iMyanmarHouse.com - Best Property Website for Myanmar
×
Credit: ဒေါန
# Unicode Version ဖြင့် ဖတ်ပါ #
(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကျမြန်မည် ဖြစ်သည်။
(၂) ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး ပေါင်မုန့်တို့ကို မြိုခြင်းဖြင့် လည်းကောင်း ကပ်နေသည့်နေရာမှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။ ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန် မမေ့ပါနှင့်။
(၃) ဗနီကာကို ရေတွင်ရော၍ သောက်ပါ။ ဗနီကာတွင် ပါဝင်သော Acetic Acid က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေပျက်သွားသည်။
(၄) လိမ္မော်ရည် (သို့) သံပုရာရည် သောက်ခြင်းသည်လည်း အရိုးကို ဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ Citric Acidက အရိုးကို ပျော့သွားစေနိုင်သည်။
(၅) သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားမည့်အပြင် အရိုးဆူးဒဏ်ကြောင့် လည်ချောင်း အထဲ၌ ထိခိုက် နာကျင်မှုကိုလည်း သက်သာစေသည်။
(၆) ယခုခေတ်တွင် Coke အအေး အချို့ကို သောက်ခြင်းဖြင့်လည်း အရိုးပျော့ သွားစေနိုင်သည်။
(၇) အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်း လုံးဝ မပြုပါနှင့်။
ဒီနည်းတွေမှ မသက်သာသေးရင် ဆရာဝန်ထံ ပြသင့်ပါတယ်။ လိုအပ်တဲ့ စစ်ဆေးမှုများ ဆက်လုပ်သင့်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါန
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top