ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ေငြပင္လယ္စက္မႈဇုန္အနီးတြင္ ဧၿပီ ၂၃ ရက္ညက ကားမီးေလာင္ေနစဥ္(fb/Ba Chaw)

တ႐ုတ္ႏုိင္ငံသားတစ္ဦး ေမာင္းလာသည့္ ဟြန္ဒါစီဗစ္အ မ်ဳိးအစား ကိုယ္ပိုင္ယာဥ္တစ္စီး သည္ ေရႊလင္ဗန္းစက္မႈဇုန္ထိပ္ တြင္ မီးေလာင္ရာ လူဒဏ္ရာမရ ေသာ္လည္း ဆုံး႐ႈံးမႈ တန္ဖိုးက်ပ္ ၂၅ သိန္းခန္႔ရွိေၾကာင္း ရန္ကုန္တုိင္း ရဲတပ္ဖဲြ႕မွဴး႐ုံးမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

လႈိင္သာယာၿမိဳ႕နယ္ အေနာ္ ရထာလမ္းအတုိင္း အသက္ (၄၇) ႏွစ္အရြယ္ တ႐ုတ္ႏုိင္ငံသား ယာဥ္ေမာင္း မစၥတာလီဂြမ္႐ု ေမာင္းသည့္ ယာဥ္သည္ ဧၿပီ ၂၃ ရက္ ည ၇ နာရီက ေငြပင္လယ္ စက္မႈဇုန္ထိပ္သို႔အေရာက္တြင္ အင္ဂ်င္ခန္းမွ မီးခိုးမ်ား အူထြက္ လာခဲ့ေၾကာင္း ၎ကေျပာသည္။

ထုိသို႔ မီးခိုးမ်ား အူထြက္ၿပီး မီးေလာင္မႈ  စတင္ျဖစ္ပြားကာ ကားတစ္စီးလုံးနီးပါး မီးေလာင္  ခဲ့ၿပီး  ေရႊလင္ဗန္းစက္မႈဇုန္ မီးသတ္စခန္းမွ မီးသတ္ယာဥ္တစ္ စီးျဖင့္ ၿငႇိမ္းသတ္ခဲ့သျဖင့္ ည ၈ နာရီခန္႔တြင္ မီးၿငိမ္းခဲ့ေၾကာင္း ၎က ေျပာသည္။

 တ႐ုတ္ႏုိင္ငံသားယာဥ္ ေမာင္းကုိ လႈိင္သာယာၿမိဳ႕မရဲစ ခန္းက မီးေလာင္မႈပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္အေရးယူထားသည္။

မတ္လ ၂၈ ရက္ကလည္း လႈိင္သာယာၿမိဳ႕နယ္ အလယ္ရြာ ေက်းရြာရွိ YBS ၅၃ ယာဥ္လုိင္းမွ ခရီးသည္တင္ယာဥ္တစ္စီးေပၚ တြင္ ညအိပ္ေစာင့္သူႏွစ္ဦး ျခင္ ေဆးေခြထြန္းအိပ္ေနစဥ္ ကားမီး ေလာင္မႈျဖစ္ပြားၿပီး ယာဥ္ေပၚ တြင္ အိ္ပ္ေနသူအမ်ဳိးသားႏွစ္ဦး မီးေလာင္ေသဆုံးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#

ငွေပင်လယ်စက်မှုဇုန်အနီးတွင် ဧပြီ ၂၃ ရက်ညက ကားမီးလောင်နေစဉ်(fb/Ba Chaw)

တရုတ်နိုင်ငံသားတစ်ဦး မောင်းလာသည့် ဟွန်ဒါစီဗစ်အ မျိုးအစား ကိုယ်ပိုင်ယာဉ်တစ်စီး သည် ရွှေလင်ဗန်းစက်မှုဇုန်ထိပ် တွင် မီးလောင်ရာ လူဒဏ်ရာမရ သော်လည်း ဆုံးရှုံးမှု တန်ဖိုးကျပ် ၂၅ သိန်းခန့်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

လှိုင်သာယာမြို့နယ် အနော် ရထာလမ်းအတိုင်း အသက် (၄၇) နှစ်အရွယ် တရုတ်နိုင်ငံသား ယာဉ်မောင်း မစ္စတာလီဂွမ်ရု မောင်းသည့် ယာဉ်သည် ဧပြီ ၂၃ ရက် ည ၇ နာရီက ငွေပင်လယ် စက်မှုဇုန်ထိပ်သို့အရောက်တွင် အင်ဂျင်ခန်းမှ မီးခိုးများ အူထွက် လာခဲ့ကြောင်း ၎င်းကပြောသည်။

ထိုသို့ မီးခိုးများ အူထွက်ပြီး မီးလောင်မှု  စတင်ဖြစ်ပွားကာ ကားတစ်စီးလုံးနီးပါး မီးလောင်  ခဲ့ပြီး  ရွှေလင်ဗန်းစက်မှုဇုန် မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ် စီးဖြင့် ငြှိမ်းသတ်ခဲ့သဖြင့် ည ၈ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း ၎င်းက ပြောသည်။

 တရုတ်နိုင်ငံသားယာဉ် မောင်းကို လှိုင်သာယာမြို့မရဲစ ခန်းက မီးလောင်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။

မတ်လ ၂၈ ရက်ကလည်း လှိုင်သာယာမြို့နယ် အလယ်ရွာ ကျေးရွာရှိ YBS ၅၃ ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီးပေါ် တွင် ညအိပ်စောင့်သူနှစ်ဦး ခြင် ဆေးခွေထွန်းအိပ်နေစဉ် ကားမီး လောင်မှုဖြစ်ပွားပြီး ယာဉ်ပေါ် တွင် အိပ်နေသူအမျိုးသားနှစ်ဦး မီးလောင်သေဆုံးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top