×

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမဳိ႕၊ ေထာင္းေလာ္နယ္ေျမထဲမွာ ၿပီးခဲ့တဲ့ သႀကၤန္တြင္းက လူတေယာက္ သူ႔ေနာက္လိုက္ေနလို႔ ျပည္သူေတြကို ေအာ္ဟစ္အကူအညီေတာင္းခံကာ ထြက္ေျပးေနတဲ့ ယာဥ္ထိန္းရဲတဦးရဲ႕ ႐ုပ္သံလူမႈကြန္ရက္မွာ ပ်ံ႔ႏွံ႔ခဲ့ပါတယ္။

Annie’s Yezib အမည္ရွိ ေဖ့စ္ဘြတ္ခ္ အေကာ့င္ပိုင္ရွင္တဦးက “ျပည္သူကို ေၾကာက္တဲ့ရဲ” ဆိုတဲ့ စေတးတပ္ ေရးတင္ထားတဲ့ အခ်ိန္ ၁ မိနစ္စြန္းစြန္းရွိ ႐ုပ္သံဗြီဒီယိုမွာ တီရွပ္အျဖဴေရာင္ ဝတ္ထားသူ လူရြယ္တဦးနဲ႔ ထိုင္းယာဥ္ထိန္းရဲတဦးတို႔ ႐ုန္းရင္းဆန္ခတ္ လံုးေထြးေနၿပီး ရဲက ထြက္ေျပးကာ အနီးနားရွိ လူေတြကို အကူအညီေတာင္းေနပံု၊ ေနာက္ေတာ့ တကၠစီတစ္စီးေနာက္ လိုက္သြားကာ အဆိုပါလူရြယ္ကလည္း တကၠစီေနာက္ ေျပးလိုက္ေနတဲ့ပံုေတြ မွတ္တမ္းတင္ ႐ိုက္ကူးထားပါတယ္။

အနီးအနားရွိ လူေတြက အက်ိဳးအေၾကာင္း ေမးျမန္းေနၾကေပမယ့္ ရဲက ထိတ္လန္႔စြာနဲ႔ သူ႔ကို ေခၚေျပးဖို႔သာ တြင္တြင္ေျပာဆိုၿပီး လူရြယ္ကလည္း ဘာတခြန္းမွ ျပန္မေျပာတာေၾကာင့္ ဒီဗြီဒီယိုကလစ္ဟာ လူေတြအတြက္ ပေဟဠိျဖစ္ေနပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး Bright TVသတင္းဌာနက သက္ဆိုင္ရာနယ္ေျမရဲစခန္းကို ဆ က္သြယ္ေမးျမန္းရာမွာ ရဲစခန္းတာဝန္ရွိသူက အဆိုပါျဖစ္ရပ္မွာ ၿပီးခဲ့တဲ့ ဧၿပီလ ၁၅ ရက္ေန႔ မနက္ ၄ နာရီခန္႔က ေထာင္းေလာ္နယ္ေျမ ဖရလမ္းဆီလမ္းမ ကေလြ႔နမ့္ထိုင္းလမ္းဆံုမွာ ျဖစ္ပြား ခဲ့တာလို႔ ဆိုပါတယ္။

ဒီမတိုင္ခင္ ထြက္ေျပးလြတ္ေျမာက္လာသူ ရဲယာဥ္ထိန္းရဲဟာ အဲဒီလမ္းေပၚမွာ တာဝန္အရ ယာဥ္သြားယာဥ္လာေတြ စစ္ေဆးေနေၾကာင္း၊ တီရွပ္အျဖဴနဲ႔ လူရြယ္ဟာ ဘီအမ္ဒဗလ်ဴကား ေမာင္းႏွင္လာၿပီး ရဲက အယ္လ္ကိုေဟာလ္ (အရက္) ေသာက္ထားမႈ ပမာဏကို တိုင္းၾကည့္ေတာ့ ၁၄၄ မီလီဂရမ္ရွိၿပီး သတ္မွတ္ထားတဲ့ ပမာဏထက္မ်ားေနလို႔ မွတ္တမ္းေရးယူကာ အဆိုပါလူရြယ္ရဲ႕ ကားေပၚတက္ၿပီး ေထာင္းေလာ္ရဲစခန္းကို ေမာင္းႏွင္ေစခဲ့ပါတယ္။

အဲဒီစစ္ေဆးေရးဂိတ္မွာ ရဲဝန္ထမ္းအင္အား တဦးတည္း ရွိတာေၾကာင့္ ျပစ္မႈက်ဴးလြန္သူရဲ႕ ကားကို အသံုးျပဳၿပီး ရဲစခန္းေခၚခဲ့ရတာလို႔ ဆိုပါတယ္။

ဒါေပမယ့္ လမ္းခုလတ္မွာ လူရြယ္က ရဲစခန္းကိုမေမာင္းဘဲ တျခားလမ္းေၾကာင္းကို ေမာင္းသြားလို႔ အဆိုပါရဲက ကားေပၚက ခုန္ဆင္းခဲ့ေၾကာင္း၊ ရဲက ခုန္ဆင္းသြားေတာ့ လူရြယ္က သူ႔ကားကိုရပ္ၿပီး ရဲေနာက္လိုက္ကာ ရဲလက္ထဲက မႈခင္းမွတ္တမ္းစာရြက္ကို လုယူဖို႔ ႀကိဳးစားခဲ့ရာက ႐ုန္းရင္းဆန္ခတ္ ျဖစ္သြားတာလို႔ ဆိုပါတယ္။

စစ္ေဆးခ်က္အရ အဆိုပါလူရြယ္မွာ အသက္ ၂၀ ႏွစ္ရြယ္ (အခ်ိဳ႕သတင္းတြင္ ၃၁ ႏွစ္ဟု ေဖာ္ျပ) ရွိ Larry Zaw ဆိုသူ ျမန္မာႏိုင္ငံသားတဦး ျဖစ္ေၾကာင္း၊ သူဟာ ျမန္မာႏိုင္ငံက စီးပြားေရးလုပ္ငန္းရွင္ လူကုံထံတဦးရဲ႕သားျဖစ္ၿပီး ထိုင္းႏိုင္ငံကို ဗီဇာမွန္ကန္စြာနဲ႔ ဝင္ေရာက္လာတာလို႔ ဆိုပါတယ္။

သူ႔ရဲ႕အျပဳအမူေတြနဲ႔ ပတ္သက္ၿပီး ရဲစခန္းက သူ႔ကို အရက္မူးေနစဥ္ ယာဥ္ေမာင္းမႈ၊ တာဝန္ရွိသူမွ ထိန္းခ်ဳပ္စဥ္ ထြက္ေျပးတိမ္းေရွာင္မႈ၊ သက္ေသအေထာက္အထား ေဖ်ာက္ဖ်က္မႈ၊ သက္ေသ အေထာက္ထား လုယူမႈ စတဲ့ အမႈ ၄ ခုနဲ႔ တရားစြဲၿပီး ရဲစခန္းမွာ လာေရာက္ေျဖရွင္းဖို႔ အေၾကာင္းၾကားခဲ့ပါတယ္။

အဆိုပါ ျမန္မာလူရြယ္ဟာ ဧၿပီလ ၁၇ ရက္ေန႔မွာေတာ့ ရဲစခန္းမွာ လာေရာက္ အဖမ္းခံခဲ့ေၾကာင္း၊ ဒါေပမယ့္ သူ႔အျပစ္ေတြကိုေတာ့ ဝန္ခံျခင္းမရွိေသးဘဲ အာမခံေငြ ဘတ္ ၁ သိန္းခြဲနဲ႔ ျပင္ပကေန အမႈရင္ဆိုင္မယ္လို႔ ဆိုပါတယ္။

ျမန္မာလူရြယ္နဲ႔အတူ ကားေပၚလိုက္ပါလာတဲ့ သူ႔အေပါင္းအေဖာ္ ႏွစ္ဦးကိုလည္း ဒီအမႈမွာ ပါဝင္ပတ္သက္ျခင္း ရွိ၊ မရွိ ရဲက ေခၚယူစစ္ေဆးေနတယ္လို႔ BrightTV သတင္းမွာ ေဖာ္ျပသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ထောင်းလော်နယ်မြေထဲမှာ ပြီးခဲ့တဲ့ သင်္ကြန်တွင်းက လူတယောက် သူ့နောက်လိုက်နေလို့ ပြည်သူတွေကို အော်ဟစ်အကူအညီတောင်းခံကာ ထွက်ပြေးနေတဲ့ ယာဉ်ထိန်းရဲတဦးရဲ့ ရုပ်သံလူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

Annie’s Yezib အမည်ရှိ ဖေ့စ်ဘွတ်ခ် အကော့င်ပိုင်ရှင်တဦးက “ပြည်သူကို ကြောက်တဲ့ရဲ” ဆိုတဲ့ စတေးတပ် ရေးတင်ထားတဲ့ အချိန် ၁ မိနစ်စွန်းစွန်းရှိ ရုပ်သံဗွီဒီယိုမှာ တီရှပ်အဖြူရောင် ဝတ်ထားသူ လူရွယ်တဦးနဲ့ ထိုင်းယာဉ်ထိန်းရဲတဦးတို့ ရုန်းရင်းဆန်ခတ် လုံးထွေးနေပြီး ရဲက ထွက်ပြေးကာ အနီးနားရှိ လူတွေကို အကူအညီတောင်းနေပုံ၊ နောက်တော့ တက္ကစီတစ်စီးနောက် လိုက်သွားကာ အဆိုပါလူရွယ်ကလည်း တက္ကစီနောက် ပြေးလိုက်နေတဲ့ပုံတွေ မှတ်တမ်းတင် ရိုက်ကူးထားပါတယ်။

အနီးအနားရှိ လူတွေက အကျိုးအကြောင်း မေးမြန်းနေကြပေမယ့် ရဲက ထိတ်လန့်စွာနဲ့ သူ့ကို ခေါ်ပြေးဖို့သာ တွင်တွင်ပြောဆိုပြီး လူရွယ်ကလည်း ဘာတခွန်းမှ ပြန်မပြောတာကြောင့် ဒီဗွီဒီယိုကလစ်ဟာ လူတွေအတွက် ပဟေဠိဖြစ်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Bright TVသတင်းဌာနက သက်ဆိုင်ရာနယ်မြေရဲစခန်းကို ဆ က်သွယ်မေးမြန်းရာမှာ ရဲစခန်းတာဝန်ရှိသူက အဆိုပါဖြစ်ရပ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ မနက် ၄ နာရီခန့်က ထောင်းလော်နယ်မြေ ဖရလမ်းဆီလမ်းမ ကလွေ့နမ့်ထိုင်းလမ်းဆုံမှာ ဖြစ်ပွား ခဲ့တာလို့ ဆိုပါတယ်။

ဒီမတိုင်ခင် ထွက်ပြေးလွတ်မြောက်လာသူ ရဲယာဉ်ထိန်းရဲဟာ အဲဒီလမ်းပေါ်မှာ တာဝန်အရ ယာဉ်သွားယာဉ်လာတွေ စစ်ဆေးနေကြောင်း၊ တီရှပ်အဖြူနဲ့ လူရွယ်ဟာ ဘီအမ်ဒဗလျူကား မောင်းနှင်လာပြီး ရဲက အယ်လ်ကိုဟောလ် (အရက်) သောက်ထားမှု ပမာဏကို တိုင်းကြည့်တော့ ၁၄၄ မီလီဂရမ်ရှိပြီး သတ်မှတ်ထားတဲ့ ပမာဏထက်များနေလို့ မှတ်တမ်းရေးယူကာ အဆိုပါလူရွယ်ရဲ့ ကားပေါ်တက်ပြီး ထောင်းလော်ရဲစခန်းကို မောင်းနှင်စေခဲ့ပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်မှာ ရဲဝန်ထမ်းအင်အား တဦးတည်း ရှိတာကြောင့် ပြစ်မှုကျူးလွန်သူရဲ့ ကားကို အသုံးပြုပြီး ရဲစခန်းခေါ်ခဲ့ရတာလို့ ဆိုပါတယ်။

ဒါပေမယ့် လမ်းခုလတ်မှာ လူရွယ်က ရဲစခန်းကိုမမောင်းဘဲ တခြားလမ်းကြောင်းကို မောင်းသွားလို့ အဆိုပါရဲက ကားပေါ်က ခုန်ဆင်းခဲ့ကြောင်း၊ ရဲက ခုန်ဆင်းသွားတော့ လူရွယ်က သူ့ကားကိုရပ်ပြီး ရဲနောက်လိုက်ကာ ရဲလက်ထဲက မှုခင်းမှတ်တမ်းစာရွက်ကို လုယူဖို့ ကြိုးစားခဲ့ရာက ရုန်းရင်းဆန်ခတ် ဖြစ်သွားတာလို့ ဆိုပါတယ်။

စစ်ဆေးချက်အရ အဆိုပါလူရွယ်မှာ အသက် ၂၀ နှစ်ရွယ် (အချို့သတင်းတွင် ၃၁ နှစ်ဟု ဖော်ပြ) ရှိ Larry Zaw ဆိုသူ မြန်မာနိုင်ငံသားတဦး ဖြစ်ကြောင်း၊ သူဟာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် လူကုံထံတဦးရဲ့သားဖြစ်ပြီး ထိုင်းနိုင်ငံကို ဗီဇာမှန်ကန်စွာနဲ့ ဝင်ရောက်လာတာလို့ ဆိုပါတယ်။

သူ့ရဲ့အပြုအမူတွေနဲ့ ပတ်သက်ပြီး ရဲစခန်းက သူ့ကို အရက်မူးနေစဉ် ယာဉ်မောင်းမှု၊ တာဝန်ရှိသူမှ ထိန်းချုပ်စဉ် ထွက်ပြေးတိမ်းရှောင်မှု၊ သက်သေအထောက်အထား ဖျောက်ဖျက်မှု၊ သက်သေ အထောက်ထား လုယူမှု စတဲ့ အမှု ၄ ခုနဲ့ တရားစွဲပြီး ရဲစခန်းမှာ လာရောက်ဖြေရှင်းဖို့ အကြောင်းကြားခဲ့ပါတယ်။

အဆိုပါ မြန်မာလူရွယ်ဟာ ဧပြီလ ၁၇ ရက်နေ့မှာတော့ ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ကြောင်း၊ ဒါပေမယ့် သူ့အပြစ်တွေကိုတော့ ဝန်ခံခြင်းမရှိသေးဘဲ အာမခံငွေ ဘတ် ၁ သိန်းခွဲနဲ့ ပြင်ပကနေ အမှုရင်ဆိုင်မယ်လို့ ဆိုပါတယ်။

မြန်မာလူရွယ်နဲ့အတူ ကားပေါ်လိုက်ပါလာတဲ့ သူ့အပေါင်းအဖော် နှစ်ဦးကိုလည်း ဒီအမှုမှာ ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိ ရဲက ခေါ်ယူစစ်ဆေးနေတယ်လို့ BrightTV သတင်းမှာ ဖော်ပြသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top