န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ပဲခူးတိုင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္ ပဲႏြယ္ကုန္းနယ္ေျမရဲစခန္းအပိုင္တြင္ ဧၿပီလ ၁၉ ရက္ ညပိုင္းက ခဲအိုျဖစ္သူမွ ခယ္မအား သားမယားျပဳက်င့္မႈ ျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ နယ္ေျမရဲစခန္းအပိုင္ အုႏၵဲ႐ိုးေက်းရြာ ကေမၻာဇရပ္ကြက္ ပဲႏြယ္ကုန္းၿမိဳ႕ေနသူ မ××××၂၉ ႏွစ္မွာ ေက်းရြာအတြင္း႐ွိ နာေရးအိမ္သို႔ ည၁၁နာရီခြဲခန္႔တြင္ သြားေရာက္ခဲ့ရာ ေနအိမ္တြင္ခင္ပြန္းျဖစ္သူ လွမင္းသိန္း ၂၈ ႏွစ္ (ဘ)ဦးဘိုေအး ႏွင့္ အတူညီမျဖစ္သူ မ ×××× (၁၈)ႏွစ္ တို႔ က်န္ေနခဲ့ၿပီး ည(၁)နာရီခန္႔တြင္ မ×××မွ ေနအိမ္သို႔ျပန္ေရာက္လာစဥ္ အိမ္၏အေပၚထပ္တြင္ ညီမျဖစ္သူကို ခင္ပြန္းျဖစ္သူ လွမင္းသိန္းမွ သားမယားအျဖစ္ျပဳက်င့္ေနသည္ကို ေတြ႔ခဲ့ရၿပီး ၎အားျမင္ေတြ႔စဥ္လွမင္းသိန္းမွာ ထြက္ေျပးသြားခဲ့ၿပီး ညီမျဖစ္သူအား ေမးၾကည့္ရာ ၎အိပ္ေနစဥ္လွမင္းသိန္းမွာ ေရာက္႐ွိလာၿပီး ”မေအာ္နဲ႔ေအာ္ရင္သတ္ပစ္မယ္ ဘယ္သူ႔ကိုမွလဲ ျပန္မေျပာနဲ႔” ဟုေျပာကာ ပါးစပ္အား လက္ျဖင့္ပိတ္ကာ အဝတ္အစားမ်ား အတင္းခြၽတ္ကာ သားမယားအျဖစ္ တစ္ႀကိမ္ျပဳက်င့္ခဲ့ေၾကာင္းေျပာၾကားခဲ့သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မ××××မွညီမျဖစ္သူအား သားမယားအျဖစ္ျပဳက်င့္ခဲ့သူ ခင္ပြန္းျဖစ္သူလွမင္းသိန္းအား အေရးယူေပးပါရန္ တိုင္တန္းခဲ့သျဖင့္ ပဲႏြယ္ကုန္းနယ္ေျမရဲစခန္းမွ (ပ)၂၁၇/၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: NSM (MUNA)
# Unicode Version ဖြင့်ဖတ်ရန် #
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေရဲစခန်းအပိုင်တွင် ဧပြီလ ၁၉ ရက် ညပိုင်းက ခဲအိုဖြစ်သူမှ ခယ်မအား သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နယ်မြေရဲစခန်းအပိုင် အုန္ဒဲရိုးကျေးရွာ ကမ္ဘောဇရပ်ကွက် ပဲနွယ်ကုန်းမြို့နေသူ မ××××၂၉ နှစ်မှာ ကျေးရွာအတွင်းရှိ နာရေးအိမ်သို့ ည၁၁နာရီခွဲခန့်တွင် သွားရောက်ခဲ့ရာ နေအိမ်တွင်ခင်ပွန်းဖြစ်သူ လှမင်းသိန်း ၂၈ နှစ် (ဘ)ဦးဘိုအေး နှင့် အတူညီမဖြစ်သူ မ ×××× (၁၈)နှစ် တို့ ကျန်နေခဲ့ပြီး ည(၁)နာရီခန့်တွင် မ×××မှ နေအိမ်သို့ပြန်ရောက်လာစဉ် အိမ်၏အပေါ်ထပ်တွင် ညီမဖြစ်သူကို ခင်ပွန်းဖြစ်သူ လှမင်းသိန်းမှ သားမယားအဖြစ်ပြုကျင့်နေသည်ကို တွေ့ခဲ့ရပြီး ၎င်းအားမြင်တွေ့စဉ်လှမင်းသိန်းမှာ ထွက်ပြေးသွားခဲ့ပြီး ညီမဖြစ်သူအား မေးကြည့်ရာ ၎င်းအိပ်နေစဉ်လှမင်းသိန်းမှာ ရောက်ရှိလာပြီး ”မအော်နဲ့အော်ရင်သတ်ပစ်မယ် ဘယ်သူ့ကိုမှလဲ ပြန်မပြောနဲ့” ဟုပြောကာ ပါးစပ်အား လက်ဖြင့်ပိတ်ကာ အဝတ်အစားများ အတင်းချွတ်ကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်းပြောကြားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မ××××မှညီမဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ခဲ့သူ ခင်ပွန်းဖြစ်သူလှမင်းသိန်းအား အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ (ပ)၂၁၇/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: NSM (MUNA)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top