ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

“ေမာင္ မငိုရဘူးေနာ္… နာက်င္စြာ မုန္းလိုက္ပါ… မျဖဴစင္နိုင္တဲ့ က်မအတြက္ေတာ့… ေမ့ ထားပါကြာ…”

   ဒါကေတာ့ အြန္လိုင္းေပၚမွာ လတ္တေလာ ေရပန္းစားေနတဲ့ အဆိုေတာ္ ေကေကမိုးရဲ႕ သီခ်င္းစာသားတပိုင္းတစပါ။

    ဒီသီခ်င္းဟာ မၾကာခင္မွာ ရံုတင္ျပသေတာ့မယ့္ ငါ့ကိုနမ္းတဲ့ မုန္တိုင္း႐ုပ္ရွင္ဇာတ္ကား  ထဲမွာ သူသီဆိုေပးထားတဲ့ ေမာင္မငိုရဘူးေနာ္အမည္ရတဲ့ ဇာတ္၀င္သီခ်င္းတပုဒ္ ျဖစ္ပါတယ္။

    ဒီသီခ်င္းကို လူငယ္ဟစ္ပ္ေဟာ့အဆိုေတာ္ လႊမ္းပိုင္က ေရးစပ္ေပးထားခဲ့တာျဖစ္ၿပီး သူကို ယ္တိုင္လည္း ဒီ႐ုပ္ရွင္ကားထဲမွာ ေခါင္းေဆာင္ပါ၀င္ထားခဲ့တာ ျဖစ္ပါတယ္။

    ဒီ႐ုပ္ရွင္ကားကို BoBo ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္လိုက္တာျဖစ္ၿပီး စာေရးဆရာ ေညးရဲ႕ ၀တၳဳကို မိုးနီလြင္က ဇာတ္ညႊန္းခြဲထားခဲ့တာျဖစ္ကာ ဒါရိုက္တာ ေအာင္ေဇာ္လင္းနဲ႔ ၀င္း လြင္ထက္တို႕က ရိုက္ကူးထားခဲ့ၾကတာပါ။

လူငယ္အဆိုေတာ္ ၂ ဦးကို ပြဲထုတ္ရိုက္ကူးထားတဲ့ ဒီဇာတ္ကားမွာ တျခား၀ါရင့္သ႐ုပ္ ေဆာင္ အကယ္ဒမီမင္းသား၊ မင္းသမီးေတြျဖစ္ၾကတဲ့ ေနေအာင္ ၊ ရဲေအာင္နဲ႔ ျမတ္ေက သီေအာင္တို႔လည္း ပါ၀င္ထားခဲ့ၾကတာ ျဖစ္ပါတယ္။

ၾသရထူး၊ ေနညိဳသြင္၊ပ်ိဳဆိုတဲ့ ထူးထူးျခားျခား နာမည္ေတြရယ္၊ ဇာတ္လမ္းထဲက ဒိုင္ယာေလာ့ဂ္ေတြကလည္း အြန္လိုင္းေပၚက ႐ုပ္ရွင္ Trailer မွာပဲ ပရိတ္သတ္ေတြၾကား ေရပန္းစားေနခဲ့တာ ျဖစ္ပါတယ္။

    ဇာတ္၀င္သီခ်င္းစာသားေတြထဲမွာေတာ့ “ေျပာင္းလဲတတ္တဲ့ လူသားတေယာက္လို႔သာ ေမာင္ဆိုေတာ့… မုသားမ်ားနဲ႔ မလွည့္စားခ်င္ဘူး… အိုဟိုး… ေမာင့္ရဲ႕ အခ်စ္နဲ႔ မတန္တဲ့ မိန္းမသာ… ေမာင္ဆိုေတာ့… ေမာင့္ရဲ႕ ပါးျပင္ထက္က မ်က္ရည္ေတြတိတ္ေတာ့… အိုဟိ္ုး… က်မကို အရင္အတိုင္း မခ်စ္ပါနဲ႕ေတာ့…”စတဲ့ လြမ္းေမာစရာေကာင္းတဲ့ အခ်စ္၊ အလြမ္း စာသားေတြပါ၀င္ၿပီး ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကို ၀င္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၃ သိန္း ၆ ေသာင္း ေက်ာ္သြားခဲ့ၿပီ ျဖစ္ပါတယ္။

သံုးပြင့္ဆိုင္ဇာတ္လမ္းအျဖစ္ ဖန္တီးထားတဲ့ ဒီ႐ုပ္ရွင္ကားမွာ မတူညီတဲ့ ေယာက်္ား ၂ ေယာက္နဲ႔ ေတြ႕ဆံုမႈမွာ အခ်စ္စစ္ကို ဘယ္လိုရွာေတြ႕ႏိုင္မလဲ… ေငြေၾကးဥစၥာဓနေတြက အခ်စ္ဆိုတဲ့ အရာအေပၚမွာ ဘယ္ေလာက္လႊမ္းမုိးထားႏိုင္မလဲဆိုတဲ့ အေၾကာင္းအရာေတြကို ရႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
“မောင် မငိုရဘူးနော်… နာကျင်စွာ မုန်းလိုက်ပါ… မဖြူစင်နိုင်တဲ့ ကျမအတွက်တော့… မေ့ ထားပါကွာ…”

    ဒါကတော့ အွန်လိုင်းပေါ်မှာ လတ်တလော ရေပန်းစားနေတဲ့ အဆိုတော် ကေကေမိုးရဲ့ သီချင်းစာသားတပိုင်းတစပါ။

    ဒီသီချင်းဟာ မကြာခင်မှာ ရုံတင်ပြသတော့မယ့် ငါ့ကိုနမ်းတဲ့ မုန်တိုင်းရုပ်ရှင်ဇာတ်ကား  ထဲမှာ သူသီဆိုပေးထားတဲ့ မောင်မငိုရဘူးနော်အမည်ရတဲ့ ဇာတ်ဝင်သီချင်းတပုဒ် ဖြစ်ပါတယ်။

    ဒီသီချင်းကို လူငယ်ဟစ်ပ်ဟော့အဆိုတော် လွှမ်းပိုင်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး သူကို ယ်တိုင်လည်း ဒီရုပ်ရှင်ကားထဲမှာ ခေါင်းဆောင်ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။

    ဒီရုပ်ရှင်ကားကို BoBo ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တာဖြစ်ပြီး စာရေးဆရာ ညေးရဲ့ ဝတ္ထုကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားခဲ့တာဖြစ်ကာ ဒါရိုက်တာ အောင်ဇော်လင်းနဲ့ ဝင်း လွင်ထက်တို့က ရိုက်ကူးထားခဲ့ကြတာပါ။

လူငယ်အဆိုတော် ၂ ဦးကို ပွဲထုတ်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ တခြားဝါရင့်သရုပ် ဆောင် အကယ်ဒမီမင်းသား၊ မင်းသမီးတွေဖြစ်ကြတဲ့ နေအောင် ၊ ရဲအောင်နဲ့ မြတ်ကေ သီအောင်တို့လည်း ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

သြရထူး၊ နေညိုသွင်၊ပျိုဆိုတဲ့ ထူးထူးခြားခြား နာမည်တွေရယ်၊ ဇာတ်လမ်းထဲက ဒိုင်ယာလော့ဂ်တွေကလည်း အွန်လိုင်းပေါ်က ရုပ်ရှင် Trailer မှာပဲ ပရိတ်သတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

    ဇာတ်ဝင်သီချင်းစာသားတွေထဲမှာတော့ “ပြောင်းလဲတတ်တဲ့ လူသားတယောက်လို့သာ မောင်ဆိုတော့… မုသားများနဲ့ မလှည့်စားချင်ဘူး… အိုဟိုး… မောင့်ရဲ့ အချစ်နဲ့ မတန်တဲ့ မိန်းမသာ… မောင်ဆိုတော့… မောင့်ရဲ့ ပါးပြင်ထက်က မျက်ရည်တွေတိတ်တော့… အိုဟိုး… ကျမကို အရင်အတိုင်း မချစ်ပါနဲ့တော့…”စတဲ့ လွမ်းမောစရာကောင်းတဲ့ အချစ်၊ အလွမ်း စာသားတွေပါဝင်ပြီး ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သိန်း ၆ သောင်း ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

သုံးပွင့်ဆိုင်ဇာတ်လမ်းအဖြစ် ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားမှာ မတူညီတဲ့ ယောကျ်ား ၂ ယောက်နဲ့ တွေ့ဆုံမှုမှာ အချစ်စစ်ကို ဘယ်လိုရှာတွေ့နိုင်မလဲ… ငွေကြေးဥစ္စာဓနတွေက အချစ်ဆိုတဲ့ အရာအပေါ်မှာ ဘယ်လောက်လွှမ်းမိုးထားနိုင်မလဲဆိုတဲ့ အကြောင်းအရာတွေကို ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top