မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×
ကိုယ်ယူတဲ့လင် ကိုယ့်ကို တောင်းကျွေးလည်း လက်ခံရမှာပဲ.. အိမ်ထောင်ရေးကို စမယ် မကြံသေးဘူး ယောက်ျားတစ်ယောက်ရဲ့ အစွမ်းအစကို အထင်သေးလို့မရဘူး..
မိသားတစ်​စုရဲ့ သမီး​ကောင်း လင်​​ယောက်ျားအတွက်​ ဇနီး​ကောင်း အိမ်​အတွက်​ အ​မေ​ကောင်း/ အိမ်​​ထောင်​ရှင်​မ​ကောင်း တစ်​​ယောက်​ ဖြစ်​​နေရမယ်​/ ကြိုးစားရမယ်​။
ခလေးတွေရဲ့ ဦးနှောက်သေးသေးလေးထဲကို ဘာတွေရိုက်ထည့်ပေးမလဲ.. ကိုယ့်ကို အသက်ထက်တမျှ ချစ်မြတ်နိုးတဲ့ မိန်းမ/ ယောက်ျားဆိုတာ ဒီခေတ်မှာရှားတယ်။..
ယောက်ျားဖြစ်သူကလည်း ကိုယ်ယူထားတဲ့မိန်းမကို အထင်သေးစရာလည်း မလိုဘူး။
မိန်းမကလည်း ကိုယ်ယူထားတဲ့ ယောက်ျားတစ်ယောက် သူ့အလုပ်က ဖိနပ်စုတ်ချုပ် ကူလီလုပ်စေဦး မထီမဲ့မြင်ပြုစရာမလိုဘူး..
လင်နဲ့မယားဆိုတာ.. ယောက်ျားယူတယ်ဆိုတာ သူ့သားကို သူ့အမေကိုယ်စား ကိုယ်က မိခင်လိုကြည့်ရှုဂရုစိုက်ပေးခြင်းပဲ..
ပျင်းရိမမူ ဝတ်ငါးဆူ..
အိမ်သူ ကျင့်အပ်ရာ…
လင်ဝတ်တရား၅ပါး
#Unicode Version#
အိမ်ထောင်တစ်ခုပြုပီဆို ယောင်္ကျားက နူနူဝဲ၀ဲ မယားကောင်းပီသစွာ ပေါင်းဖက်ရတယ်.. ဗဟုသုတလေးမို့ ဖတ်ကျိလိုက်ပါနော်
အိမ်ထောင်တစ်ခုဖြစ်လာရင် ယောင်္ကျားက နူနူဝဲ၀ဲ မယားကောင်းပီသစွာ ပေါင်းဖက်ရတယ်အိမ်ထောင် တစ်ခု ဖြစ်လာပြီ ဆိုရင် လင်က ဘာပဲဖြစ်နေဖြစ်နေ နူနူဝဲဝဲ မယားကောင်းပီသစွာ ပေါင်းဖက်ရတယ်. ကြင်နာရမယ်။ မိန်းမ အမှု ပြုပေးရမယ်။
ကြည်ဖြူလို့ ယူထားပြီးရင် ဘယ်မိဘ ဘယ်အသိုင်းအဝိုင်း ဘယ်သူငယ်ချင်းက သွေးထိုး သွေးထိုး နားမယောင်ရဘူး…
ကိုယ်ယူတဲ့လင် ကိုယ့်ကို တောင်းကျွေးလည်း လက်ခံရမှာပဲ.. အိမ်ထောင်ရေးကို စမယ် မကြံသေးဘူး ယောကျ်ားတစ်ယောက်ရဲ့ အစွမ်းအစကို အထင်သေးလို့မရဘူး..
 မြန်မာမိန်းခလေး အမျိုးဘာသာ ချစ်ပြရုံနဲ့လည်း မိန်းမ မပီသသေးဘူး..
မိသားတစ်စုရဲ့ သမီးကောင်း လင်ယောကျ်ားအတွက် ဇနီးကောင်း အိမ်အတွက် အမေကောင်း/ အိမ်ထောင်ရှင်မကောင်း တစ်ယောက် ဖြစ်နေရမယ်/ ကြိုးစားရမယ်။
လူ….ဆိုတာ.. အပြန်အလှန် လေးစားအထင်ကြီးတတ်မှ အပြန်အလှန် နားလည်မှုရှိမှ အဆင်ပြေပြေပေါင်းသင်းလို့ရတာ.. နားလည်မှုမရှိတဲ့ တံခါးကို ဆက်ခေါက်နေရင် လက်ပေါက်ရုံပဲ ရှိမယ်..
မိန်းမဆိုတာ မယားတစ်ယောက် ဖြစ်လာတာနဲ့ သမီးရည်းစား တုန်းကလို စိတ်ဆိုးစိတ်ကောက် လုပ်နေလို့မရတော့ဘူး… game ဆော့ ကလေး လုပ်နေလို့မရဘူး.. facebook တစ်နေကုန် သုံးနေလို့မရဘူး..
ဟိုတုန်းက ကောင်မလေးတစ်ယောက်ဟုတ်ချင်ဟုတ်မယ်။ အိမ်ထောင်ရှင် ဖြစ်လာရင် အမျိုးသမီးတစ်ယောက်လို ရင့်ကျက်တည်ငြိမ်ရမယ်..
အိမ်မှုကိစ္စ၊လင်မှုကိစ္စ ၊ နှစ်ဖက်မိသားစုအရေး မျှတအောင် စီမံရမယ်။စုဆောင်းရမယ်။ ပစ္စည်းဥစ္စာဖြို စဖိုက ဆိုတာ အလကားမဟုတ်ဘူး။ယောကျ်ားရှာသမျှကို မျှသအောင် ထိန်းရမယ် ။ အခု သုံး၊လှူ၊စု၊ပေး ဤလေးခုကို မျှရမယ်။
အိမ်ရှင်မဆိုတာ အိမ်ကိုရှင်အောင်မ နေရသူပါ. လင်သားမျက်နှာကို မကြည့်ပဲ လင်သားကို.စိတ်ဆင်းရဲအောင် လုပ်နေပြီဆိုတည်းက မိန်းမကောင်းလို့ ဆိုမရပြန်ဘူး..
အိမ်တစ်အိမ်ရဲ့ အသွင်အပြင် ဘုရားစင်နဲ့ ရေအိမ်ကိုကြည့်တာနဲ့ အဲ့ဒီလင်မယား ရဲ့ အကျင့် စရိုက် လက္ခဏာကို မြင်လို့ရပြီ။
အထက်မှာပြောခဲ့တယ်နော်.. အပြန်အလှန် နားလည်မှု အထင်ကြီးလေးစားမှု
အိမ်ထောင်ပြုတာ လွယ်တယ်.. အဲ့ဒီ အိမ်ထောင်ရေးကို.ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့ကျ ခက်ခဲတယ်..
တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မှု၊ အထင်ကြီး လေးစားမှူ၊ ကြင်နာဖေးမမှု.. ရှင်းရှင်းပြောရရင် သူ့မိဘဆီက ကိုယ်က လက်ခံပြောင်းယူတာပဲ..
သူ့အမေလို သူ့ကို ဂရုစိုက်ဖို့ ပြုစုယုယဖို့ သူ့အဖေလို ကာကွယ်ပေးဖို့ ဖေးမစောင့်ရှောက်ဖို့ အဓိက အဲ့ဒါပဲ..
တပ်မက်စိတ်တစ်ခုတည်းနဲ့ အိမ်ထောင်ပြုရင်. အောက်ခြေမခိုင်တဲ့ ပရောဂျက်တစ်ခုလိုပဲ ခဏလေးနဲ့ ပျက်စီးမှာပဲ…
သဝန်တိုတာ ချစ်လို့ မှန်တယ်.. သဝန်တိုတဲ့ အခြေခံအကြောင်းရင်းကိုလည်း စီစစ်ရသေးတယ်။..
အမျိုးဘာသာ ချစ်ရုံနဲ့လည်း မိန်းမကောင်း မဟုတ်သေးဘူး.. မိန်းမတစ်ယောက် မိခင်နေရာ ရောက်လာပြီဆို ပိုဆိုးတယ်..
ကိုယ်တိုင်တောင် ဒီဖောင်ဒေးရှင်း တစ်ခုကို ခိုင်မာအောင် မတည်ဆောက်နိုင်တာ..မလုပ်နိုင်တာ.. ကိုယ့်သားသမီးကို ဘယ်လို ပြုစုပျိုးထောင်မလဲ..
ခလေးတွေရဲ့ ဦးနှောက်သေးသေးလေးထဲကို ဘာတွေရိုက်ထည့်ပေးမလဲ.. ကိုယ့်ကို အသက်ထက်တမျှ ချစ်မြတ်နိုးတဲ့ မိန်းမ/ ယောကျ်ားဆိုတာ ဒီခေတ်မှာရှားတယ်။..
ယောကျ်ားပေါတယ် လင်ကောင်း ရှားတယ်။ မိန်းမပေါတယ်.. မယားကောင်း ရှားတယ်။
ယောကျ်ားဖြစ်သူကလည်း ကိုယ်ယူထားတဲ့မိန်းမကို အထင်သေးစရာလည်း မလိုဘူး။
မိန်းမကလည်း ကိုယ်ယူထားတဲ့ ယောကျ်ားတစ်ယောက် သူ့အလုပ်က ဖိနပ်စုတ်ချုပ် ကူလီလုပ်စေဦး မထီမဲ့မြင်ပြုစရာမလိုဘူး..
လင်နဲ့မယားဆိုတာ.. ယောကျ်ားယူတယ်ဆိုတာ သူ့သားကို သူ့အမေကိုယ်စား ကိုယ်က မိခင်လိုကြည့်ရှုဂရုစိုက်ပေးခြင်းပဲ..
မိန်းမယူတယ် ဆိုတာလည်း သူ့မိဘတွေရဲ့နေရာကို ကိုယ်ကတာဝန်ယူ လက်လွဲပြောင်းခြင်း သဘောတရားပဲ.
အဲ့လို မှမသိပဲ တပ်မက်စိတ် တစ်ခုတည်းနဲ့ဆို သေချာတယ်.. စိတ်ချမ်းမြေ့စရာ အိမ်ထောင်ရေး ဖြစ်လာမှာမဟုတ်ဘူး။ အငြီအဟောက်ဆိုတာ ကြာရင် ငြီးငွေ့လွယ်တယ်။
ဒါဆို ဘယ်လိုချစ်ကြမလဲ.. တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကိုင်းကိုကျွန်းမှီ ကျွန်းကိုကိုင်းမှီ နေကြရမယ်.
အပြန်အလှန်နားလည်မှုရှိရမယ်.. ကြင်နာရမယ်..စာနာတတ်ရမယ်။ စိတ်တူကိုယ်တူ နှစ်ကိုယ့်တစ်စိတ်ဖြစ်အောင် နေရမယ်.
မသိတာကို သိအောင် နားမလည်တာကို.နားလည်အောင် သင်ယူစေရမယ်.. သူစိမ်းနှစ်ယောက် တစ်အိပ်ယာတည်း အတူနေ စိတ်တူကိုယ်တူ ဖြစ်ဖို့ဆိုတာကလည်း ငြိယူရတော့မှာလေ..
သေချာတာတစ်ခုကတော့. အိမ်ထောင်ပြုတယ်ဆိုတာ လိင်ကိစ္စတစ်ခုတည်းအတွက် ပြုတာမဟုတ်ဘူး .
အထက်မှာရေးခဲ့သလိုပဲ သူ့မိဘကိုယ်စား တာဝန်လွဲပြောင်းယူတဲ့ သဘောတရားတစ်ခုပဲ..
မတူညီတဲ့ဘဝနှစ်ခုနဲ့ ဘဝတစ်ခု မိသားတစ်စု တည်ထောင်ခြင်းပါပဲ။
မယားကျင့်ဝတ်တရား၅ပါး.
အိမ်တွင်းမှုလုပ် ၊ သိမ်းထုတ်သေချာ
မိစ္ဆာကျဉ်ရှောင် ၊ လျှော်အောင်ဖြန့်ချိ
ပျင်းရိမမူ ဝတ်ငါးဆူ..
အိမ်သူ ကျင့်အပ်ရာ…
မေ့နေလို့ မှားရင်လည်း ပြင်ဆင်ဖတ်ရှုပေးပါ
လင်ဝတ်တရား၅ပါး
မထီမဲ့ကင်း ၊ အပ်နှင်းဥစ္စာ
မိစ္ဆာမမှား ၊ဝတ်စားဆင်ယင်
မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာတဲ့..
မိသားစုတိုင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ခင်ဗျာ ။
ဖိုးသူတော် (www.phothutaw.com)
Credit: Love အတိုအစလေးများ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top