ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ဆရာေတာ္ ဘုရား ..
ဘုန္းႀကီး ပရိတ္႐ြတ္ေနတုန္း လူေတြ အတူ လိုက္႐ြတ္တာကို ဆရာေတာ္တစ္ပါးက တားျမစ္ေၾကာင္း အသံလႊင့္ အစီ အစဥ္တစ္ခုမွာ အမ်ဳိးသမီးတစ္ဦးက ေျပာဆိုသြားပါသည္။ အေၾကာင္းျပပုံမွာ ပရိတ္ဆိုတာ သူမ်ား အက်ဳိးရခ်င္ရင္ ကိုယ္က ႐ြတ္ေပးရၿပီး ကိုယ္က အက်ဳိးရခ်င္ရင္ သူမ်ား ႐ြတ္တာကို ကိုယ္က နာယူရသည့္ျပင္ လူက ဘုန္းႀကီးနဲ႔ အတူ လိုက္႐ြတ္ရင္ ဘုန္းႀကီးမွာ ဝိနည္းအရ အာပတ္သင့္သည္ဟု ဆိုပါသည္။ ဘုရားရွင္ ကိုယ္တိုင္ အရွင္စုႏၵ မေထရ္က ေဗာဇၩင္သုတ္ကို ႐ြတ္ေနစဥ္ လိုက္မ႐ြတ္ဘဲ ေလးေလးနက္နက္ နာယူခဲ့ေၾကာင္းလည္း သိရပါသည္။
ဘုန္းႀကီး ပရိတ္႐ြတ္တုန္း လူေတြ လိုက္မ႐ြတ္ရဟူေသာ ဝိနည္းသိကၡာပုဒ္ ရွိပါသလား။ ပရိတ္ဆိုတာ သူမ်ားက ႐ြတ္ဆို သည္ကို နာယူရန္ အတြက္သာ ျဖစ္ပါသလား။ ျမတ္စြာဘုရားသည္ အရွင္စုႏၵ ႐ြတ္ဆိုေသာ ေဗာဇၩင္သုတ္ကို အမွန္ တကယ္ နာယူခဲ့ပါသလား။ ေဗာဇၩင္သုတ္ကို မည္သည့္ ၿမိဳ႕တြင္ ေဟာၾကားခဲ့ပါသနည္း။
ေဆြေဆြျမင့္ (Fort Wayne)

....အာပတ္မသင့္
ဝိနည္းမွာ ''လူနဲ႔ သာမေဏကို သံၿပိဳင္ ႐ြတ္ဆိုၿပီး ဗုဒၶဝစန (ပိဋကတ္စာေပ)ကို မပို႔ခ်ရ" ဆိုတဲ့ သိကၡာပုဒ္ ရွိတယ္။ အဲဒီ သိကၡာပုဒ္မွာ ''ဝါေစယ် = သင္ၾကား ပို႔ခ်ေပးအံ့"လို႔ ဆိုတဲ့အတြက္ အတူ သံၿပိဳင္႐ြတ္ၿပီး လူသာမေဏကို စာသင္ေပးမွ အာပတ္ သင့္တယ္။ စာသင္ေပးတာ မဟုတ္ရင္ အာပတ္ မသင့္ဘူး။ ကခၤါအ႒ကထာ (ပါတိေမာက္အဖြင့္)မွာ ''အႏုပသမၸေႏၷန သဒၶႎ ဧကေတာ ဥေဒၵသဂၢဟေဏ အနာပတၱိ = လူသာမေဏႏွင့္ အတူ ၿပိဳင္တူ ႐ြတ္ဆိုၿပီး စာေပ သင္ယူလွ်င္ အာပတ္မသင့္ (ကခၤါ-႒၊ ၁၉၂)"လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ကိုယ္က သင္ေပးတာ မဟုတ္ဘဲ လူ သာမေဏနဲ႔ အတူ ေရာၿပီး စာသင္ယူတဲ့အခါ သံၿပိဳင္ ႐ြတ္ဆိုေပမယ့္ အာပတ္ မသင့္တာကို ေထာက္ရင္ လူနဲ႔ ရဟန္း အတူတူ ပရိတ္ ႐ြတ္လို႔ အာပတ္ မသင့္ဘူးလို႔ဘဲ ဘုန္းႀကီး ယူဆတယ္။
ပ႒ာန္းဖြင့္ပြဲ ပိတ္ပြဲေတြမွာ ပစၥယနိေဒၵသကို ရဟန္းပရိသတ္နဲ႔ လူပရိတ္သတ္ စာ႐ြက္ၾကည့္ၿပီး အတူတူ ႐ြတ္ၾကတာကို မွတ္မိမွာေပါ့။ အဲဒီ သံဃာေတြ အာပတ္ မသင့္ေလာက္ပါဘူး။ ပ႒ာန္း႐ြတ္တာဟာ စာသင္ေပးတာမွ မဟုတ္ဘဲ။

..မသင့္ျမတ္
ပရိတ္ဆိုတာ သူမ်ားက ႐ြတ္ဆိုသည္ကို နာယူရန္လည္း ျဖစ္တယ္။ ကိုယ္တိုင္လည္း ႐ြတ္ဆိုရတယ္။ အမွန္ေတာ့ ပရိတ္ဆိုတာ ျမတ္ဗုဒၶ ေဟာၾကားတဲ့ သုတၱန္ အတိုအထြာေတြပါပဲ။ အခ်ဳိ႕ဆို ႐ြတ္႐ုံ သက္သက္ မဟုတ္ပါဘူး။ ဥပမာ .. မဂၤလသုတ္ဆိုရင္ ႐ြတ္ဖတ္႐ုံထက္ လိုက္နာ က်င့္သုံးဖို႔က အဓိက ပိုက်တယ္။ ဒါေပမယ့္ ဘယ္ ပရိတ္မဆို ႐ြတ္ဆဲ နာယူဆဲမွာ ျဖစ္ေပၚလာတဲ့ ေမတၱာအရွိန္နဲ႔ ဗုဒၶ ဓမၼ သံဃ ဂုဏ္ရည္ကို တိုင္တည္တဲ့ သစၥာ စကားေတြေၾကာင့္ အႏၲရာယ္ ကင္းျခင္း၊ ေအာင္ျမင္ ၿပီးစီးျခင္း ဆိုတာေတြ ျဖစ္ရတာလို႔ မွတ္ယူသင့္တယ္။ ဒါေၾကာင့္ ကိုယ္တိုင္လည္း ႐ြတ္ဆိုရမယ္၊ သူမ်ား အတြက္လည္း ႐ြတ္ဆိုေပးႏိုင္တယ္လို႔ ယူရင္ မမွားတန္ရာဘူး။

ေဗာဇၩင္သုတ္
ျမတ္ဗုဒၶ ရာဇၿဂိဳဟ္ၿမိဳ႕အနီး ေဝဠဳဝန္ေက်ာင္းမွာ သီတင္းသုံးစဥ္ နာမက်န္း ျဖစ္ေတာ္မူတယ္။ အဲဒီအခါ အရွင္စုႏၵေထရ္ ျမတ္ဗုဒၶထံ ၾကြလာတဲ့အတြက္ ျမတ္ဗုဒၶရဲ့ ဆႏၵအရ အရွင္ျမတ္က ေဗာဇၩင္သုတ္ကို ႐ြတ္ျပေတာ္မူတယ္။ ျမတ္စြာဘုရား လည္း အရွင္စုႏၵ ႐ြတ္တာကို ေကာင္းစြာ နာယူေတာ္မူပါတယ္။ မူရင္း ေဗာဇၩင္သုတ္ေတြကို ေဗာဇၩဂၤသံယုတ္ (သံ ၃၊ ၇၂-၇၃) မွာ ေလ့လာႏိုင္ပါတယ္။

ဘုရားရွင္က အရွင္စုႏၵ ႐ြတ္ဆိုတဲ့ ေဗာဇၩင္သုတ္ကို ေလးစားစြာ နာယူတယ္ဆိုတဲ့ သက္ေသေလာက္နဲ႔ ဘုန္းႀကီး ႐ြတ္တာကိုပဲ လူေတြက လုံးဝ ၿငိမ္သက္စြာ နာယူရမယ္ ဆိုတာကို ဘုန္းႀကီး အျပည့္အဝ လက္မခံႏိုင္ဘူး။ ဘုန္းႀကီး ႐ြတ္တဲ့ ပရိတ္ကို မေလးစားလို႔ လူေတြ လုိက္႐ြတ္တာမွ မဟုတ္ဘဲ။ ေန႔စဥ္ ပရိတ္႐ြတ္ေနက် လူတစ္ေယာက္ အေနနဲ႔ ၾကည္ညဳိ ပူေဇာ္ခ်င္လို႔ လုိက္႐ြတ္တာလည္း ျဖစ္ႏိုင္တာပဲ။ ဒါေၾကာင့္ လူေတြလည္း ပရိတ္ကို ဘုန္းႀကီးနဲ႔ အတူ လိုက္႐ြတ္ခြင့္ ရွိသင့္တယ္လို႔ေတာ့ ဘုန္းႀကီး ယူဆပါတယ္။ ဒါေပမယ့္ ..
ဒီလိုေတာ့ ရွိတယ္
သံဃာေတြ စုေပါင္း ပရိတ္႐ြတ္တုန္း မိမိအသံကို လူၾကားေအာင္လုိ႔ သံကုန္ဟစ္တဲ့ ေတာထြက္ ကိုယ္ေတာ္ႀကီး တစ္ခ်ဳိ႕ လိုေတာ့ မျဖစ္သင့္ေခ်ဘူး။ ရည္႐ြယ္ခ်က္ ေကာင္းေတာ့ ရွိသင့္တယ္။ လူအမ်ားစုက သံဃာေတြ ႐ြတ္ဆိုတဲ့ ပရိတ္ကိုပဲ နာယူခ်င္ၾကတာ။ လူ႐ြတ္တာကို နာယူဖို႔ လာၾကတာ မဟုတ္ဘူး။ ဒီအေျခအေနအရ မိမိက လိုက္႐ြတ္ႏိုင္တယ္ ဆိုရင္ ေတာင္ ကိုယ့္ေဘးက ပရိတ္နာယူေနတဲ့ ပရိသတ္ကို အေႏွာင့္အယွက္ မျဖစ္ေစသင့္ဘူး။ မိမိ ၾကားရ႐ုံ ခပ္တိုးတိုး လိုက္ ႐ြတ္တာက ပိုၿပီး သင့္ျမတ္ပါတယ္။ အဲဒီလို လုပ္ရင္ မိမိရဲ႕ ကိုယ္က်င့္တရားနဲ႔ ႐ြတ္ပြားထားတဲ့ စရဏအား ထက္ျမက္ သေလာက္ မိမိကိုေရာ ပတ္ဝန္းက်င္ကိုပါ ေကာင္းက်ဳိး ျဖစ္ေစနိုင္တယ္လို႔ ဘုန္းႀကီး ယူဆေၾကာင္းပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အရွင္ေကလာသ
# Unicode Version ျဖင့္ ဖတ္ပါ #
ဆရာတော် ဘုရား ..
ဘုန်းကြီး ပရိတ်ရွတ်နေတုန်း လူတွေ အတူ လိုက်ရွတ်တာကို ဆရာတော်တစ်ပါးက တားမြစ်ကြောင်း အသံလွှင့် အစီ အစဉ်တစ်ခုမှာ အမျိုးသမီးတစ်ဦးက ပြောဆိုသွားပါသည်။ အကြောင်းပြပုံမှာ ပရိတ်ဆိုတာ သူများ အကျိုးရချင်ရင် ကိုယ်က ရွတ်ပေးရပြီး ကိုယ်က အကျိုးရချင်ရင် သူများ ရွတ်တာကို ကိုယ်က နာယူရသည့်ပြင် လူက ဘုန်းကြီးနဲ့ အတူ လိုက်ရွတ်ရင် ဘုန်းကြီးမှာ ဝိနည်းအရ အာပတ်သင့်သည်ဟု ဆိုပါသည်။ ဘုရားရှင် ကိုယ်တိုင် အရှင်စုန္ဒ မထေရ်က ဗောဇ္ဈင်သုတ်ကို ရွတ်နေစဉ် လိုက်မရွတ်ဘဲ လေးလေးနက်နက် နာယူခဲ့ကြောင်းလည်း သိရပါသည်။
ဘုန်းကြီး ပရိတ်ရွတ်တုန်း လူတွေ လိုက်မရွတ်ရဟူသော ဝိနည်းသိက္ခာပုဒ် ရှိပါသလား။ ပရိတ်ဆိုတာ သူများက ရွတ်ဆို သည်ကို နာယူရန် အတွက်သာ ဖြစ်ပါသလား။ မြတ်စွာဘုရားသည် အရှင်စုန္ဒ ရွတ်ဆိုသော ဗောဇ္ဈင်သုတ်ကို အမှန် တကယ် နာယူခဲ့ပါသလား။ ဗောဇ္ဈင်သုတ်ကို မည်သည့် မြို့တွင် ဟောကြားခဲ့ပါသနည်း။
ဆွေဆွေမြင့် (Fort Wayne)
--------------------------
....အာပတ်မသင့်
ဝိနည်းမှာ ''လူနဲ့ သာမဏေကို သံပြိုင် ရွတ်ဆိုပြီး ဗုဒ္ဓဝစန (ပိဋကတ်စာပေ)ကို မပို့ချရ" ဆိုတဲ့ သိက္ခာပုဒ် ရှိတယ်။ အဲဒီ သိက္ခာပုဒ်မှာ ''ဝါစေယျ = သင်ကြား ပို့ချပေးအံ့"လို့ ဆိုတဲ့အတွက် အတူ သံပြိုင်ရွတ်ပြီး လူသာမဏေကို စာသင်ပေးမှ အာပတ် သင့်တယ်။ စာသင်ပေးတာ မဟုတ်ရင် အာပတ် မသင့်ဘူး။ ကင်္ခါအဋ္ဌကထာ (ပါတိမောက်အဖွင့်)မှာ ''အနုပသမ္ပန္နေန သဒ္ဓိံ ဧကတော ဥဒ္ဒေသဂ္ဂဟဏေ အနာပတ္တိ = လူသာမဏေနှင့် အတူ ပြိုင်တူ ရွတ်ဆိုပြီး စာပေ သင်ယူလျှင် အာပတ်မသင့် (ကင်္ခါ-ဋ္ဌ၊ ၁၉၂)"လို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ်က သင်ပေးတာ မဟုတ်ဘဲ လူ သာမဏေနဲ့ အတူ ရောပြီး စာသင်ယူတဲ့အခါ သံပြိုင် ရွတ်ဆိုပေမယ့် အာပတ် မသင့်တာကို ထောက်ရင် လူနဲ့ ရဟန်း အတူတူ ပရိတ် ရွတ်လို့ အာပတ် မသင့်ဘူးလို့ဘဲ ဘုန်းကြီး ယူဆတယ်။
ပဋ္ဌာန်းဖွင့်ပွဲ ပိတ်ပွဲတွေမှာ ပစ္စယနိဒ္ဒေသကို ရဟန်းပရိသတ်နဲ့ လူပရိတ်သတ် စာရွက်ကြည့်ပြီး အတူတူ ရွတ်ကြတာကို မှတ်မိမှာပေါ့။ အဲဒီ သံဃာတွေ အာပတ် မသင့်လောက်ပါဘူး။ ပဋ္ဌာန်းရွတ်တာဟာ စာသင်ပေးတာမှ မဟုတ်ဘဲ။

..မသင့်မြတ်
ပရိတ်ဆိုတာ သူများက ရွတ်ဆိုသည်ကို နာယူရန်လည်း ဖြစ်တယ်။ ကိုယ်တိုင်လည်း ရွတ်ဆိုရတယ်။ အမှန်တော့ ပရိတ်ဆိုတာ မြတ်ဗုဒ္ဓ ဟောကြားတဲ့ သုတ္တန် အတိုအထွာတွေပါပဲ။ အချို့ဆို ရွတ်ရုံ သက်သက် မဟုတ်ပါဘူး။ ဥပမာ .. မင်္ဂလသုတ်ဆိုရင် ရွတ်ဖတ်ရုံထက် လိုက်နာ ကျင့်သုံးဖို့က အဓိက ပိုကျတယ်။ ဒါပေမယ့် ဘယ် ပရိတ်မဆို ရွတ်ဆဲ နာယူဆဲမှာ ဖြစ်ပေါ်လာတဲ့ မေတ္တာအရှိန်နဲ့ ဗုဒ္ဓ ဓမ္မ သံဃ ဂုဏ်ရည်ကို တိုင်တည်တဲ့ သစ္စာ စကားတွေကြောင့် အန္တရာယ် ကင်းခြင်း၊ အောင်မြင် ပြီးစီးခြင်း ဆိုတာတွေ ဖြစ်ရတာလို့ မှတ်ယူသင့်တယ်။ ဒါကြောင့် ကိုယ်တိုင်လည်း ရွတ်ဆိုရမယ်၊ သူများ အတွက်လည်း ရွတ်ဆိုပေးနိုင်တယ်လို့ ယူရင် မမှားတန်ရာဘူး။

ဗောဇ္ဈင်သုတ်
မြတ်ဗုဒ္ဓ ရာဇဂြိုဟ်မြို့အနီး ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးစဉ် နာမကျန်း ဖြစ်တော်မူတယ်။ အဲဒီအခါ အရှင်စုန္ဒထေရ် မြတ်ဗုဒ္ဓထံ ကြွလာတဲ့အတွက် မြတ်ဗုဒ္ဓရဲ့ ဆန္ဒအရ အရှင်မြတ်က ဗောဇ္ဈင်သုတ်ကို ရွတ်ပြတော်မူတယ်။ မြတ်စွာဘုရား လည်း အရှင်စုန္ဒ ရွတ်တာကို ကောင်းစွာ နာယူတော်မူပါတယ်။ မူရင်း ဗောဇ္ဈင်သုတ်တွေကို ဗောဇ္ဈင်္ဂသံယုတ် (သံ ၃၊ ၇၂-၇၃) မှာ လေ့လာနိုင်ပါတယ်။

ဘုရားရှင်က အရှင်စုန္ဒ ရွတ်ဆိုတဲ့ ဗောဇ္ဈင်သုတ်ကို လေးစားစွာ နာယူတယ်ဆိုတဲ့ သက်သေလောက်နဲ့ ဘုန်းကြီး ရွတ်တာကိုပဲ လူတွေက လုံးဝ ငြိမ်သက်စွာ နာယူရမယ် ဆိုတာကို ဘုန်းကြီး အပြည့်အဝ လက်မခံနိုင်ဘူး။ ဘုန်းကြီး ရွတ်တဲ့ ပရိတ်ကို မလေးစားလို့ လူတွေ လိုက်ရွတ်တာမှ မဟုတ်ဘဲ။ နေ့စဉ် ပရိတ်ရွတ်နေကျ လူတစ်ယောက် အနေနဲ့ ကြည်ညို ပူဇော်ချင်လို့ လိုက်ရွတ်တာလည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် လူတွေလည်း ပရိတ်ကို ဘုန်းကြီးနဲ့ အတူ လိုက်ရွတ်ခွင့် ရှိသင့်တယ်လို့တော့ ဘုန်းကြီး ယူဆပါတယ်။ ဒါပေမယ့် ..
ဒီလိုတော့ ရှိတယ်
သံဃာတွေ စုပေါင်း ပရိတ်ရွတ်တုန်း မိမိအသံကို လူကြားအောင်လို့ သံကုန်ဟစ်တဲ့ တောထွက် ကိုယ်တော်ကြီး တစ်ချို့ လိုတော့ မဖြစ်သင့်ချေဘူး။ ရည်ရွယ်ချက် ကောင်းတော့ ရှိသင့်တယ်။ လူအများစုက သံဃာတွေ ရွတ်ဆိုတဲ့ ပရိတ်ကိုပဲ နာယူချင်ကြတာ။ လူရွတ်တာကို နာယူဖို့ လာကြတာ မဟုတ်ဘူး။ ဒီအခြေအနေအရ မိမိက လိုက်ရွတ်နိုင်တယ် ဆိုရင် တောင် ကိုယ့်ဘေးက ပရိတ်နာယူနေတဲ့ ပရိသတ်ကို အနှောင့်အယှက် မဖြစ်စေသင့်ဘူး။ မိမိ ကြားရရုံ ခပ်တိုးတိုး လိုက် ရွတ်တာက ပိုပြီး သင့်မြတ်ပါတယ်။ အဲဒီလို လုပ်ရင် မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ ရွတ်ပွားထားတဲ့ စရဏအား ထက်မြက် သလောက် မိမိကိုရော ပတ်ဝန်းကျင်ကိုပါ ကောင်းကျိုး ဖြစ်စေနိုင်တယ်လို့ ဘုန်းကြီး ယူဆကြောင်းပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: အရှင်ကေလာသ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top