ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၂၁ ရက္ေန႔ နံနက္ ၈ နာရီအခ်ိန္ မႏၲေလးၿမိဳ႕၊ သံလွ်က္ေမွာ္အေနာက္ မင္းကုန္းရပ္ေန ေဒၚခင္မာဦး(၅၀)ႏွစ္သည္ ဆိုင္ကယ္ျဖင့္ မႏၲေလးမွ မင္းကြန္း တိပိဋက ေက်ာင္းတိုက္သို႔ ဆြမ္းကပ္ရန္ေမာင္းႏွင္လာစဥ္ စစ္ကိုင္းၿမိဳ႕နယ္၊ ဝါးခ်က္ေက်း႐ြာအနီး ဝါးခ်က္ ေဆး႐ုံေတာင္ဘက္လမ္းအေရာက္တြင္ အမည္မသိလူ(၃)ဦးမွ ၃၀ယ/××××× ကန္ဘိုအနက္ေရာင္ ဆိုင္ကယ္ျဖင့္ လိုက္လာၿပီး ေဒၚခင္မာဦး၏ ဆိုင္ကယ္အား ခ်ိတ္တိုက္ကာ ဆိုင္ကယ္လဲက်သြားစဥ္ ၎၏လက္အတြင္းရွိ ေငြက်ပ္(၃၂၁,၃၀၀)က်ပ္ႏွင့္ VIVO Y-15 လက္ကိုင္ဖုန္းတစ္လုံးတို႔ ထည့္ထားေသာ ပိုက္ဆံအိတ္ကိုလုယူထြက္ေျပးသြားခဲ့သည္။

 ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္ ရဲစခန္းသို႔ အေၾကာင္းၾကားၿပီး လိုက္လံဝိုင္းဝန္းရွာေဖြခဲ့ရာ ကိုင္းေတာအတြင္းမွ စစ္ကိုင္းၿမိဳ႕၊ ႐ြာေတာင္ ရပ္ကြက္ေန ျပည့္ၿဖိဳးေအာင္(ခ)ဂ်ိဳးမ(၁၇)ႏွစ္၊ တစ္ရပ္ကြက္တည္းေန ျပည့္ၿဖိဳးေအာင္(၁၆)ႏွစ္ႏွင့္ တေကာင္းရပ္ကြက္ေန ခ်စ္ဦးေမာင္(၁၇)ႏွစ္တို႔အား သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ သျဖင့္ အေရးယူေပးရန္တိုင္တန္းခ်က္အရ စစ္ကိုင္းၿမိဳ႕မရဲစခန္း(ပ)၁၈၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၂ ျဖင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရဲဇာနည္
# Unicode Version ျဖင့္ ဖတ္ပါ #
၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန် မန္တလေးမြို့၊ သံလျှက်မှော်အနောက် မင်းကုန်းရပ်နေ ဒေါ်ခင်မာဦး(၅၀)နှစ်သည် ဆိုင်ကယ်ဖြင့် မန္တလေးမှ မင်းကွန်း တိပိဋက ကျောင်းတိုက်သို့ ဆွမ်းကပ်ရန်မောင်းနှင်လာစဉ် စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာအနီး ဝါးချက် ဆေးရုံတောင်ဘက်လမ်းအရောက်တွင် အမည်မသိလူ(၃)ဦးမှ ၃၀ယ/××××× ကန်ဘိုအနက်ရောင် ဆိုင်ကယ်ဖြင့် လိုက်လာပြီး ဒေါ်ခင်မာဦး၏ ဆိုင်ကယ်အား ချိတ်တိုက်ကာ ဆိုင်ကယ်လဲကျသွားစဉ် ၎င်း၏လက်အတွင်းရှိ ငွေကျပ်(၃၂၁,၃၀၀)ကျပ်နှင့် VIVO Y-15 လက်ကိုင်ဖုန်းတစ်လုံးတို့ ထည့်ထားသော ပိုက်ဆံအိတ်ကိုလုယူထွက်ပြေးသွားခဲ့သည်။

 ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ အကြောင်းကြားပြီး လိုက်လံဝိုင်းဝန်းရှာဖွေခဲ့ရာ ကိုင်းတောအတွင်းမှ စစ်ကိုင်းမြို့၊ ရွာတောင် ရပ်ကွက်နေ ပြည့်ဖြိုးအောင်(ခ)ဂျိုးမ(၁၇)နှစ်၊ တစ်ရပ်ကွက်တည်းနေ ပြည့်ဖြိုးအောင်(၁၆)နှစ်နှင့် တကောင်းရပ်ကွက်နေ ချစ်ဦးမောင်(၁၇)နှစ်တို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ သဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ စစ်ကိုင်းမြို့မရဲစခန်း(ပ)၁၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရဲဇာနည်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top