအေပၚ ေပးကမ္းစြန္႔က်ဲျခင္း၊ သာသနာတြင္းျဖစ္လ်င္ ေစတနာထက္သန္စြာျဖင့္ လွဴဒါန္းျခင္း ျဖစ္ပါတယ္။
၁၅။ ပညာ- ဆိုတာ သံသရာမွ ထြက္ေျမာက္ေစနုိင္ေသာ သူေတာ္ေကာင္း တရားမွန္သမွ်ကို တတ္သိနားလည္ျခင္း၊ နားလည္ရုံမွ် မကပဲ က်င့္ႀကံအားထုတ္ျခင္း၊ သမထဘာ၀နာ၊ ၀ိပႆနာ ဘာ၀နာ မ်ားကို ေလ့လာဆည္းပူး အားထုတ္ျခင္း စတဲ့ မဂ္ဖိုလ္နိဗၺာန္အထိ ေရာက္ေစနုိင္တဲ့ ပညာမ်ားအားလုံးကို ရည္ရြယ္ ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ဗုဒၶကမၻာ

#Unicode Version#
စရဏ (၁၅)ပါး ဆိုတာကတော့ ~~
အကျဉ်းချုပ် မှတ်လိုရင်-
ဘော- ဇာ – သီ- ဣံ- ဈာန်လေးကြိမ်နှင့်၊ သူတော်ဥစ္စာ၊ ခုနှစ်ဖြာ၊ မှတ်ပါ စရဏ။
ဆိုပြီး ဆောင်ပုဒ်လေးနဲ့ ကပ်မှတ်နိုင်ပါတယ်။

သီ ဣံ ဘော ဇာ၊ သဒ္ဓမ္မာ၊ သတ္တရူပ၊ ဈာန်စတုက္က- လို့လဲ ဆောင်ပုဒ် ရှိပါသေးတယ်။
အဓိပ္ပါယ်များကတော့ –

၁။ ဘော- ဆိုတာ ဘောဇန မတ္တညူ- မဂ်ပေါက်ဖိုလ်ပေါက် အရိယာစခန်းကို တက်လှမ်းလိုတဲ့ ယောဂီသူတော်ကောင်းများ ဟာ အစာစားရာမှာ အတိုင်းအတာ ပမာဏကို သိရပါမယ်၊ ဒီအစားအစာက ကိုယ်နဲ့သင့်တော်ရဲ့လား၊ မသင့်တော်ဘူး လား၊ အများကြီးစားရင် ဗိုက်လေးပြီး ထိန မိဒ္ဓဖြစ်လာမယ်၊ အတက်စာတွေစားလိုက်ရင် ခေါင်းကိုက်နေပြီး ဝိပဿနာ တရား မရှုမှတ်နိုင်ပဲ ဖြစ်တတ်တာမို့ အစာစားရာမှာ ကိုယ့်ကိုယ်ကို အတိုင်းအတာ ပမာဏသိရပါမယ်။

၂။ ဇာ- ဆိုတာ ဇာဂရိယ အနုယုတ္တ- ကမ္မဋ္ဌာန်းအားထုတ်နေချိန်မှာ အမြဲတမ်း နိုးနိုးကြားကြား သတိရှေ့ဆောင်နေ ရပါမယ်၊ လျော့တိရော့ရဲ၊ ပျင်းရိစွာ မနေရပါဘူး၊ ဝတ်ကျေတန်းကျေ အားထုတ်နေတာမျိုး မဖြစ်ရပါဘူး လို့ ဆိုလိုပါတယ်။

၃။ သီ- ဆိုတာက သီလသံဝရ- လူဖြစ်လျင် ငါးပါးသီလ၊ ရှစ်းပါးသီလ စတာတွေကို လုံခြုံအောင် ထိန်းသိမ်းရပါမယ်၊ ရဟန်းတော်များမှာလဲ သိက္ခာပုဒ်အသေးလေးတွေကအစ အာပတ်အကြီးစား ပါရာဇိကအာပတ်များအထိ စောင့်ထိန်းရပါ မယ်၊ အဲလို စောင့်ထိန်းပြီးမှသာ တရားအားထုတ်သင့်ပါတယ်၊ ဘုရားသာသနာတော်မှာ သီလ- သမာဓိ၊ ပညာ သိက္ခာ သုံးပါးကို အစဉ်အလိုက်ဖြည့်ကျင့်သင့်ပါတယ်၊ အစဉ်လိုက် ဖြည့်ကျင့်မှလဲ ထိရောက်သော အကျိုးရလဒ်ကို ရရှိစေမှာပါ။ ကိုယ်ကျင့်သီလ လုံပါမှ သမာဓိအားကောင်းထက်သန်လာပြီးပညာဉာဏ်ရင့်သန်ကာ မဂ်ဖိုလ်စခန်းကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်၊ အခြေခံ ကိုယ်ကျင့်သီလတောင်မှ မလုံခြုံပါဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို မမျှော်မှန်းနိင်ပါဘူး။

၄။ ဣံ- ဆိုတာ ဣန္ဒြိယေသု ဂုတ္တဒါွရ- မျက်စိအာရုံ၊ နားအာရုံ၊ နားခေါင်းအာရုံ၊ လျာအာရုံ၊ ကိုယ်ခန္ဓာအထိအတွေ့အာရုံ၊ စိတ်အာရုံဆိုတဲ့ အာရုံ(၆) ပါးကို ဣနြေ္ဒကြီးကြီး ၊ သတိကြီးကြီးထားပြီး စောင့်ထိန်းရပါမယ် တဲ့၊ စိတ်အလိုမလိုက်ရဘူး လို့ ဆိုလိုပါတယ်။
မျက်စိက မြင်ချင်တာမြင်၊ ကြည့်ချင်တာ ကြည့်ပြီး တဏှာရာဂစိတ်၊ အကုသိုလ်စိတ်ဖြစ်နေတာမျိုး၊ အကြားအာရုံ၊ အနံ့ အာရုံ၊ အရသာကောင်းကောင်းနဲ့ ဆုံလို့ လောဘရမ္မက် တက်မက်စိတ်ဖြစ်နေတာမျိုး၊ အထူးသဖြင့် ကိုယ့်စိတ် ကိုလဲ အလိုလိုက်ပြီး ဖြစ်ချင်တာ ဖြစ်ပါစေ ဆိုပြီး လွှတ်ထားတာမျိုးမဖြစ်စေပဲထိန်းချုပ်ခြင်းကို ဣန္ဒြိယေသု ဂုတ္တဒါွရ- ဣနြေ္ဒတွေ ကို စောင့်ထိန်းတယ် လို့ ခေါ်ပါတယ်။

၅။ ပထမဈာန်၊
၆။ ဒုတိယဈာန်၊
၇။ တတိယဈာန်၊
၈။ စတုတ္ထဈာန် စတဲ့ ဈာန်များကို ရရှိခြင်း၊ ရရှိအောင် ကျင့်ကြံအားထုတ်ခြင်းကို ဆိုလိုပါတယ်။

၉။ သဒ္ဓါ- ရတနာသုံးပါးအပေါ်မှာ ယုံကြည်သက်ဝင်တဲ့သဒ္ဓါမျိုး၊ကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်၊ မကောင်းတာ လုပ်ရင် မကောင်းကျိုးခံစားရမယ် လို့ ကံနဲ့ ကံရဲ့အကျိုးတရားကို ယုံကြည်တာကို သဒ္ဓါလို့ ခေါ်ပါတယ်။

၁၀။ သီလ- ဆိုတာ အထက်က ပြောခဲ့တဲ့ ငါးပါး ရှစ်ပါး သီလကိုပဲ ရည်ရွယ်ပါတယ်၊ ဒီနေရာမှာတော့ သာသနာပ အခါမှာ စောင့်ထိန်းနိုင်တဲ့ သီလတွေလဲ အကျုံးဝင်ပါတယ်။ နံပါတ် ၃ မှာဖော်ပြခဲ့တဲ့ သီလတွေက ရဟန်းတော်တွေမှာ သာသနာပ အခါ စောင့်ထိန်းရမယ့် သီလ မရှိပါဘူး၊ သာသနာပအခါမှာ သံဃာဆိုတာ မရှိနိုင်တဲ့ အတွက်ကြောင့်ပါ။ လူတို့စောင့်ထိန်းအပ်တဲ့ ငါးပါးရှစ်ပါးသီလတွေသာ သာသနာပ၊ သာသနာတွင်းရှိနိုင်ပါတယ်။

၁၁။ ဟိရီ- မကောင်းမှုမှန်သမျှကို လူရှေ့မှာဖြစ်စေ၊ မမြင်ကွယ်ရာ မှာဖြစ်စေ ကိုယ့်လိပ်ပြာ ကိုယ်လုံပြီး ပြုလုပ်ရမှာ ရှက်ရွံ့တတ်တဲ့တရားကို ဟိရီလို့ခေါ်ပါတယ်၊ အထူးသဖြင့် ဘယ်သူမှ မသိဘူး ဆိုသော်လည်း ကိုယ်စောင့်နတ်များ၊ သာသနာကို ကြည်ညိုကြတဲ့နတ်ဗြဟ္မာများ၊ တန်ခိုးကြီးတဲ့ နတ်များက ကိုယ်မကောင်းမှုလုပ်တာကို သိနေမြင်နေကြရ တာမို့ မလုပ်မိအောင် ရှောင်ရပါမယ်။

၁၂။ သြတပ္ပ- မကောင်းမှုမှန်သမျှကို လုပ်ရမှာ ကြောက်လန့်တတ်တဲ့ စိတ်ကို ခေါ်ပါတယ်။

၁၃။ သုတ- ဘာသာရေး အသိပညာစသော သံသရာမှ ထွက်မြောက်ကြောင်း သူတော်ကောင်းတရားမှန်သမျှကို တတ်သိ နားလည်နိုင်ခြင်းပါ။

၁၄။ စာဂ- သူတပါးအပေါ် ပေးကမ်းစွန့်ကျဲခြင်း၊ သာသနာတွင်းဖြစ်လျင် စေတနာထက်သန်စွာဖြင့် လှူဒါန်းခြင်း ဖြစ်ပါတယ်။
၁၅။ ပညာ- ဆိုတာ သံသရာမှ ထွက်မြောက်စေနိုင်သော သူတော်ကောင်း တရားမှန်သမျှကို တတ်သိနားလည်ခြင်း၊ နားလည်ရုံမျှ မကပဲ ကျင့်ကြံအားထုတ်ခြင်း၊ သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ များကို လေ့လာဆည်းပူး အားထုတ်ခြင်း စတဲ့ မဂ်ဖိုလ်နိဗ္ဗာန်အထိ ရောက်စေနိုင်တဲ့ ပညာများအားလုံးကို ရည်ရွယ် ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  ဗုဒ္ဓကမ္ဘာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top