ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဝက္ၿခံနဲ႔ အမဲစက္ေတြရွိလို႔ စိတ္ညစ္ေနပါသလား။ လြယ္လြယ္ကူကူနဲ႔ က်န္က်စရိတ္ အသက္သာဆံုး နည္းလမ္းကို သံုးၿပီး ဖယ္ရွားလို႔ရတယ္ဆိုရင္ အံ့ၾသသြားမလား

ဖိုးသူေတာ္ ရဲ႕ သတို႔သမီးေလာင္းေလးတို႔ေရ မ်က္ႏွာမွာ ဝက္ၿခံနဲ႔ အမဲစက္ေတြရွိလို႔ စိတ္ညစ္ေနပါသလား။ အဲ့ဒိ ဝက္ၿခံနဲ႔ အမဲစက္ေတြကို လြယ္လြယ္ကူကူနဲ႔ က်န္က်စရိတ္ အသက္သာဆံုး နည္းလမ္းကို သံုးၿပီး ဖယ္ရွားလို႔ရတယ္ဆိုရင္ အံ့ၾသသြားမလား။ သဘာဝ ရွားေစာင္းလက္ပက္ကို သံုးၿပီး ဝက္ၿခံနဲ႔ အမဲစက္ေတြကို ဘယ္လို အႏိုင္ယူလို႔ ရသလဲ ဆိုတာ အခုလို ေျပာျပေပးခ်င္ပါတယ္။

ရွားေစာင္းလက္ပတ္ဟာ အသားအေရကို  ေရာင္ရမ္းမႈ၊ နီျမန္းမႈ၊  ယားယံမႈ အစရွိတဲ့ ျပႆနာေတြ မရွိေအာင္ ကာကြယ္ေပးသလို အေရျပားေပၚမွာ ျဖစ္တဲ့ ေဝဒနာေတြကို အျမန္ဆံုး သက္သာ ေပ်ာက္ကင္းေအာင္လည္း ကုသေပးႏိုင္ ပါတယ္။ ဝက္ၿခံနဲ႔ အမာရြတ္ေတြကို ကုသဖို႔အတြက္လည္း အရမ္းေကာင္းတဲ့ အစြမ္းအာနိသင္ေတြကို ပိုင္ဆိုင္ထားပါေသးတယ္။

ရွားေစာင္းလက္ပက္ကို သံုးၿပီး ဝက္ၿခံနဲ႔ အမဲစက္ေတြကို ဘယ္လို အႏိုင္ယူမယ္ ဆိုတာ ဖိုးသူေတာ္ က တစ္ဆင့္ျခင္း ေျပာျပေပးမယ္ေနာ္

မ်က္ႏွာကို သံုးေနက် မ်က္ႏွာသစ္ေဆးနဲ႔ ေသေသခ်ာခ်ာ သန္႔စင္ပါ။ ပိုးသတ္ေဆး ပါတဲ့ အမ်ိဳးအစားဆို ပိုအဆင္ေျပပါတယ္။
    ၿပီးရင္ မ်က္ႏွာကို လံုးဝေျခာက္ေသြ႕ေအာင္ သဘက္နဲ႔ သုတ္ပါ။
    ရွားေစာင္းလက္ပတ္ကေန အလယ္သား အႏွစ္ေတြကို  ထုတ္ယူပါ။
    ထုတ္ယူထားတဲ့ အႏွစ္ေတြကို မ်က္ႏွာျပင္ အႏွံ႔ သုတ္လိမ္းပါ။
    အဲ့လို လိမ္းထားတဲ့အတုိင္း ညအိပ္ၿပီး မနက္မိုးလင္းရင္ ေရနဲ႔ ေဆးလုိက္ပါ။

ေန႔စဥ္ ျပဳလုပ္ေပးမယ္ဆိုရင္ ဝက္ၿခံနဲ႔ အမဲစက္ေတြ သိသိသာသာ ေလ်ာ့ပါး သက္သာသြားမွာပါ။

ေနာက္တစ္နည္း ရွိပါေသးတယ္

ရွားေစာင္းလက္ပတ္အဆီကို ေရနဲ႔ ေရာစပ္ပါ။ မိတ္ကပ္ဖ်က္တဲ့ ဂြမ္းလံုးကို အသံုးျပဳၿပီး မ်က္နွာေပၚကို အဲ့ဒိအဆီနဲ႔ မ်က္ႏွာျပင္အႏွံ႔ လိမ္းေပးပါ။ တစ္နာရီေလာက္ ထားၿပီးရင္ ေရနဲ႔ေဆးခ်လိုက္ပါ။ ပံုမွန္ေလး လုပ္ေပးပါ။

ဝက္ၿခံနဲ႔ အမဲစက္ေတြကို ေဘးဥပါဒ္ အကင္းဆံုး၊ ကုန္က်စရိတ္ အသက္သာဆံုး ဖယ္ရွားရွင္းလင္းေပးႏိုင္တယ္ ဆိုတာ ယံုလိုက္ပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Marry
# Unicode Version ျဖင့္ ဖတ္ပါ #
ဝက်ခြံနဲ့ အမဲစက်တွေရှိလို့ စိတ်ညစ်နေပါသလား။ လွယ်လွယ်ကူကူနဲ့ ကျန်ကျစရိတ် အသက်သာဆုံး နည်းလမ်းကို သုံးပြီး ဖယ်ရှားလို့ရတယ်ဆိုရင် အံ့သြသွားမလား

ဖိုးသူတော် ရဲ့ သတို့သမီးလောင်းလေးတို့ရေ မျက်နှာမှာ ဝက်ခြံနဲ့ အမဲစက်တွေရှိလို့ စိတ်ညစ်နေပါသလား။ အဲ့ဒိ ဝက်ခြံနဲ့ အမဲစက်တွေကို လွယ်လွယ်ကူကူနဲ့ ကျန်ကျစရိတ် အသက်သာဆုံး နည်းလမ်းကို သုံးပြီး ဖယ်ရှားလို့ရတယ်ဆိုရင် အံ့သြသွားမလား။ သဘာဝ ရှားစောင်းလက်ပက်ကို သုံးပြီး ဝက်ခြံနဲ့ အမဲစက်တွေကို ဘယ်လို အနိုင်ယူလို့ ရသလဲ ဆိုတာ အခုလို ပြောပြပေးချင်ပါတယ်။

ရှားစောင်းလက်ပတ်ဟာ အသားအရေကို  ရောင်ရမ်းမှု၊ နီမြန်းမှု၊  ယားယံမှု အစရှိတဲ့ ပြဿနာတွေ မရှိအောင် ကာကွယ်ပေးသလို အရေပြားပေါ်မှာ ဖြစ်တဲ့ ဝေဒနာတွေကို အမြန်ဆုံး သက်သာ ပျောက်ကင်းအောင်လည်း ကုသပေးနိုင် ပါတယ်။ ဝက်ခြံနဲ့ အမာရွတ်တွေကို ကုသဖို့အတွက်လည်း အရမ်းကောင်းတဲ့ အစွမ်းအာနိသင်တွေကို ပိုင်ဆိုင်ထားပါသေးတယ်။

ရှားစောင်းလက်ပက်ကို သုံးပြီး ဝက်ခြံနဲ့ အမဲစက်တွေကို ဘယ်လို အနိုင်ယူမယ် ဆိုတာ ဖိုးသူတော် က တစ်ဆင့်ခြင်း ပြောပြပေးမယ်နော်

မျက်နှာကို သုံးနေကျ မျက်နှာသစ်ဆေးနဲ့ သေသေချာချာ သန့်စင်ပါ။ ပိုးသတ်ဆေး ပါတဲ့ အမျိုးအစားဆို ပိုအဆင်ပြေပါတယ်။
    ပြီးရင် မျက်နှာကို လုံးဝခြောက်သွေ့အောင် သဘက်နဲ့ သုတ်ပါ။
    ရှားစောင်းလက်ပတ်ကနေ အလယ်သား အနှစ်တွေကို  ထုတ်ယူပါ။
    ထုတ်ယူထားတဲ့ အနှစ်တွေကို မျက်နှာပြင် အနှံ့ သုတ်လိမ်းပါ။
    အဲ့လို လိမ်းထားတဲ့အတိုင်း ညအိပ်ပြီး မနက်မိုးလင်းရင် ရေနဲ့ ဆေးလိုက်ပါ။

နေ့စဉ် ပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံနဲ့ အမဲစက်တွေ သိသိသာသာ လျော့ပါး သက်သာသွားမှာပါ။

နောက်တစ်နည်း ရှိပါသေးတယ်

ရှားစောင်းလက်ပတ်အဆီကို ရေနဲ့ ရောစပ်ပါ။ မိတ်ကပ်ဖျက်တဲ့ ဂွမ်းလုံးကို အသုံးပြုပြီး မျက်နှာပေါ်ကို အဲ့ဒိအဆီနဲ့ မျက်နှာပြင်အနှံ့ လိမ်းပေးပါ။ တစ်နာရီလောက် ထားပြီးရင် ရေနဲ့ဆေးချလိုက်ပါ။ ပုံမှန်လေး လုပ်ပေးပါ။

ဝက်ခြံနဲ့ အမဲစက်တွေကို ဘေးဥပါဒ် အကင်းဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံး ဖယ်ရှားရှင်းလင်းပေးနိုင်တယ် ဆိုတာ ယုံလိုက်ပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top